နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မြန်မာ့မီးရထားစက်ခေါင်းစက်ရုံ(အင်းစိန်)မှ ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဒီဇင်ဘာ – ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မြန်မာ့မီးရထား၊ စက်ခေါင်းစက်ရုံ(အင်းစိန်)မှ ဝန်ထမ်းများအား သွားရောက်တွေ့ဆုံ အမှာစကားပြောကြားသည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မ တော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာ့မီးရထားမှ အရာရှိကြီးများနှင့် စက်ခေါင်းစက်ရုံ(အင်းစိန်)မှ ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေများအရ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နေရသည့် အချိန်တွင် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး အတွက် စီးပွားရေးကို အထောက်အကူပြုနိုင်သည့် လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် လုပ်ငန်းများ လည်ပတ်နိုင်ရေး လိုက်လံကြည့်ရှုစစ်ဆေးပြီး တွေ့ဆုံဆွေးနွေးမှုများနှင့် အကြံပေးခြင်း များ ဆောင်ရွက် ခဲ့ကြောင်း။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကလိုအပ်ချက်သည် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရန်နှင့် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်ရန်ဖြစ်

နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေး မောင်းနှင်အားနှင့် ကာကွယ်ရေးစွမ်းပကားများ ကောင်းမွန်ရန်လိုအပ်ကြောင်း၊ နိုင်ငံ ရေး မောင်းနှင်အားတွင် မည်သည့်နိုင်ငံရေးစနစ်ကိုကျင့်သုံးသည်ဖြစ်စေ နိုင်ငံအတွင်းရှိ နိုင်ငံရေးအရ စည်းလုံးညီညွတ်မှုများရှိမည်ဆိုပါက နိုင်ငံတိုးတက်မည်ဖြစ်ကြောင်း၊ စီးပွားရေး မောင်းနှင်အား ကောင်းမွန်မှသာလျင်လည်း ချမ်းသာကြွယ်ဝမှုရှိမည်ဖြစ် ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် စီးပွားရေးမောင်းနှင်အားကောင်းမွန်သည့် နိုင်ငံများ သည် ဩဇာရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ကာကွယ်ရေးစွမ်းပကား ထက်မြက် သည့် နိုင်ငံများသည်လည်းကမ္ဘာတွင် ဩဇာရှိသည့်နိုင်ငံများဖြစ်ကြကြောင်း၊ နိုင်ငံ တစ် နိုင်ငံအနေဖြင့် မိမိတို့၏ အချုပ်အခြာအာဏာကို လွတ်လပ်စွာဆောင်ရွက်နိုင်ခွင့်ရှိ ကြောင်း။

မိမိတို့နိုင်ငံသည် စီးပွားရေးတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည့် ကောင်းမွန်သည့် ရေမြေသဘာဝများရှိပြီးဖြစ်ကြောင်း၊ သို့သော်လည်း လွတ်လပ်ရေး ရရှိပြီးချိန်မှစ၍ ခေတ်အဆက်ဆက်တွင် နိုင်ငံရေးစနစ်အမျိုးမျိုးကို ပြောင်းလဲကျင့်သုံး ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင် မှုမရှိခဲ့ကြောင်း၊ ခေတ်အဆက်ဆက်တွင် စီးပွားရေးအရ ပိတ်ဆို့ခံရမှုများကြောင့် ကုန်သွယ်မှု လိုငွေများဖြစ်ပေါ်ခဲ့ခြင်း၊ ကုန်သွယ်မှုကျဆင်းခြင်းတို့ကြောင့် စီးပွားရေး ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် နိုင်ငံရေးမတည်ငြိမ်မှုများ၊ ဆူပူအုံကြွမှု များ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် တပ်မတော်က နိုင်ငံတော်၏တာဝန်များကို တာဝန် ယူဆောင်ရွက်ခဲ့ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ပြည်လုံးကျွတ် ဆန္ဒ ခံယူ၍ အတည်ပြုပြဋ္ဌာန်းပြီး ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်း နိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် တိုင်းရင်းသားများ အားလုံးကို တူညီ သည့် အခွင့်အရေးများပေးထားပြီးဖြစ်ပြီး ဖက်ဒရယ်အခွင့်အရေးများကို ပေးထားခြင်း ပင်ဖြစ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် များနှင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လိုလားချက်များမှ အခြေခံဥပဒေအရ ဆောင်ရွက်နိုင်သည့်ကိစ္စရပ်များကို တပ်မတော်အနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အချို့သောကိစ္စရပ်များကို လွှတ်တော်တွင်မဲခွဲ ဆုံးဖြတ်၍ အတည်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များနှင့်တွေ့ဆုံချိန်များတွင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်ဆင်လိုသည့် ကိစ္စရပ်များအနက် ဖြစ်နိုင်သည့် ကိစ္စရပ်များကို ပြင်ဆင်နိုင်ရေး တပ်မတော်မှ သဘောတူညီသည်ကို ဆွေးနွေးပြောကြားပြီးဖြစ် ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကလိုအပ်ချက်သည် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရန်နှင့် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်ရန် ဖြစ်သည့်အတွက် ယခု ကဲ့သို့ နိုင်ငံ၏ဖြတ်သန်းခဲ့ရသည့် နိုင်ငံရေးသမိုင်းကြောင်းကို ရှင်းလင်းပြောကြား ရခြင်းဖြစ်ကြောင်း။

