နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်    ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

ကျောင်းဆင်းအမျိုးသမီးအရာရှိများအနေဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသည့် ခေါင်းဆောင်မှု အင်္ဂါရပ်များကို တိတိကျကျလိုက်နာကျင့်ကြံပြီး   ထူးချွန်ထက်မြက်သည့် ခေါင်းဆောင်ကောင်းများဖြစ်လာအောင် အစဉ်ကြိုးပမ်းဆောင်ရွက်

နေပြည်တော် ဒီဇင်ဘာ ၁၂

တပ်မတော်၏ အမျိုးသမီးစစ်မှုထမ်းများ၏အခန်းကဏ္ဍကို အားသစ်လောင်းမည့် ဘွဲ့ရ အမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂)    သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်းဗိုလ်သင် တန်းကျောင်း    (မှော်ဘီ)  စစ်ရေးပြကွင်း၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး  သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်   တက်ရောက်မိန့်ခွန်း ပြောကြားသည်။

အဆိုပါအခမ်းအနားသို့   နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊  ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေဗိုလ်ချုပ်ကြီးဇေယျကျော်ထင်စည်သူထွန်းအောင်နှင့်ဇနီး၊  ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ    အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊  ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊     ရန်ကုန်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး၊ တပ်မတော်(ကြည်းဗိုလ်သင်တန်းကျောင်း(မှော်ဘီ)    ခေတ္တကျောင်းအုပ်ကြီးနှင့်    မှော်ဘီ တပ်နယ်မှတာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ်လောင်းများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်     ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲ၏အလေးပြုခြင်းကိုခံယူပြီး ကျောင်း ဆင်းဗိုလ်လောင်းတပ်ခွဲအား စစ်ဆေးသည်။ 

ထို့နောက် ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲက    နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ    တပ်မတော်ကာကွယ် ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ       သတိုးသီရိသုဓမ္မမင်းအောင်လှိုင်အား အနှေးလျှောက်၊ အမြန် လျှောက်ဖြင့်  ချီတက်အလေးပြုသည်။

ယင်းနောက်    နိုင်ငံတော်လုံခြုံရေးနှင့်     အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုး သီရိသုဓမ္မ  မင်းအောင်လှိုင်က တပ်မတော်(ကြည်းဗိုလ်သင်တန်းကျောင်း(မှော်ဘီ)   ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)မှ  အကောင်းဆုံးဗိုလ်လောင်းဆု ရရှိသူ ဗိုလ်လောင်းဆွေဇင်ဖြိုးဝေအား  အကောင်းဆုံးဗိုလ်လောင်းဆု ပေးအပ် ချီးမြှင့်သည်။

ထို့နောက်    နိုင်ငံတော်လုံခြုံရေးနှင့်     အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ   တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ   မင်းအောင်လှိုင်က သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရာ၌ အမျိုးသမီးစစ်မှု ထမ်းများ ပါဝင်ထမ်းရွက်စေနိုင်ရန်အတွက် အမျိုးသမီးစစ်မှုထမ်း(အရာရှိ)များအား   လေ့ကျင့်သင်ကြားမွေးထုတ်ပေးရန်” ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ အမှတ်စဉ်(၁၂)အထိ လေ့ကျင့် သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း။

