“တပ်မတော်သည် နိုင်ငံတစ်နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အချုပ်အခြာ အာဏာနယ်နိမိတ် တည်တံ့ခိုင်မြဲရေးအတွက် အာမခံချက်ဖြစ်သည်” ဟူသောခေါင်းစဉ်ဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Politic မဂ္ဂဇင်းတို့၏ မေးမြန်းဖြေကြားမှုများကို Politic မဂ္ဂဇင်း၌ ထည့်သွင်းဖော်ပြ

နေပြည်တော်၊ ဩဂုတ် – ၇

    ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌  Politic မဂ္ဂဇင်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အစိုးရ အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများနှင့်  လွှတ်တော်အသိုင်းအဝိုင်းတို့အတွက် အကန့် အသတ်ဖြင့် သီးသန့်ထုတ်ဝေဖြန့်ချိသော ဩဇာကြီးမားသည့် မဂ္ဂဇင်းတစ်ခုဖြစ်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ Vladimir Putin ကိုယ်တိုင် စိတ်ဝင်တစားစောင့်ကြည့် ဖတ်ရှုသည့် မဂ္ဂဇင်းလည်းဖြစ်သည်။ အဆိုပါ Politic မဂ္ဂဇင်းသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ ယခုနှစ် ဇွန်လ ၂၄ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပ ပြုလုပ်ခဲ့သည့် Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သည့် ခရီးစဉ်အတွင်း၌လည်း ရုရှား ဖက်ဒရေးရှင်းနိုင်ငံမှ Arguments and Facts သတင်းဌာန၊ ZVEZDA သတင်းဌာန၊ RT သတင်းဌာန၊ Red star  သတင်းဌာနနှင့် Politic မဂ္ဂဇင်း တို့မှ အယ်ဒီတာချုပ်များ၊  သတင်းထောက်များနှင့်အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား သီးခြားစီတွေ့ဆုံ၍ သိရှိလိုသည်များကို မေးမြန်းခဲ့သည်။

ထို့ပြင် အဆိုပါ Politic မဂ္ဂဇင်းမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့  ဇူလိုင် ၂ ရက်တွင် အွန်လိုင်းမှတဆင့် သိရှိလိုသည့် မေးခွန်းများ ထပ်မံပေးပို့မေးမြန်းခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည် ဖြေကြား ပေးပို့ခဲ့သည်။ အဆိုပါ မေးမြန်းဖြေကြားမှုအပြည့်အစုံကို ဩဂုတ် ၇ ရက်ထုတ် Politic မဂ္ဂဇင်း၊ အတွဲအမှတ် ၁၁၇၊ နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍတွင် “တပ်မတော်သည် နိုင်ငံတစ်နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အချုပ်အခြာ အာဏာနယ်နိမိတ် တည်တံ့ခိုင်မြဲ ရေးအတွက် အာမခံချက်ဖြစ်သည်” ဟူသောခေါင်းစဉ်ဖြင့် အင်တာဗျူးဆောင်းပါးကို ထည့်သွင်းဖော်ပြခဲ့သည်။ အဆိုပါ အင်တာဗျူးဆောင်းပါးအပြည့်အစုံကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်—-

ပုံ – ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Politic မဂ္ဂဇင်း၏ ဩဂုတ်လ ၇ ရက်ထုတ် ၊ အတွဲအမှတ် ၁၁၇ နိုင်ငံတကာဆက်ဆံရေးကဏ္ဍတွင် ဖော်ပြခဲ့သည့် အင်တာဗျူးသတင်း

၂၀၀၈ ခုနှစ်၊ မေလမှာ လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အဆွေတော်အနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (စစ်သေနာပတိချုပ်)အဖြစ် ၉ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီးပါပြီ၊ အဆွေ တော် အနေနဲ့ ဗိုလ်လောင်းဘဝကနေ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အထိ ဘဝကို ဖြတ်သန်းလာခဲ့တာ ဖြစ်ပါတယ်။ အဆွေတော်ရဲ့ ဘဝအကြောင်း၊ မိသားစုနောက်ခံ အကြောင်း၊ ကလေးဘဝဖြတ်သန်းပုံအကြောင်းနှင့် စစ်မှုထမ်း တစ်ဦးဖြစ်လာပုံလေး ကို နည်းနည်းရှင်းပြပေးပါလား။

        ကျွန်တော်ရဲ့မိဘများက နိုင်ငံရဲ့တောင်ဘက်ဒေသမှာရှိတဲ့ ထားဝယ်ဇာတိဖြစ်ပြီး ကျွန်တော့်ဖခင်က ဦးခင်လှိုင်(ပန်းချီ ဦးခင်လှိုင်-ထားဝယ်)၊ မိခင် ဒေါ်လှမူ ဖြစ်ပါတယ်။ မွေးချင်းညီအစ်ကိုမောင်နှမ ၅ ဦးအနက် စတုတ္ထမြောက်သားဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ်မှ ၁၉၆၆ ခုနှစ်အထိ မန္တလေးမြို့၊ ၁၉၆၇ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ ရန်ကုန်မြို့ တို့မှာ ပညာသင်ကြားခဲ့ပြီး ၁၉၇၂ ခုနှစ်မှာ အခြေခံပညာအထက်တန်း အောင်မြင်ခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်တွင် ဥပဒေပညာအဓိကဖြင့် ဒုတိယနှစ်သင်တန်းအထိ တက်ရောက်ခဲ့ပြီး ဥပဒေနဲ့ပတ်သက်လို့ အခြေခံများရှိပြီး ဥပဒေအပေါ် စိတ်ဝင်စားမှုရှိပါတယ်။ ၁၉၇၄ ခုနှစ်မှာ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၁၉)သို့ တက်ရောက်ခဲ့ပြီး သိပ္ပံဘွဲ့ ရရှိခဲ့ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ မဟာဝိဇ္ဇာ (ကာကွယ်ရေး)ဘွဲ့ရရှိခဲ့ ပါတယ်။ စစ်ဘက်ဆိုင်ရာအဆင့်လိုက် သင်တန်းအားလုံးနဲ့ စီမံခန့်ခွဲမှု ဆိုင်ရာသင်တန်းများ တက်ရောက်ခဲ့ပါ တယ်။

       ၁၉၈၀ ခုနှစ်မှာ ဒေါ်ကြူကြူလှနဲ့ လက်ထပ်ခဲ့ပြီး သမီးတစ်ယောက်၊ သားတစ်ယောက် မွေးဖွားခဲ့ပါတယ်။ မြန်မာ့တပ်မတော်မှာ တာဝန်ထမ်းဆောင်မှုအနေနဲ့ ၁၉၇၇ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ အရာရှိငယ် ဗိုလ်ကြီးအဆင့်အထိ၊ ၁၉၉၀ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ဗိုလ်မှူးအဆင့်၊ ၁၉၉၆ ခုနှစ်မှာ ဒုတိယဗိုလ်မှူးကြီး၊ ၁၉၉၉ ခုနှစ်မှာ ဗိုလ်မှူးကြီးအဆင့်၊ ၂၀၀၁ ခုနှစ်မှာ ဗိုလ်မှူးချုပ်အဆင့်နဲ့တပ်မမှူး၊ စစ်တက္ကသိုလ်ကျောင်း အုပ်ကြီး တာဝန်များကို ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ဗိုလ်ချုပ်အဆင့်နဲ့ တိုင်းမှူးတာဝန်၊ ၂၀၀၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြင့် စစ်ဆင်ရေးအထူးအဖွဲ့မှူး တာဝန်၊ ၂၀၁၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)တာဝန်၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ဒုတိယဗိုလ်ချုပ်မှူးကြီးအဆင့်၊ ၂၀၁၃ ခုနှစ်မှ ယနေ့အထိ ဗိုလ်ချုပ်မှူးကြီးအဆင့်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။

    မြန်မာ့တပ်မတော်မှာ စတင်တာဝန်ထမ်းဆောင်သည်မှ ယနေ့အထိ နိုင်ငံတော်မှချီးမြှင့်တဲ့ စစ်မှုထမ်းကောင်းတံဆိပ်၊ စစ်မှုထမ်းသင်္ဂဟတံဆိပ်၊ သရေစည်သူဘွဲ့တံဆိပ်၊ မဟာသရေစည်သူဘွဲ့တံဆိပ်၊ ဗုဒ္ဓ ဘာသာကလျာဏယုဝအသင်း (YMBA)မှ ချီးမြှင့်တဲ့ မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်၊ ထိုင်းနိုင်ငံအစိုးရမှ ချီးမြှင့်တဲ့ Knight Grand Cross (First Class) of the Most Nobel Order of the Crown of Thailand တော်ဝင်ဘွဲ့တံဆိပ်၊ မလေးရှားနိုင်ငံမလေးရှားဘုရင်ကချီးမြှင့်တဲ့ HONOURARY MALAYSIAN ARMEDFORCES ORDER FOR VALOUR (First Degree) Gallant Commanderof the Malaysian Armed Forces ဘွဲ့တံဆိပ်၊ ထိုင်းနိုင်ငံဘုရင်မင်းမြတ်ကချီးမြှင့်တဲ့ မြင့်မြတ်သောဆင်ဖြူတော်ဝင် သူရဲကောင်းဘွဲ့တံဆိပ်(ပထမအဆင့်) “The Knight Grand Cross (First Class)of the MostExalted Order of the White Elephant ဘွဲ့တံဆိပ်” ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးမှ ချီးမြှင့် တဲ့ Army Games International ဂုဏ်ထူးဆောင်တံဆိပ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှပေးအပ်ချီးမြှင့်တဲ့ “စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတည်တံ့ခိုင်မြဲရေး” ဂုဏ်ထူးဆောင်တံဆိပ်များ ရရှိခဲ့ပါတယ်။ အရာရှိငယ်ဘဝကနေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်း‌ဆောင်သည့်အချိန်အထိ ရာထူးတာဝန်အမျိုးမျိုးနဲ့ စစ်ဘက်၊ နယ်ဘက်တာဝန်များကို ထမ်းဆောင်ခဲ့ပါတယ်။

မြန်မာ့တပ်မတော်ဟာ မြန်မာနိုင်ငံ၏လူမှုဘဝ၊ နိုင်ငံရေးစနစ်အတွင်းမှာ ပါဝင်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်အသီးသီးရှိ ကိုယ်စားလှယ်အားလုံးရဲ့ ၂၅ ရာခိုင်နှုန်း  ဟာ အဆွေတော် ခန့်အပ်တာဝန်ပေးထားသူတွေဖြစ်ပါတယ်။ သမိုင်းကြောင်းအရ အခြေအနေတစ်ခုမှာ မြန်မာ့တပ်မတော်ဟာ ငြိမ်းချမ်းရေး၊ အချုပ်အခြာအာဏာရဲ့ ပိုင်နက်နယ်မြေကို ကာကွယ်စောင့်ရှောက်သူ ဖြစ်ခဲ့ပါတယ်။ ဒါက အမှန်တရား ဖြစ်ပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီအသွင်ကူးပြောင်းမှု လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေပြီ ဖြစ်ပါတယ်။ အဆွေတော်ရဲ့အမြင်အရ ဘယ်လိုအခြေအနေမျိုးမှာ တပ်မတော်အနေနဲ့ လွှတ်တော်အသီးသီးရှိ ကိုယ်စားလှယ် ပမာဏ လျှေော့ချဖျက်သိမ်း သွားနိုင်ပါသလဲ။

       မြန်မာ့တပ်မတော်ရဲ့သမိုင်းကြောင်းနဲ့ နိုင်ငံတော်ရဲ့သမိုင်းကြောင်းဟာ ခွဲခြားလို့မရပါဘူး။ တပ်မတော်သည် နိုင်ငံတော်လွတ်လပ်ရေးကို ပြည်သူနဲ့အတူလက်တွဲပြီး ရယူဆောင်ရွက်ပေးခဲ့တယ်။ ၁၈၈၅ ခုနှစ်မှာ ကျွန်တော်တို့ နိုင်ငံလွတ်လပ်ရေးဆုံးရှုံးခဲ့တယ်။ လွတ်လပ်ရေးဆုံးရှုံးပြီး နောက်ပိုင်းမှာ လွတ်လပ်ရေးအတွက် ကျွန်တော်တို့နိုင်ငံသားတွေအားလုံး၊ တိုင်းရင်းသားတွေအားလုံး နယ်ချဲ့ကိုတော်လှန်ခဲ့ကြတယ်။ သို့သော် အဲဒီတုန်းကခေတ်မီတဲ့ တပ်မတော်တစ်ရပ်အနေနဲ့ စုစုစည်းစည်း တော်လှန်ခဲ့တာမဟုတ်ဘဲ နယ်မြေဒေသအလိုက်သာ ဆောင်ရွက်ခဲ့ကြတာဖြစ်လို့ နယ်ချဲ့ရဲ့နှိမ်နင်းမှုခံခဲ့ရတယ်။ နောက်ပိုင်းမှာ ပြည်သူ လူထုကပေါက်ဖွားလာတဲ့ မျိုးချစ်လူငယ် ၃၀ ဦးနဲ့ တပ်မ တော်ကို ၁၉၄၁ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တယ်။ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့တယ်။ တပ်မတော်ဖွဲ့စည်းအပြီး ၇ နှစ်အကြာမှာ မြန်မာ့လွတ်လပ်ရေးရခဲ့တယ်။ ဒါ့ကြောင့် တပ်မတော်ရဲ့သမိုင်း၊ မြန်မာ့ လွတ်လပ်ရေးသမိုင်းနဲ့ မြန်မာနိုင်ငံသမိုင်းတို့ဟာ ခွဲခြား၍မရဘူးလို့ ပြောရခြင်းဖြစ်ပါတယ်။