နိုင်ငံ၏ စီးပွားရေး မောင်းနှင်အားတွင် ရထားပို့ဆောင်ရေးသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေ

ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းသည် နိုင်ငံအလိုက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲမပြတ် ကြိုးပမ်းဆောင်ရွက်နေကြကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း ရပ်နေ၍ မရဘဲ ကြိုးစားအားထုတ်နေမှသာလျင် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ နိုင်ငံ့ စီးပွားရေး ကောင်းမွန်မှသာလျင် တိုင်းသူပြည်သားများ ဝင်ငွေကောင်းမွန်မည်ဖြစ်ပြီး နိုင်ငံသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ စီးပွားရေးမောင်းနှင်အား ကောင်းမွန်ပါက နိုင်ငံရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားတို့သည် လည်း ကောင်းမွန်လာမည်ဖြစ်ကြောင်း။

စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ရာတွင် လူသားအရင်းအမြစ် ကြွယ်ဝရန်၊ ရင်းနှီးမြှုပ်နှံငွေများရှိရန်၊ မြေပေါ်မြေအောက်သယံဇာတများရှိရန်၊ လျှပ်စစ်ဓာတ်အား ရရှိရန်နှင့် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးစနစ်များ ကောင်းမွန်မှုရှိရန်တို့ လိုအပ်ကြောင်း၊ နိုင်ငံအတွင်း လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်ပါက ကုန်စည်စီးဆင်းမှုများသည်လည်း မြန်ဆန်လျှင်မြန်လာမည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေးစနစ်တွင် ကုန်လမ်း၊ ရေလမ်းနှင့် လေကြောင်း ပို့ဆောင်ရေးတို့ ရှိပြီး ရထားဖြင့် ပို့ဆောင်ခြင်းသည် ကုန်ကျစရိတ်သက်သာစွာဖြင့် ကုန်ပစ္စည်းများကို ပို့ဆောင်နိုင်သဖြင့် အကျိုးအရှိဆုံး ပို့ဆောင်ရေးစနစ်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ၏ စီးပွားရေး မောင်းနှင်အားတွင် ရထားပို့ဆောင်ရေးသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ရထားပို့ဆောင်ရေး စနစ်ကို ယခုထက် ပိုမိုလျှင်မြန်စွာ သွားလာနိုင်သည့်အဆင့်ထိရောက်ရှိအောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်း ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေရန်လည်း လိုကြောင်း၊ အလားတူ ရထားတွဲ များ၊ စက်ခေါင်းတွဲများ၊ လူစီးတွဲ၊ ကုန်တင်တွဲများကိုလည်း အမြဲကောင်းမွန်စေရေး ထိန်းသိမ်းဆောင်ရွက်နေရန်လိုကြောင်း။

မြန်မာ့မီးရထားသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် အဖွဲ့အစည်းတစ်ခုဖြစ်သဖြင့် မီးရထားဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုသည် အရေးပါသည်ကိုလည်း သတိပြုစေလိုကြောင်း၊ ကုန်စည်စီးဆင်းမှုများ လျှင်မြန်စေ ရေး၊ ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် သွားလာနိုင်ရေးအတွက် ရထားလမ်း ကွန်ရက်များ အားလုံး ရထားပြေးဆွဲနိုင်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စက်ခေါင်းစက်ရုံ(အင်းစိန်)၏ တာဝန်အနေဖြင့် ရထားတစ်စင်းလုံး၏ အဓိကဖြစ်သည့် စက်ခေါင်းတွဲများကို ထုတ်လုပ်တပ်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းများကို ဆောင်ရွက် ခြင်းပင်ဖြစ်ကြောင်း၊ ဒီဇယ်လျှပ်စစ်စက်ခေါင်းများကို အဓိက ထားထုတ်လုပ်တပ်ဆင် သည်ကို တွေ့ရှိရပြီး စက်ခေါင်းတွဲများ ကြံ့ခိုင်ကောင်းမွန်မှသာ မြန်မာ့မီးရထားကဏ္ဍ သည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံအသီး သီး၌ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုများကို ကြုံတွေ့နေကြရကြောင်း၊ စက်သုံးဆီတင် သွင်းနေရမှုများကို လျှော့ချနိုင်ရေးအတွက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် လျှပ်စစ်စွမ်းအင်သုံး ပို့ဆောင်ရေးယာဉ်များကို ပြောင်းလဲအသုံးပြုနိုင်ရေး ဆောင်ရွက် နိုင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၌ လျှပ်စစ်ရထားပြေးဆွဲနိုင်မည့် အခွင့်အလမ်းများ များစွာ ရှိပြီးဖြစ်ကြောင်း၊ သို့သော်လည်း နိုင်ငံတွင်း၌ရှိသည့် သယံဇာတရင်းမြစ်များမှ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်မည့် အခြေအနေများသည် အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်မှု မရှိခဲ့ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ၏ ရှိရင်းစွဲ သယံ ဇာတ အရင်းအမြစ်များကို အကျိုးရှိရှိအသုံးချနိုင်ရမည်ဖြစ်သဖြင့် နိုင်ငံရေးအရ အားပြိုင်မှုများ၊ သွေးထိုးလှုံဆော်မှုများကြောင့် နိုင်ငံ့အတွက် အကျိုးရှိမည့် စီမံကိန်း များဆောင်ရွက်နေမှုကို ကန့်ကွက်နေမှုများအား စဉ်းစားဆောင်ရွက်ကြစေလို ကြောင်း။