မြန်မာအမျိုးသမီးများသည်    နယ်ချဲ့ဗြိတိသျှအုပ်စိုးစဉ်ကာလကတည်းက အမျိုး သားများနည်းတူ   ဇာတိသွေး၊ ဇာတိမာန်ထက်သန်သူများဖြစ်ခဲ့ကြကြောင်း၊ လွတ်လပ် ရေးကြိုးပမ်းမှု     ကာလအတွင်း၌လည်း အမျိုးသားရေးတာဝန်ဖြစ်သည့် လွတ်လပ်ရေး ရရှိရန်အတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ထမ်းရွက်ခဲ့ကြသည့် သမိုင်းမှတ်တမ်း ကောင်းများ    အထင်အရှားရှိခဲ့ကြောင်း၊ မြန်မာအမျိုးသမီးများသည်    ရှေးယခင်က တည်းက လက်ရုံးတပ်ဖွဲ့၊ ကယ်ဆယ်ရေးတပ်ဖွဲ့နှင့်  ၁၉၅၄ ခုနှစ်တွင် ဖွဲ့စည်းသည့် စစ်ဝန်ထမ်းတပ်ဖွဲ့များတွင် မိမိဆန္ဒအလျောက်ဝင်ရောက်ပြီး နိုင်ငံတော်အတွက် အုတ်တစ် ချပ်၊ သဲတစ်ပွင့်အဖြစ် ကျရာအခန်းကဏ္ဍမှ တာဝန်ကျေပွန်အောင်  ထမ်း ဆောင်နိုင်ခဲ့ကြသည်ကို    ဂုဏ်ယူစွာတွေ့မြင်ရမည်ပင်ဖြစ်ကြောင်း၊    ယနေ့အချိန် တွင်လည်း မြန်မာအမျိုးသမီးများသည်   နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေးနယ်ပယ်များအထိပါ   အမျိုးသားများနှင့် ရင်ပေါင်တန်းပြီး တိုင်းကျိုး ပြည်ပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့ကြသည်ကိုလည်း တွေ့မြင် နိုင်မည်ဖြစ်ကြောင်း။

တပ်မတော်အနေဖြင့်လည်း အမျိုးသမီးတပ်ဖွဲ့ဝင်များကို နိုင်ငံတော်ကာကွယ်ရေး တာဝန်များတွင် အမျိုးသားစစ်သည်များနှင့် တန်းတူ  ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်(ကြည်းဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ကိုဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်မွေးထုတ် ပေးလျက်ရှိခြင်းကြောင့် ယခုအခါ တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် လက်ရုံးတပ်ဖွဲ့ များတွင် အမျိုးသမီးအရာရှိ ၉၀၀ ကျော်   တာဝန်ထမ်းဆောင်နေကြပြီး  အချို့ အမျိုး သမီးတပ်ဖွဲ့ဝင်များသည်  ကြမ်းတမ်းခက်ခဲသည့်အထူးတာဝန်တပ်ဖွဲ့ (အမျိုးသမီးတာဝန်၊ စစ်ရေယာဉ်များပေါ်တွင်လိုက်ပါပြီး ပိုင်နက်ရေပြင်  ကာကွယ်ရေးတာဝန်၊ အမျိုးသမီး လေသူရဲပျံသန်းရေးတာဝန်၊ လေထီးစစ်သမီးတာဝန်များနှင့်    နယ်လှည့်ဆေး ကုသရေးတာဝန်များကို    ရဲဝံ့ပြောင်မြောက်စွာ ထမ်းဆောင်နေကြသည့်အပြင် နိုင်ငံ ပေါင်းစုံပါဝင်သည့် ပူးပေါင်းလေ့ကျင့်ခန်းများနှင့် တပ်မတော်အဆင့် အားကစား ပြိုင်ပွဲများတွင်လည်း ဆုတံဆိပ်များဆွတ်ခူးရရှိသည်အထိ  စွမ်းဆောင်နိုင်ခဲ့ကြသည် ကိုလည်း တွေ့မြင်ရမည်ဖြစ်ကြောင်း။

ထိုသို့စွမ်းဆောင်နိုင်ခြင်းသည် နိုင်ငံတော်နှင့် တပ်မတော်၏ဂုဏ်ကို မြှင့်တင်ခြင်း ဖြစ်သကဲ့သို့ တစ်နည်းအားဖြင့် မြန်မာအမျိုးသမီးများ၏ ကိုယ်ရည်ကိုယ်သွေး မနိမ့်ကြောင်းပြသနိုင်ခဲ့ခြင်းလည်းဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းဆင်း အမျိုးသမီး အရာရှိများအနေဖြင့်လည်း ဆိုင်ရာတာဝန်များထမ်းဆောင် ရာတွင် နိုင်ငံတော်နှင့် တပ်မတော်မှအားထားရသည့်    အမျိုးသမီးအရာရှိကောင်းများဖြစ်အောင်  ဆက်လက် လေ့ ကျင့်ကြိုးပမ်း အားထုတ်သွားကြရန်လိုသည်ကို မှာကြားလိုကြောင်း။

