နေပြည်တော် ဒီဇင်ဘာ ၅ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာ ယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါ လာသည့်အဖွဲ့ဝင်များ၊မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ မန္တလေး–လားရှိုးလမ်းမကြီးမှဇီးပင်ကြီးကျေးရွာနှင့် ဗဟိုမီးသတ်သင်တန်းကျောင်းသို့ ဝင်ရောက်သည့် လမ်းသစ်ဖောက်လုပ်မည့် လျာထားလမ်းအူကြောင်းနေရာဦးစွာ နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မန္တလေး–လားရှိုးလမ်းမကြီးမှ ဇီးပင်ကြီးကျေးရွာနှင့် ဗဟိုမီးသတ် သင်တန်းကျောင်းသို့ဝင်ရောက်သည့် လမ်းသစ်ဖောက်လုပ်မည့် လျာထားလမ်း အူကြောင်းနေရာတစ်လျှောက် လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လမ်းသစ်ဖောက်လုပ်နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ရေရှည်တည်တံ့ခိုင်မြဲပြီး အဆင့်မီသည့်လမ်းဖြစ် ပေါ်လာ စေရေး၊ ဒေသခံများ အဆင့်မီမီ အသုံးပြုသွားလာနိုင်ရေး စနစ်တကျ တွက် ချက်ဆောင် ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။ သုတေသနဌာနခွဲ(ပြင်ဦးလွင်)ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စက်မှုဝန်ကြီးဌာန၊ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန(ပြင်ဦးလွင်ခရိုင်ရုံးခွဲ)သို့ သွားရောက် ကြည့်ရှု စစ်ဆေးရာ စားသောက်ကုန်ဓာတ်ခွဲခန်း ရှင်းလင်းဆောင်၌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကစားသောက်ကုန်ဓာတ်ခွဲခန်းများ ဆောင်ရွက် ရခြင်းရည်ရွယ်ချက်၊ ပြည်တွင်းရှိ စားသောက်ကုန်ဆိုင်ရာ ဓာတ်ခွဲခန်းများ၊ စက်မှုဝန်ကြီးဌာနရှိ ဓာတ်ခွဲခန်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ MSME လုပ်ငန်းများနှင့် ထုတ်လုပ်မှုလုပ်ငန်းအမျိုးအစားများ၊ မြန်မာ့ SME များ ရှင်သန်ဖွံဖြိုး တိုးတက်လာစေရန် ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်များ၊ ဥပဒေအမိန့်ညွှန်ကြားချက် များနှင့်အညီဆောင်ရွက်ရန်လိုအပ်မှု၊ ဓာတ်ခွဲစမ်းသပ် ဝန်ဆောင်မှုပေးနိုင်သည့် အခြေအနေနှင့် MSMEလုပ်ငန်းများအတွက် ပိုချမည့်သင်တန်းများ၊ သုတေသနဌာ နခွဲ (ပြင်ဦးလွင်) ဖြစ်ပေါ်လာပုံနှင့် ဓာတ်ခွဲစမ်းသပ်ဝန်ဆောင်မှုပေးနိုင် မှု၊ ဓာတ်ခွဲခန်း ဆိုင်ရာ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် (ISO 17025:2017) ရရှိနိုင်ရေး ဆောင်ရွက်နေမှုနှင့် အဏုဇီဝဓာတ်ခွဲခန်းလိုအပ်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြင်ဦးလွင်ဒေသသည် MSME လုပ်ငန်းများ များစွာရှိ သည်ဖြစ်သဖြင့် စားသောက်ကုန်ဓာတ်ခွဲခန်းဆောင်ရွက်ပေးခြင်းသည် များစွာ အကျိုးရှိ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြား သည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော် မရှင်ဥက္ကဋ္ဌ သည် သုတေသနဌာနခွဲ(ပြင်ဦးလွင်)အတွင်း MSME လုပ်ငန်းများမှ လက်ခံရ ရှိသော နမူနာပစ္စည်းများအား ဓာတ်ခွဲစမ်းသပ်ခြင်းဆောင်ရွက်ထားရှိမှုနှင့် ဓာတ်ခွဲစမ်း သပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုလုပ်ငန်းစဉ်အဆင့်ဆင့်အား လိုက်လံ ကြည့် ရှုစစ်ဆေး ခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့သည်။ သုမင်္ဂလာဈေး(ညံတောဈေး) အဆင့်မြင့်ဈေးသစ်တည်ဆောက်ရေးစီမံကိန်းထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့၊ သုမင်္ဂလာဈေး(ညံတောဈေး) အဆင့်မြင့်ဈေး သစ် တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၇) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား
အင်ဂျင်နီယာတပ်ဖွဲ့ဝင်ဖြစ်လာမည့် ရဲဘော်တို့သည် ခြေလျင်စစ်သည်များကဲ့သို့ တိုက်ပွဲဝင်နိုင်ရန် မိမိတို့၏ တပ်ဖွဲ့ဆိုင်ရာ စစ်အင်ဂျင်နီယာပညာရပ်သာမက စစ်နည်း ဗျူဟာပညာရပ်များကိုပါ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားရန်လိုအပ်သကဲ့သို့ နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတာဝန်များကိုပါ စွမ်းစွမ်းတမံ ထမ်းဆောင် နိုင်သည့် အင်ဂျင်နီယာအတတ်ပညာရှင်များ ဖြစ်အောင်ကြိုးပမ်း နေပြည်တော် ဒီဇင်ဘာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာ နိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ)ရုံး အဆောက်အဦသစ်ဖွင့်ပွဲသို့ တက်ရောက်ချီးမြှင့်
နေပြည်တော် ဒီဇင်ဘာ ၄ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) ရုံးအဆောက်အဦ သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးသည်။ အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများနှင့် အဆင့်တူပုဂ္ဂိုလ်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မန္တလေးမြို့ မဟာမုနိဘုရားကြီးသို့ သွားရောက် ဖူးမြော်ကြည်ညို၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအား ပြန်လည်ပြုပြင်မွမ်းမံနေမှုများကို ကြည့်ရှုစစ်ဆေး
နေပြည်တော် ဒီဇင်ဘာ ၄ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူးတွဲဖက်အမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး၊ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ မဟာမုနိဘုရားကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့ရသည့် သာသနိကအဆောက်အဦများအား ရှေးမူမပျက် ပြန်လည်တည်ဆောက်ပြုပြင်မွမ်းမံနေမှု အခြေအနေ
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၇) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနား ကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၃ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၇) သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲ အခမ်းအနား ကို ယနေ့ညနေပိုင်း တွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်၊ အနော် ရထာတပ်ရင်း ဗိုလ်လောင်းစားရိပ်သာ၌ ကျင်းပပြုလုပ်ရာနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။ အဆိုပါ