         ကျွန်တော်တို့နိုင်ငံဟာ ရုရှားနိုင်ငံလိုပဲ ရှေးနှစ်ပေါင်းများစွာကတည်းက ကိုယ့်မင်း၊ ကိုယ့်ချင်းနဲ့နေလာတဲ့ ပြည်ထောင်စုနိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဘုရင့်နိုင်ငံအဖြစ်ရှိနေချိန်မှာ ကျန်ကမ္ဘာ့နိုင်ငံတွေလိုပဲ အတက်၊ အကျ တွေရှိခဲ့ပါတယ်။ ဘုရင်ခေတ်က ပထမမြန်မာနိုင်ငံ၊ ဒုတိယ မြန်မာ နိုင်ငံနဲ့ တတိယမြန်မာနိုင်ငံဆိုပြီး ထင်ရှားခဲ့တဲ့ခေတ်ကာလ ၃ ခုရှိခဲ့ ပါတယ်။ အဲဒီခေတ်ကာလတွေကို သုံးသပ်ကြည့်ရင်တူညီတဲ့ တွေ့ရှိချက် တစ်ခုကတော့ နိုင်ငံရဲ့တပ်မတော်အင်အား တောင့်တင်း ရင်၊ နိုင်ငံသူ၊ နိုင်ငံသား၊ တိုင်းရင်းသားတွေစည်းလုံးညီညွတ်ရင် မြန်မာ ဟာ ဖွံ့ဖြိုး တိုးတက်မှုအရှိန်ကောင်းခဲ့တယ်။ ဒီနှစ်ချက်ယုတ်လျော့ရင် မြန်မာဟာ အင်အားချိနဲ့သွားတယ်ဆိုတာပဲဖြစ်ပါတယ်။

          ကျွန်တော်တို့ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုး တိုးတက်ပြီး အင်အားတောင့်တင်းမယ့်နိုင်ငံအဖြစ် အားလုံးကမျှော်လင့်ခဲ့ကြပါတယ်။ သို့သော် ကံမကောင်းစွာဘဲ အယူဝါဒအမျိုးမျိုး၊ အယူအဆ အမျိုးမျိုးကြောင့် လွတ်လပ်ရေးနဲ့အတူ လက်နက်ကိုင်သောင်းကျန်းသူတွေ ပေါ်ပေါက်လာပြီး လက်နက်ကိုင်ပဋိပက္ခတွေ ရင်ဆိုင်ခဲ့ရတယ်။ အယူဝါဒကြောင့် ပေါ်ပေါက်လာတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) လို အင်အားကောင်းတဲ့ လက်နက်ကိုင်အဖွဲ့တွေရှိခဲ့သလို အယူအဆကြောင့် ဖြစ်လာခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပေါ်ပေါက်လာခဲ့တယ်။ လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံအခြေအနေဟာ တော်တော်ဆိုးဝါးခဲ့ပါတယ်။ ဒီလို ဖြစ်ခဲ့ရတဲ့ နောက်ခံအကြောင်း အရင်းတွေကတော့များစွာ ရှိပါတယ်။ ဥပမာအနေနဲ့ပြောရရင် နယ်ချဲ့လက်အောက်မှာ ပြည်မ(ဗမာအများစု နေထိုင်တဲ့ မြေပြန့်ဒေသ)နဲ့ တောင်တန်း (တိုင်းရင်းသားအများစုနေထိုင်တဲ့ဒေသ)တွေကို ခွဲခြားအုပ်ချုပ်တဲ့ သွေးခွဲအုပ်ချုပ်တဲ့စနစ်က စတာပါပဲ။ ဒါတွေကို လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာ ထပ်မံသွေးထိုး လှုံ့ဆော်မှုနဲ့ပေါင်းလိုက်တော့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကပိုကြီးလာပါတယ်။ လွတ်လပ်ရေး ရပြီးကာစ တိုင်းပြည်ထူထောင်ရေးကို လုပ်ရမယ့်အချိန်မှာ ဒါတွေ လုံးဝမလုပ်နိုင်ဘဲ တိုက်ပွဲတွေနဲ့အချိန်ကုန်ခဲ့ရပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံရဲ့မြို့တော် ရန်ကုန်ကိုသာအစိုးရရဲ့ အာဏာစက်က သက် ရောက်ပြီး နိုင်ငံတကာက ရန်ကုန်အစိုးရလို့ လှောင်ပြောင်ခေါ်ဝေါ် သမုတ်နေကြချိန် ဖြစ်ပါတယ်။ ဘယ်လောက် ဆိုးဝါးတဲ့အခြေအနေလည်း ခန့်မှန်းကြည့်ပါ။  မြန်မာနိုင်ငံရဲ့ အကျယ်အဝန်းဟာ ဧရိယာ စတုရန်းမိုင် ၂သိန်း ၆သောင်းကျော် ရှိပါတယ်။ အစိုးရရဲ့ အုပ်ချုပ်မှု ထိရောက်မှုဟာ ရန်ကုန်မြို့တွင်း မိုင် ၃၀ ပတ်လည်လောက်ပဲ ရှိပါ တော့တယ်။ ဒီအခြေအနေကနေ တပ်မတော်က ရုန်းထွက်ခဲ့ရတာပါ။ ရရှိပြီးတဲ့လွတ်လပ်ရေးမဆုံးရှုံးအောင် တည်တံ့ခိုင်မြဲအောင် လုပ်ခဲ့ ရတာ ဖြစ်ပါတယ်။

                  တပ်မတော်ဟာ ပြည်သူနဲ့လက်တွဲပြီး ဒီအခြေအနေဆိုးတွေကနေ လွတ်မြောက်အောင် ဆောင်ရွက်ခဲ့တယ်။ လက်နက်ကိုင်ပဋိပက္ခတွေ အတော်အသင့်ချုပ်ငြိမ်းပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုနဲ့ တူလာတဲ့အချိန်မှာပဲ အာဏာရပါတီအတွင်းမှာ နိုင်ငံရေးအရကွဲပြားမှုတွေ၊ အားပြိုင်မှုတွေ ထပ်ဖြစ်လာခဲ့ပါတယ်။ ပြည်နယ်အချို့ဟာလည်း ပြည်ထောင်စုက ခွဲထွက်ဖို့ လှုပ်ရှားမှုတွေ ဆောင်ရွက်လာခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်မှ  ၁၉၆၂ ခုနှစ် ပတ်ဝန်းကျင်ပေါ့။ ဒီမှာတပ်မတော်ကပဲ အိမ်စောင့်အစိုးရအနေနဲ့၊ တော်လှန်ရေးကောင်စီအစိုးရအနေနဲ့ နိုင်ငံတော်တာဝန်တွေယူပြီး ဒီအန္တရာယ်တွေကို တားဆီးခဲ့ရပါတယ်။ စစ်ဆင်ရေးနဲ့ လုံခြုံရေး တာဝန်တွေ ထမ်းဆောင်ရင်း နိုင်ငံတော်ထူထောင်ရေးတာဝန်တွေကိုပါ လုပ်ဆောင်ခဲ့ရပါတယ်။ လွတ်လပ်ရေးရပြီးကတည်းက ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေ မရှိသလောက်အားနည်းခဲ့တဲ့ တိုင်းပြည်ကို လွတ်လပ်ရေး အာမခံချက်၊ ပြည်ထောင်စုမပြိုကွဲရေး အာမခံချက်၊ လုံခြုံရေး အာမခံချက်၊ ကာကွယ်ရေးအာမခံချက်တွေ ရရှိအောင် ဘယ်လောက်ခက်ခက်ခဲခဲ ဆောင်ရွက်ရမယ်ဆိုတာကို သုံးသပ်ကြည့် ရင်သိနိုင်ပါတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ ပါလီမန်ဒီမိုက ရေစီစနစ်ကနေ ဆိုရှယ်လစ်စနစ်ကို နိုင်ငံရေးအရပြောင်းလဲခဲ့တယ်။ တပ်မတော်အနေနဲ့ ကျွန်တော်တို့ပင်မတာဝန်ဖြစ်တဲ့ နိုင်ငံတော် ကာကွယ်ရေး တာဝန်အပြင် နိုင်ငံတော်ရဲ့ ဆိုရှယ်လစ်လူ့ဘောင်တည်ဆောက်ရေးလုပ်ငန်းတွေမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့ရတယ်။ ၁၉၈၈ ခုနှစ်မှာ ကျွန်တော်တို့နိုင်ငံမှာလည်း အဲဒီခေတ်က ကမ္ဘာ့နိုင်ငံတော် တော်များများမှာ ကြုံခဲ့ရတဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး တောင်း ဆိုမှု၊ လှုပ်ရှားမှုတွေဖြစ်ခဲ့တယ်၊ ပြည်သူလူထုလိုလားတောင်း ဆိုတဲ့ ဒီစနစ်ပြောင်းလဲရေးလှုပ်ရှားမှုဟာ မူလအနေအထားအရကြည့်ရင် ပြည်သူ့လိုလားချက်၊ ပြည်သူ့ဆန္ဒလို့ပြောလို့ရပေမယ့် နောက်ကွယ်မှာ ဖြစ်ပွားခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေ၊ သွေးထိုးလှုံ့ဆော်မှုတွေများစွာရှိခဲ့ ပါတယ်။ ဒါတွေကြောင့်လည်း ဒီမိုကရေစီလှုပ်ရှားမှုဟာ အရုပ်ဆိုး အကျည်းတန်သွားပြီး မင်းမဲ့စရိုက်ဆန်ဆန်လှုပ်ရှားမှုတွေဖြစ်လာခဲ့ရတယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့လားလားမှ မသက်ဆိုင်တဲ့ လမ်းလယ်ခေါင်၊ လူတွေအကြားမှာ ခေါင်းဖြတ်သတ်တာ တွေဖြစ်လာတယ်။ အစိုးရစက်ရုံတွေ၊ အလုပ်ရုံတွေ၊ အများနဲ့သက်ဆိုင်တဲ့နေရာတွေ ဖျက်စီးခံရတယ်။ နိုင်ငံတကာအမြင်မှာ မြန်မာဟာ အရိုင်းအစိုင်း နိုင်ငံ၊ ယဉ်ကျေးမှု ကင်းမဲ့တဲ့နိုင်ငံအဖြစ် ထင်မြင်လာတဲ့အထိ မြန်မာ့ ပုံရိပ်ထိခိုက်ခဲ့တယ်။ ပြည်တွင်းမှာလည်း အစိုးရရဲ့အုပ်ချုပ်မှုယန္တရားပျက်စီးသွားခဲ့တယ်။ ဒါတွေကို တပ်မတော်ကပဲ နိုင်ငံတော်တာဝန်ကိုယူပြီး ထိန်းသိမ်းခဲ့ရတယ်။ အဲဒီမှာ ကျွန်တော်တို့ဟာ ပြည်သူ့ဆန္ဒ၊ ပြည်သူ့လိုလားချက်ကို လုံးဝမပစ်ပယ်ခဲ့ဘူး။ အဲဒီအချိန်မှာ နိုင်ငံတော်တာဝန်ကိုတာဝန်ယူနေရတဲ့ တပ်မတော်အစိုးရ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ရဲ့ ပထမဆုံးထုတ်ပြန်ချက်ဖြစ်တဲ့ ကြေညာချက်အမှတ် ၁/၈၈ ကို ကြည့်ရင်သိနိုင်တယ်။ ပြည်သူတို့လိုလားတောင့်တခဲ့တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို တည်ဆောက်မယ်လို့ တာဝန်ယူတာနဲ့တစ်ပြိုင်နက်ပြောခဲ့တယ်။ လက်တွေ့အကောင်အထည်ဖော်ခဲ့တယ်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာ ယခုကျွန်တော်တို့နိုင်ငံ ကျင့်သုံးနေတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ခဲ့တယ်။ ယခုဆိုရင် ပါတီစုံ ဒီမိုကရေစီစနစ်ဟာ အစိုးရရဲ့ ၅ နှစ် သက်တမ်းနှစ်ခုရှိပြီဖြစ်တယ်။ တပ်မတော်သည် ပြည်သူ့အတွက်ဖြစ်တယ်။ ပြည်သူသာအမိ၊ ပြည်သူသာ အဖဖြစ်တယ်။ ပြောတဲ့အတိုင်း ကျွန်တော်တို့လုပ်ဆောင်ခဲ့တယ်။ ပျက်ကွက်ခဲ့တာမရှိပါဘူး။

                  ဒီကျွန်တော်ပြောခဲ့တဲ့ မြန်မာ့သမိုင်းကို သုံးသပ်ကြည့်ရင် တပ်မတော်ဟာ နိုင်ငံတော်ကို ကာကွယ်နေတဲ့အဓိကအဖွဲ့အစည်း (State Defender) သာမက ခေတ်အဆက်ဆက်မှာ နိုင်ငံတော်ကို တည်ဆောက်သူ (State Builder)အဖြစ် တာဝန်တွေကို ကျေကျေပွန်ပွန် ထမ်းဆောင်ခဲ့ကြောင်း တွေ့ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ခုနှစ်)မှာ “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်” လို့ ပြဋ္ဌာန်းထားပြီး ခုမေးတဲ့တပ်မတော်သား ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲမှာပါဝင်တဲ့ ပြဋ္ဌာန်းချက်ကစလို့ တပ်မတော်နဲ့ပတ်သက်တဲ့ အခြားအရေးကြီးတဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်နေရခြင်းဖြစ်ပါတယ်။

                  နောက်တစ်ချက်ကတော့ ကျွန်တော်တို့နိုင်ငံမှာ ခုအချိန်ထိ လွတ်လပ်ရေးရပြီးခါစက စတင်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေရှိနေဆဲ ဖြစ်ပါတယ်။ အစိုးရအဆက်ဆက် တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးနည်းလမ်းအပါအဝင် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့သော်လည်း ဒီနေ့အထိရှိနေဆဲဖြစ်ပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ ယနေ့လျှောက်လှမ်းနေတဲ့ “ပါတီစုံဒီမိုကရေစီ” စနစ်နဲ့” ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံ “တည်ဆောက်ရေးအတွက် အနှောင့်အယှက်နဲ့အန္တရာယ်တွေပါပဲ။ ကျွန်တော်မကြာခဏပြောသလို ဒီမိုကရေစီစနစ်မှာ မိမိတို့လိုအင်ဆန္ဒကို လက်နက်ဆွဲကိုင်တောင်းဆိုတာဟာ အန္တရာယ်ပါပဲ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အဓိကတောင်းဆိုနေတာက “ဖက်ဒရယ်”စနစ်လို့ ပြောကြပါတယ်။ ကျွန်တော်တို့ကလည်း “ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု”ကို တည်ဆောက်မယ်လို့ပြောခဲ့၊ အာမခံခဲ့ပြီးဖြစ်ပါတယ်။ ဒါဆိုခုအချိန်အထိ ဒီလက်နက်ကိုင်ပဋိပက္ခတွေရှိနေသလဲ၊ ညှိနှိုင်း ဆွေးနွေးမှုတွေ မအောင်မြင်သေးတာလဲ၊ အဖြေက ပိုမိုနက်ရှိုင်းပြီး နောက်ခံအကြောင်းတရားမျိုးစုံရှိနေတယ်လို့ ပြောချင်ပါတယ်။