တပ်မတော်တစ်ရပ်   အရည်အချင်းပြည့်ဝရန်အတွက် လေ့ကျင့်ရေးသည် မရှိမဖြစ် လိုအပ်သည့် အခြေခံအုတ်မြစ်ဖြစ်သကဲ့သို့ အရေးအကြီးဆုံးလုပ်ငန်းတာဝန် လည်း ဖြစ်ကြောင်း၊  သင်တန်းကျောင်းက လေ့ကျင့်သင်ကြားပေးလိုက်သည့် အတတ်ပညာ များကို လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဆိုသည့်မူဝါဒအတိုင်း  ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများကို အမြဲမပြတ်လေ့လာပြီး        ပိုမိုကျွမ်းကျင်လာအောင် အမြဲလေ့ ကျင့်နေရမည့်အပြင်  ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကိုလည်း အမြဲလိုက်နာ ကျင့်သုံးနေကြရမည်ဖြစ်ကြောင်း၊   ထိုသို့ လေ့ကျင့်သားပြည့်ဝစွာ ဆောင်ရွက်နိုင်စေရေး တစ်ဦးချင်းအနေဖြင့်ကျန်းမာကြံ့ခိုင်နေရမည်ဖြစ်သည့်အတွက်ကျန်းမာရေးနှင့်ညီညွတ်သည့်     နေထိုင်စားသောက်မှုရှိရန်လိုအပ်ကြောင်း၊ ထို့ကြောင့် တာဝန်ထမ်းဆောင်မည့်   နေရာအသီးသီးရောက်သည့်အခါ လေ့ကျင့်သားပြည့်ဝနေရန် အတွက် “ကျန်းမာ အောင်နေ၊ သန်စွမ်းအောင်လေ့ကျင့်” ဆိုသည့်အတိုင်း ကိုယ်စီလိုက်နာ ဆောင်ရွက် ကြရန်   တိုက်တွန်းမှာကြားလိုကြောင်း။

စည်းကမ်းမကောင်းပါက မည်သည့်အဖွဲ့အစည်းမှ  ရေရှည်တည်တံ့နိုင်စွမ်းမရှိဘူး ဆိုသည် ကို အတိတ်သမိုင်းများကိုပြန်ကြည့်မည်ဆိုပါက သိရှိနိုင်ကြောင်း၊ မြန်မာ့သမိုင်း တွင်လည်း စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ခဲ့ရသည့်    သမိုင်းသာဓကများရှိခဲ့ ကြောင်း၊ မိမိတို့တပ်မတော်သားများသည် စည်းကမ်းလိုက်နာမှုနှင့် အမိန့်နာခံ တတ်မှုများကို ခါးဝတ်ပုဆိုးပမာ မြဲမြံခိုင်ခံ့နေရမည်ဖြစ်ပြီး စစ်သည်တော်ကျင့်ဝတ် အပါး ၆၀ နှင့်အညီ နေထိုင်ကျင့်ကြံသွားကြရမည်ဖြစ်ကြောင်း၊ကျောင်းဆင်းအမျိုးသမီး အရာရှိ များအနေဖြင့်လည်း အမိန့်နာခံမှုနှင့်စိတ်ဓာတ် စည်းကမ်းကောင်းမွန်သည့် ခေါင်းဆောင် ကောင်းများဖြစ်ရန်   လိုအပ်သည့်အတွက် ခေါင်းဆောင်မှုနှင့်ပတ်သက်ပြီး အနည်းငယ် မှာကြားလိုကြောင်း။

တပ်မတော်တွင်    ပြဋ္ဌာန်းထားသည့် ခေါင်းဆောင်မှုအင်္ဂါရပ်(၁၆)ချက်အတိုင်း အမှန် တကယ် လိုက်နာကျင့်သုံးမည်ဆိုပါက အထက်အောက် ယုံကြည်အားထားရသည့် ခေါင်းဆောင်ကောင်းများ  ဖြစ်လာကြမည်ဖြစ်ကြောင်း၊  လုပ်ငန်းခွင်ကိုရောက်သည့်အခါ သင်တန်းကျောင်းတွင်သင်ယူခဲ့ရသည့် ခေါင်းဆောင်မှုပညာရပ်များကို လက်တွေ့ အခြေအနေနှင့်ယှဉ်ပြီး   လက်အောက်ငယ်သားများအပေါ်တွင် မိဘကောင်းသဖွယ် စိတ်ဓာတ်ဖြင့်     တပ်မှူးကောင်းသဖွယ်စိတ်ဓာတ်မျိုးမွေးမြူပြီး ကျောသားရင်သား မခွဲခြားဘဲ   ကွပ်ကဲကြီးကြပ်သွားကြရန်လိုအပ်ကြောင်း။