အမှားအမှန်ခွဲခြားနိုင်ရေးအတွက် မိမိတို့နိုင်ငံ၌ ပညာတတ်လူသားအရင်းအမြစ် များ များစွာ ပေါ်ထွက်လာရန်လိုကြောင်း၊ လက်ရှိအချိန်၌ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ထုတ်လုပ်သုံးစွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အားသုံး ရထားစက်ခေါင်းတွဲများ အသုံးပြုနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ကို ဆောင်ရွက်ထားရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် ဘဏ္ဍာငွေများ ရရှိရေး စီးပွားရေးကောင်းမွန်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံ၏အခြေအနေနှင့် ကိုက်ညီသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများကို အားပေးဆောင်ရွက် လျက်ရှိကြောင်း။

စက်ခေါင်းစက်ရုံ(အင်းစိန်)သည် လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော်ခန့် ကတည်း က တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မီးရထားစက်ခေါင်းစက်ရုံအနေဖြင့် ရှေးကတည်း ကပင် မီးရထားစက်ခေါင်းများ ထုတ်လုပ်နိုင် ခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင် ရထားများကို စတင်အသုံးပြုခဲ့သည်မှာ နှစ်ပေါင်း ၁၅၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် အတွေ့အကြုံ များစွာရှိပြီးဖြစ်ကြောင်း၊ အဆိုပါ အတွေ့အကြုံများကို အသုံးချ၍ နိုင်ငံအတွင်း မီးရထားစက်ခေါင်းများကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ထိုမှတစ်ဆင့် လျှပ်စစ် ဓာတ်အား အသုံးပြုသည့် မီးရထားစက်ခေါင်းများကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ မိမိတို့၏ ရှိပြီးဖြစ်သည့် အစွမ်းအစများကို အသုံးပြု၍ မီးရထား စက်ခေါင်း နည်းပညာများကို ယခုထက် တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ အသိပညာများနှင့် အတတ်ပညာများတိုးတက်စေရေးအတွက် အမြဲမပြတ် ရှာဖွေ လေ့လာဖတ်ရှုခြင်းများကို ဆောင်ရွက်ကြရန်လိုကြောင်း၊ လုပ်ငန်းခွင်အတွင်း အတွေ့အကြုံများ ဖလှယ်ခြင်းများကိုလည်း ဆောင်ရွက်ကြရန်လိုကြောင်း။

အလားတူ ကျန်းမာရေးကောင်းမွန်ရေးအတွက်လည်း ဂရုတစိုက်ဖြင့်နေထိုင်ကြ ရန်လိုကြောင်း၊ ကျန်းမာမှသာ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှသာ ပညာသင်ကြားနိုင် မည်ဖြစ်ကြောင်း၊ ကျန်းမာရေးကိုထိခိုက်စေနိုင်သည့် အရက်၊ ဆေးလိပ်၊ ကွမ်းများ သောက်သုံးခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ကြစေလိုပြီး အကျိုးမရှိစေမည့် အသောက်အစားများကြောင့် ကုန်ကျမည့် ငွေကြေးများကို အကျိုးရှိရှိ အသုံးချရန်လို ကြောင်း၊ အလားတူ ရာသီဥတုနှင့် ကိုက်ညီသည့် နေထိုင်စားသောက်မှုများလည်း ရှိရန် လိုကြောင်း၊ တာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်၍ မိမိတို့ ထမ်းဆောင်ရသည့် တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ပြီး မိမိတို့ ဘဝ တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားပြီး မြန်မာ့မီးရထား၊ စက်ခေါင်း စက်ရုံ(အင်းစိန်)မှ ဝန်ထမ်းများ၏ လိုအပ်ချက်များကို မေးမြန်းသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ရုံဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများပေးအပ်ရာ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး သူရဦးအောင်မျိုးမြင့် က လက်ခံရယူသည်။ တွေ့ဆုံပွဲအပြီး တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် တက်ရောက်လာကြသည့် မီးရထားဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ် ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မီးရထားစက်ခေါင်းစက်ရုံအတွင်း မီးရထားစက်ခေါင်းများထုတ်လုပ် တပ်ဆင်နေမှု၊ ပြုပြင်ထိန်းသိမ်းနေမှု၊ မီးရထားစက်ခေါင်း အရံပစ္စည်းများ ထုတ်လုပ် ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေနွေးငွေ့စက်ခေါင်းအား ကျောက်မီးသွေးသုံးစက်ခေါင်းအဖြစ် ပြုပြင် ထားရှိသည့် မီးရထားစက်ခေါင်းစမ်းသပ်မောင်းနှင်နေမှုအား ကြည့်ရှုသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့မီးရထား၊ စက်ခေါင်း စက်ရုံ(အင်းစိန်)မှ ဝန်ထမ်းများနှင့်အတူ နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။

