ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်ထံမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်)

ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူ ညီအစ်ကိုမောင်နှမများနှင့် ကရင်တိုင်းရင်းသားအပေါင်းတို့ခင်ဗျား –

ယနေ့ ခရစ်နှစ် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်၊ ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၄ ခု၊ ပြာသိုလဆန်း ၁ ရက်နေ့သည် ကရင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ မြတ်နိုးတန်ဖိုးထားသည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ထူးနေ့မြတ် ဖြစ်ပါသည်။ ကရင်တိုင်းရင်းသားအားလုံး ဂုဏ်ယူ တန်ဖိုးထားကြသည့် နှစ်သစ်ကူးမင်္ဂလာနေ့ထူးနေ့မြတ် ဖြစ်သည်နှင့်အညီ နှစ်သစ်အခါသမယတွင် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း စသည့် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများသည် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ မတူကွဲပြား ကြသော်လည်း တိုင်းရင်းသား လူမျိုးများအားလုံး မိသားစုစိတ်ဓာတ်မွေးမြူပြီး တစ်ဦးအပေါ် တစ်ဦးတန်ဖိုးထားလေးစား၍ အတူတကွနေထိုင်လာခဲ့ကြပါသည်။ မွေးဖွားရာ ဇာတိ နေထိုင်ရာအရပ်ဒေသ ပြောဆိုသုံးနှုန်းသည့်စာပေ၊ စကား၊ ကိုးကွယ်ယုံကြည်သည့်ဘာသာ၊ လိုက်နာကျင့်သုံးသည့် ဓလေ့ထုံးတမ်းအစဉ်အလာများ မည်သို့ပင်ကွဲပြားစေကာမူ တစ်မြေတည်းနေ တစ်ရေတည်းသောက်ပြီး အေးအတူပူအမျှ၊ မရှိအတူရှိအတူ စည်းလုံးညီညာစွာဖြင့် ဆွေမျိုးသားချင်းပမာ လက်တွဲနေထိုင်ခဲ့ကြသည်။ ကရင်အမျိုးသားဆိုသည်မှာလည်း ကရင်မျိုးနွယ်စုတစ်ခုချင်းစီတို့၏ အမျိုးဇာတိ၊ ဘာသာအယူဝါဒ၊ ယုံကြည်ကိုးကွယ်မှုတို့နှင့်မသက်ဆိုင်ဘဲ အားလုံးသော ကရင်မျိုးနွယ်များ၊ မျိုးနွယ်စုများ၊ မိသားစုဝင် အနွယ်တူလူမျိုးများအားလုံးကို ပေါင်းစည်းဆိုလိုခြင်း ဖြစ်ပါသည်။

ကရင်အမျိုးသား နှစ်သစ်ကူးနေ့သည် ကောင်းမြတ်သော ကရင်သက္ကရာဇ်နှစ်၏ ပထမနေ့ဖြစ်ပါသည်။ နှစ်သစ်အလို့ငှာ ပြာသိုလဆန်း (၁)ရက်နေ့ကျရောက်သောအခါ ကရင်အမျိုးသားများသည် အိမ်သစ် များကို တည်ဆောက်ကြခြင်း၊ ပစ္စည်းများကို အသစ်ပြုပြင်ကြခြင်းများ ဆောင်ရွက်ကြသည်ဟုသိရှိရပါသည်။ ထို့အပြင် တောင်ကုန်းထူထပ်သော နေရာသစ်တို့၌ တောင်ယာသစ်များ သတ်မှတ်ကြသည်။ ဤကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို အားလုံးသောကရင်တိုင်းရင်းသားများက အလေးထားဂုဏ်ယူ နေရာတိုင်းတွင် အသိအမှတ်ပြုကြကြောင်း သိရှိရပါသည်။

ကရင်ပြည်နယ်၏ အထင်ကရသင်္ကေတသည် သံလွင်မြစ်ဖြစ်သကဲ့သို့ ကရင်တိုင်းရင်းသားတို့၏ ကိုယ်စားပြုယဉ်ကျေးမှုသင်္ကေတသည် ဖားစည်နှင့်ကျွဲချိုဖြစ်ပါသည်။ နှစ်သစ်ကူးပွဲ၊ အိမ်သစ်တက်ပွဲ၊ ကောက်သစ်စားပွဲနှင့် လိပ်ပြာခေါ်ပွဲ စသည့်ဘာသာရေးဆိုင်ရာ ရိုးရာပွဲတော်များရှိပြီး ကရင်ဒုံးယိမ်း အကသည် မြူးကြွသွက်လက်၍ လူကြိုက်များသောအကတစ်မျိုးဖြစ်ပါသည်။

ထို့အပြင် ကရင်လူမျိုးတို့သည် ကိုးကွယ်ရာဘာသာအလိုက် ရုပ်တုကိုးကွယ်သူကရင်များက နတ်များကို ကိုးကွယ်ပသခြင်း၊ ဗုဒ္ဓဘာသာကရင်များက ဘုရားရှိခိုးကြခြင်း၊ ကျောင်းဇရပ်သွားခြင်း၊ ကောင်းမှု ကုသိုလ်အလှူဒါနများ ပြုလုပ်ခြင်း၊ သံဃာတော်များထံမှ တရားနာယူခြင်း၊ ခရစ်ယာန်ဘာသာကရင်များက ဘုရားရှိခိုးခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်း စသည်တို့အပြင် သက်ဆိုင်ရာယုံကြည် ကိုးကွယ်မှုအလိုက် ကရင်မျိုးနွယ်စုအားလုံးတို့သည် ဘာသာရေးပွဲတော်များကို ပြုလုပ်ကြခြင်း ရှိကြပါသည်။ ထို့ကြောင့် ကရင်အမျိုးသားများ၏ သမိုင်းတွင် ဤကရင်နှစ်သစ်ကူးနေ့ကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပျော်ပွဲရွှင်ပွဲများ အပါအဝင် ကျယ်ကျယ်ပြန့်ပြန့်ခမ်းခမ်းနားနား ကျင်းပလျက်ရှိကြပါသည်။

တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများခင်ဗျား-

မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် ကရင်တိုင်းရင်းသားများနှင့် အနယ်နယ်အရပ်ရပ်ရှိ ကရင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်းများနှင့်အတူ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်သွားကြရမည် ဖြစ်ပါသည်။ လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာသည်နှင့်အမျှ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုရိုးရာဓလေ့ ထုံးစံများမှာလည်း လျော့နည်းတိမ်ကောပပျောက်မှုများ ဖြစ်လာနိုင်သဖြင့် အလေးထားထိန်းသိမ်းကြရန် တိုက်တွန်းအပ်ပါသည်။

ကရင်တိုင်းရင်းသားများ၏ဘိုးဘွားဘီဘင်အစဉ်အဆက် ထိန်းသိမ်းလာခဲ့ကြသည့် စာပေ၊ စကား၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့ထုံးတမ်း၊ သမိုင်းအမွေအနှစ်များ လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့ကြသကဲ့သို့ ရိုးသားမှု၊ ကြိုးစားမှု၊ သစ္စာရှိမှု၊ တိကျပြတ်သားစွာ ဆောင်ရွက်တတ်မှုများကိုလည်း နောင်အနာဂတ် တိုင်းရင်းသား လူငယ်များက ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါသည်။ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံးအနေဖြင့် မိမိတို့၏ကောင်းမြတ်သော အစဉ်အလာများကို အစဉ်အမြဲ ထိန်းသိမ်းစောင့်ရှောက်သွားနိုင်မည်ဆိုပါက ပြည်ထောင်စုကြီး အရှည်တည်တံ့ခိုင်မြဲနေမည် ဖြစ်ပါသည်။

ယနေ့အချိန်အခါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏အခြေခံမူများဖြစ်သော ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဦးတည်ချက်(၉)ရပ်တို့ကိုချမှတ်လျက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ဖွံ့ဖြိုးရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါသည်။ ကရင် တိုင်းရင်းသားများ အနေဖြင့်လည်း ပညာနှင့်ယှဉ်သောသတ္တိ၊ မေတ္တာနှင့်ယှဉ်သော ရဲရင့်ခြင်း၊ မွန်မြတ်သည့် ပြည်ထောင်စု စိတ်ဓာတ်တို့ဖြင့် နိုင်ငံတော်အတွက် ညီညီညွတ်ညွတ်ဖြင့် လက်တွဲပူးပေါင်း ဖော်ဆောင်ကြရန် နှစ်သစ်ကူးအခါသမယတွင် အလေးအနက် ဖိတ်ခေါ်လိုပါသည်။

ချစ်ခင်လေးစားအပ်ပါသော မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကို မောင်နှမများခင်ဗျား-

ကရင်ပြည်နယ်အတွင်း ရှိနှင့်ပြီးဖြစ်သည့် သယံဇာတအရင်းအမြစ်များနှင့် အခြေခံကောင်းများကို အသုံးချ၍ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME)လုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်မည်ဆိုပါက ကရင်ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းများ တိုးတက်လာပြီး ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝသည်လည်း ပြောင်းလဲလာမည်ဖြစ်ကာ ကရင်ပြည်နယ်သည်လည်း အချိန်တိုအတွင်း တိုးတက်ပြောင်းလဲလာမည် ဖြစ်ပါသည်။

လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်ဖြစ်သော တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ စီးပွားရေး အင်အားကောင်းလျှင် တိုင်းပြည်သာယာဝပြောပြီး တည်ငြိမ်မှုလည်း ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် အခြေခံအားဖြင့် စီးပွားရေးအားကောင်းအောင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့က ကြိုးပမ်းဆောင်ရွက်ကြခြင်းဖြင့် တစ်နိုင်ငံလုံးသာယာဝပြောလာနိုင်မည် ဖြစ်ပါသည်။

လူမှုစီးပွားဟုဆိုရာတွင် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည်တို့ပါဝင်ပြီး ပညာရေးသည် အဓိကကျပါသည်။ ပညာတတ်များဖြင့်သာ နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ရာ လူငယ်များ ပညာသင်ကြားနိုင်ရေးနှင့် ကိုယ့်ကိုယ်ကိုယ်အားကိုးနိုင်ရေး ဆောင်ရွက်ပေးရန်လိုပါသည်။

မိမိတို့နိုင်ငံတွင် လုံးဝကျောင်းမနေဖူးသူများရှိနေပြီး ကျောင်းနေသူများတွင်လည်း အဆင့်အလိုက် ကျောင်းထွက်မှုများနေသည်ကို တွေ့ရပါသည်။

အထူးသဖြင့် ကျေးလက်ဒေသများတွင် ကျောင်းမနေဖူးသူပိုမိုများပြားသည်ကို တွေ့ရပြီး ပြည်နယ်အချို့တွင် ကျောင်းမနေဖူးသူရာခိုင်နှုန်းမှာ ပြည်ထောင်စု၏ ပျမ်းမျှနှုန်းထက် ပိုမိုများပြားသည်ကို တွေ့ရပါသည်။ စာရင်းများအရ ကရင်ပြည်နယ်တွင် အသက်(၁၅)နှစ်နှင့်အထက် စာတတ်မြောက်မှုရာခိုင်နှုန်းမှာ ၇၅ ရာခိုင်နှုန်းခန့်ရှိသဖြင့် ပညာရေးကဏ္ဍတွင် ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်း မှာကြားလိုပါသည်။