                  ဒီနေရာမှာ ကျွန်တော် ထပ်ပြောချင်တာက အချို့သောအဖွဲ့အစည်း တွေက မြန်မာနိုင်ငံရဲ့ ဒေသအချို့၊ နေရာအချို့ဟာ ယခင်ကတည်းက မြန်မာနိုင်ငံထဲမှာ မရှိသယောင်၊ လွတ်လပ်တဲ့ဒေသ၊ နေရာတစ်ခုအဖြစ် သမိုင်းအဆက်ဆက်ရပ်တည်ခဲ့သယောင် ပြောနေ၊ ဆိုနေ၊ ရေးနေ၊ လှုံ့ဆော်နေတာတွေပိုများလာပါတယ်။ ပြည်ထောင်စုအတွက် တကယ့်အန္တရာယ်ပဲဖြစ်ပါတယ်။ သမိုင်းကြောင်းမှာ ကျွန်တော်တို့ တိုင်းရင်းသားတွေဟာ အေးအတူ၊ ပူအမျှစုပေါင်းနေထိုင်လာကြတာ ဖြစ်ပါတယ်။ ဝေးလံလှတဲ့သမိုင်းကြောင်းကို ကျွန်တော်မပြောတော့ဘူး၊ အနီးစပ်ဆုံး အကြောင်းအချက် အခိုင်လုံဆုံးအထောက်အထားကိုပဲ ပြောပါ့မယ်။ ကျွန်တော်တို့မှာ အိမ်နီးချင်းနိုင်ငံ ၅ နိုင်ငံရှိတယ်။ သက်ဆိုင်ရာ နိုင်ငံတွေနဲ့နယ်နိမိတ်ဆိုင်ရာ သဘောတူစာချုပ်တွေ၊ နားလည်မှု စာချွန်လွှာတွေ၊ ဆွေးနွေးမှုတွေ ယခင်အင်္ဂလိပ်ကိုလိုနီလက်ထက် ကတည်းက သဘောတူညီချက်တွေရှိခဲ့ကြတယ်။ ဒီစာချုပ်တွေ၊ နားလည်မှု စာချွန်လွှာတွေ၊ ဆွေးနွေးမှုတွေ၊ နယ်မြေမှာထင်ထင်ရှားရှားရှိနေတဲ့ နယ်ခြားမှတ်တိုင်တွေ၊ အမှတ်အသားတွေကို သူတို့အားလုံးသိပြီးဖြစ်ပါတယ်။ သူတို့သည် မြန်မာနိုင်ငံထဲမှာ နေထိုင်ကြတဲ့ မြန်မာတွေ၊ သူတို့နယ်မြေဒေသတွေသည် မြန်မာနိုင်ငံရဲ့အစိတ်အပိုင်း၊ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာထဲမှာ အားလုံးပူးပေါင်းနေထိုင်လာခဲ့ကြတယ် ဆိုတာ သိပြီးဖြစ်လို့ဖြစ်ပါတယ်။ ဒါတွေကို အခုချိန်မှာအတွေးမှား၊ အမြင်မှား၊ အယူအဆမှားအောင် နိုင်ငံတကာမှာလည်း ထင်ယောင်ထင်မှား ဖြစ်လာအောင် ကြိုးစားလာကြတာကိုတွေ့ရပါတယ်။

            ဒါ့ကြောင့်လည်း တပ်မတော်သည် အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍ၊ လွှတ်တော်မှာ အမတ် ၂၅ ရာခိုင်နှုန်းပါနေရတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မကြာခဏပြောခဲ့ပြီးဖြစ်ပါတယ်။ တိုင်းပြည်မှာ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းအာမခံချက်ရှိလာရင်၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းအာမခံချက်ရှိလာရင်၊ လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းနိုင်တဲ့ စိတ်ချရတဲ့ အနေအထားရောက်လာရင် တပ်မတော်ဟာ  ဒီမိုကရေစီစနစ်နဲ့အညီ ဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်။

တပ်မတော်၊ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များဟာ အဆွေတော်ရဲ့ ကွပ်ကဲမှုအောက်မှာရှိပါတယ်။ ပြည်ထဲရေးဝန်ကြီးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးတို့ကို အဆွေတော်က အမည်စာရင်းပေး အဆိုပြုပါတယ်။ အဆိုပါဝန်ကြီး တွေရဲ့ မူဝါဒတွေကို ဘယ်လိုကွပ်ကဲအကောင်အထည်ဖော်ပါသလဲ။

       ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်) ပြဋ္ဌာန်းချက် ၂၃၂ အရ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတွေအတွက် ဝန်ကြီးများအမည်စာရင်းကို ကျွန်တော်ကတင်သွင်းရတာဖြစ်ပါတယ်။ သို့သော် ကျွန်တော်အမည်စာရင်း တင်သွင်းပြီး သမ္မတကအတည်ပြုလိုက်တာနဲ့သူတို့ဟာ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်(Union Cabinet အဖွဲ့ဝင်) ဝန်ကြီးများဖြစ်ပါတယ်။ ဒါ့ကြောင့်သူတို့ကို နိုင်ငံတော်သမ္မတက ကွပ်ကဲပြီးဝန်ကြီးများကလည်း နိုင်ငံတော်သမ္မတကို တာဝန်ခံရပါတယ်။ တချို့ကိစ္စတွေမှာတော့ အလုပ်အကိုင်ခွဲခြားလုပ်ရတာတွေ ရှိပါတယ်။ ဥပမာ နိုင်ငံတကာကာကွယ်ရေးကဏ္ဍနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးက တာဝန်ယူရသလိုကျွန်တော်တို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း တပ်မတော်အချင်းချင်းဆက်သွယ်ဆက်ဆံရေး၊ အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေးတို့၊ ကြည်း၊ ရေ၊ လေ ဦးစီးချုပ်များ အစည်းအဝေးတို့ကို တာဝန်ယူလုပ်ဆောင်ရပါတယ်။ နောက်တစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပြဋ္ဌာန်းချက် ၃၃၈အရ “နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ကွပ်ကဲမှုအောက်တွင် ရှိရမည်”လို့ ပြဋ္ဌာန်းထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့တာဝန်အရ ကျွန်တော်ကလက်နက်ကိုင်အဖွဲ့အစည်းအားလုံး၊ ဥပမာ ကျွန်တော်တို့နိုင်ငံမှာဆိုရင် တပ်မတော်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့၊ အကျဉ်းထောင် ဝန်ထမ်း၊ အခြားလုံခြုံရေးနဲ့ သတင်းရယူရေးအဖွဲ့တွေကို ကွပ်ကဲဖို့တာဝန်ရှိပါတယ်။ သို့သော် တပ်မတော်နဲ့ တပ်မတော်က ဖွဲ့စည်းပေးထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့များမှအပ ကျန်လက်နက်ကိုင်အဖွဲ့တွေကို ကျွန်တော်က အချိန်တိုင်း၊ နေရာတိုင်းနဲ့အခြေအနေတိုင်းမှာ ကွပ်ကဲနေတာမဟုတ်ပါဘူး။ ဥပမာ-နယ်ခြားစောင့်ရဲတပ်ဖွဲ့ဆိုရင် လုံခြုံရေးနဲ့ပတ်သက်ပြီး တပ်မတော်နဲ့ ချိတ်ဆက်ပြီး လိုအပ်တာတွဆောင်ရွက်ပေးတယ်။ ကူညီပေးတယ်။ ကျန်တာက လွတ်လွတ်လပ်လပ်ပါပဲ။ နယ်စပ်ရေးရာဝန်ကြီးဌာနဆိုရင် တိုင်းရင်းသားတွေ နေထိုင်ရာ နေရာဒေသအများစုနဲ့ ပဋိပက္ခတွေဖြစ်နေတဲ့နေရာတွေမှာ တာဝန် ယူပြီး လုပ်ငန်းတွေလုပ်နေရတယ်။ အဲဒီဒေသမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်တော်ကအကြံဉာဏ်ပေးတာတွေ၊ လုံခြုံရေးအရ ပေါင်းစပ်ညှိနှိုင်းပေးတာတွေရှိပါတယ်။

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှဒေသမှာ ဧရိယာအားဖြင့် အကြီးဆုံး၊ သဘာဝသံယဇာတအကြွယ်ဝဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံအချို့ဟာ စိတ်သဘောထားမမှန်စွာနှင့် ယိုးမယ်ဖွဲ့ပြီး နှစ်ပေါင်းများစွာ ပိတ်ဆို့အရေးယူမှုတွေပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ အနောက်နိုင်ငံတွေဟာ နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးမှု နှောင့်နှေးနှေးကွေးအောင်၊ ပြည်သူများ၏ သာယာဝပြောရေးကို ထိပါးနိုင်သည့် အခြေအနေရောက်အောင် ဖန်တီးနေကြပါတယ်။ သို့သော် ဆောင်ရွက် နေမှုများဟာ တရားမျှတမှုရှိတယ်လို့ ထင်ပါသလား။

          ခင်ဗျားပြောတာမှန်ပါတယ်။ မြန်မာဟာအရှေ့တောင်အာရှဒေသမှာ ဧရိယာအားဖြင့်အကြီးဆုံးဖြစ်ပြီး သဘာဝသယံဇာတပေါကြွယ်ပါတယ်။ လွတ်လပ်ရေးရပြီးစ ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေကို ပြောပြီးဖြစ်ပါတယ်။ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျွန်တော်တို့ ကျင့်သုံးခဲ့တယ်။ အဲဒီခေတ်မှာကတည်းက ဖိအားအမျိုးမျိုးပါ။ ပြည်တွင်းမှာလည်း အနောက်ကိုလိုလားတဲ့အုပ်စုရှိသလို၊ အရှေ့ကိုလိုလားတဲ့ အုပ်စုရှိပါတယ်။ ဒီအားပြိုင်မှုတွေဟာ နိုင်ငံအပေါ်မှာ တော်တော်အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ ဒီကိစ္စတွေကြောင့် နိုင်ငံရေး ပါတီတွေကွဲခဲ့သလို နိုင်ငံရေးအင်အားစုတွေလည်းကွဲခဲ့တယ်။ ကျွန်တော်တို့ တပ်ထဲမှာတောင်ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆိုရှယ်လစ်စနစ်ကျင့်သုံးခဲ့တယ်။ ဒီစနစ်နဲ့ ဆန့်ကျင်ဘက်အုပ်စုတွေရဲ့ဖိအားပေးမှု ပိုမိုများလာတာပေါ့။ ဒီနေ့ထိတောင် ဒီစနစ်ကို လက်ညှိုးထိုးအပြစ်တင်လို့ မပြီးသေးပါဘူး။ နောက်ပိုင်းမှာ ကျွန်တော်တို့ ပြည်သူတွေလိုလားတောင့်တခဲ့တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်ကပဲ ဦး‌ဆောင်ပြီးပြောင်းလဲခဲ့တယ်။ ဒီလိုပြောင်းလဲပြီးနောက်ပိုင်း မှာလည်း ခုခင်ဗျားပြောတဲ့ ဖိအားတွေရှိနေတုန်းပါပဲ။ အကြောင်း အမျိုးမျိုးတော့ရှိမှာပေါ့လေ။ ဒီမိုကရေစီစံချိန်၊ စံညွှန်းဆိုတဲ့စကားကတော့ ခဏခဏပြောနေတာပေါ့။ ရုရှားနိုင်ငံလည်း ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံး နေတာပဲ။ ရုရှားရဲ့ဒီမိုကရေစီနဲ့ အနောက်နိုင်ငံရဲ့ဒီမိုကရေစီ ဘယ်တူမလဲ။ သို့သော ခုခင်ဗျားတို့နိုင်ငံ အောင်မြင်နေတယ်။ ဖွံ့ဖြိုးတိုးတက်နေတယ်။ တည်ငြိမ်အေးချမ်းနေတယ်ဗျာ။ လူတွေတောင် အင်္ကျီဟာကိုယ့်ကိုယ်တိုင်းနဲ့ ကိုယ်ဝတ်ရတာပဲလေ။ ကျွန်တော်တို့လည်း ကျွန်တော်တို့နိုင်ငံရဲ့သမိုင်း၊ လူမျိုးရေး၊ စရိုက်လက္ခဏာ၊ ပတ်ဝန်းကျင်အနေအထား၊ အခြေအနေ၊ အချိန်အခါနဲ့လိုက်လျောညီထွေရှိတဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရမှာပဲဖြစ် ပါတယ်။ နောက်တစ်ခုက လူ့အခွင့်အရေးကိစ္စတွေကို အကြောင်းပြပါတယ်။ သူတို့ယဉ်ကျေးမှုအရကျင့်သုံးနေတဲ့ လူ့အခွင့်အရေးတွေနဲ့ ကျွန်တော်တို့ ယဉ်ကျေးမှုအရရှိနေ၊ ကျင့်သုံးနေတဲ့ လူ့အခွင့်အရေးတွေ ဘယ်လိုလုပ် ထပ်တူကျနိုင်မလဲ။ ဒီအပေါ်မှာ သူတို့ပေတံ၊ သူတို့စံနှုန်းနဲ့လာတိုင်းပြီး ဝေဖန်တာတွေ၊ ပိတ်ဆို့တာတွေ လုပ်တာဟာ တရားမျှတမှု ရှိ/ မရှိ ခင်ဗျားပဲ စဉ်းစားကြည့်ပါ။

          မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များစွာ ရှိပါတယ်။ ၂၀၁၅ ခုနှစ်မှာ ၈ ဖွဲ့ဟာ တစ်နိုင်ငံလုံး အတိုင်းအတာအပစ်အခတ်ရပ်စဲရေးကို လက်မှတ် ရေးထိုးခဲ့ပြီး နောက်ထပ် ၂ ဖွဲ့လည်း ဆက်လက်ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဆိုပါ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ဒေသတွေမှာ အပစ်အခတ် ရပ်စဲနိုင်ရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်အနေဖြင့် ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကို အကြိမ်ပေါင်းများစွာ အဆွေတော်အဆိုပြုကမ်းလှမ်းခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ အဆိုပြုကမ်းလှမ်းချက်များအကြောင်း ပြောပြပေးပါ။ ကမ်းလှမ်းချက်တွေရဲ့ အဓိပ္ပာယ်နဲ့အနှစ်သာရများက ဘာတွေပါလဲ။

          တပ်မတော်သည် ငြိမ်းချမ်းရေးကိုအလိုချင်ဆုံးအဖွဲ့အစည်းပါ။ မငြိမ်းချမ်းရင် လက်နက်ကိုင်ပဋိပက္ခတွေ ဆက်ဖြစ်နေရင် ကျွန်တော်တို့ စစ်သည်တွေပဲ အသက်၊ ခန္ဓာပေးဆပ်ပြီးတိုက်ရိုက်ထိခိုက်ရတာပါ။ ဒါ့ကြောင့် တပ်မတော်ဟာ ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်မှာ ငြိမ်းချမ်းရေးရအောင် တက်တက် ကြွကြွဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့အထိ ကျွန်တော်တို့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သမိုင်းမှာ တစ်ခါမှမရှိဘူးတဲ့ “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရ ငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်” တွေထုတ်ပြန်ပြီး တစ်ဖက်သက် ကျွန်တော်တို့အပစ်အခတ်ရပ်စဲပေးခဲ့တယ်။ (၉) လ တာကာလပါ။ အဲဒီ ထုတ်ပြန်ချက်မှာ “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးသွားရန်”လို့ တိုက်တွန်းထားပါတယ်။ ဒါ့အပြင် လိုအပ်လာရင် တပ်မတော်နဲ့တိုက်ရိုက် ဆွေးနွေးနိုင်ရေးအဖွဲ့ဝင် ၈ ဦးပါတဲ့ တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ ကိုလည်း ဖွဲ့ပေးခဲ့ပါတယ်။ အဓိကက ပစ်ခတ်တိုက်ခိုက်မှုတွေရပ်စဲပြီး ယုံကြည်မှုပိုမိုခိုင်မာလာအောင်တည်ဆောက်၊ သက်ဆိုင်ရာအဖွဲ့တွေနဲ့ ဆွေးနွေးပြီးရင် ငြိမ်းချမ်းရေးကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ပါ။ ဒါပေမဲ့ ဒီလိုအချိန်မှာ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေတာတွေ၊ ဆွေးနွေး နေတာတွေ၊ ညှိနှိုင်းနေတာတွေက အားမရစရာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သက်ဆိုင်သူအားလုံး သတိထားနိုင်အောင် (၇) လ ပြည့်ခါနီးကာလ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှာ တပ်မတော်က “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလ အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းရပ်များ ထိရောက်စွာဆောင်ရွက်နိုင်ရေး တိုက်တွန်းချက်”ကို သီးခြားထုတ်ပြန်တိုက်တွန်းခဲ့ပါတယ်။ ထပ်ပြီး သြဂုတ်လ ၁၄ ရက်နေ့မှာ “ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲပေးထားချိန်တွင် ထာဝရငြိမ်းချမ်းရေးအတွက် အချိန်မဆိုင်းဘဲ ထိထိရောက်ရောက်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ကြရေးအသိပေးချက်” ကို ထပ်မံထုတ်ပြန်ခဲ့ပါတယ်။ ဒါတွေ ထုတ်ပြန်ရခြင်းက ငြိမ်းချမ်းရေးအပြင် ဒီမိုကရေစီစနစ်ရဲ့အနှစ်သာရဖြစ်တဲ့ ဆွေးနွေးညှိနှိုင်းအဖြေရှာရေး၊ နိုင်ငံရေးသဟဇာတဖြစ်စေရေးအတွက် ဆောင်ရွက်ရခြင်းလည်းဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကိစ္စတွေကို ဦးဆောင် ဆောင်ရွက်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန (NRPC) အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ဖို့၊ ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ရတာ နှောင့်နှေးနေတယ်မဖြစ်ရအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ NRPC အနေနဲ့ ဒါကိုအကောင်အထည်မဖော်နိုင်ခဲ့ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ လိုအပ်လို့ ရှိရင် တပ်ကညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းပေးခဲ့တာကိုလည်း ထိထိရောက်ရောက် မသုံးနိုင်ခဲ့ပါဘူး။ ဒီအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့က အင်အားတိုးချဲ့တာတွေ၊ နယ်မြေတိုးချဲ့တာတွေ၊ ပြည်သူလူထုအပေါ်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့်လုပ်ရပ်တွေလုပ်နေတာကို စိတ်မကောင်းဖွယ်တွေ့ ရတယ်။ အဓိကက ဆက်သွယ်ရေးလမ်းကြောင်းပေါ် ထိတက်လာပြီး ဆက်ကြေးကောက်တာ၊ လမ်းတံတားတွေကို မိုင်းထောင်၊ မိုင်းခွဲတာ၊ မြို့ပြ တွေကို ပစ်ခတ်တာတွေထိ လုပ်လာတယ်။ ကျွန်တော်အနေနဲ့ ၂၀၂၀ ပြည့်နှစ်မှာ ငြိမ်းချမ်းရေးရအောင် လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်စကားပြောခဲ့ပါတယ်။ ငြိမ်းချမ်းရေးရရှိဖို့ဟာ တိုင်းပြည်အတွက်အရေးကြီးသလို တကယ်လည်းလိုချင် ပါတယ်။ ဒါပေမဲ့ငြိမ်းချမ်းရေးကတစ်ဖက်တည်းလုပ်လို့မရပါဘူး။ သက်ဆိုင်သူတွေ အားလုံးပါမှ ရတာပါ။ ဒီနေရာမှာ ထပ်ပြောချင်တာက ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း ဘယ်လိုမှမအပ်စပ်၊ မဆက်စပ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်အနေနဲ့ကတော့ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ တဒင်္ဂမဟုတ်တဲ့ ထာဝရငြိမ်းချမ်းရေးရရှိရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။

အဆွေတော်ရဲ့ ပကတိလုပ်ဆောင်ချက်တွေအရရော တိုင်းရင်းသားအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များနဲ့ ညှိနှိုင်းဆွေးနွေးမှုဆောင်ရွက်စဉ်အတွင်းအဆွေတော်၏ ပြောကြားချက်အရရော၊ တိုင်းရင်းသားလူမျိုးများအချင်းချင်း ဝိရောဓိမဖြစ်၊ အမြင်တွေကွဲပြားမှုမရှိဘဲ၊ အေးချမ်းပျော်ရွှင်သဟဇာတဖြစ်စွာ နေထိုင်နိုင်ရေး အတွက် မြန်မာနိုင်ငံကိုတစ်စုတစ်စည်းတည်းဖြစ်အောင် အဆွေတော်ဆောင်ရွက် နေတာသိသာပါတယ်။ ဒါဟာမျိုးချစ်စိတ်ရှိတဲ့ အဆွေတော်တို့အတွက် မြင့်မားတဲ့ တာဝန်တစ်ရပ်ဖြစ်ပါတယ်။ ဒါဟာအဆွေတော်ရဲ့ ခိုင်မြဲတဲ့ရပ်တည်ချက် ဖြစ်ပါတယ်။ နှစ် ၇၀ ကျော် ကြာညောင်းနေတဲ့ စစ်ပွဲပဋိပက္ခတွေ အဆုံးသတ်ဖို့၊ နယ်စပ်ဒေသ တွေမှာ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့နဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးကို အာမခံ နိုင်ဖို့၊ ဖက်ဒရယ်မူများအသွင် အပြည့်အဝပေါင်းစပ်ဆောင်ရွက်နိုင်ရေး ဘာတွေ လိုအပ်တယ်လို့ အဆွေတော်ထင်မြင်ယူဆပါသလဲ။

       နိုင်ငံတစ်ခုရပ်တည်နိုင်ဖို့ နိုင်ငံရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့တရား စီရင်ရေး မဏ္ဏိုင်ကြီးတွေ ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့ အခြေခံဥပဒေက အဓိကပါပဲ။ တစ်နည်းအားဖြင့် အခြေခံဥပဒေဆိုတာ နိုင်ငံတော်ကို အုပ်ချုပ်တဲ့ အစိုးရက သူ့ကိုရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့အပေါ် သူဘယ်လိုအုပ်ချုပ်မယ်၊ ဘာတွေလိုက်နာမယ် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍအလိုက် ဘယ်လိုကျင့်သုံးမယ်ဆိုတာပေးထားတဲ့ ကတိကဝတ်တွေဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ နိုင်ငံသူ၊ နိုင်ငံသားအားလုံး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အတွက်အခွင့်အရေးတွေ၊ ကတိကဝတ်တွေကို အခန်း(၁)၊ နိုင်ငံတော် အခြေခံမူများအခန်းနဲ့ အခန်း(၈)၊ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များအခန်းမှာ ပြည့်ပြည့်စုံစုံ ထည့်သွင်းရေးသား ပြဋ္ဌာန်းထားပါတယ်။ ပြောရရင် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights- UDHR)ပါ လူသားတိုင်း အတွက် ရပိုင်ခွင့်စံချိန်၊ စံညွှန်းတွေထက်မလျော့ပါဘူး။ တိုင်းရင်းသား ကိစ္စတွေနဲ့ပတ်သက်ရင်လည်း အခြေခံဥပဒေပြဋ္ဌာန်းချက် ၂၂ မှာ တိုင်းရင်းသားတွေရဲ့ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ အချင်းချင်းစည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစား ရိုင်းပင်းကူညီရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်က ကူညီဆောင်ရွက်ရမှာတွေကို ဖော်ပြထားပါတယ်။

     သို့သော် ဒီလိုဆောင်ရွက်တဲ့နေရာမှာ သက်ဆိုင်ရာ Respective ဧရိယာက ပြည်သူလူထုကလည်း ကိုယ်တိုင်ကြိုးစားမှ အရာရောက်မှာ၊ အလုပ်ဖြစ်မှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကျွန်တော်တို့နိုင်ငံထဲက တိုင်းရင်းသားဒေသတွေ တော်တော်များများကို ရောက်ဖူးပါတယ်။ သူတို့နဲ့ ရင်းရင်းနှီးနှီးအကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးဖူးပါတယ်။ ဒီမှာ ကျွန်တော် နားထောင်ခဲ့ရတာတွေ၊ ပြောခဲ့တာတွေအများကြီးပါပဲ။ သို့သော် အနှစ်ချုပ်လိုက်ရင် မိမိဒေသကနေ ဒေသခံအသိပညာရှင်၊ အတတ်ပညာရှင်တွေပေါ်ထွက်လာဖို့၊ သူတို့ကဦးဆောင်ပြီး ဒေသဖွံ့ဖြိုးရေးကို လက်တွေ့ကျကျလုပ်ဆောင်ဖို့၊ ဒေသအတွက်လုပ်ဆောင်နိုင်တဲ့အလုပ်နဲ့ အခွင့်အလမ်းတွေအကြောင်းပါပဲ။ အယူအဆကတော့ ရှင်းရှင်းလေးပါဗျာ။ အတန်းစာမေးပွဲအောင်ချင်ရင် နံပါတ်တစ်က ကျောင်းနေရမယ်။ နံပါတ်နှစ်က စာသင်ရမယ်။ နံပါတ်သုံးက စာမေးပွဲဖြေရမှာပဲလေဗျာ။ ကျောင်းမနေဘဲ၊ စာမသင်ဘဲ၊ စာမေးပွဲမဖြေဘဲ၊ အတန်းစာမေးပွဲ အောင်ချင်လို့ ဘယ်လိုလုပ်ဖြစ်နိုင်မလဲဗျာ။ အားလုံးကပူးပေါင်းဆောင်ရွက်ရင်၊ လက်တွေ့ကျကျဆောင်ရွက်ရင် ခင်ဗျားခုနမေးတဲ့ကိစ္စတွေဟာ ဖြစ်လာမှာအမှန်ပါပဲ။

ယခုနှစ် မတ်လအတွင်းက အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် အစိုးရက ကြေညာထားတဲ့ ARSA နဲ့ AA အဖွဲ့တွေရဲ့လှုပ်ရှားမှုတွေဟာ မကြာသေးမီ နှစ်ပိုင်း တွေမှာ နိုင်ငံရဲ့အနောက်ပိုင်းမှာ ပိုမိုများပြားပြင်းထန်လာပါတယ်။ ၎င်းတို့ကို တိုက်ဖျက်ဖို့အတွက် တပ်မတော်မှာ အဓိကတာဝန်ရှိလာပါတယ်။ အကြမ်းဖက်ဝါဒ ကို တိုက်ဖျက်နိုင်ဖို့အတွက် ဘာတွေလိုအပ်ပါသလဲ။