Zawgyi Version

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ျမန္မာ့မီးရထားစက္ေခါင္းစက္႐ုံ(အင္းစိန္)မွ ဝန္ထမ္းမ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကား

ေနျပည္ေတာ္ ဒီဇင္ဘာ – ၂၁

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ သည္ ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္ရွိ ျမန္မာ့မီးရထား၊ စက္ေခါင္းစက္႐ုံ(အင္းစိန္)မွ ဝန္ထမ္းမ်ားအား သြားေရာက္ေတြ႕ဆုံ အမွာစကားေျပာၾကားသည္။

အဆိုပါ ေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ႏွင့္အတူ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ျပည္ေထာင္စု ဝန္ႀကီးမ်ား၊ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မ ေတာ္ အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး၊ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ႏွင့္ တာဝန္ရွိသူမ်ား၊ ျမန္မာ့မီးရထားမွ အရာရွိႀကီးမ်ားႏွင့္ စက္ေခါင္းစက္႐ုံ(အင္းစိန္)မွ ဝန္ထမ္းမ်ား တက္ေရာက္ၾကသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ ႏိုင္ငံေတာ္တြင္ ျဖစ္ေပၚခဲ့သည့္ အေျခအေနမ်ားအရ ႏိုင္ငံေတာ္၏တာဝန္မ်ားကို ထမ္းေဆာင္ေနရသည့္ အခ်ိန္တြင္ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳး တိုးတက္ေရး အတြက္ စီးပြားေရးကို အေထာက္အကူျပဳႏိုင္သည့္ လုပ္ငန္းမ်ားကို အားေပးေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ထို႔ေၾကာင့္ လုပ္ငန္းမ်ား လည္ပတ္ႏိုင္ေရး လိုက္လံၾကည့္ရႈစစ္ေဆးၿပီး ေတြ႕ဆုံေဆြးေႏြးမႈမ်ားႏွင့္ အႀကံေပးျခင္း မ်ား ေဆာင္႐ြက္ ခဲ့ေၾကာင္း။

ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ အဓိကလိုအပ္ခ်က္သည္ ႏိုင္ငံေရးအရ တည္ၿငိမ္ေအးခ်မ္းရန္ႏွင့္ စီးပြားေရးအရ ဖြံ႕ၿဖိဳးတိုးတက္ရန္ျဖစ္

ႏိုင္ငံတစ္ခုဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႏိုင္ငံေရးေမာင္းႏွင္အား၊ စီးပြားေရး ေမာင္းႏွင္အားႏွင့္ ကာကြယ္ေရးစြမ္းပကားမ်ား ေကာင္းမြန္ရန္လိုအပ္ေၾကာင္း၊ ႏိုင္ငံ ေရး ေမာင္းႏွင္အားတြင္ မည္သည့္ႏိုင္ငံေရးစနစ္ကိုက်င့္သုံးသည္ျဖစ္ေစ ႏိုင္ငံအတြင္းရွိ ႏိုင္ငံေရးအရ စည္းလုံးညီၫြတ္မႈမ်ားရွိမည္ဆိုပါက ႏိုင္ငံတိုးတက္မည္ျဖစ္ေၾကာင္း၊ စီးပြားေရး ေမာင္းႏွင္အား ေကာင္းမြန္မွသာလ်င္လည္း ခ်မ္းသာႂကြယ္ဝမႈရွိမည္ျဖစ္ ေၾကာင္း၊ ကမာၻ႔ႏိုင္ငံအသီးသီးတြင္ စီးပြားေရးေမာင္းႏွင္အားေကာင္းမြန္သည့္ ႏိုင္ငံမ်ား သည္ ဩဇာရွိသည္ကို ေတြ႕ရမည္ျဖစ္ေၾကာင္း၊ ကာကြယ္ေရးစြမ္းပကား ထက္ျမက္ သည့္ ႏိုင္ငံမ်ားသည္လည္းကမာၻတြင္ ဩဇာရွိသည့္ႏိုင္ငံမ်ားျဖစ္ၾကေၾကာင္း၊ ႏိုင္ငံ တစ္ ႏိုင္ငံအေနျဖင့္ မိမိတို႔၏ အခ်ဳပ္အျခာအာဏာကို လြတ္လပ္စြာေဆာင္႐ြက္ႏိုင္ခြင့္ရွိ ေၾကာင္း။