ကျေးလက်နေပြည်သူ ၇၀ ရာခိုင်နှုန်းသည် နိုင်ငံ၏စီးပွားရေးကို အဓိကထား ဆောင်ရွက်ပေးနေခြင်း ဖြစ်သဖြင့် ကျေးလက်နေပြည်သူများ၏ ပညာရေးကို အဓိကထားမြှင့်တင်ပေးရန် လိုအပ်ပါသည်။ ဒေသအသီးသီး ဖွံ့ဖြိုးတိုးတက်မှသာ တစ်နိုင်ငံလုံးဖွံ့ဖြိုးတိုးတက်မည်ဖြစ်ရာ တစ်နိုင်ငံလုံး ကျေးလက်ဒေသများ အပါအဝင် တိုင်းရင်းသားပြည်သူအားလုံးသည် အသိပညာ၊ အတတ်ပညာကြွယ်ဝရန် လိုအပ်သကဲ့သို့ မျိုးဆက်သစ်ပညာတတ်လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးရန်လည်း လိုအပ်နေကြောင်း တွေ့ရပါသည်။ အတန်းပညာရှိမှ အသိပညာရမည်၊ အသိပညာရှိမှ အတတ်ပညာ ရမည်ဖြစ်၍ လူငယ်များပညာသင်ကြားရေးကို အလေးထားဆောင်ရွက်ကြမှသာ နိုင်ငံတော်၏ အနာဂတ် ကောင်းကျိုးကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

မိမိတို့ပြည်နယ်အပါအဝင် နိုင်ငံတော်ကြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန်မှာ မျိုးဆက်သစ်များကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးရန် အရေးကြီးပါသည်။ အနာဂတ်တွင် အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်လာကြမည့်လူငယ်များသည် မိမိတို့အတွက် အသိပညာ၊ အတတ်ပညာများ တိုးတက်သည်ထက် တိုးတက်အောင် ရှာဖွေဖြည့်ဆည်းနေကြရမည်ဖြစ်ပြီး တိုင်းပြည်နှင့်လူမျိုး၊ ဘာသာသာသနာကို တန်ဖိုးထားသည့် စိတ်ဓာတ်များမွေးမြူနိုင်ရေးကိုလည်း သင်ကြားလေ့ကျင့်ပေးကြရမည်ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် နိုင်ငံရေးလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

ငိမ်းချမ်းမှုမရှိသည့်ဒေသတွင် ဖွံ့ဖြိုးတိုးတက်မှု ဆိုသည်မှာ အလှမ်းဝေးနေမည် ဖြစ်သကဲ့သို့ ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်လူမှုစီးပွားဘဝများမှာလည်း နိမ့်ကျနေမည်ပင် ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အဓိကလိုအပ်ချက်မှာ တိုင်းပြည်တည်ငြိမ် အေးချမ်းရေး ဖြစ်ပါသည်။

ထို့ကြောင့်လည်း နိုင်ငံတော်အနေဖြင့် ဖြစ်ပေါ်နေသည့် ဆူပူအကြမ်းဖက်မှုများကို တရားဥပဒေနှင့်အညီ သိမ်မွေ့ညင်သာစွာ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားအဖွဲ့အစည်းများနှင့်လည်း NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်ရန် ညှိနှိုင်းဆွေးနွေးလျက်ရှိရာ တိုးတက်မှုများရှိနေပါသည်။ နိုင်ငံရေး၊ တိုင်းရင်းသားရေးများကြောင့် ကရင်ပြည်နယ်အတွင်းတွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့သဖြင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု အဟန့်အတားများကို ကျော်လွှားနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လက်တွေ့ကျကျတိုးတက်လာနိုင်စေရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံပြီး ဒေသနှင့်တိုင်းပြည်အတွက် ပကတိလိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးလျက်ရှိရာ ပြည်သူလူထုနှင့်နိုင်ငံတော်အတွက် ရလဒ်ကောင်းများ ပေါ်ထွက်လာနေပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ လာမည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင်ကျရောက်မည့် လွတ်လပ်ရေးနေ့သည် မိမိတို့နိုင်ငံ၏(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဖြစ်ပါသည်။ လွတ်လပ်ရေးရပြီး မကြာခင်မှာပင်ပေါ်ပေါက်လာခဲ့သည့် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ များသည်လည်း ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်ရာ ထိုသို့ မပြီးနိုင်၊ မစီးနိုင်၊ အဖြေမထွက်နိုင်သည့်လက်နက်ကိုင်သံသရာမှရုန်းထွက်ကြရန် အချိန်ကျပြီဖြစ်ကြောင်း တိုက်တွန်းဖော်ပြ အပ်ပါသည်။

တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက လိုလားတောင့်တကြသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်နိုင်ရေးအတွက် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရန်မှာ အဓိကလိုအပ်ချက်ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံနှင့်ပြည်သူအားလုံးတို့ အကျိုးအတွက် လက်နက်ကိုင်လမ်းစဉ်နှင့် လက်နက်ကိုင်ပဋိပက္ခများကို စွန့်ခွာ၍ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် နိုင်ငံရေးလမ်းကြောင်း အမှန်ပေါ်မှငြိမ်းချမ်းစွာ လျှောက်လှမ်းကြရန် လွန်စွာအရေးကြီးလှပါသည်။

ထိုကဲ့သို့ ထာဝရငြိမ်းချမ်းရေးနှင့် နိုင်ငံတော်အေးချမ်းသာယာရေးကို နိုင်ငံတော်အစိုးရနှင့်အတူ သက်ဆိုင်ရာတိုင်းရင်းသား အဖွဲ့အစည်းများနှင့် တိုင်းရင်းသားပြည်သူအားလုံးက ပူးပေါင်းပါဝင်မှသာ နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးခရီးစဉ်မှာ အဆင်ပြေချောမွေ့မည် ဖြစ်ကြောင်း အသိပေးမှာကြားလိုပါသည်။