          အကြမ်းဖက်ဝါဒဆိုတာ မကောင်းဘူးဆိုတာ ပြည်သူတွေက နှစ်နှစ်ကာကာ သိလာဖို့ လိုပါတယ်။အချို့မီဒီယာတွေကလည်း ဒီအကြမ်းဖက်မှုကျူးလွန် နေတဲ့အဖွဲ့တွေ၊ လူတွေ၊ အားပေးနေတဲ့ လူတွေကိုသိလျက်နဲ့ လူမျိုးရေးကိစ္စ လိုလိုပုံဖော်ပြီး မှိုင်းတိုက်နေတာတွေရှိပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် သူတို့ရဲ့အရင်းအမြစ်၊ အထောက်အပံ့တွေကို ဖြတ်တောက်ပစ်ဖို့လိုပါတယ်။ သူတို့မှာအကြမ်းဖက်မှုလုပ်ဖို့ အကြမ်းဖက်လိုတဲ့စိတ် ဘယ်လိုပဲ ရှိရှိ လက်နက်မရှိရင် လုပ်လို့မရပါဘူး။ လက်နက်ဘယ်လိုပဲရှိရှိ ခဲယမ်းမရှိရင် လုပ်လို့မရပါဘူး။ ဒီလက်နက်၊ ခဲယမ်းတွေ၊ ပစ္စည်းတွေ ဘယ်လိုရနေသလဲ။ ဒါတွေဝယ်ဖို့ ငွေဘယ်ကရနေသလဲ။ ဒါတွေကို ဘယ်လိုနည်းနဲ့ ရယူနေသလဲ။ ဒါကအဖြေပါပဲ။ သူတို့အနေနဲ့ ငွေကို ပြည်သူလူထုထံက အတင်းအဓမ္မဆက်ကြေးကောက်ခံပြီးစုနေတယ်။ ပြီးရင် အဓိကမူးယစ်ဆေးဝါးလုပ်ငန်းတွေကရနေတယ်။ မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်၊ ရောင်းချတဲ့လုပ်ငန်း တွေကရနေတယ်။ ဒါ့အပြင် သဘာဝသယံဇတတွေကို ခိုးထုတ်ရောင်းချခြင်းက ရနေတယ်။ ဒါ့ကြောင့် တပ်မတော်အနေနဲ့ တစ်မျိုးသားလုံးရဲ့ အန္တရာယ်လည်းဖြစ်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နှင်းရေးကို ကြိုးစားဆောင်ရွက်လျက်ရှိတယ်။ ၂၀၁၉ ခုနှစ် နဲ့ ၂၀၂၀ ပြည့်နှစ်အတွင်းမှာပဲ ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မူးယစ်ဆေးဝါး မြန်မာကျပ်ငွေ ၈၇၂.၂၁၆ ဘီလီယံ ကျော်ဖိုး၊ အမေရိကန်ဒေါ်လာ  ၆၃၆သန်းကျော်ဖိုးကို ဖမ်းဆီးဖော်ထုတ် ဖျက်ဆီးနိုင်ခဲ့တယ်။ ဒီမှာထပ်ပြီးပြောချင်တာကဒီမူးယစ်ဆေးဝါး၊ စိတ်ကြွဆေးပြား (မက်သာဖက်တမင်း Methamphetamine) တို့ (ICE) တို့ကို ထုတ်လုပ်တဲ့ဓာတုပစ္စည်းပရီကာဆာတွေနဲ့ချက်လုပ်တဲ့ပစ္စည်းတွေက မြန်မာနိုင်ငံမှာမထွက်ပါဘူး။ တခြားနိုင်ငံကနေတင်သွင်းရတယ်။ သူတို့ဘယ်လို တင်သွင်းနေသလဲ၊ ဘယ်လိုရယူနေသလဲ။ ဒီလမ်းကြောင်းတွေ ဖြတ်တောက်ပစ်ဖို့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုလိုတယ်လို့ ကျွန်တော်ပြောရတာ ဖြစ်တယ်။ ဒါ့ကြောင့် အကြမ်းဖက်တိုက်ဖျက်ရေးမှာ ဒီအဖွဲ့တစ်ခုကိုပဲ ကြည့်လို့မရဘူး။ နောက်ကွယ်က ပံ့ပိုးနေတဲ့အကြောင်းတရားတွေ၊ အဖွဲ့အစည်းတွေကိုလည်း မြင်အောင်ကြည့်ရမယ်။ ဒါတွေကို နိုင်ငံအားလုံးပူးပေါင်း ဆောင်ရွက် တိုက်ဖျက်ဖို့ လိုပါတယ်။

လက်ရှိကာလမှာ အကြမ်းဖက်ဝါဒဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ပျံ့နှံ့နေတဲ့အတွက်ကြောင့် မြန်မာနိုင်ငံအပါအဝင် မည်သည့်နိုင်ငံကမှ သူ့နိုင်ငံရဲ့ လုံခြုံရေးကို သူကိုယ်တိုင်တစ်နိုင်ငံတည်းကနေ ကာကွယ်ပေးနိုင်ခြင်းမရှိကြတော့ပါဘူး။ ရုရှားနိုင်ငံအနေနဲ့ ၂၀ ရာစုရဲ့ ၁၉၉၀ ပြည့်နှစ်များအတွင်းမှာ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးနဲ့ ခွဲထွက်ရေးသမားများကို နှိမ်နှင်းတဲ့စစ်ဆင်ရေးအတွေ့အကြုံများစွာရှိပါတယ်။ မြန်မာနိုင်ငံအပေါ်အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှုကို ဖြေရှင်းဆောင်ရွက်ရန်အတွက် အဆွေတော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်အနေနဲ့ ရုရှားနိုင်ငံနှင့် ဘယ်လိုအပြန်အလှန်ပူးပေါင်းဆောင်ရွက်တာမျိုး မြင်ချင်ပါ သလဲ။

          ရုရှားနိုင်ငံဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး အတွေ့အကြုံကောင်း တွေရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ စစ်ဆင်ရေးမှာ “သတင်း” ရရှိဖို့ လိုပါတယ်။ ဒီလို “သတင်း” ရရှိရေး၊ ရယူနိုင်ရေးကိစ္စမှာ ပူးပေါင်းဆောင်ရွက်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ကျွန်တော် ပြောခဲ့သလို ဒီအကြမ်းဖက်အဖွဲ့အစည်းတွေဟာ ကွန်ရက်တွေရှိပါတယ်။ နောက်ကွယ်မှာ ချိတ်ဆက်မှုတွေရှိပါတယ်။ ဒါတွေဟာ အကြမ်းဖက်ဝါဒရဲ့ အရင်းမြစ်တွေပါပဲ။ ဒါတွေကိုဖော်ထုတ်နိုင်ဖို့၊ ထိထိရောက်ရောက်ချေမှုန်း နိုင်ဖို့ သတင်းနဲ့ပူးပေါင်းဆောင်ရွက်မှုတွေလိုတာကတော့အမှန်ပါပဲ။ အထူးသဖြင့် နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံများရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ မိတ်ဆွေနိုင်ငံများရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အကြမ်းဖက်ဝါဒကို ကမ္ဘာပေါ်က ပျောက်ကွယ်သွားစေလိုတဲ့ နိုင်ငံများနဲ့ အဖွဲ့အစည်းများရဲ့ ပူးပေါင်းဆောင်ရွက် မှုဟာ အကြမ်းဖက်ဝါဒကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ အထောက်အပံ့ကောင်း တွေပဲဖြစ်ပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို နိုင်ငံတော်စီမံခန့်ခွဲရေးအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းရေးဆွဲထားပါတယ်။ အဆိုပါကောင်စီရဲ့အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ အချို့သော ကိစ္စရပ်တွေဟာ ကျွန်ုပ်တို့အမြင်အရ အဆိုပါကောင်စီမှာ ဆွေးနွေးရမယ့်ကိစ္စရပ်တွေဖြစ်နေပေမယ့် ကောင်စီမှာဆွေးနွေးတာနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ မကြားမိသေးဘူး။ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးတွေ လိုအပ်တယ်လို့အဆွေတော် ထင်ပါသလား။ အဆိုပါအစည်းအဝေးက အခြေအနေတွေတည်ငြိမ်အောင်ဆောင်ရွက်ရေးနဲ့ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးတွေအထောက်အကူဖြစ်စေနိုင်တယ်လို့ ထင်ပါသလား။

       ထင်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေအားလုံးလောက်နီးပါးမှာ ဒီ “ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ” ကို ဒီနာမည်နဲ့ပဲဖြစ်ဖြစ်၊ အခြားနာမည်နဲ့ပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ ဖွဲ့စည်းလုပ်ကိုင်ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေဟာ နိုင်ငံတစ်ခုရဲ့ အသက်ဝိညာဉ်တွေပဲ ဖြစ်ပါတယ်။ အသက်ဝိညာဉ်မရှိတဲ့လူကို လူလို့ဆက်ပြီးခေါ်လို့ရဦးမလား။ ဒီလောက်အထိ အရေးကြီးပါတယ်။ ကျွန်တော်မကြာခဏပြောခဲ့သလိုပါပဲ။ ဒီကိစ္စတွေမှာ Sorry ဆိုတာမရှိပါဘူး။ Sorry ဆိုရင် နိုင်ငံရဲ့အချုပ်အခြာ အာဏာဆုံးရှုံးပြီးဖြစ်နေပါလိမ့်မယ်။ ဒါတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ၊ သုံးသပ်မှုတွေမလုပ်ဘဲ၊ တစ်ဦးတည်းကဆုံးဖြတ်နေတာ အန္တရာယ်သိပ်ကြီးပါတယ်။ ထိရောက်တဲ့၊ မှန်ကန်တဲ့ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်တွေဖြစ်ဖို့အလွန် အလှမ်းဝေးလှ ပါတယ်။ ဒီအစည်းအဝေးတွေခေါ်ယူခြင်း၊ မခေါ်ယူခြင်းဟာခေါ်ယူလုပ်ဆောင်ရန် တာဝန်ရှိသူတွေရဲ့အပိုင်းသာဖြစ်ပြီး ကျွန်တော်တို့က မိမိနိုင်ငံ၊ မိမိလူမျိုးရဲ့ ကာကွယ်ရေးနဲ့လုံခြုံရေးကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားလုပ်ဆောင်တာတွေ လုပ်ဆောင်လျက်ရှိပါတယ်။

ဇွန်လ ၂၄ ရက်နေ့ ရင်ပြင်နီမှာ ပြုလုပ်ကျင်းပခဲ့တဲ့ ဆိုဗီယက်ပြည်သူလူထု၏ (၇၅) နှစ်မြောက် မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားကို အဆွေတော်တက်ရောက်ခဲ့ပါတယ်။ အဆွေတော်နဲ့ အဆွေတော်ရဲ့အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားပြည်သူများနှင့်အတူ မျှဝေအောင်ပွဲခံခဲ့ကြတဲ့ သမိုင်းဝင် ပထမဆုံး မြန်မာဧည့်သည်တော်ကြီးများ ဖြစ်ကြတဲ့အတွက် အရမ်းကျေနပ်မိပါတယ်။ အဆွေတော်ရဲ့ ထင်မြင်ယူဆချက်တွေကို မျှဝေပေးပါအုံး။

       အင်မတန်ဂုဏ်ယူစရာကောင်းတဲ့၊ ကြီးကျယ်လှတဲ့ အခမ်းအနားတစ်ခုပါပဲဗျာ။ COVID-19 ကြောင့် ကန့်သတ်ချက်တွေ၊ စိတ်သွားတိုင်းကိုယ်မပါတာတွေ ရှိပေမယ့် ရုရှားနိုင်ငံရဲ့ အမျိုးသားရေးစိတ်ဓာတ်နဲ့စည်းလုံးညီညွတ်မှုကို ဖော်ပြနိုင်တဲ့ အခမ်းအနားကြီးပဲဖြစ်ပါတယ်။ ဒီအောင်ပွဲဟာ ရုရှားပြည်သူ တစ်ရပ်လုံးရဲ့ အောင်ပွဲပါ။ ဒီနေရာမှာ ရုရှားပြည်သူတွေအောင်ပွဲခံခဲ့တာဟာ နိုင်ငံအပေါ်အောင်ပွဲခံခဲ့တာမဟုတ်ပါဘူး။ ဆိုးရွားလှတဲ့ ဖက်ဆစ်စနစ်၊ နာဇီစနစ် အပေါ် အောင်ပွဲခံခဲ့တာပါ။ ဒီစနစ်တွေကို တွန်းလှန်ဖယ်ရှားခဲ့တာဖြစ်ပါတယ်။ ဒါဟာ အဓိကအချက်ပါပဲ။ ယခင်အတိတ်က ဒီစနစ်၊ ဒီဝါဒတွေဟာ ကမ္ဘာမှာ ကမ္ဘာစစ် (World War) ဖြစ်တဲ့အဆင့်အထိဆိုးရွားလှတဲ့စနစ်တွေဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ ကမ္ဘာကိုညစ်နွမ်းစေတဲ့စနစ်တွေ၊ ဝါဒတွေကဘာလဲ။ အကြမ်းဖက်စနစ်ပါပဲ။ ဒါကို ကျွန်တော်တို့ သတိရှိရပါမယ်။ ဒီအချိန်မှာ ရုရှားဟာ ဒီဆိုးရွားလှတဲ့ စနစ်အပေါ်အောင်ပွဲခံနိုင်ခဲ့ပါပြီ။ ဒါ့ကြောင့် ဒီ Victory  Day စစ်ရေးပြပွဲဟာ ရုရှားရဲ့နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားကို ပြသနိုင်ခဲ့ ပါတယ်။ ဒီလိုပါပဲ။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ တပ်မတော်နေ့၊ လွတ်လပ်ရေးနေ့၊ အမျိုးသားနေ့စစ်ရေးပြအခမ်းအနားတွေ ပြုလုပ်နေကြပါတယ်။ ရည်ရွယ်ချက် ကတော့ မိမိနိုင်ငံရဲ့ ကာကွယ်ရေးစွမ်းပကားကိုပြသဖို့၊ တိုင်းချစ်၊ ပြည်ချစ်၊ နိုင်ငံချစ် စိတ်ဓာတ်ကိုပြသဖို့၊ တပ်မတော်နဲ့ပြည်သူ တစ်သားတည်းရှိပြီး နိုင်ငံတွင်း စည်းလုံးညီညွတ်မှုကိုပြသဖို့ စတာတွေပဲဖြစ်ပါတယ်။

စစ်ရေးပြအခမ်းအနားတက်ရောက်ရန် ရုရှားနိုင်ငံသို့ လာရောက်စဉ်အတွင်း မော်စကိုမြို့အနီး၊ မျိုးချစ်ပန်းခြံမှာရှိတဲ့ ရုရှားတပ်မတော်၏ ပင်မဘုရားကျောင်း ဆောင်ကြီးကို အဆွေတော်လည်ပတ်ခဲ့ပါတယ်။ ဘုရားကျောင်းဝန်းကြီးအတွင်းမှာ မဟာမျိုးချစ်စစ်ပွဲကြီးအတွင်း ကျဆုံးသွားခဲ့ကြသူတွေရဲ့ အမှတ်တရဓာတ်ပုံပြခန်းကို အကျွမ်းတဝင်လေ့လာခွင့်ရရှိခဲ့ပါတယ်။ ဘုရားကျောင်းကြီးနဲ့ အမှတ်တရဓာတ်ပုံ ပြခန်းကို ကြည့်ရှုလေ့လာနေတဲ့အချိန်မှာ မည်သည့်ခံစားမှုမျိုးကို အဆွေတော် ရရှိခံစားရပါသလဲ။