ထို့အပြင် အထက်က ယုံကြည်စိတ်ချမှုနှင့်   လက်အောက်ငယ်သားများ၏ရိုသေ လေးစားမှု၊ ယုံကြည်ကိုးစားမှု၊ သစ္စာရှိစွာပူးပေါင်းဆောင်ရွက်မှုများကို ရယူနိုင်အောင် ကြိုးပမ်းကြရန်လိုသကဲ့သို့    ကိုယ်တိုင်ကလည်း ရှေ့ဆောင်လမ်းပြနေရန်လိုအပ် ကြောင်း၊ ထို့ကြောင့် ကျောင်းဆင်းအမျိုးသမီးအရာရှိများအနေဖြင့်   သတ်မှတ်ပြဋ္ဌာန်း ထားသည့် ခေါင်းဆောင်မှုအင်္ဂါရပ်များကို တိတိကျကျလိုက်နာကျင့်ကြံပြီး   ထူးချွန် ထက်မြက်သည့် ခေါင်းဆောင်ကောင်းများ ဖြစ်လာအောင် အစဉ်ကြိုးပမ်းဆောင်ရွက် သွားကြရန် အလေးထားမှာကြားလိုကြောင်း။

လက်ရှိကာလ  မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးတွင်  ဖြစ်ပေါ်နေသည့် အခြေ အနေအရပ်ရပ်ကို ကြည့်မည်ဆိုပါက နိုင်ငံအတွင်း၌နေထိုင်ကြသည့်   နိုင်ငံသူ၊ နိုင်ငံသား အားလုံး၏ စည်းလုံးညီညွတ်မှု၊ တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံး စည်းလုံး ညီညွတ် မှုတို့ကို မဖြစ်မနေတည်ဆောက်ထားရန်လိုအပ်သည်ကို    တွေ့ရှိရမည်ပင်ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်ခြင်းသည် နိုင်ငံတော်အင်အားကို တောင့်တင်းခိုင်မာစေပြီး ဖွံ့ဖြိုး တိုးတက်မှုနှင့်     နိုင်ငံ့အကျိုးစီးပွားကိုလည်း ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဟူသောစကားနှင့်အညီ တိုင်းပြည်ကို ပြည်တွင်းအင်အားဖြင့်သာ တည်ဆောက်ကြရမည်ကို ပြောကြားလို ကြောင်း။