ယနေ့ မိမိတို့နိုင်ငံအတွက် လိုအပ်လျက်ရှိသော တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားပြည်သူ အားလုံးက အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှသာလျှင် ခေတ်မီဖွံ့ဖြိုး တိုးတက်သည့်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင်ရပ်တည်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့နိုင်ငံအတွက် တိုင်းဒေသကြီး၊ ပြည်နယ်များတွင်ရှိသည့် တိုင်းရင်းသားပြည်သူများနှင့် တာဝန်ရှိသူ အဆင့်ဆင့်တို့က ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် ကရင်အမျိုးသားနှစ်သစ်ကူး အခါသမယတွင် တိုက်တွန်းနှိုးဆော်ရင်း ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာ ပေးပို့အပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်

နိုင်ငံတော်ဝန်ကြီးချုပ်

ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

Zawgyi Version

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အစိုးရ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူမင္းေအာင္လႈိင္ထံမွ ကရင္အမ်ိဳးသားႏွစ္သစ္ကူးေန႔ အခမ္းအနားသို႔ ေပးပို႔သည့္ သဝဏ္လႊာ

(၂၀၂၂ ခုႏွစ္၊ ဒီဇင္ဘာလ ၂၂ ရက္)

ခ်စ္ခင္ေလးစားအပ္ပါေသာ မိဘျပည္သူ ညီအစ္ကိုေမာင္ႏွမမ်ားႏွင့္ ကရင္တိုင္းရင္းသားအေပါင္းတို႔ခင္ဗ်ား –

ယေန႔ ခရစ္ႏွစ္ ၂၀၂၂ ခုႏွစ္၊ ဒီဇင္ဘာလ ၂၂ ရက္၊ ကရင္သကၠရာဇ္ ၂၇၆၂ ခုႏွစ္၊ ျမန္မာသကၠရာဇ္ ၁၃၈၄ ခု၊ ျပာသိုလဆန္း ၁ ရက္ေန႔သည္ ကရင္တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ား ျမတ္ႏိုးတန္ဖိုးထားသည့္ ကရင္အမ်ိဳးသား ႏွစ္သစ္ကူးေန႔ထူးေန႔ျမတ္ ျဖစ္ပါသည္။ ကရင္တိုင္းရင္းသားအားလုံး ဂုဏ္ယူ တန္ဖိုးထားၾကသည့္ ႏွစ္သစ္ကူးမဂၤလာေန႔ထူးေန႔ျမတ္ ျဖစ္သည္ႏွင့္အညီ ႏွစ္သစ္အခါသမယတြင္ ကိုယ္၏က်န္းမာျခင္း၊ စိတ္၏ခ်မ္းသာျခင္း စသည့္ က်က္သေရမဂၤလာအေပါင္းႏွင့္ ျပည့္စုံပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္းရင္း ႏႈတ္ခြန္းဆက္သအပ္ပါသည္။

ျမန္မာႏိုင္ငံအတြင္း ေနထိုင္ၾကသည့္ တိုင္းရင္းသားလူမ်ိဳးမ်ားသည္ ယဥ္ေက်းမႈဓေလ့ထုံးတမ္းမ်ား မတူကြဲျပား ၾကေသာ္လည္း တိုင္းရင္းသား လူမ်ိဳးမ်ားအားလုံး မိသားစုစိတ္ဓာတ္ေမြးျမဴၿပီး တစ္ဦးအေပၚ တစ္ဦးတန္ဖိုးထားေလးစား၍ အတူတကြေနထိုင္လာခဲ့ၾကပါသည္။ ေမြးဖြားရာ ဇာတိ ေနထိုင္ရာအရပ္ေဒသ ေျပာဆိုသုံးႏႈန္းသည့္စာေပ၊ စကား၊ ကိုးကြယ္ယုံၾကည္သည့္ဘာသာ၊ လိုက္နာက်င့္သုံးသည့္ ဓေလ့ထုံးတမ္းအစဥ္အလာမ်ား မည္သို႔ပင္ကြဲျပားေစကာမူ တစ္ေျမတည္းေန တစ္ေရတည္းေသာက္ၿပီး ေအးအတူပူအမွ်၊ မရွိအတူရွိအတူ စည္းလုံးညီညာစြာျဖင့္ ေဆြမ်ိဳးသားခ်င္းပမာ လက္တြဲေနထိုင္ခဲ့ၾကသည္။ ကရင္အမ်ိဳးသားဆိုသည္မွာလည္း ကရင္မ်ိဳးႏြယ္စုတစ္ခုခ်င္းစီတို႔၏ အမ်ိဳးဇာတိ၊ ဘာသာအယူဝါဒ၊ ယုံၾကည္ကိုးကြယ္မႈတို႔ႏွင့္မသက္ဆိုင္ဘဲ အားလုံးေသာ ကရင္မ်ိဳးႏြယ္မ်ား၊ မ်ိဳးႏြယ္စုမ်ား၊ မိသားစုဝင္ အႏြယ္တူလူမ်ိဳးမ်ားအားလုံးကို ေပါင္းစည္းဆိုလိုျခင္း ျဖစ္ပါသည္။

ကရင္အမ်ိဳးသား ႏွစ္သစ္ကူးေန႔သည္ ေကာင္းျမတ္ေသာ ကရင္သကၠရာဇ္ႏွစ္၏ ပထမေန႔ျဖစ္ပါသည္။ ႏွစ္သစ္အလို႔ငွာ ျပာသိုလဆန္း (၁)ရက္ေန႔က်ေရာက္ေသာအခါ ကရင္အမ်ိဳးသားမ်ားသည္ အိမ္သစ္ မ်ားကို တည္ေဆာက္ၾကျခင္း၊ ပစၥည္းမ်ားကို အသစ္ျပဳျပင္ၾကျခင္းမ်ား ေဆာင္႐ြက္ၾကသည္ဟုသိရွိရပါသည္။ ထို႔အျပင္ ေတာင္ကုန္းထူထပ္ေသာ ေနရာသစ္တို႔၌ ေတာင္ယာသစ္မ်ား သတ္မွတ္ၾကသည္။ ဤကရင္အမ်ိဳးသားႏွစ္သစ္ကူးေန႔ကို အားလုံးေသာကရင္တိုင္းရင္းသားမ်ားက အေလးထားဂုဏ္ယူ ေနရာတိုင္းတြင္ အသိအမွတ္ျပဳၾကေၾကာင္း သိရွိရပါသည္။