            စစ်ပွဲဆိုတာပန်းနဲ့ပေါက်တာမဟုတ်ပါဘူး။ လက်နက်၊ ခဲယမ်းမီးကျောက်တွေနဲ့ တိုက်ခိုက်တာဖြစ်ပါတယ်။ စစ်သည်တွေ နိုင်ငံနဲ့လူမျိုးအတွက် အသက်ပေးလှူဒါန်းခဲ့ကြရတယ်။ အပြစ်မဲ့ပြည်သူတွေ သေကျေခဲ့ကြ ရတယ်။ တကယ်ကိုစိတ်မကောင်းစရာပါ။ ဒါကိုသင်ခန်းစာရယူကြရမှာပါ။ ဒီလိုကျူးကျော်စစ်တွေ၊ နယ်ချဲ့မှုတွေ၊ မတရားမှုတွေ ဖြစ်မလာအောင် တားဆီးကြရမှာဖြစ်တယ်။ ဒီမျိုးချစ်စစ်ပွဲကြီးအတွင်း ကျဆုံးသွားရသူတွေအတွက် တကယ်စိတ်မကောင်းပါဘူး။ နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် တာဝန်ထမ်းဆောင်နေတဲ့ စစ်သားအချင်းချင်းရဲဘော်ရဲဘက်စိတ် အပြည့်နဲ့ဝမ်းနည်းပါတယ်။ ဒါတွေဟာ သင်ခန်းစာယူဖို့အတွက်ပဲ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။

             ဒါ့အပြင် ဒီလိုမျိုးချစ်စစ်သည်တွေ၊ ရဲဘော်တွေအတွက် အထိမ်းအမှတ်နေရာတွေ ဆောင်ရွက်ပေးတာဟာ သူတို့ကို လေးစားရာ၊ အသိအမှတ် ပြုရာရောက်သလို နိုင်ငံတော်နဲ့တပ်မတော်အတွက် နိုင်ငံ့ကာကွယ်ရေး ခွန်အားနဲ့ တိုင်းချစ်ပြည်ချစ်စိတ်ကို လှုပ်ဆော်ပေးရာ၊ Motivate လုပ်ပေးရာနေရာလည်းဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ဒီလိုနိုင်ငံတော်၊ ပြည်သူနဲ့ တပ်မတော်အတွက် အသက်စွန့်လွတ်ခဲ့ရသူတွေအတွက် ယခင်က အညတရစစ်သည်များဗိမာန်ဆောင်ရွက်ခဲ့သလို ကျွန်တော်တပ်မတော်အကြီးအကဲ တာဝန်ထမ်းဆောင်နေချိန် ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်းမှာ သူရဲကောင်းစစ်သည်များဗိမာန်ကို ခမ်းခမ်းနားနား ဆောက်လုပ်ပေးခဲ့ပါတယ်။ ဒီလိုနိုင်ငံတော်နဲ့ ပြည်သူ အတွက် အသက်ကိုစွန့်လွတ်အနစ်နာခံခဲ့သူတွေကို ကျွန်တော်တို့ စစ်သည်တွေကမှ မချီးကျူးရင်ဘယ်သူကချီးကျူးမှာလဲ။ သူတို့ရဲ့ ကျေးဇူးတရားကို ကျွန်တော်တို့ကမှ မဖော်ထုတ်ရင် ဘယ်သူက ဖော်ထုတ်မှာလဲ။ ဒါဟာ ဂုဏ်ယူစရာကောင်းတဲ့လုပ်ရပ်၊ ဝင့်ကြွားစရာ ကောင်းတဲ့နေရာဖြစ်ပါတယ်လို့ ကျွန်တော်ပြောလိုပါတယ်။

ရုရှား-မြန်မာစစ်ဘက်နဲ့ စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးဟာ နှစ်ပေါင်း ၂၀ ကျော်ကြာဖွံ့ဖြိုးတိုးတက်လျက်ရှိနေပြီး တက်တက်ကြွကြွနဲ့ ကောင်းမွန်တဲ့ အဆင့်တစ်ခုကို ရောက်ရှိနေပြီဖြစ်ပါတယ်။ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်တဲ့ အဆင့်ကိုရောက်ရှိနေပြီး ရွေ့လျားတိုးတက်နေတဲ့အတွက် အဆွေတော်ကို ကျေးဇူး တင်ရှိပါတယ်။ ရုရှား-မြန်မာ ယခုကဲ့သို့ပူးပေါင်းဆောင်ရွက်မှုရဲ့ အလားအလာနဲ့ မျှော်လင့်ချက်တွေက ဘာတွေပါလဲ။

          ရုရှားနိုင်ငံရဲ့နည်းပညာတွေဟာ ကမ္ဘာမှာထိပ်တန်းအဆင့်ဖြစ်ပါတယ်။ နည်းပညာဟာ နိုင်ငံတစ်ခုကိုကောင်းသော ပြောင်းလဲတိုးတတ်မှုတွေဖြစ်စေ နိုင်ပါတယ်။ ကမ္ဘာရဲ့ဖြတ်သန်းလာခဲ့ရတဲ့သမိုင်းကြောင်းကို ပြန်ကြည့်ပါ။ ရုရှားရဲ့ နည်းပညာတွေကြောင့် ကမ္ဘာ့ရဲ့ဟန်ချက်ကို ထိန်းထားနိုင်တယ်လို့ပဲ ပြောလိုပါတယ်။ ဒါ့ကြောင့်လည်း ရုရှားရဲ့နည်းပညာတွေကို ကမ္ဘာ့နိုင်ငံတော်တော်များများမှာ လက်တွေ့အသုံးချနေကြပါတယ်။ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ဖလှယ်မှုတွေဟာတိုင်းပြည်တိုးတက်ရေးအတွက် ကြီးမားတဲ့အထောက်အပံ့တွေဖြစ်ပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့ တပ်မတော်အရာရှိများကို ရုရှားကအဆင့်မြင့်နည်းပညာတွေ သင်ယူစေခဲ့ ပါတယ်။ လက်ရှိလည်းလုပ်ဆောင်နေဆဲပါ။ နိုင်ငံတော်နဲ့တပ်မတော်အတွက် လက်တွေ့အသုံးချလျက်ရှိပါတယ်။ ဒါတွေဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာအထောက်အကူဖြစ်မှာ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံတကာဆက်ဆံရေးတွေဟာ ရှုပ်ထွေးတင်းမာနေတဲ့အဆင့်ကိုချင်းနင်း ဝင်ရောက်နေပါတယ်။ အမေရိကန်ပြည်ထောင်စုက ဝင်ရိုးတစ်ခုတည်းသော ကမ္ဘာ  (Unipolar World) ကိုတည်ဆောက်နေပြီး ရုရှားက ကမ္ဘာတစ်ခုလုံးကိုအင်အားကြီး နိုင်ငံတစ်ခုတည်းက လွှမ်းမိုးချုပ်ကိုင်တာကို ဆန့်ကျင်နေပါတယ်။ ရုရှားနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို ဘယ်လိုထင်မြင်ယူဆပါသလဲ။ အရှေ့တောင်အာရှဒေသတွင် အမေရိကန်၊ တရုတ်၊ အိန္ဒိယနိုင်ငံတွေရဲ့ ပထဝီနိုင်ငံရေးအကျိုး စီးပွားအရ လမ်းဆုံ လမ်းခွမှာရှိနေတဲ့ မြန်မာနိုင်ငံကို ရုရှားရဲ့ နိုင်ငံခြားရေးမူဝါဒအတွင်း ဘယ်နေရာမှာ ရှိတယ်လို့ မြင်ပါသလဲ။

      ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒက လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သောနိုင်ငံခြားရေးဝါဒပါ။ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုပါတယ်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်းပါတယ်။ ကမ္ဘာ့နိုင်ငံ အားလုံးနဲ့ သဟဇာတဖြစ်ဖို့ ကျွန်တော်တို့ကြိုးစားနေပါတယ်။ ဒါ့ကြောင့် Unipolar ဆိုတဲ့ အယူအဆကို သဘောမကျပါဘူး။ ရုရှားနဲ့မြန်မာဟာ အခု ဆိုရင် ဆက်ဆံရေးအကောင်းဆုံးအနေအထားကို ရောက်ရှိနေတယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါကို ကျွန်တော်တို့ ဆက်လက်ထိန်းသိမ်းတိုးတက်အောင် လုပ်သွားရပါမယ်။ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံ နှစ်နိုင်ငံဖြစ်တဲ့တရုတ်နဲ့ အိန္ဒိယဟာ ဒေသတွင်းနဲ့ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်ပါတယ်။ ၎င်းနိုင်ငံများ နဲ့လည်း ရှေးယခင်ကတည်းက နှစ်ဦးသဘောတူတန်ဖိုးထားလိုက်နာကျင့်သုံး နေတဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်နဲ့အညီ နေထိုင်လျက်ရှိပါတယ်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ လွှတ်တော်ရွေးကောက်ပွဲတွေ မြန်မာနိုင်ငံမှာ ကျင်းပပါတော့မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဆွေတော်အနေနဲ့ ၂၀၂၁-၂၀၂၆ ကာလ အစိုးရအဖွဲ့ ဖွဲ့စည်းရေးနဲ့ ခေါင်းဆောင်ပိုင်းတွေရွေးချယ်ရေးအတွက် ပါဝင်ဆောင်ရွက် နိုင်ခွင့် အခွင့်အရေးရှိနေပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီမိုကရေစီရွေးကောက်ပွဲ လုပ်ငန်းစဉ်များအတိုင်း အဆွေတော်ပါဝင်ဆောင်ရွက်နိုင်ခြေရှိတယ်လို့ ထင်မြင်ယူဆပါတယ်။ အဆွေတော်ရဲ့ အမြင်လေးပြောပြပါဦး။

          ရှေ့မှာ ခင်ဗျားမေးခဲ့တဲ့ မေးခွန်းတွေ ကျွန်တော်ဖြေခဲ့တဲ့အဖြေတွေနဲ့ပဲ ဆက်စပ် ဖြေဆိုလိုပါတယ်။ တိုင်းပြည်၊ နိုင်ငံတစ်ခုရဲ့ ပထမဆုံးလိုအပ်ချက်က တည်ငြိမ်အေးချမ်းရေးပါပဲ။ တည်ငြိမ်အေးချမ်းမှ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာပါ။ ဒါမှလည်း ရွေးကောက်ပွဲဟာ အပြစ်အနာအဆာ ကင်းမှာပါ။ ပြည်သူ့ဆန္ဒကို အမှန်တကယ်ဖော်ပြနိုင်မှာဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်နဲ့ ၂၀၁၅ ခုနှစ်တို့မှာ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲတွေမှာ အခက်အခဲအချို့ရှိခဲ့ ပါတယ်။ ခု ၂၀၂၀  ရွေးကောက်ပွဲမှာ ဒီလိုအခက်အခဲအချို့တောင် မကြုံရဖို့ လိုပါတယ်။ ဒါတွေကို ကျွန်တော်တို့ကြိုးပမ်းဆောင်ရွက်ရပါလိမ့်မယ်။ ကျွန်တော့်ရဲ့ ပါဝင်ဆောင်ရွက်နိုင်ခွင့်တွေကတော့ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာကြည့်ရင်သိနိုင်ပါတယ်။ ပထမဦးစွာတော့ အပြစ်အနာဆာ ကင်းတဲ့ရွေကောက်ပွဲ၊ ပြည်သူ့ဆန္ဒကို အမှန်ဖော်ထုတ်နိုင်တဲ့ရွေးကောက်ပွဲ၊ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကျွန်တော်တို့ကြိုးစား ရပါဦးမယ်။ ရွေးကောက်ပွဲပြီးမှသာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ နိုင်ငံရေး ပါတီတွေနဲ့ ပြည်သူလူထုက ဆက်လက်ဆောင်ရွက်ပါလိမ့်မယ်။

အဆွေတော်အနေနဲ့ ရုရှားနိုင်ငံကို မကြာမကြာရောက်ရှိပါတယ်။ ၂၀၁၉ ခုနှစ်မှာ Ulan-Ude ကနေ ဘိုက်ကယ်ရေကန်ကြီးတစ်လျှောက် Irkutsk အထိ ရထားနဲ့ သွားလာ ခဲ့ပါတယ်။ Omsk ၊ စိန့်ပီတာစဘတ်၊ Murom ၊ ဆီဗက်စတိုပိုလ်မြို့များကိုလည်း ရောက်ရှိလည်ပတ်ခဲ့ပါတယ်။ ကျွန်ုပ်တို့နိုင်ငံနဲ့ပတ်သက်ပြီး သဘောကျနှစ်သက်တာလေး တွေကို ပြောပြပေးပါဦး။