မိမိတို႔ႏိုင္ငံသည္ စီးပြားေရးတိုးတက္ေကာင္းမြန္ေအာင္ ေဆာင္႐ြက္ႏိုင္မည့္ ေကာင္းမြန္သည့္ ေရေျမသဘာဝမ်ားရွိၿပီးျဖစ္ေၾကာင္း၊ သို႔ေသာ္လည္း လြတ္လပ္ေရး ရရွိၿပီးခ်ိန္မွစ၍ ေခတ္အဆက္ဆက္တြင္ ႏိုင္ငံေရးစနစ္အမ်ိဳးမ်ိဳးကို ေျပာင္းလဲက်င့္သုံး ခဲ့ၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္ႏိုင္ မႈမရွိခဲ့ေၾကာင္း၊ ေခတ္အဆက္ဆက္တြင္ စီးပြားေရးအရ ပိတ္ဆို႔ခံရမႈမ်ားေၾကာင့္ ကုန္သြယ္မႈ လိုေငြမ်ားျဖစ္ေပၚခဲ့ျခင္း၊ ကုန္သြယ္မႈက်ဆင္းျခင္းတို႔ေၾကာင့္ စီးပြားေရး က်ဆင္းမႈမ်ား ျဖစ္ေပၚခဲ့ၿပီး ၁၉၈၈ ခုႏွစ္တြင္ ႏိုင္ငံေရးမတည္ၿငိမ္မႈမ်ား၊ ဆူပူအုံႂကြမႈ မ်ား ျဖစ္ေပၚခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ တပ္မေတာ္က ႏိုင္ငံေတာ္၏တာဝန္မ်ားကို တာဝန္ ယူေဆာင္႐ြက္ခဲ့ၿပီး ျပည္သူလူထုတစ္ရပ္လုံး လိုလားသည့္ ပါတီစုံဒီမိုကေရစီစနစ္ကို ေလွ်ာက္လွမ္းႏိုင္ေရး ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈ ခုႏွစ္)ကို ျပည္လုံးကြၽတ္ ဆႏၵ ခံယူ၍ အတည္ျပဳျပ႒ာန္းၿပီး ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္း ႏိုင္ေရး ေဆာင္႐ြက္ေပးခဲ့ေၾကာင္း။

ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈ ခုႏွစ္)တြင္ တိုင္းရင္းသားမ်ား အားလုံးကို တူညီ သည့္ အခြင့္အေရးမ်ားေပးထားၿပီးျဖစ္ၿပီး ဖက္ဒရယ္အခြင့္အေရးမ်ားကို ေပးထားျခင္း ပင္ျဖစ္ေၾကာင္း၊ ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိရန္အတြက္ တိုင္းရင္းသားလက္နက္ကိုင္ မ်ားႏွင့္လည္း ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားျပဳလုပ္၍ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ထိုသို႔ ေတြ႕ဆုံေဆြးေႏြးရာတြင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား၏ လိုလားခ်က္မ်ားမွ အေျခခံဥပေဒအရ ေဆာင္႐ြက္ႏိုင္သည့္ကိစၥရပ္မ်ားကို တပ္မေတာ္အေနျဖင့္ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း၊ အခ်ိဳ႕ေသာကိစၥရပ္မ်ားကို လႊတ္ေတာ္တြင္မဲခြဲ ဆုံးျဖတ္၍ အတည္ျပဳေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း၊ တိုင္းရင္းသား ေခါင္းေဆာင္မ်ား၊ ႏိုင္ငံေရးေခါင္းေဆာင္မ်ားႏွင့္ေတြ႕ဆုံခ်ိန္မ်ားတြင္လည္း ဖြဲ႕စည္းပုံ အေျခခံဥပေဒတြင္ ျပင္ဆင္လိုသည့္ ကိစၥရပ္မ်ားအနက္ ျဖစ္ႏိုင္သည့္ ကိစၥရပ္မ်ားကို ျပင္ဆင္ႏိုင္ေရး တပ္မေတာ္မွ သေဘာတူညီသည္ကို ေဆြးေႏြးေျပာၾကားၿပီးျဖစ္ ေၾကာင္း၊ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ အဓိကလိုအပ္ခ်က္သည္ ႏိုင္ငံေရးအရ တည္ၿငိမ္ေအးခ်မ္းရန္ႏွင့္ စီးပြားေရးအရ ဖြံ႕ၿဖိဳးတိုးတက္ရန္ ျဖစ္သည့္အတြက္ ယခု ကဲ့သို႔ ႏိုင္ငံ၏ျဖတ္သန္းခဲ့ရသည့္ ႏိုင္ငံေရးသမိုင္းေၾကာင္းကို ရွင္းလင္းေျပာၾကား ရျခင္းျဖစ္ေၾကာင္း။

ႏိုင္ငံ၏ စီးပြားေရး ေမာင္းႏွင္အားတြင္ ရထားပို႔ေဆာင္ေရးသည္ အေရးႀကီးသည့္ အခန္းက႑မွ ပါဝင္ေန