ကရင္ျပည္နယ္၏ အထင္ကရသေကၤတသည္ သံလြင္ျမစ္ျဖစ္သကဲ့သို႔ ကရင္တိုင္းရင္းသားတို႔၏ ကိုယ္စားျပဳယဥ္ေက်းမႈသေကၤတသည္ ဖားစည္ႏွင့္ကြၽဲခ်ိဳျဖစ္ပါသည္။ ႏွစ္သစ္ကူးပြဲ၊ အိမ္သစ္တက္ပြဲ၊ ေကာက္သစ္စားပြဲႏွင့္ လိပ္ျပာေခၚပြဲ စသည့္ဘာသာေရးဆိုင္ရာ ႐ိုးရာပြဲေတာ္မ်ားရွိၿပီး ကရင္ဒုံးယိမ္း အကသည္ ျမဴးႂကြသြက္လက္၍ လူႀကိဳက္မ်ားေသာအကတစ္မ်ိဳးျဖစ္ပါသည္။

ထို႔အျပင္ ကရင္လူမ်ိဳးတို႔သည္ ကိုးကြယ္ရာဘာသာအလိုက္ ႐ုပ္တုကိုးကြယ္သူကရင္မ်ားက နတ္မ်ားကို ကိုးကြယ္ပသျခင္း၊ ဗုဒၶဘာသာကရင္မ်ားက ဘုရားရွိခိုးၾကျခင္း၊ ေက်ာင္းဇရပ္သြားျခင္း၊ ေကာင္းမႈ ကုသိုလ္အလႉဒါနမ်ား ျပဳလုပ္ျခင္း၊ သံဃာေတာ္မ်ားထံမွ တရားနာယူျခင္း၊ ခရစ္ယာန္ဘာသာကရင္မ်ားက ဘုရားရွိခိုးျခင္း၊ ဆုေတာင္းေမတၱာပို႔သျခင္း စသည္တို႔အျပင္ သက္ဆိုင္ရာယုံၾကည္ ကိုးကြယ္မႈအလိုက္ ကရင္မ်ိဳးႏြယ္စုအားလုံးတို႔သည္ ဘာသာေရးပြဲေတာ္မ်ားကို ျပဳလုပ္ၾကျခင္း ရွိၾကပါသည္။ ထို႔ေၾကာင့္ ကရင္အမ်ိဳးသားမ်ား၏ သမိုင္းတြင္ ဤကရင္ႏွစ္သစ္ကူးေန႔ကို ဂုဏ္ယူဝင့္ႂကြားစြာျဖင့္ ေပ်ာ္ပြဲ႐ႊင္ပြဲမ်ား အပါအဝင္ က်ယ္က်ယ္ျပန႔္ျပန႔္ခမ္းခမ္းနားနား က်င္းပလ်က္ရွိၾကပါသည္။

တိုင္းရင္းသားမိဘျပည္သူ ညီအစ္ကိုေမာင္ႏွမမ်ားခင္ဗ်ား-

ျမန္မာႏိုင္ငံအတြင္း ေနထိုင္ၾကသည့္ ကရင္တိုင္းရင္းသားမ်ားႏွင့္ အနယ္နယ္အရပ္ရပ္ရွိ ကရင္တိုင္းရင္းသား ညီအစ္ကိုေမာင္ႏွမမ်ား အားလုံးအေနျဖင့္ စည္းလုံးညီၫြတ္ျခင္းမ်ားႏွင့္အတူ ႐ိုးရာယဥ္ေက်းမႈ၊ ဓေလ့ထုံးတမ္းမ်ားကို သားစဥ္ေျမးဆက္ လက္ဆင့္ကမ္းထိန္းသိမ္း ေစာင့္ေရွာက္သြားၾကရမည္ ျဖစ္ပါသည္။ လူေနမႈဘဝမ်ား ဖြံ႕ၿဖိဳးတိုးတက္ေျပာင္းလဲလာသည္ႏွင့္အမွ် တိုင္းရင္းသားတို႔၏ ယဥ္ေက်းမႈ႐ိုးရာဓေလ့ ထုံးစံမ်ားမွာလည္း ေလ်ာ့နည္းတိမ္ေကာပေပ်ာက္မႈမ်ား ျဖစ္လာႏိုင္သျဖင့္ အေလးထားထိန္းသိမ္းၾကရန္ တိုက္တြန္းအပ္ပါသည္။

ကရင္တိုင္းရင္းသားမ်ား၏ဘိုးဘြားဘီဘင္အစဥ္အဆက္ ထိန္းသိမ္းလာခဲ့ၾကသည့္ စာေပ၊ စကား၊ ယဥ္ေက်းမႈ၊ အႏုပညာ၊ ႐ိုးရာဓေလ့ထုံးတမ္း၊ သမိုင္းအေမြအႏွစ္မ်ား လက္ဆင့္ကမ္းထိန္းသိမ္းလာခဲ့ၾကသကဲ့သို႔ ႐ိုးသားမႈ၊ ႀကိဳးစားမႈ၊ သစၥာရွိမႈ၊ တိက်ျပတ္သားစြာ ေဆာင္႐ြက္တတ္မႈမ်ားကိုလည္း ေနာင္အနာဂတ္ တိုင္းရင္းသား လူငယ္မ်ားက ဆက္လက္ထိန္းသိမ္းေဆာင္႐ြက္သြားၾကရန္ တိုက္တြန္းလိုပါသည္။ ျမန္မာႏိုင္ငံအတြင္းရွိ တိုင္းရင္းသားျပည္သူအားလုံးအေနျဖင့္ မိမိတို႔၏ေကာင္းျမတ္ေသာ အစဥ္အလာမ်ားကို အစဥ္အၿမဲ ထိန္းသိမ္းေစာင့္ေရွာက္သြားႏိုင္မည္ဆိုပါက ျပည္ေထာင္စုႀကီး အရွည္တည္တံ့ခိုင္ၿမဲေနမည္ ျဖစ္ပါသည္။

