နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲ Mr. Aleksey Sambuyevich Tsydenov တို့က Buryatia ပြည်နယ်မှ Arigus၊ ATV ၊  Tivicom တို့ အပါအဝင် ဒေသခံမီဒီယာများ၏ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားချက်

မေး။  မကြာမီနှစ်အတွင်းမှာ ရုရှား-မြန်မာပူးပေါင်းဆက်ဆံရေး လုပ်ငန်းတွေဟာ အများကြီးလုပ်ခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ယဉ်ကျေးမှုအခန်းကဏ္ဍတွေရော၊ ကဏ္ဍပေါင်းစုံမှာ  ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်ထားတာရှိပါတယ်။ ဒီအထဲမှာ Buryatia နဲ့ ပတ်သက်ပြီးတော့လည်း ပူးပေါင်းဆောင်ရွက်မှုလုပ်နေတာတွေ ရှိပါတယ်။ အနာဂတ်မှာ Buryatia နဲ့ပတ်သက်ပြီးတော့  Buryatia နဲ့ မြန်မာအကြားပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွေ ဘယ်လိုအပိုင်းတွေကို လုပ်ဖို့အတွက် ရည်ရွယ်ထားတာရှိပါသလဲ။

ဗိုလ်ချုပ်မှူးကြီး။  အခု ဒီနေ့ကျွန်တော်လာကြည့်တဲ့    မီးရထားစက်ရုံလုပ်ငန်းအပါအဝင် စောစောပိုင်းက လေယာဉ်စက်ရုံလည်း    ကျွန်တော်သွားကြည့်ခဲ့တယ်။ဒါတွေကတော့   ကျွန်တော်တို့နှစ်ဖက်ပူးပေါင်းဆောင်ရွက်ဖို့အတွက်   အလားအလာရှိတဲ့နေရာတွေ ဖြစ်ပါတယ်။ ဒါပြီးလို့ရှိရင် Buryatia မှာလည်း ဒီပြည်နယ်က ဗုဒ္ဓဘာသာကိုးကွယ်တဲ့   ပြည်နယ်သူ ပြည်နယ်သားတွေ ရှိတယ်။ မြန်မာနိုင်ငံကလည်း ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အခါကျတော့ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး     ပူးပေါင်းဆောင်ရွက်မှုတွေက  အလားအလာတွေလည်းရှိတယ်။   နောက် ကျန်းမာရေးနဲ့ပတ်သက်တာတွေရှိတယ်။    နောက် ဝန်ကြီးချုပ်  ကမ်းလှမ်းထားတဲ့ ပညာသင်ကြားရေးနဲ့ပတ်သက်တဲ့ ကမ်းလှမ်းချက်လည်းရှိတယ်။ ပညာရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတွေလည်း ကျွန်တော်တို့ ရှိပါလိမ့်မယ်။ နောက် စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလည်း ဆွေးလည်း ဆွေးနွေးပြီး    ဆောင်ရွက်သွားဖို့ရှိပါလိမ့်မယ်။ နယ်ပယ်တော့ အများကြီးရှိတယ်။ လုပ်စရာနယ်ပယ်တွေ     အများကြီးရှိတယ်ဆိုတဲ့အကြောင်း  ကျွန်တော်ပြောချင်ပါတယ်။

မေး။ အခု လက်ရှိ Buryatia ကို လာရောက်တဲ့အတွက်   အဆွေတော် နိုင်ငံတော် ဝန်ကြီးချုပ်ကြီးအနေနဲ့ Buryatia နဲ့ ပတ်သက်ပြီးတော့    ဘယ်လိုမျိုးမြင်ပါသလဲ။ Buryatia ရဲ့ အလှအပတွေ၊ Buryatiaရဲ့ သန့်ရှင်းမှုတွေနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးမြင်ပါသလဲ။

ဗိုလ်ချုပ်မှူးကြီး။  အင်မတန် စိတ်ချမ်းသာရပါတယ် လာရတာ။ သာယာလှပတဲ့ဒေသတစ်ခုပေါ့။ ကျွန်တော်တို့  မြန်မာနိုင်ငံနဲ့ရင်းနှီးတဲ့ပတ်ဝန်းကျင်တစ်ခုကို ကျွန်တော်လာရတယ်လို့ ခံစားရပါတယ်။ ကျွန်တော် သုံးကြိမ်ရှိပြီလာတာ။ ကိုယ့်ဒေသကို လာရသလို  ကျွန်တော်ရင်းနှီးတဲ့စိတ်ရှိပါတယ်။နောက်ထပ်လည်းလာနိုင်ဖို့   ကျွန်တော်ကြိုးစားဦးမယ်လို့ပြောလိုပါတယ်။

မေး။  Buryatia ပြည်နယ်အကြီးအကဲအနေနဲ့   ယခုကဲ့သို့ မြန်မာနိုင်ငံကနေ နိုင်ငံတော်ဝန်ကြီးချုပ် ချစ်ကြည်ရေးခရီးစဉ်လာရောက်မှုနဲ့ပတ်သက်ပြီး မည်သို့ခံစားရပါသလဲ။ ပြီးတော့ မြန်မာနိုင်ငံနဲ့ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး ပြောကြားပေးစေလိုပါတယ်။

Buryatia ပြည်နယ် ပြည်နယ်အကြီးအကဲ ။မြန်မာနိုင်ငံကနေ     သုံးကြိမ်လာတယ်ဆိုတော့   ကျွန်တော်အရမ်းကို  ဂုဏ်ယူဝမ်းမြောက်မှုဖြစ်ပါတယ်။   သုံးကြိမ်လာတယ်ဆိုတာက ကျွန်တော်တို့ပြည်နယ်ကို ဘယ်လောက်အထိ ချစ်တယ်ဆိုတာကို ပြယုဂ်ဖြစ်ပါတယ်။ ကျွန်တော်တို့ပြည်နယ်နဲ့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှု

လုပ်ငန်းတွေလည်း အများကြီးအကောင်အထည်ဖော်ဆောင်ရွက်နိုင်မယ်လို့လည်းမျှော်လင့်ပါတယ်။   ပြီးခဲ့တဲ့ မကြာမီနှစ်အတွင်းက ကျွန်တော်တို့ Rapid Bio ဆေးဝါးကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ဆေးဝါးနည်းပညာနဲ့ပတ်သက်ပြီး ပစ္စည်းတင်သွင်းဖို့အတွက် Register တွေ လုပ်နေတာလည်း ရှိပါတယ်။ ကျွန်တော်တို့ Ulan-Ude က ထုတ်ထားတဲ့၊ ရဟတ်ယာဉ် စက်ရုံကနေပြီးတော့ ထုတ်ထားတဲ့ရဟတ်ယာဉ်တွေကလည်း မြန်မာနိုင်ငံမှာ အခုဆိုနှစ်အကြာကြီးအထိ အသုံးပြုနေတာတွေ ရှိပါတယ်။ လက်ရှိအချိန်မှာလည်း အသုံးပြုနေသလို အနာဂတ်မှာလည်း ရဟတ်ယာဉ်နဲ့ပတ်သက်ပြီးတော့     ပို့ဆောင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း      ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွေ အများကြီးလုပ်ဖို့အတွက် စီစဉ်ထားတာရှိပါတယ်။ ဒီနေ့မှာဆိုရင်လည်း TMH Holding ကုမ္ပဏီကနေပြီးတော့ သူတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို

သူတို့လုပ်ဆောင်တဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့လည်း ရှင်းပြသွားတာရှိပါတယ်။ လာမယ့် အနာဂတ်မှာလည်း မြန်မာနိုင်ငံနဲ့ ပူးပေါင်းပြီးတော့ ဒီနယ်ပယ်နဲ့ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့အတွက်လည်း ဆွေးနွေးဖို့အတွက် စီစဉ်ထားတာတွေလည်းရှိပါတယ်။ ကျွန်တော်တို့အနေနဲ့   ဒီပညာရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်လို့ရှိရင်တော့ မြန်မာနိုင်ငံကနေ ပြီးတော့   ရုရှားဘာသာစကား ပညာသင်ကြားတဲ့ ဆရာတွေအနေနဲ့ ထပ်ဆင့် သင်တန်းတွေ ပေးဖို့၊ အဆင့်မြင့်သင်တန်းတွေပေးဖို့အတွက်ကို Buryatia မှာ သင်ပေးနိုင်သလို၊ ကျွန်တော်တို့ Buryatia မှာရှိတဲ့ တက္ကသိုလ်မှာလည်း မြန်မာဘာသာစကားကို သင်ကြားဖို့အတွက် မြန်မာဘာသာစကားဌာန    ဖွင့်ဖို့အထိလည်းရည်ရွယ်ပြီးတော့ ဆောင်ရွက်နေတာရှိပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေ့ မြန်မာနိုင်ငံကလာတဲ့ အထူးဧည့်သည်တော်တွေကို ရေကန်ကို    လိုက်လံပြသပေးပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကလည်း ကျွန်တော်ကိုယ်တိုင်ဦးဆောင်ပြီးတော့ မြန်မာနိုင်ငံကို  Delegation သွားရောက်ခဲ့တာရှိပါတယ်။ သွားရောက်ခဲ့တဲ့ အချိန်မှာလည်း မြန်မာနိုင်ငံကနေပြီးတော့     ကျွန်တော်တို့ကို လှိုက်လှဲစွာကြိုဆိုခဲ့တာတွေလည်းရှိပါတယ်။  ကျွန်တော့်အနေနဲ့ ဒီကနေပြောကြားလိုတာကတော့ မြန်မာနိုင်ငံက သာယာလှပတဲ့အလှတရားတွေ၊ ယဉ်ကျေးမှုတွေကို ကျွန်တော်တင်မကဘဲနဲ့ Delegationအဖွဲ့ဝင်အားလုံးက ခံစားခဲ့ရတာတွေရှိပါတယ်။  ဒါကြောင့်မို့လို့ နှစ်နိုင်ငံ အပြန်အလှန်ကျွန်တော်တို့ Tourism အခန်းကဏ္ဍကိုမြှင့်တင်ဖို့အတွက်လည်း ကျွန်တော်တို့လျာထားစီစဉ်ထားတာ ရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီး။  ခင်ဗျားတို့ မီဒီယာအဖွဲ့တွေလည်း မြန်မာနိုင်ငံမှာလာပြီး လေ့လာဖို့အတွက်     ကျွန်တော်ဖိတ်ပါတယ်။မြန်မာပြည်ရဲ့အခြေအနေတွေအားလုံးကိုခင်ဗျားတို့ ပြည်နယ်အကြီးအကဲကတော့ အကြမ်းဖျင်းရှင်းပြတာပေါ့။   ခင်ဗျားတို့လာတဲ့အခါကျရင် ဒီထက်ပိုပြီး ထိတွေ့မှု ခံစားမှု ပိုပြီးကောင်းပါလိမ့်မယ်။ ကျွန်တော် မကြာခင်မှာ ခင်ဗျားတို့ မျက်နှာလေးတွေ မြန်မာနိုင်ငံမှာ တွေ့ရမယ်လို့ ယုံကြည်ပါတယ်။    ။

Recent News

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။