ကမာၻေပၚရွိႏိုင္ငံတိုင္းသည္ ႏိုင္ငံအလိုက္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အၿမဲမျပတ္ ႀကိဳးပမ္းေဆာင္႐ြက္ေနၾကေၾကာင္း၊ မိမိတို႔ႏိုင္ငံအေနျဖင့္လည္း ရပ္ေန၍ မရဘဲ ႀကိဳးစားအားထုတ္ေနမွသာလ်င္ ဖြံ႕ၿဖိဳးတိုးတက္မည္ျဖစ္ေၾကာင္း၊ ႏိုင္ငံ့ စီးပြားေရး ေကာင္းမြန္မွသာလ်င္ တိုင္းသူျပည္သားမ်ား ဝင္ေငြေကာင္းမြန္မည္ျဖစ္ၿပီး ႏိုင္ငံသည္လည္း ဖြံ႕ၿဖိဳးတိုးတက္လာမည္ျဖစ္ေၾကာင္း၊ စီးပြားေရးေမာင္းႏွင္အား ေကာင္းမြန္ပါက ႏိုင္ငံေရးေမာင္းႏွင္အားႏွင့္ ကာကြယ္ေရးေမာင္းႏွင္အားတို႔သည္ လည္း ေကာင္းမြန္လာမည္ျဖစ္ေၾကာင္း။

စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္လာေအာင္ ေဆာင္႐ြက္ရာတြင္ လူသားအရင္းအျမစ္ ႂကြယ္ဝရန္၊ ရင္းႏွီးျမႇဳပ္ႏွံေငြမ်ားရွိရန္၊ ေျမေပၚေျမေအာက္သယံဇာတမ်ားရွိရန္၊ လွ်ပ္စစ္ဓာတ္အား ရရွိရန္ႏွင့္ သယ္ယူပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးစနစ္မ်ား ေကာင္းမြန္မႈရွိရန္တို႔ လိုအပ္ေၾကာင္း၊ ႏိုင္ငံအတြင္း လမ္းပန္းဆက္သြယ္ေရးမ်ား ေကာင္းမြန္ပါက ကုန္စည္စီးဆင္းမႈမ်ားသည္လည္း ျမန္ဆန္လွ်င္ျမန္လာမည္ျဖစ္ၿပီး ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးကို မ်ားစြာ အေထာက္အကူျဖစ္ေစႏိုင္မည္ျဖစ္ေၾကာင္း၊ သယ္ယူပို႔ေဆာင္ေရးစနစ္တြင္ ကုန္လမ္း၊ ေရလမ္းႏွင့္ ေလေၾကာင္း ပို႔ေဆာင္ေရးတို႔ ရွိၿပီး ရထားျဖင့္ ပို႔ေဆာင္ျခင္းသည္ ကုန္က်စရိတ္သက္သာစြာျဖင့္ ကုန္ပစၥည္းမ်ားကို ပို႔ေဆာင္ႏိုင္သျဖင့္ အက်ိဳးအရွိဆုံး ပို႔ေဆာင္ေရးစနစ္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ႏိုင္ငံ၏ စီးပြားေရး ေမာင္းႏွင္အားတြင္ ရထားပို႔ေဆာင္ေရးသည္ အေရးႀကီးသည့္ အခန္းက႑မွ ပါဝင္ေနသည္ကို ေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ ရထားပို႔ေဆာင္ေရး စနစ္ကို ယခုထက္ ပိုမိုလွ်င္ျမန္စြာ သြားလာႏိုင္သည့္အဆင့္ထိေရာက္ရွိေအာင္ ႀကိဳးပမ္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ရထားလမ္းမ်ား အဆင့္ျမႇင့္တင္ျခင္းႏွင့္ ျပဳျပင္ထိန္းသိမ္း ျခင္းမ်ားကို စဥ္ဆက္မျပတ္ေဆာင္႐ြက္ေနရန္လည္း လိုေၾကာင္း၊ အလားတူ ရထားတြဲ မ်ား၊ စက္ေခါင္းတြဲမ်ား၊ လူစီးတြဲ၊ ကုန္တင္တြဲမ်ားကိုလည္း အၿမဲေကာင္းမြန္ေစေရး ထိန္းသိမ္းေဆာင္႐ြက္ေနရန္လိုေၾကာင္း။