ယေန႔အခ်ိန္အခါသည္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ႏိုင္ငံတာဝန္အရပ္ရပ္ကို ဖြဲ႕စည္းပုံ အေျခခံဥပေဒႏွင့္အညီ ထိန္းသိမ္း ေဆာင္႐ြက္လ်က္ရွိၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏အေျခခံမူမ်ားျဖစ္ေသာ ေရွ႕လုပ္ငန္းစဥ္(၅)ရပ္ႏွင့္ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ ဦးတည္ခ်က္(၉)ရပ္တို႔ကိုခ်မွတ္လ်က္ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရး၊ ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ တိုင္းရင္းသားျပည္သူမ်ား၏ လူမႈစီးပြားဘဝမ်ား တိုးတက္ဖြံ႕ၿဖိဳးေရးကို ကိုယ္စြမ္းဉာဏ္စြမ္းရွိသေ႐ြ႕ ႀကိဳးပမ္းလုပ္ေဆာင္လ်က္ရွိပါသည္။ ကရင္ တိုင္းရင္းသားမ်ား အေနျဖင့္လည္း ပညာႏွင့္ယွဥ္ေသာသတၱိ၊ ေမတၱာႏွင့္ယွဥ္ေသာ ရဲရင့္ျခင္း၊ မြန္ျမတ္သည့္ ျပည္ေထာင္စု စိတ္ဓာတ္တို႔ျဖင့္ ႏိုင္ငံေတာ္အတြက္ ညီညီၫြတ္ၫြတ္ျဖင့္ လက္တြဲပူးေပါင္း ေဖာ္ေဆာင္ၾကရန္ ႏွစ္သစ္ကူးအခါသမယတြင္ အေလးအနက္ ဖိတ္ေခၚလိုပါသည္။

ခ်စ္ခင္ေလးစားအပ္ပါေသာ ျမန္မာႏိုင္ငံအတြင္းရွိ တိုင္းရင္းသား မိဘျပည္သူ ညီအစ္ကို ေမာင္ႏွမမ်ားခင္ဗ်ား-

ကရင္ျပည္နယ္အတြင္း ရွိႏွင့္ၿပီးျဖစ္သည့္ သယံဇာတအရင္းအျမစ္မ်ားႏွင့္ အေျခခံေကာင္းမ်ားကို အသုံးခ်၍ အေသးစား၊ အငယ္စားႏွင့္အလတ္စားစီးပြားေရး (MSME)လုပ္ငန္းမ်ား၊ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရး လုပ္ငန္းမ်ား၊ ခရီးသြားလုပ္ငန္းမ်ားကို ေအာင္ျမင္ျဖစ္ထြန္းေအာင္ ေဆာင္႐ြက္မည္ဆိုပါက ကရင္ျပည္နယ္အတြင္း စီးပြားေရးလုပ္ငန္းမ်ား တိုးတက္လာၿပီး ေဒသခံတိုင္းရင္းသားမ်ား၏ လူမႈစီးပြားဘဝသည္လည္း ေျပာင္းလဲလာမည္ျဖစ္ကာ ကရင္ျပည္နယ္သည္လည္း အခ်ိန္တိုအတြင္း တိုးတက္ေျပာင္းလဲလာမည္ ျဖစ္ပါသည္။

လူမႈစီးပြားဘဝ ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ပတ္သက္၍ အမ်ိဳးသားေရး ရည္မွန္းခ်က္ႏွစ္ရပ္ျဖစ္ေသာ တိုင္းျပည္ သာယာဝေျပာေရးႏွင့္ စားေရရိကၡာေပါမ်ားေရးကို ခ်မွတ္ေဆာင္႐ြက္လ်က္ရွိပါသည္။ စီးပြားေရး အင္အားေကာင္းလွ်င္ တိုင္းျပည္သာယာဝေျပာၿပီး တည္ၿငိမ္မႈလည္း ရရွိႏိုင္မည္ျဖစ္ပါသည္။ ထို႔ေၾကာင့္ အေျခခံအားျဖင့္ စီးပြားေရးအားေကာင္းေအာင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးတို႔က ႀကိဳးပမ္းေဆာင္႐ြက္ၾကျခင္းျဖင့္ တစ္ႏိုင္ငံလုံးသာယာဝေျပာလာႏိုင္မည္ ျဖစ္ပါသည္။

လူမႈစီးပြားဟုဆိုရာတြင္ လူမႈေရး၊ ပညာေရး၊ က်န္းမာေရး စသည္တို႔ပါဝင္ၿပီး ပညာေရးသည္ အဓိကက်ပါသည္။ ပညာတတ္မ်ားျဖင့္သာ ႏိုင္ငံေတာ္ကို တည္ေဆာက္ႏိုင္မည္ျဖစ္ရာ လူငယ္မ်ား ပညာသင္ၾကားႏိုင္ေရးႏွင့္ ကိုယ့္ကိုယ္ကိုယ္အားကိုးႏိုင္ေရး ေဆာင္႐ြက္ေပးရန္လိုပါသည္။

မိမိတို႔ႏိုင္ငံတြင္ လုံးဝေက်ာင္းမေနဖူးသူမ်ားရွိေနၿပီး ေက်ာင္းေနသူမ်ားတြင္လည္း အဆင့္အလိုက္ ေက်ာင္းထြက္မႈမ်ားေနသည္ကို ေတြ႕ရပါသည္။