တပ်မတော်၏     အဓိကလုပ်ငန်းကြီး()ခုမှာ “ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်” ဆိုသည့် အချက်ကို ဖော်ပြထားခြင်းကြောင့် ယင်းအချက်ကို လက်တွေ့ဆောင်ရွက်ပေး ခြင်းအားဖြင့် ပြည်သူလူထုကို စည်းရုံးပြီးသားဖြစ်စေကြောင်း၊ ထို့ကြောင့် ကျောင်းဆင်း အမျိုးသမီးအရာရှိများအနေဖြင့် “တပ်နှင့်ပြည်သူ မြဲကြည်ဖြူ၊    ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်”   ဆိုသည့်အချက်ကို ကောင်းစွာ    နားလည်သဘောပေါက်ပြီး ကျစ်လျစ်ခိုင်မာသည့် တပ်တွင်း၊ တပ်ပြင်စည်းရုံးရေးကို ဆက်လက်တည်ဆောက်ကြ ရမည် ဖြစ်သည်ကို တိုက်တွန်းပြောကြားလိုကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေ   ဆိုသည်မှာ တိုင်းပြည်တစ်ပြည်အတွက်    မရှိမဖြစ်လိုအပ် သည့်ဥပဒေဖြစ်ပြီး နိုင်ငံတစ်နိုင်ငံကို မည်သည့်ဝါဒဖြင့် အုပ်ချုပ်မည်၊ မည်သည့်စနစ်ဖြင့် မောင်းနှင်မည်၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာနှင့် ဥပဒေပြုရေး အာဏာကို မည်သို့မည်ပုံခွဲဝေပိုင်းခြားမည်ဆိုသည်ကို ပြဋ္ဌာန်းသတ်မှတ်ပေးရခြင်း ဖြစ် ကြောင်း၊  ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းဒေသကြီး၊  ပြည်နယ်နှင့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတို့အတွက်     အုပ်ချုပ်ရေးအာဏာများ  ခွဲဝေထားရှိပြီးဖြစ်သကဲ့သို့ နိုင်ငံနှင့် နိုင်ငံသူ၊ နိုင်ငံသား၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအကြား အာမခံချက် ပေးထားသည့်ဥပဒေလည်းဖြစ်ကြောင်း၊ အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူ လူထု၏ တစ်ခဲနက်ထောက်ခံအတည်ပြုမှုဖြင့် ပေါ်ထွန်းလာခြင်းဖြစ်သဖြင့်     ပြည်သူ တစ်ရပ်လုံးက လေးစားလိုက်နာရမည်ဖြစ်သကဲ့သို့ ပြည်သူထဲကပေါက်ဖွားလာသည့် မိမိတို့  တပ်မတော်သားများအနေဖြင့်လည်း ကာကွယ်စောင့်ရှောက်သွားရန်   အဓိက တာဝန်ရှိသည်ကိုလည်း    ပြောကြားလိုကြောင်း။               

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)  အခန်း() ပုဒ်မ ၂၀၊ ပုဒ်မခွဲ()တွင် “တပ်မ တော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်” ဟု အတိအလင်းပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊  ထို့ကြောင့် ပြဋ္ဌာန်း ချက်နှင့်အညီ မိမိတို့တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို အစဉ် တစိုက်  ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျ ဆုံးဖြစ်သည့်   တပ်မတော်အနေဖြင့် ဆောင်ရွက်နေသမျှအရာအားလုံးသည်   ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ လျှောက်လှမ်းနေခြင်းဖြစ်ပြီး   ဥပဒေကို ကျော်လွန် ဆောင်ရွက် ခြင်းမျိုးမရှိသည်ကိုလည်း ကျောင်းဆင်းအမျိုးသမီးအရာရှိများ အနေဖြင့် နားလည် ထားကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေသည် မိမိ နိုင်ငံ၊ မိမိလူမျိုး၊ မိမိတို့၏လူမှုအသိုက်အဝန်း၊ အဖွဲ့အစည်းများတွင် ကြုံတွေ့နေရသည့် ပြဿနာများကို လက်တွေ့ကျကျ ပြေလည်နိုင်စေရန် ကမ္ဘာ့နိုင်ငံများနည်းတူ ဒီမိုကရေ စီနှင့် ဖက်ဒရယ်ပြည်ထောင်စု၏ အနှစ်သာရများအတိုင်း ပြည်သူ့ဆန္ဒနှင့်အညီ   ရေးဆွဲ ပြဋ္ဌာန်းခဲ့သည့်ဥပဒေဖြစ်သည်ကို ပြောကြားလိုကြောင်း။

၁၉၈၈ ခုနှစ်တွင်    တပ်မတော်က နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရ ပြီးနောက် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်း နိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်ကို ပြည်သူလူထု၏သဘောဆန္ဒနှင့်အညီ ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို စတင်လျှောက် လှမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို   ပါတီစုံဒီမိုကရေစီလမ်း ကြောင်း ပေါ်တွင်    ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေး လျက်ရှိ နေကြောင်း၊   ထိုသို့ဆောင်ရွက်သည့်နေရာတွင်  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း များအားလုံး   ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ရောက်ရှိလာစေရန် ၂၀၁၀ ပြည့်နှစ် ပထမဒီမိုကရေစီအစိုးရသက်တမ်းတွင် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ရေရှည်တည်တံ့ ခိုင်မြဲသည့်ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန်အတွက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA)ကို လက်မှတ်ရေးထိုးခဲ့ကြောင်း။