          ရုရှားနိုင်ငံဟာ ကြီးမားကျယ်ဝန်းတဲ့နိုင်ငံတစ်ခုပါ။ နိုင်ငံရဲ့အရှေ့က နေထွက် နေချိန်မှာ နိုင်ငံရဲ့အနောက်မှာ နေမဝင်သေးပါဘူး။ ထူးခြားတဲ့ရာသီဥတု၊ ထူးခြားတဲ့ရေမြေတွေရှိတဲ့နိုင်ငံပါ။ ရုရှားရဲ့မြို့ပြလူနေမှုစနစ်ကနေ ကျေးလက် လူနေမှုစနစ်အထိ ကျွန်တော်လေ့လာခွင့်ရရှိခဲ့ပါတယ်။ ထူးခြားမှုတွေလည်း တွေ့ရပါတယ်။ ဒါတွေက အလွန်နှစ်သက်သဘောကျဖွယ်အတွေ့အကြုံတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နှစ်နိုင်ငံလုံးဟာ ဘုရင်စနစ်ကျင့်သုံးရာမှာ ကာလ အတူတူပါပဲ။ ဒါပေမယ့် ရုရှားဟာ ၁၉၁၀ ပြည့်နှစ်မှာ ဆိုရှယ်လစ်စနစ် ကူးပြောင်းခဲ့တော့ ကျွန်တော်တို့က လွတ်လပ်ရေးဆုံးရှုံးခဲ့ပြီး တိုင်းတစ်ပါး လက်အောက်ခံနိုင်ငံအဖြစ် ရုန်းကန်နေရဆဲနိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီစနစ်ကျင့်သုံးခဲ့ပေမယ့် ၁၉၇၄ ခုနှစ်မှာ ဆိုရှယ်လစ်စနစ်ကိုကျင့်သုံးခဲ့ရတယ်။ ၂၀၁၀ ပြည့်နှစ်မှာ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ရပါတယ်။ ရုရှားနိုင်ငံကတော့ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်မှာ ပါတီစုံဒီမိုကရေစီစနစ်စတင်ကျင့်သုံးနေပါပြီ။ ကျွန်တော်တို့ ထက်စောပါတယ်။ ကျွန်တော်မြင်တာကဖြစ်စဉ်နဲ့၊ အချိန်ကာလ မတူပေမယ့် သမိုင်းကြောင်းကတော့အတူတူပါပဲ။ ဒါတွေဟာ ကျွန်တော် ဒီနိုင်ငံအပေါ် နှစ်သက်သဘောကျမိတာတွေဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော့်အနေနဲ့ ဗုဒ္ဓ ဘာသာဝင်တစ်ဦးပီပီ ငြိမ်းချမ်းနေတာ၊ တည်ငြိမ်နေတာကို သဘောကျ ပါတယ်။ ဒီနိုင်ငံမှာ ဒီလိုငြိမ်းချမ်းနေတာတွေ့ရတော့သဘောကျပါတယ်။

အဆွေတော်သိရှိတဲ့အတိုင်းပါပဲ။ ဇူလိုင်လ ၁ ရက်နေ့၊ ရုရှားနိုင်ငံမှာ အခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဆန္ဒမဲပေးပွဲပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခြေခံအုတ်မြစ်များကို ထိန်းသိမ်းကာကွယ်ရသော တပ်မတော်ကို ဦးဆောင်နေရတဲ့ အဆွေတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အရေးပါပုံနဲ့ တန်ဖိုးကို သိရှိနားလည်ပါလိမ့်မယ်။ ယခုလိုကူးစက်ပျံ့နှံ့နေတဲ့ ခက်ခဲတဲ့ အခြေအနေမှာ ပြုလုပ်ကျင်းပခဲ့တဲ့ ဆန္ဒမဲပေးပွဲအပေါ် အဆွေတော်မည်ကဲ့သို့ အကဲဖြတ်ချင်ပါလဲ။

           ဒီမှာလည်း ရုရှားနဲ့မြန်မာက လာပြီးတူနေတာတွေရှိပြန်ရောဗျ။ ကျွန်တော်တို့ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြဋ္ဌာန်းဖို့လုပ်နေတဲ့ ၂၀၀၈ ခုနှစ်မှာ မြန်မာမှာလည်း ကြီးမားလှတဲ့သဘာဝဘေးဒဏ်တစ်ခု၊ နာဂစ်ဆိုင်ကလုံးတိုက်ခိုက် ခဲ့တယ်။ ပျက်စီးဆုံးရှုံးမှုများပါတယ်။ သို့သော် အခြေခံဥပဒေဆိုတာ တိုင်းပြည်ရဲ့ အသက်ဝိညာဉ်ပဲဖြစ်တယ်။ သဘာဝဘေးဒဏ်သင့်တဲ့ဒေသတွေကို ချန်လှပ်ပြီး တစ်တိုင်းပြည်လုံးမှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ခဲ့ရတယ်။ နောက်နှစ်ပတ်အကြာမှာ သဘာဝဘေးဒဏ်သင့်ခဲ့ရတဲ့ဒေသတွေမှာ ဆက်ပြီး ဆန္ဒခံယူပွဲလုပ်ခဲ့ရပါတယ်။ ပြည်သူတွေက နိုင်ငံတစ်ခုအတွက်အခြေခံဥပဒေက ဘယ်လောက်အရေးကြီးကြောင်း သိကြပါတယ်။ ဒါ့ကြောင့်အလေးထားကြ ပါတယ်။ နိုင်ငံတိုင်းမှာဥပဒေဟာ ခေတ်စနစ်နဲ့အညီပြုပြင်ဖို့လိုအပ်နေမှာ ဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ဥပဒေဆိုတာမရှိပါဘူး။ ဒါ့ကြောင့်ပြင်တာပဲဖြစ် ပါတယ်။ မိမိနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားအတွက် ပြင်တာကို ပြည်သူတိုင်းက လက်ခံမှာ၊ သဘောပေါက်နားလည်မှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ၂၀၀၈ ခုနှစ် အတည်ပြုပြဋ္ဌာန်းခဲ့တဲ့အခြေခံဥပဒေမှာ လိုအပ်ချက်ရှိနေမှာပါ။ ဒါကို ပြည်သူ့အကျိုး၊ အမျိုးသားအကျိုးစီးပွားနဲ့အညီပြုပြင်ရဦးမှာ ဖြစ်ပါတယ်။ COVID-19 ရောဂါဖြစ်ပွားနေဆဲအချိန်၊ အဲဒီအချိန်ကစာရင်းဇယားတွေအရ ရုရှားမှာ လူဦးရေ ၆ သိန်းခွဲ လောက်ရောဂါဖြစ်ပွားနေတယ်လို့သိရပါတယ်။ အခြေခံဥပေဒေသည် တိုင်းပြည်အတွက်၊ နိုင်ငံအတွက်အရေးကြီးကြောင်း ရုရှားပြည်သူတစ်ရပ်လုံးက သိတဲ့အတွက် ဒါကိုကြံ့ကြံ့ခံပြီးဆန္ဒပြုခဲ့ကြ ပါတယ်။ ကြံ့ခိုင်တဲ့စိတ်ဓာတ်၊နိုင်ငံ့အကျိုးလိုလားတဲ့စိတ်ဓာတ်တွေနဲ့ ဆန္ဒပြု အဆုံးအဖြတ်ပေးခဲ့တဲ့ ရုရှားပြည်သူတွေရဲ့စိတ်ဓာတ်ကို ချီးကျူးဂုဏ်ပြုပါကြောင်း ပြောလိုပါတယ်။

 

(Zawgyi Version)

 

“တပ္မေတာ္သည္ ႏိုင္ငံတစ္ႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးႏွင့္ အခ်ဳပ္အျခာ အာဏာနယ္နိမိတ္ တည္တံ့ခိုင္ၿမဲေရးအတြက္ အာမခံခ်က္ျဖစ္သည္” ဟူေသာေခါင္းစဥ္ျဖင့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ Politic မဂၢဇင္းတို႔၏ ေမးျမန္းေျဖၾကားမႈမ်ားကို Politic မဂၢဇင္း၌ ထည့္သြင္းေဖာ္ျပ

ေနျပည္ေတာ္၊ ဩဂုတ္ – ၇

    ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၌  Politic မဂၢဇင္းသည္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၏ အစိုးရ အဖြဲ႕ဝင္မ်ား၊ ႏိုင္ငံေရးပါတီမ်ားႏွင့္  လႊတ္ေတာ္အသိုင္းအဝိုင္းတို႔အတြက္ အကန႔္ အသတ္ျဖင့္ သီးသန႔္ထုတ္ေဝျဖန႔္ခ်ိေသာ ဩဇာႀကီးမားသည့္ မဂၢဇင္းတစ္ခုျဖစ္ၿပီး ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသမၼတ Vladimir Putin ကိုယ္တိုင္ စိတ္ဝင္တစားေစာင့္ၾကည့္ ဖတ္ရႈသည့္ မဂၢဇင္းလည္းျဖစ္သည္။ အဆိုပါ Politic မဂၢဇင္းသည္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ကိုယ္စားလွယ္အဖြဲ႕ ယခုႏွစ္ ဇြန္လ ၂၄ ရက္တြင္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၌ က်င္းပ ျပဳလုပ္ခဲ့သည့္ Victory Day of Great Patriotic War (၇၅)ႏွစ္ေျမာက္ အထိမ္းအမွတ္ စစ္ေရးျပအခမ္းအနားသို႔ ပါဝင္တက္ေရာက္ခဲ့သည့္ ခရီးစဥ္အတြင္း၌လည္း ႐ုရွား ဖက္ဒေရးရွင္းႏိုင္ငံမွ Arguments and Facts သတင္းဌာန၊ ZVEZDA သတင္းဌာန၊ RT သတင္းဌာန၊ Red star  သတင္းဌာနႏွင့္ Politic မဂၢဇင္း တို႔မွ အယ္ဒီတာခ်ဳပ္မ်ား၊  သတင္းေထာက္မ်ားႏွင့္အတူ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား သီးျခားစီေတြ႕ဆုံ၍ သိရွိလိုသည္မ်ားကို ေမးျမန္းခဲ့သည္။

    ထို႔ျပင္ အဆိုပါ Politic မဂၢဇင္းမွ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ထံသို႔  ဇူလိုင္ ၂ ရက္တြင္ အြန္လိုင္းမွတဆင့္ သိရွိလိုသည့္ ေမးခြန္းမ်ား ထပ္မံေပးပို႔ေမးျမန္းခဲ့ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျပန္လည္ ေျဖၾကား ေပးပို႔ခဲ့သည္။ အဆိုပါ ေမးျမန္းေျဖၾကားမႈအျပည့္အစုံကို ဩဂုတ္ ၇ ရက္ထုတ္ Politic မဂၢဇင္း၊ အတြဲအမွတ္ ၁၁၇၊ ႏိုင္ငံတကာ ဆက္ဆံေရးက႑တြင္ “တပ္မေတာ္သည္ ႏိုင္ငံတစ္ႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးႏွင့္ အခ်ဳပ္အျခာ အာဏာနယ္နိမိတ္ တည္တံ့ခိုင္ၿမဲ ေရးအတြက္ အာမခံခ်က္ျဖစ္သည္” ဟူေသာေခါင္းစဥ္ျဖင့္ အင္တာဗ်ဴးေဆာင္းပါးကို ထည့္သြင္းေဖာ္ျပခဲ့သည္။ အဆိုပါ အင္တာဗ်ဴးေဆာင္းပါးအျပည့္အစုံကို ေအာက္ပါအတိုင္း ေဖာ္ျပလိုက္ပါသည္—- 

၂၀၀၈ ခုႏွစ္၊ ေမလမွာ လူထုဆႏၵခံယူပြဲျဖင့္ အတည္ျပဳခဲ့ေသာ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ အေဆြေတာ္အေနျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ (စစ္ေသနာပတိခ်ဳပ္)အျဖစ္ ၉ ႏွစ္တာ တာဝန္ထမ္းေဆာင္ခဲ့ၿပီးပါၿပီ၊ အေဆြ ေတာ္ အေနနဲ႔ ဗိုလ္ေလာင္းဘဝကေန တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္အထိ ဘဝကို ျဖတ္သန္းလာခဲ့တာ ျဖစ္ပါတယ္။ အေဆြေတာ္ရဲ႕ ဘဝအေၾကာင္း၊ မိသားစုေနာက္ခံ အေၾကာင္း၊ ကေလးဘဝျဖတ္သန္းပုံအေၾကာင္းႏွင့္ စစ္မႈထမ္း တစ္ဦးျဖစ္လာပုံေလး ကို နည္းနည္းရွင္းျပေပးပါလား။

        ကြၽန္ေတာ္ရဲ႕မိဘမ်ားက ႏိုင္ငံရဲ႕ေတာင္ဘက္ေဒသမွာရွိတဲ့ ထားဝယ္ဇာတိျဖစ္ၿပီး ကြၽန္ေတာ့္ဖခင္က ဦးခင္လႈိင္(ပန္းခ်ီ ဦးခင္လႈိင္-ထားဝယ္)၊ မိခင္ ေဒၚလွမူ ျဖစ္ပါတယ္။ ေမြးခ်င္းညီအစ္ကိုေမာင္ႏွမ ၅ ဦးအနက္ စတုတၳေျမာက္သားျဖစ္ပါတယ္။ ၁၉၆၁ ခုႏွစ္မွ ၁၉၆၆ ခုႏွစ္အထိ မႏၲေလးၿမိဳ႕၊ ၁၉၆၇ ခုႏွစ္မွ ၁၉၇၂ ခုႏွစ္အထိ ရန္ကုန္ၿမိဳ႕ တို႔မွာ ပညာသင္ၾကားခဲ့ၿပီး ၁၉၇၂ ခုႏွစ္မွာ အေျခခံပညာအထက္တန္း ေအာင္ျမင္ခဲ့ပါတယ္။ ၁၉၇၂ ခုႏွစ္မွ ၁၉၇၃ ခုႏွစ္အထိ ရန္ကုန္ ဝိဇၨာႏွင့္ သိပၸံ တကၠသိုလ္တြင္ ဥပေဒပညာအဓိကျဖင့္ ဒုတိယႏွစ္သင္တန္းအထိ တက္ေရာက္ခဲ့ၿပီး ဥပေဒနဲ႔ပတ္သက္လို႔ အေျခခံမ်ားရွိၿပီး ဥပေဒအေပၚ စိတ္ဝင္စားမႈရွိပါတယ္။ ၁၉၇၄ ခုႏွစ္မွာ စစ္တကၠသိုလ္ ဗိုလ္ေလာင္း သင္တန္းအမွတ္စဥ္(၁၉)သို႔ တက္ေရာက္ခဲ့ၿပီး သိပၸံဘြဲ႕ ရရွိခဲ့ပါတယ္။ ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္မွာ မဟာဝိဇၨာ (ကာကြယ္ေရး)ဘြဲ႕ရရွိခဲ့ ပါတယ္။ စစ္ဘက္ဆိုင္ရာအဆင့္လိုက္ သင္တန္းအားလုံးနဲ႔ စီမံခန႔္ခြဲမႈ ဆိုင္ရာသင္တန္းမ်ား တက္ေရာက္ခဲ့ပါ တယ္။

