တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့)တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေး ချမ်းသာစွာလာရောက်ဖူးမြော်ကြည်ညို၊ တန်ဆောင်တိုင် မီးထွန်းပွဲတော်များ ကျင်းပပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ – ၇

ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်များထဲမှ တစ်ရက်ဖြစ်သည့် တန်ဆောင်မုန်းလပြည့် သာမညဖလပွဲတော်နေ့ဖြစ်သည်နှင့်အညီ တန်ဆောင်တိုင် ပွဲတော်၊ မီးထွန်းပွဲတော်တို့ကို မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းတစ်ရပ် အဖြစ် ထိန်းသိမ်း လက်ဆင့်ကမ်းပြီး နှစ်စဉ်ကျင်းပပြုလုပ်ကြသည်။
အဆိုပါနေ့ထူးနေ့မြတ်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင် အား ရည်မှန်း၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရား တော်များ ရွတ်ပွားပူဇော်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၌ ကထိန်လျာသင်္ကန်း ကပ်လှူခြင်း၊ ကထိန်ခင်းခြင်း၊ ဒါနသီလဘာဝနာကုသိုလ်ယူဆည်းပူး ပွားများခြင်း စသည့် သူတော်ကောင်းတရားများကို ကြိုးစားအားထုတ် ဆောင်ရွက်ကြပြီး ဘုရား၊ စေတီ၊ ပုထိုးများ၌လည်း စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုခြင်းများကို ပြုလုပ် ကြသည်။


ထိုသို့ မြန်မာ့ယဉ်ကျေးမှုပွဲတော်ကို ထိန်းသိမ်းဆင်နွဲလျက်ရှိကြရာ နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား ယနေ့ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မ တော်အရာရှိကြီးများနှင့် ဇနီးများက ဆီမီးများ၊ ရောင်စုံမီးအလှများဖြင့် ထွန်းညှိ ပူဇော် ခြင်း၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ခြင်း၊ ဆီမီး(၁၀၀၀) ထွန်းညှိပူဇော်ခြင်းများပြုလုပ်ခဲ့ ကြပြီး တန်ဆောင်တိုင်မီးထွန်း ပွဲတော်ကို ပျော်ရွှင်ကြည်နူးစွာ ဆင်နွဲခဲ့ကြသည်။ အလားတူ တန်ဆောင်တိုင်ပွဲတော်၊ မီးထွန်းပွဲတော် အထိမ်းအမှတ်အဖြစ် ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်း၌လည်း လမ်း၊ အဆောက်အဦများ၊ ပန်းအလှ သစ်ပင်များတွင် ရောင်စုံမီးအလှများဖြင့် မီးထွန်းပွဲတော်ကို သာယာလှပစွာ ပြုလုပ် ထားရှိပြီး ပျော်ပွဲရွှင်ပွဲများကိုလည်း ပြုလုပ်ထားရှိရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများက စိတ်နှလုံးအေးချမ်းစွာဖြင့် ပျော်ရွှင်ကြည်နူးစွာ ဆင်နွဲခဲ့ကြ သည်။ ထိုသို့ တန်ဆောင်တိုင်ပွဲတော်ဆင်နွဲနေမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။


ထို့အတူ ရှင်ဥပဂုတ္တမထေရ်မြတ်ပူဇော်ပွဲနှင့် မီးမျှောပူဇော်ပွဲများ၊ တန်ဆောင် တိုင် မီးထွန်းတော်များကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများ နှင့်အညီကျင်းပပြုလုပ်ကြရာ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက် ထွန်းညှိပူဇော်ဖူးမြော်ကြည်ညို ကြပြီး နိဗ္ဗာန်ဈေးပွဲတော်များတွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသူများဖြင့် စည်ကား သိုက်မြိုက်လျက်ရှိသည်။
ထို့ပြင် နေပြည်တော်ရေပန်းဥယျာဉ်အတွင်း ကျင်းပလျက်ရှိသည့် တန်ဆောင် တိုင် ညဈေးရောင်းပွဲတော်အတွင်း ဖျော်ဖြေရေးအစီအစဉ်များအဖြစ် နိုင်ငံကျော် တေး သံရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ လာရောက်လည်ပတ် ကြည့်ရှုကြသူများဖြင့် စည်ကားလျက်ရှိသည်။ အလားတူ တန်ဆောင်တိုင် ရုံးပိတ်ရက် ဖြစ်သည်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အပန်းဖြေစခန်းများ၊ ကမ်းခြေများ၊ အများပြည်သူနှင့်သက်ဆိုင်သည့် ပန်းခြံများ၌ လာရောက်အပန်းဖြေ ကြသူများနှင့် အထူးစည်ကားလျက်ရှိသည်။


နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအနီးရှိ တပေါင်းကွင်းနှင့် ရန်ကုန် မြို့ရှိ ပြည်သူ့ရင်ပြင်တို့၌လည်း FIREWORK အမျိုးအစား မီးရှူးမီးပန်းများကို တန်ဆောင်တိုင်ကာလ အခါသမယအဖြစ် ပစ်ဖောက်ပူဇော်ခဲ့ရာ အများပြည်သူများ အနေဖြင့် စိတ်ဝင်တစားလာရောက် ကြည့်ရှုခဲ့ကြပြီး အမှတ်တရဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်ခဲ့ကြကာ တန်ဆောင်မုန်းလပြည့်နေ့အခါသမယကို နိုင်ငံတစ်ဝန်းလုံးတွင် ပျှော်ရွှင် ကြည်နူးစွာ ဆင်နွဲခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။