ငြိမ်းချမ်းရေးနှင့်ဆိုင်သည့်    တွေ့ဆုံဆွေးနွေးမှုတိုင်းတွင်လည်း    (NCA)နှင့် ပတ်သက်ပြီး အလေးအနက်ထားပြောကြားခဲ့ခြင်းသည် (NCA)စာချုပ်သည် နိုင်ငံအတွက် အရေး တကြီးလိုအပ်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အခြေခံကျပြီး အဓိကလုပ် ဆောင်ရမည့်အချက် ဖြစ်နေရန်ပင်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တစ်ဖက် သတ်အပစ်အခတ်ရပ်စဲကြောင်းကို အကြိမ်ပေါင်းများစွာထုတ်ပြန်ကြေညာခဲ့သကဲ့သို့ နိုင်ငံတော်အစိုးရအနေဖြင့်လည်း     ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်သည့် တွေ့ဆုံဆွေး နွေးမှုများလုပ်ဆောင်ရန်ဖိတ်ခေါ်မှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း၊   သို့သော် (NCA)တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) အချို့သည် (NCA)ပါ ကတိကဝတ်များကို    လိုက်နာမှုမရှိဘဲ သိသိသာသာ ချိုးဖောက် နေကြသည်ကို တွေ့ရှိရကြောင်း၊ ထို့အပြင် အချို့သော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များသည် ပြင်ပမှသွေးထိုးမှုများကြောင့် ငြိမ်းချမ်းရေးလမ်းကြောင်း ပေါ်သို့ရောက်ရှိလာခဲ့ခြင်းမရှိသည်ကိုလည်းတွေ့ရှိရကြောင်း၊ လက်နက်ကိုင် ပဋိပက္ခ များကြောင့် ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍများတွင် အားနည်းချက်များ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေသည့်အဖွဲ့များအနေဖြင့် လက်နက်ကိုင်အကြမ်း ဖက်တိုက်ခိုက်သည့်လမ်းစဉ်ကို စွန့်လွှတ်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းကြရန်  အချိန်တန်ပြီဖြစ်ကြောင်း၊ထို့ကြောင့် အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီအနေဖြင့်ပြည်ထောင်စုအကျိုးအတွက် ထပ်မံဖိတ်ခေါ်ချက်” ဆိုသည့် ထုတ်ပြန်ချက်ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ  ရက်နေ့တွင် ထုတ်ပြန်ပေး ခဲ့ကြောင်း၊ ဒါဟာတစ်နိုင်ငံတည်းသားချင်းဆိုသည့်စိတ်ဖြင့် အပြုသဘောဆောင်ပြီး စိတ်ရှည်သည်းခံစွာအခွင့်အရေးပေးသည့် တပ်မတော်၏ သဘောထားကြီးမှုကို ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း၊ သို့သော်လည်း ဥပဒေနှင့်မညီသည့် လက်နက်ကိုင် အကြမ်းဖက်သမားများ၏ တောင်းဆိုမှုများအပေါ်    လိုက်လျောဖြေလျှော့ ပေးသွာ မည်မဟုတ်ခြင်းကြောင့် ရွေးကောက်ပွဲကျင်းပပြုလုပ်မည့် ကာလအတွင်း၌လည်း ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် အမြဲတမ်း စစ်ရေးအသိ၊ စစ်ရေးသတိ ရှိနေကြရန်လိုသည်ကို  တိုက်တွန်း မှာကြားလိုကြောင်း။

ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင် ရွက်လျက်ရှိပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲ၊ အောင်မြင်သည့်ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင်လည်း လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန်အတွက် မဲစာရင်းများ မှန်ကန်တိကျရေး သည်လည်း   အလွန်အရေးကြီးကြောင်း၊ မဲစာရင်းများ မှန်ကန်မှုရှိစေရန် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာစာရင်း ကောက်ယူ ခဲ့ခြင်းကလည်း   ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင်လူဦးရေကိန်းဂဏန်းများ ပြည့်စုံမှန်ကန် စေရေးကိုလည်း အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုအောင်ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း၊ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့သကဲ့သို့ မဲဆန္ဒနယ်များအလိုက် အချက်အလက်များ ကောက်ယူခြင်းနှင့်   နယ်မြေများအလိုက်  လုံခြုံရေးဆိုင်ရာအချက် အလက်များ ရယူခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြောင်း။