အထူးသျဖင့္ ေက်းလက္ေဒသမ်ားတြင္ ေက်ာင္းမေနဖူးသူပိုမိုမ်ားျပားသည္ကို ေတြ႕ရၿပီး ျပည္နယ္အခ်ိဳ႕တြင္ ေက်ာင္းမေနဖူးသူရာခိုင္ႏႈန္းမွာ ျပည္ေထာင္စု၏ ပ်မ္းမွ်ႏႈန္းထက္ ပိုမိုမ်ားျပားသည္ကို ေတြ႕ရပါသည္။ စာရင္းမ်ားအရ ကရင္ျပည္နယ္တြင္ အသက္(၁၅)ႏွစ္ႏွင့္အထက္ စာတတ္ေျမာက္မႈရာခိုင္ႏႈန္းမွာ ၇၅ ရာခိုင္ႏႈန္းခန႔္ရွိသျဖင့္ ပညာေရးက႑တြင္ ပိုမိုတိုးတက္ေအာင္ ေဆာင္႐ြက္ရန္လိုေၾကာင္း တိုက္တြန္း မွာၾကားလိုပါသည္။

ေက်းလက္ေနျပည္သူ ၇၀ ရာခိုင္ႏႈန္းသည္ ႏိုင္ငံ၏စီးပြားေရးကို အဓိကထား ေဆာင္႐ြက္ေပးေနျခင္း ျဖစ္သျဖင့္ ေက်းလက္ေနျပည္သူမ်ား၏ ပညာေရးကို အဓိကထားျမႇင့္တင္ေပးရန္ လိုအပ္ပါသည္။ ေဒသအသီးသီး ဖြံ႕ၿဖိဳးတိုးတက္မွသာ တစ္ႏိုင္ငံလုံးဖြံ႕ၿဖိဳးတိုးတက္မည္ျဖစ္ရာ တစ္ႏိုင္ငံလုံး ေက်းလက္ေဒသမ်ား အပါအဝင္ တိုင္းရင္းသားျပည္သူအားလုံးသည္ အသိပညာ၊ အတတ္ပညာႂကြယ္ဝရန္ လိုအပ္သကဲ့သို႔ မ်ိဳးဆက္သစ္ပညာတတ္လူသားအရင္းအျမစ္မ်ား ျပဳစုပ်ိဳးေထာင္ေပးရန္လည္း လိုအပ္ေနေၾကာင္း ေတြ႕ရပါသည္။ အတန္းပညာရွိမွ အသိပညာရမည္၊ အသိပညာရွိမွ အတတ္ပညာ ရမည္ျဖစ္၍ လူငယ္မ်ားပညာသင္ၾကားေရးကို အေလးထားေဆာင္႐ြက္ၾကမွသာ ႏိုင္ငံေတာ္၏ အနာဂတ္ ေကာင္းက်ိဳးကို ထိေရာက္စြာ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္မည္ ျဖစ္ပါသည္။

မိမိတို႔ျပည္နယ္အပါအဝင္ ႏိုင္ငံေတာ္ႀကီး စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးတိုးတက္ရန္မွာ မ်ိဳးဆက္သစ္မ်ားကို ေကာင္းမြန္စြာ ျပဳစုပ်ိဳးေထာင္ေပးရန္ အေရးႀကီးပါသည္။ အနာဂတ္တြင္ အသိပညာရွင္၊ အတတ္ပညာရွင္မ်ား ျဖစ္လာၾကမည့္လူငယ္မ်ားသည္ မိမိတို႔အတြက္ အသိပညာ၊ အတတ္ပညာမ်ား တိုးတက္သည္ထက္ တိုးတက္ေအာင္ ရွာေဖြျဖည့္ဆည္းေနၾကရမည္ျဖစ္ၿပီး တိုင္းျပည္ႏွင့္လူမ်ိဳး၊ ဘာသာသာသနာကို တန္ဖိုးထားသည့္ စိတ္ဓာတ္မ်ားေမြးျမဴႏိုင္ေရးကိုလည္း သင္ၾကားေလ့က်င့္ေပးၾကရမည္ျဖစ္ပါသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသည္ တိုင္းရင္းသားျပည္သူမ်ား၏ ဆႏၵႏွင့္အညီ စစ္မွန္၍ စည္းကမ္းျပည့္ဝေသာ ပါတီစုံဒီမိုကေရစီစနစ္ ခိုင္မာေရးႏွင့္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ေရးအတြက္ ႏိုင္ငံေရးလုပ္ငန္းစဥ္မ်ား ခ်မွတ္ေဆာင္႐ြက္လ်က္ရွိပါသည္။

ငိမ္းခ်မ္းမႈမရွိသည့္ေဒသတြင္ ဖြံ႕ၿဖိဳးတိုးတက္မႈ ဆိုသည္မွာ အလွမ္းေဝးေနမည္ ျဖစ္သကဲ့သို႔ ေဒသခံျပည္သူမ်ား၏ စီးပြားေရး၊ လူမႈေရး၊ က်န္းမာေရး၊ ပညာေရး စသည့္လူမႈစီးပြားဘဝမ်ားမွာလည္း နိမ့္က်ေနမည္ပင္ ျဖစ္ပါသည္။ ထိုသို႔ေဆာင္႐ြက္ရာတြင္ အဓိကလိုအပ္ခ်က္မွာ တိုင္းျပည္တည္ၿငိမ္ ေအးခ်မ္းေရး ျဖစ္ပါသည္။

ထို႔ေၾကာင့္လည္း ႏိုင္ငံေတာ္အေနျဖင့္ ျဖစ္ေပၚေနသည့္ ဆူပူအၾကမ္းဖက္မႈမ်ားကို တရားဥပေဒႏွင့္အညီ သိမ္ေမြ႕ညင္သာစြာ ထိန္းသိမ္းေဆာင္႐ြက္လ်က္ရွိၿပီး တိုင္းရင္းသားအဖြဲ႕အစည္းမ်ားႏွင့္လည္း NCA လမ္းေၾကာင္းအတိုင္း ေလွ်ာက္လွမ္းႏိုင္ရန္ ညႇိႏႈိင္းေဆြးေႏြးလ်က္ရွိရာ တိုးတက္မႈမ်ားရွိေနပါသည္။ ႏိုင္ငံေရး၊ တိုင္းရင္းသားေရးမ်ားေၾကာင့္ ကရင္ျပည္နယ္အတြင္းတြင္ လက္နက္ကိုင္ပဋိပကၡမ်ားျဖစ္ပြားခဲ့သျဖင့္ တည္ၿငိမ္ေအးခ်မ္းမႈပ်က္ျပားၿပီး လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္မႈ အဟန႔္အတားမ်ားကို ေက်ာ္လႊားႏိုင္ရန္ ႀကိဳးစားေဆာင္႐ြက္လ်က္ရွိပါသည္။