ျမန္မာ့မီးရထားသည္ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အဓိကက်သည့္ အဖြဲ႕အစည္းတစ္ခုျဖစ္သျဖင့္ မီးရထားဝန္ထမ္းမ်ား၏ တာဝန္ထမ္းေဆာင္မႈသည္ အေရးပါသည္ကိုလည္း သတိျပဳေစလိုေၾကာင္း၊ ကုန္စည္စီးဆင္းမႈမ်ား လွ်င္ျမန္ေစ ေရး၊ ျပည္သူမ်ား ေဈးႏႈန္းသက္သာစြာျဖင့္ သြားလာႏိုင္ေရးအတြက္ ရထားလမ္း ကြန္ရက္မ်ား အားလုံး ရထားေျပးဆြဲႏိုင္ေအာင္ ေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း၊ စက္ေခါင္းစက္႐ုံ(အင္းစိန္)၏ တာဝန္အေနျဖင့္ ရထားတစ္စင္းလုံး၏ အဓိကျဖစ္သည့္ စက္ေခါင္းတြဲမ်ားကို ထုတ္လုပ္တပ္ဆင္ျခင္း၊ ျပဳျပင္ထိန္းသိမ္းျခင္းမ်ားကို ေဆာင္႐ြက္ ျခင္းပင္ျဖစ္ေၾကာင္း၊ ဒီဇယ္လွ်ပ္စစ္စက္ေခါင္းမ်ားကို အဓိက ထားထုတ္လုပ္တပ္ဆင္ သည္ကို ေတြ႕ရွိရၿပီး စက္ေခါင္းတြဲမ်ား ႀကံ့ခိုင္ေကာင္းမြန္မွသာ ျမန္မာ့မီးရထားက႑ သည္လည္း ဖြံ႕ၿဖိဳးတိုးတက္လာမည္ျဖစ္ေၾကာင္း၊ လက္ရွိအခ်ိန္တြင္ ကမာၻ႔ႏိုင္ငံအသီး သီး၌ စက္သုံးဆီေဈးႏႈန္းျမင့္တက္မႈမ်ားကို ႀကဳံေတြ႕ေနၾကရေၾကာင္း၊ စက္သုံးဆီတင္ သြင္းေနရမႈမ်ားကို ေလွ်ာ့ခ်ႏိုင္ေရးအတြက္ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းမ်ားတြင္ လွ်ပ္စစ္စြမ္းအင္သုံး ပို႔ေဆာင္ေရးယာဥ္မ်ားကို ေျပာင္းလဲအသုံးျပဳႏိုင္ေရး ေဆာင္႐ြက္ ႏိုင္ရန္လိုေၾကာင္း၊ မိမိတို႔ႏိုင္ငံ၌ လွ်ပ္စစ္ရထားေျပးဆြဲႏိုင္မည့္ အခြင့္အလမ္းမ်ား မ်ားစြာ ရွိၿပီးျဖစ္ေၾကာင္း၊ သို႔ေသာ္လည္း ႏိုင္ငံတြင္း၌ရွိသည့္ သယံဇာတရင္းျမစ္မ်ားမွ လွ်ပ္စစ္ဓာတ္အား ထုတ္ယူႏိုင္မည့္ အေျခအေနမ်ားသည္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေအာင္ျမင္မႈ မရွိခဲ့ေၾကာင္း၊ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႏိုင္ငံ၏ ရွိရင္းစြဲ သယံ ဇာတ အရင္းအျမစ္မ်ားကို အက်ိဳးရွိရွိအသုံးခ်ႏိုင္ရမည္ျဖစ္သျဖင့္ ႏိုင္ငံေရးအရ အားၿပိဳင္မႈမ်ား၊ ေသြးထိုးလႈံေဆာ္မႈမ်ားေၾကာင့္ ႏိုင္ငံ့အတြက္ အက်ိဳးရွိမည့္ စီမံကိန္း မ်ားေဆာင္႐ြက္ေနမႈကို ကန႔္ကြက္ေနမႈမ်ားအား စဥ္းစားေဆာင္႐ြက္ၾကေစလို ေၾကာင္း။

အမွားအမွန္ခြဲျခားႏိုင္ေရးအတြက္ မိမိတို႔ႏိုင္ငံ၌ ပညာတတ္လူသားအရင္းအျမစ္ မ်ား မ်ားစြာ ေပၚထြက္လာရန္လိုေၾကာင္း၊ လက္ရွိအခ်ိန္၌ လွ်ပ္စစ္ဓာတ္အား လုံေလာက္စြာ ထုတ္လုပ္သုံးစြဲႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ထို႔ေၾကာင့္ လွ်ပ္စစ္ဓာတ္အားသုံး ရထားစက္ေခါင္းတြဲမ်ား အသုံးျပဳႏိုင္ေရး ႀကိဳတင္ျပင္ဆင္မႈမ်ား ကို ေဆာင္႐ြက္ထားရန္လိုေၾကာင္း၊ ထိုသို႔ ေဆာင္႐ြက္ႏိုင္ေရးအတြက္ လိုအပ္သည့္ ဘ႑ာေငြမ်ား ရရွိေရး စီးပြားေရးေကာင္းမြန္ရမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္လာေစေရးအတြက္ ႏိုင္ငံ၏အေျခအေနႏွင့္ ကိုက္ညီသည့္ အေသးစား၊ အငယ္စားႏွင့္ အလတ္စား စီးပြားေရး (MSME) လုပ္ငန္းမ်ားကို အားေပးေဆာင္႐ြက္ လ်က္ရွိေၾကာင္း။