 မိမိတို့အနေဖြင့် ယခင်ကြုံတွေ့ခဲ့ရသည့် ရွေးကောက်ပွဲမဲမသမာမှု ဖြစ်စဉ်ဖြစ်ရပ်များကို သင်ခန်းစာယူပြီး လာမည့်ရွေးကောက်ပွဲတွင် မဲမသမာမှုများမဖြစ်စေရန်ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် မဲစာရင်းများမှားယွင်းမှုမရှိစေရန်အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine – MEVM)ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါစက်များသည် မဲမသမာမှု ပြုလုပ်၍ မရသည်ကို ပြောကြားလိုကြောင်း၊ ရွေးကောက်ပွဲတွင်ပါဝင်ကြမည့် နိုင်ငံရေးပါတီ ဝင်များ၊    ကိုယ်စားလှယ်လောင်းများအနေဖြင့်  မဲဆွယ်စည်းရုံးစဉ်ကာလမှ မဲပေးသည့် ကာလအထိ လုံခြုံစွာလုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်တဲ့အကာ    အကွယ် ပေးမှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် ယခုကျင်းပမည့်   ရွေးကောက်ပွဲကြီးတွင် ဥပဒေနှင့်အညီ မဲပေးခွင့်ရှိသူ ကျောင်းဆင်းအမျိုးသမီး အရာရှိ များအပါအဝင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး လွတ်လပ်စွာဆန္ဒမဲပေးခြင်းဖြင့် ဒီမိုကရေ စီစနစ်ကိုအခြေခံသည့် ပြည်ထောင်စုနိုင်ငံတော်ဆီ လျှောက်လှမ်းကြရန် ပြောကြား လိုကြောင်း။