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား လက္ေတြ႕က်က်တိုးတက္လာႏိုင္ေစေရး တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားႏွင့္ ေတြ႕ဆုံ၍ ျပည္ေထာင္စုစိတ္ဓာတ္ကိုအေျခခံၿပီး ေဒသႏွင့္တိုင္းျပည္အတြက္ ပကတိလိုအပ္ခ်က္မ်ားကို ညႇိႏႈိင္းေဆြးေႏြးလ်က္ရွိရာ ျပည္သူလူထုႏွင့္ႏိုင္ငံေတာ္အတြက္ ရလဒ္ေကာင္းမ်ား ေပၚထြက္လာေနၿပီျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။ လာမည့္ ၂၀၂၃ ခုႏွစ္၊ ဇန္နဝါရီလ (၄)ရက္ေန႔တြင္က်ေရာက္မည့္ လြတ္လပ္ေရးေန႔သည္ မိမိတို႔ႏိုင္ငံ၏(၇၅)ႏွစ္ေျမာက္ စိန္ရတုလြတ္လပ္ေရးေန႔ ျဖစ္ပါသည္။ လြတ္လပ္ေရးရၿပီး မၾကာခင္မွာပင္ေပၚေပါက္လာခဲ့သည့္ ျပည္တြင္း လက္နက္ကိုင္ပဋိပကၡ မ်ားသည္လည္း ဆယ္စုႏွစ္မ်ားစြာ ၾကာခဲ့ၿပီျဖစ္ရာ ထိုသို႔ မၿပီးႏိုင္၊ မစီးႏိုင္၊ အေျဖမထြက္ႏိုင္သည့္လက္နက္ကိုင္သံသရာမွ႐ုန္းထြက္ၾကရန္ အခ်ိန္က်ၿပီျဖစ္ေၾကာင္း တိုက္တြန္းေဖာ္ျပ အပ္ပါသည္။

တိုင္းရင္းသားျပည္သူတစ္ရပ္လုံးက လိုလားေတာင့္တၾကသည့္ ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္ကို အေျခခံေသာ ျပည္ေထာင္စုႀကီးအျဖစ္ တည္ေဆာက္ႏိုင္ေရးအတြက္ တစ္ႏိုင္ငံလုံး ထာဝရၿငိမ္းခ်မ္းေရး ရရွိရန္မွာ အဓိကလိုအပ္ခ်က္ျဖစ္ပါသည္။ ထို႔ေၾကာင့္ ႏိုင္ငံႏွင့္ျပည္သူအားလုံးတို႔ အက်ိဳးအတြက္ လက္နက္ကိုင္လမ္းစဥ္ႏွင့္ လက္နက္ကိုင္ပဋိပကၡမ်ားကို စြန႔္ခြာ၍ ေတြ႕ဆုံေဆြးေႏြးမႈမ်ားမွတစ္ဆင့္ ႏိုင္ငံေရးလမ္းေၾကာင္း အမွန္ေပၚမွၿငိမ္းခ်မ္းစြာ ေလွ်ာက္လွမ္းၾကရန္ လြန္စြာအေရးႀကီးလွပါသည္။

ထိုကဲ့သို႔ ထာဝရၿငိမ္းခ်မ္းေရးႏွင့္ ႏိုင္ငံေတာ္ေအးခ်မ္းသာယာေရးကို ႏိုင္ငံေတာ္အစိုးရႏွင့္အတူ သက္ဆိုင္ရာတိုင္းရင္းသား အဖြဲ႕အစည္းမ်ားႏွင့္ တိုင္းရင္းသားျပည္သူအားလုံးက ပူးေပါင္းပါဝင္မွသာ ႏိုင္ငံေတာ္တည္ေဆာက္ေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးခရီးစဥ္မွာ အဆင္ေျပေခ်ာေမြ႕မည္ ျဖစ္ေၾကာင္း အသိေပးမွာၾကားလိုပါသည္။

ယေန႔ မိမိတို႔ႏိုင္ငံအတြက္ လိုအပ္လ်က္ရွိေသာ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ လူမႈစီးပြားဘဝ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ တိုင္းရင္းသားျပည္သူ အားလုံးက အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္မွသာလွ်င္ ေခတ္မီဖြံ႕ၿဖိဳး တိုးတက္သည့္ႏိုင္ငံအျဖစ္ ကမာၻ႔အလယ္တြင္ရပ္တည္ႏိုင္မည္ ျဖစ္ပါသည္။ ထို႔ေၾကာင့္ မိမိတို႔ႏိုင္ငံအတြက္ တိုင္းေဒသႀကီး၊ ျပည္နယ္မ်ားတြင္ရွိသည့္ တိုင္းရင္းသားျပည္သူမ်ားႏွင့္ တာဝန္ရွိသူ အဆင့္ဆင့္တို႔က ပူးေပါင္းအေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေပးၾကရန္ ကရင္အမ်ိဳးသားႏွစ္သစ္ကူး အခါသမယတြင္ တိုက္တြန္းႏႈိးေဆာ္ရင္း ကရင္အမ်ိဳးသားႏွစ္သစ္ကူးေန႔ သဝဏ္လႊာ ေပးပို႔အပ္ပါသည္။

ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူမင္းေအာင္လႈိင္

ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္

ဥကၠ႒၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။