စက္ေခါင္းစက္႐ုံ(အင္းစိန္)သည္ လြန္ခဲ့သည့္ ႏွစ္ေပါင္း ၁၀၀ ေက်ာ္ခန႔္ ကတည္း က တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ မီးရထားစက္ေခါင္းစက္႐ုံအေနျဖင့္ ေရွးကတည္း ကပင္ မီးရထားစက္ေခါင္းမ်ား ထုတ္လုပ္ႏိုင္ ခဲ့ေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ ရထားမ်ားကို စတင္အသုံးျပဳခဲ့သည္မွာ ႏွစ္ေပါင္း ၁၅၀ ခန႔္ ၾကာျမင့္ခဲ့ၿပီျဖစ္သျဖင့္ အေတြ႕အႀကဳံ မ်ားစြာရွိၿပီးျဖစ္ေၾကာင္း၊ အဆိုပါ အေတြ႕အႀကဳံမ်ားကို အသုံးခ်၍ ႏိုင္ငံအတြင္း မီးရထားစက္ေခါင္းမ်ားကို ထုတ္လုပ္ႏိုင္ရန္လိုေၾကာင္း၊ ထိုမွတစ္ဆင့္ လွ်ပ္စစ္ ဓာတ္အား အသုံးျပဳသည့္ မီးရထားစက္ေခါင္းမ်ားကို ထုတ္လုပ္ႏိုင္ရန္လိုေၾကာင္း၊ မိမိတို႔၏ ရွိၿပီးျဖစ္သည့္ အစြမ္းအစမ်ားကို အသုံးျပဳ၍ မီးရထား စက္ေခါင္း နည္းပညာမ်ားကို ယခုထက္ တိုးတက္ေအာင္ ႀကိဳးပမ္းေဆာင္႐ြက္ၾကေစလိုေၾကာင္း၊ အသိပညာမ်ားႏွင့္ အတတ္ပညာမ်ားတိုးတက္ေစေရးအတြက္ အၿမဲမျပတ္ ရွာေဖြ ေလ့လာဖတ္ရႈျခင္းမ်ားကို ေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ လုပ္ငန္းခြင္အတြင္း အေတြ႕အႀကဳံမ်ား ဖလွယ္ျခင္းမ်ားကိုလည္း ေဆာင္႐ြက္ၾကရန္လိုေၾကာင္း။

အလားတူ က်န္းမာေရးေကာင္းမြန္ေရးအတြက္လည္း ဂ႐ုတစိုက္ျဖင့္ေနထိုင္ၾက ရန္လိုေၾကာင္း၊ က်န္းမာမွသာ အလုပ္လုပ္ႏိုင္မည္၊ က်န္းမာမွသာ ပညာသင္ၾကားႏိုင္ မည္ျဖစ္ေၾကာင္း၊ က်န္းမာေရးကိုထိခိုက္ေစႏိုင္သည့္ အရက္၊ ေဆးလိပ္၊ ကြမ္းမ်ား ေသာက္သုံးျခင္းကို တတ္ႏိုင္သမွ်ေရွာင္ၾကဥ္ၾကေစလိုၿပီး အက်ိဳးမရွိေစမည့္ အေသာက္အစားမ်ားေၾကာင့္ ကုန္က်မည့္ ေငြေၾကးမ်ားကို အက်ိဳးရွိရွိ အသုံးခ်ရန္လို ေၾကာင္း၊ အလားတူ ရာသီဥတုႏွင့္ ကိုက္ညီသည့္ ေနထိုင္စားေသာက္မႈမ်ားလည္း ရွိရန္ လိုေၾကာင္း၊ တာဝန္ထမ္းေဆာင္မႈႏွင့္ ပတ္သက္၍ မိမိတို႔ ထမ္းေဆာင္ရသည့္ တာဝန္မ်ားကို ေက်ပြန္ေအာင္ ေဆာင္႐ြက္ၿပီး မိမိတို႔ ဘဝ တိုးတက္ေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္ၾကေစလိုေၾကာင္းျဖင့္ ေျပာၾကားၿပီး ျမန္မာ့မီးရထား၊ စက္ေခါင္း စက္႐ုံ(အင္းစိန္)မွ ဝန္ထမ္းမ်ား၏ လိုအပ္ခ်က္မ်ားကို ေမးျမန္းသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က စက္႐ုံဝန္ထမ္းမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ားေပးအပ္ရာ ျမန္မာ့မီးရထား ဦးေဆာင္ၫႊန္ၾကားေရးမႉး သူရဦးေအာင္မ်ိဳးျမင့္ က လက္ခံရယူသည္။ ေတြ႕ဆုံပြဲအၿပီး တြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ား သည္ တက္ေရာက္လာၾကသည့္ မီးရထားဝန္ထမ္းမ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ ဆက္သည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ မီးရထားစက္ေခါင္းစက္႐ုံအတြင္း မီးရထားစက္ေခါင္းမ်ားထုတ္လုပ္ တပ္ဆင္ေနမႈ၊ ျပဳျပင္ထိန္းသိမ္းေနမႈ၊ မီးရထားစက္ေခါင္း အရံပစၥည္းမ်ား ထုတ္လုပ္ ထားရွိမႈအေျခအေနမ်ားကို လွည့္လည္ၾကည့္ရႈစစ္ေဆးရာ တာဝန္ရွိသူမ်ားက လိုက္လံ ရွင္းလင္းတင္ျပၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေရေႏြးေငြ႕စက္ေခါင္းအား ေက်ာက္မီးေသြးသုံးစက္ေခါင္းအျဖစ္ ျပဳျပင္ ထားရွိသည့္ မီးရထားစက္ေခါင္းစမ္းသပ္ေမာင္းႏွင္ေနမႈအား ၾကည့္ရႈသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ျမန္မာ့မီးရထား၊ စက္ေခါင္း စက္႐ုံ(အင္းစိန္)မွ ဝန္ထမ္းမ်ားႏွင့္အတူ ေန႔လယ္စာကို အတူတကြသုံးေဆာင္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။