မိမိတို့တပ်မတော်တွင် ထူးချွန်ပြောင်မြောက်သည့် အမျိုးသမီးစစ်မှုထမ်းများစွာ ပေါ်ပေါက်ခဲ့ပြီး ရာထူးအမျိုးမျိုးဖြင့် ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင် ခဲ့ကြသကဲ့သို့ ပေးအပ်လာမည့်တာဝန်များကို နိုင်ငံတော်နှင့်နိုင်ငံသားတို့အတွက် ကျေပွန်အောင် ကြိုးပမ်းထမ်းဆောင်သွားကြရန်၊ စစ်စည်းကမ်းကို တိကျစွာလိုက်နာ ပြီး အမိန့်နာခံမှုအားကောင်းသည့် အထက်အောက် ယုံကြည်ကိုးစားရသူများဖြစ် အောင်ကြိုး ပမ်းသွားကြရန်၊ ခေါင်းဆောင်မှုအင်္ဂါရပ်များနှင့်အညီ ကြိုးစားနေထိုင်ကြကာ ပေးအပ်လာသည့် ရည်မှန်းချက်တာဝန်များအပေါ် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင် ရွက်ကြပြီး တပ်မတော်၏ဂုဏ်ကို ဆောင်နိုင်သည့် အရာရှိများဖြစ်အောင် ကြိုးပမ်း ကြရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၏အနှစ်သာရ၊ ပြည်တွင်းတည်ငြိမ်အေးချမ်းခြင်း၏ တန်ဖိုးများကို ကိုယ်တိုင်နားလည်သိရှိပြီး နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် အမျိုးသမီးအရာရှိကောင်းများဖြစ်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက်   နိုင်ငံတော်လုံခြုံရေးနှင့်    အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုး သီရိသုဓမ္မ မင်းအောင်လှိုင် သည် ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မ ရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေ စည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် သည် တပ်မတော်(ကြည်းဗိုလ်သင်တန်း ကျောင်း (မှော်ဘီကျောင်းဌာနချုပ်ဧည့်ခန်းမ၌    ထူးချွန်ဆုရရှိကြသူများဖြစ်သည့် အကောင်းဆုံး ဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်း ဆွေဇင်ဖြိုးဝေ၊ သေနတ်ပစ် အကောင်း ဆုံးဆုရ ဗိုလ်လောင်း သင်းကြူလှိုင်၊ စစ်ရေးပြအကောင်းဆုံးဆုရ ဗိုလ်လောင်း ယဉ်မင်းသန့် နှင့် ကြံ့ခိုင်ရေးအကောင်းဆုံးဆုရ ဗိုလ်လောင်းခင်မြင့်မိုရ်ထွန်းတို့နှင့် ၎င်းတို့၏မိဘဆွေ မျိုးများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်ဆုများရရှိခဲ့ကြသဖြင့် မိဘများနှင့်ထပ်တူ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် သင်တန်းကာလတစ်လျှောက် စဉ်ဆက်မပြတ်ကြိုးစားအားထုတ်မှုနှင့် မိမိကိုယ်ကို ထိန်းသိမ်းဆောင်ရွက်တတ်သည့် အခြေခံကောင်းများကိုလည်း ဘဝတစ်လျှောက်လုံး ဆက်လက်ထိန်းသိမ်းသွားကြ ရန်လိုကြောင်း၊ လူတိုင်းတွင် ဘဝရည်မှန်းချက်၊ မျှော်မှန်းချက်များရှိကြပြီး အဆိုပါ ရည်မှန်းချက်၊ မျှော်မှန်းချက်များ မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်သွားကြ ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် အမျိုးသမီးများ၏အခန်းကဏ္ဍနှင့် ပတ်သက်၍ လွတ် လပ်ရေးကြိုးပမ်းမှုမှစ၍ နယ်ပယ်အသီးသီးတွင် အမျိုးသမီးများသည်လည်း အမျိုးသား များနှင့် တန်းတူ ပါဝင်အားဖြည့်လျက်ရှိသည်ကိုလည်း တွေ့ရမည်ဖြစ်ကြောင်း၊ ငယ်စဉ် ကလေးဘဝမှယခုအချိန်အထိ ကျွေးမွေးစောင့်ရှောက်ထိန်းသိမ်းသွန်သင် ပေးခဲ့သည့် မိဘဆရာသမားများ၏ ကျေးဇူးကို မမေ့ရန်နှင့် မိသားစုမှ ဂုဏ်ယူရသည့်၊ နိုင်ငံတော်နှင့် တပ်မတော်မှ အားထားရသည့် တပ်မတော်အရာရှိကောင်းများဖြစ် အောင် ဆက်လက် ကြိုးစားသွားကြရန်လိုကြောင်း၊ ထူးချွန်ဆုများရရှိပြီး သင်တန်းဆင်းခဲ့ကြသူများ ဖြစ်သဖြင့် မိမိတို့တွင်ရှိပြီးဖြစ်သည့် အခြေခံကောင်းများကို ဆက်လက် ထိန်းသိမ်း၍ မိမိဘဝတိုးတက်အောင်၊ မိမိရည်မှန်းချက်များ မပျောက်ပျက်ရအောင် စဉ်ဆက်မပြတ် ဆက်လက်ကြိုးစားအားထုတ်သွားရန်လိုကြောင်း၊ မိမိတို့ဘဝတိုးတက်လမ်းကို အထောက်အပံ့ကောင်းများဖြစ်စေနိုင်မည့် စာပေ ပညာသင်ယူခြင်း၊ စာကောင်း ပေမွန် များကို ဖတ်မှတ်လေ့လာခြင်း၊ အခြားသူများသို့   မျှဝေပေးခြင်းများကိုလည်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရှေ့ဆက်လက်လျှောက်လှမ်းရမည့် ဘဝခရီးလမ်း တွင်လည်း မိမိကိုယ်ကို တန်ဖိုးထား၍ ထိန်းထိန်းသိမ်းသိမ်းနေထိုင်ပြီး မိမိတို့တာဝန် ကျသည့် မည်သည့်နယ်ပယ်တွင်မဆို တိုင်းပြည်ကောင်းရာကောင်းကျိုး ကို အကျိုးပြုနိုင် သူများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။