       ၁၉၈၀ ခုႏွစ္မွာ ေဒၚၾကဴၾကဴလွနဲ႔ လက္ထပ္ခဲ့ၿပီး သမီးတစ္ေယာက္၊ သားတစ္ေယာက္ ေမြးဖြားခဲ့ပါတယ္။ ျမန္မာ့တပ္မေတာ္မွာ တာဝန္ထမ္းေဆာင္မႈအေနနဲ႔ ၁၉၇၇ ခုႏွစ္မွ ၁၉၉၀ ခုႏွစ္အထိ အရာရွိငယ္ ဗိုလ္ႀကီးအဆင့္အထိ၊ ၁၉၉၀ ခုႏွစ္မွ ၁၉၉၅ ခုႏွစ္အထိ ဗိုလ္မႉးအဆင့္၊ ၁၉၉၆ ခုႏွစ္မွာ ဒုတိယဗိုလ္မႉးႀကီး၊ ၁၉၉၉ ခုႏွစ္မွာ ဗိုလ္မႉးႀကီးအဆင့္၊ ၂၀၀၁ ခုႏွစ္မွာ ဗိုလ္မႉးခ်ဳပ္အဆင့္နဲ႔တပ္မမႉး၊ စစ္တကၠသိုလ္ေက်ာင္း အုပ္ႀကီး တာဝန္မ်ားကို ထမ္းေဆာင္ခဲ့ပါတယ္။ ၂၀၀၄ ခုႏွစ္မွ ၂၀၀၈ ခုႏွစ္အထိ ဗိုလ္ခ်ဳပ္အဆင့္နဲ႔ တိုင္းမႉးတာဝန္၊ ၂၀၀၈ ခုႏွစ္မွ ၂၀၁၀ ခုႏွစ္အထိ ဒုတိယဗိုလ္ခ်ဳပ္ႀကီးအဆင့္ျဖင့္ စစ္ဆင္ေရးအထူးအဖြဲ႕မႉး တာဝန္၊ ၂၀၁၀ ခုႏွစ္မွ ၂၀၁၂ ခုႏွစ္အထိ ဗိုလ္ခ်ဳပ္ႀကီးအဆင့္ျဖင့္ ညႇိႏႈိင္းကြပ္ကဲေရးမႉး (ၾကည္း၊ေရ၊ေလ)တာဝန္၊ ၂၀၁၂ ခုႏွစ္မွ ၂၀၁၃ ခုႏွစ္အထိ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးအဆင့္၊ ၂၀၁၃ ခုႏွစ္မွ ယေန႔အထိ ဗိုလ္ခ်ဳပ္မႉးႀကီးအဆင့္နဲ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္လ်က္ရွိပါတယ္။

    ျမန္မာ့တပ္မေတာ္မွာ စတင္တာဝန္ထမ္းေဆာင္သည္မွ ယေန႔အထိ ႏိုင္ငံေတာ္မွခ်ီးျမႇင့္တဲ့ စစ္မႈထမ္းေကာင္းတံဆိပ္၊ စစ္မႈထမ္းသဂၤဟတံဆိပ္၊ သေရစည္သူဘြဲ႕တံဆိပ္၊ မဟာသေရစည္သူဘြဲ႕တံဆိပ္၊ ဗုဒၶ ဘာသာကလ်ာဏယုဝအသင္း (YMBA)မွ ခ်ီးျမႇင့္တဲ့ မဟာမဂၤလဓမၼေဇာတိကဓဇဘြဲ႕တံဆိပ္၊ အဂၢမဟာမဂၤလဓမၼေဇာတိကဓဇဘြဲ႕တံဆိပ္၊ ထိုင္းႏိုင္ငံအစိုးရမွ ခ်ီးျမႇင့္တဲ့ Knight Grand Cross (First Class) of the Most Nobel Order of the Crown of Thailand ေတာ္ဝင္ဘြဲ႕တံဆိပ္၊ မေလးရွားႏိုင္ငံမေလးရွားဘုရင္ကခ်ီးျမႇင့္တဲ့ HONOURARY MALAYSIAN ARMEDFORCES ORDER FOR VALOUR (First Degree) Gallant Commanderof the Malaysian Armed Forces ဘြဲ႕တံဆိပ္၊ ထိုင္းႏိုင္ငံဘုရင္မင္းျမတ္ကခ်ီးျမႇင့္တဲ့ ျမင့္ျမတ္ေသာဆင္ျဖဴေတာ္ဝင္ သူရဲေကာင္းဘြဲ႕တံဆိပ္(ပထမအဆင့္) “The Knight Grand Cross (First Class)of the MostExalted Order of the White Elephant ဘြဲ႕တံဆိပ္” ၊ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီးမွ ခ်ီးျမႇင့္ တဲ့ Army Games International ဂုဏ္ထူးေဆာင္တံဆိပ္၊ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီးဌာနမွေပးအပ္ခ်ီးျမႇင့္တဲ့ “စစ္ဘက္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈတည္တံ့ခိုင္ၿမဲေရး” ဂုဏ္ထူးေဆာင္တံဆိပ္မ်ား ရရွိခဲ့ပါတယ္။ အရာရွိငယ္ဘဝကေန တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ တာဝန္ထမ္း‌ေဆာင္သည့္အခ်ိန္အထိ ရာထူးတာဝန္အမ်ိဳးမ်ိဳးနဲ႔ စစ္ဘက္၊ နယ္ဘက္တာဝန္မ်ားကို ထမ္းေဆာင္ခဲ့ပါတယ္။  

ျမန္မာ့တပ္မေတာ္ဟာ ျမန္မာႏိုင္ငံ၏လူမႈဘဝ၊ ႏိုင္ငံေရးစနစ္အတြင္းမွာ ပါဝင္ေနတဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒပါ အဖြဲ႕အစည္းတစ္ရပ္ျဖစ္ပါတယ္။ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ လႊတ္ေတာ္အသီးသီးရွိ ကိုယ္စားလွယ္အားလုံးရဲ႕ ၂၅ ရာခိုင္ႏႈန္း  ဟာ အေဆြေတာ္ ခန႔္အပ္တာဝန္ေပးထားသူေတြျဖစ္ပါတယ္။ သမိုင္းေၾကာင္းအရ အေျခအေနတစ္ခုမွာ ျမန္မာ့တပ္မေတာ္ဟာ ၿငိမ္းခ်မ္းေရး၊ အခ်ဳပ္အျခာအာဏာရဲ႕ ပိုင္နက္နယ္ေျမကို ကာကြယ္ေစာင့္ေရွာက္သူ ျဖစ္ခဲ့ပါတယ္။ ဒါက အမွန္တရား ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ျမန္မာႏိုင္ငံဟာ ဒီမိုကေရစီအသြင္ကူးေျပာင္းမႈ လမ္းေၾကာင္းေပၚကို ေလွ်ာက္လွမ္းေနၿပီ ျဖစ္ပါတယ္။ အေဆြေတာ္ရဲ႕အျမင္အရ ဘယ္လိုအေျခအေနမ်ိဳးမွာ တပ္မေတာ္အေနနဲ႔ လႊတ္ေတာ္အသီးသီးရွိ ကိုယ္စားလွယ္ ပမာဏ ေလွ်ော့ခ်ဖ်က္သိမ္း သြားႏိုင္ပါသလဲ။

       ျမန္မာ့တပ္မေတာ္ရဲ႕သမိုင္းေၾကာင္းနဲ႔ ႏိုင္ငံေတာ္ရဲ႕သမိုင္းေၾကာင္းဟာ ခြဲျခားလို႔မရပါဘူး။ တပ္မေတာ္သည္ ႏိုင္ငံေတာ္လြတ္လပ္ေရးကို ျပည္သူနဲ႔အတူလက္တြဲၿပီး ရယူေဆာင္႐ြက္ေပးခဲ့တယ္။ ၁၈၈၅ ခုႏွစ္မွာ ကြၽန္ေတာ္တို႔ ႏိုင္ငံလြတ္လပ္ေရးဆုံးရႈံးခဲ့တယ္။ လြတ္လပ္ေရးဆုံးရႈံးၿပီး ေနာက္ပိုင္းမွာ လြတ္လပ္ေရးအတြက္ ကြၽန္ေတာ္တို႔ႏိုင္ငံသားေတြအားလုံး၊ တိုင္းရင္းသားေတြအားလုံး နယ္ခ်ဲ႕ကိုေတာ္လွန္ခဲ့ၾကတယ္။ သို႔ေသာ္ အဲဒီတုန္းကေခတ္မီတဲ့ တပ္မေတာ္တစ္ရပ္အေနနဲ႔ စုစုစည္းစည္း ေတာ္လွန္ခဲ့တာမဟုတ္ဘဲ နယ္ေျမေဒသအလိုက္သာ ေဆာင္႐ြက္ခဲ့ၾကတာျဖစ္လို႔ နယ္ခ်ဲ႕ရဲ႕ႏွိမ္နင္းမႈခံခဲ့ရတယ္။ ေနာက္ပိုင္းမွာ ျပည္သူ လူထုကေပါက္ဖြားလာတဲ့ မ်ိဳးခ်စ္လူငယ္ ၃၀ ဦးနဲ႔ တပ္မ ေတာ္ကို ၁၉၄၁ ခုႏွစ္မွာ စတင္ဖြဲ႕စည္းခဲ့တယ္။ လြတ္လပ္ေရး တိုက္ပြဲဝင္ခဲ့တယ္။ တပ္မေတာ္ဖြဲ႕စည္းအၿပီး ၇ ႏွစ္အၾကာမွာ ျမန္မာ့လြတ္လပ္ေရးရခဲ့တယ္။ ဒါ့ေၾကာင့္ တပ္မေတာ္ရဲ႕သမိုင္း၊ ျမန္မာ့ လြတ္လပ္ေရးသမိုင္းနဲ႔ ျမန္မာႏိုင္ငံသမိုင္းတို႔ဟာ ခြဲျခား၍မရဘူးလို႔ ေျပာရျခင္းျဖစ္ပါတယ္။

         ကြၽန္ေတာ္တို႔ႏိုင္ငံဟာ ႐ုရွားႏိုင္ငံလိုပဲ ေရွးႏွစ္ေပါင္းမ်ားစြာကတည္းက ကိုယ့္မင္း၊ ကိုယ့္ခ်င္းနဲ႔ေနလာတဲ့ ျပည္ေထာင္စုႏိုင္ငံတစ္ခု ျဖစ္ပါတယ္။ ဘုရင့္ႏိုင္ငံအျဖစ္ရွိေနခ်ိန္မွာ က်န္ကမာၻ႔ႏိုင္ငံေတြလိုပဲ အတက္၊ အက် ေတြရွိခဲ့ပါတယ္။ ဘုရင္ေခတ္က ပထမျမန္မာႏိုင္ငံ၊ ဒုတိယ ျမန္မာ ႏိုင္ငံနဲ႔ တတိယျမန္မာႏိုင္ငံဆိုၿပီး ထင္ရွားခဲ့တဲ့ေခတ္ကာလ ၃ ခုရွိခဲ့ ပါတယ္။ အဲဒီေခတ္ကာလေတြကို သုံးသပ္ၾကည့္ရင္တူညီတဲ့ ေတြ႕ရွိခ်က္ တစ္ခုကေတာ့ ႏိုင္ငံရဲ႕တပ္မေတာ္အင္အား ေတာင့္တင္း ရင္၊ ႏိုင္ငံသူ၊ ႏိုင္ငံသား၊ တိုင္းရင္းသားေတြစည္းလုံးညီၫြတ္ရင္ ျမန္မာ ဟာ ဖြံ႕ၿဖိဳး တိုးတက္မႈအရွိန္ေကာင္းခဲ့တယ္။ ဒီႏွစ္ခ်က္ယုတ္ေလ်ာ့ရင္ ျမန္မာဟာ အင္အားခ်ိနဲ႔သြားတယ္ဆိုတာပဲျဖစ္ပါတယ္။

          ကြၽန္ေတာ္တို႔ လြတ္လပ္ေရးရၿပီးေနာက္ပိုင္းမွာ ျမန္မာႏိုင္ငံဟာ ဖြံ႕ၿဖိဳး တိုးတက္ၿပီး အင္အားေတာင့္တင္းမယ့္ႏိုင္ငံအျဖစ္ အားလုံးကေမွ်ာ္လင့္ခဲ့ၾကပါတယ္။ သို႔ေသာ္ ကံမေကာင္းစြာဘဲ အယူဝါဒအမ်ိဳးမ်ိဳး၊ အယူအဆ အမ်ိဳးမ်ိဳးေၾကာင့္ လြတ္လပ္ေရးနဲ႔အတူ လက္နက္ကိုင္ေသာင္းက်န္းသူေတြ ေပၚေပါက္လာၿပီး လက္နက္ကိုင္ပဋိပကၡေတြ ရင္ဆိုင္ခဲ့ရတယ္။ အယူဝါဒေၾကာင့္ ေပၚေပါက္လာတဲ့ ဗမာျပည္ကြန္ျမဴနစ္ပါတီ (ဗကပ) လို အင္အားေကာင္းတဲ့ လက္နက္ကိုင္အဖြဲ႕ေတြရွိခဲ့သလို အယူအဆေၾကာင့္ ျဖစ္လာခဲ့တဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြ ေပၚေပါက္လာခဲ့တယ္။ လြတ္လပ္ေရးရၿပီးစ ျမန္မာႏိုင္ငံအေျခအေနဟာ ေတာ္ေတာ္ဆိုးဝါးခဲ့ပါတယ္။ ဒီလို ျဖစ္ခဲ့ရတဲ့ ေနာက္ခံအေၾကာင္း အရင္းေတြကေတာ့မ်ားစြာ ရွိပါတယ္။ ဥပမာအေနနဲ႔ေျပာရရင္ နယ္ခ်ဲ႕လက္ေအာက္မွာ ျပည္မ(ဗမာအမ်ားစု ေနထိုင္တဲ့ ေျမျပန႔္ေဒသ)နဲ႔ ေတာင္တန္း (တိုင္းရင္းသားအမ်ားစုေနထိုင္တဲ့ေဒသ)ေတြကို ခြဲျခားအုပ္ခ်ဳပ္တဲ့ ေသြးခြဲအုပ္ခ်ဳပ္တဲ့စနစ္က စတာပါပဲ။ ဒါေတြကို လြတ္လပ္ေရးရၿပီး ေနာက္ပိုင္းမွာ ထပ္မံေသြးထိုး လႈံ႕ေဆာ္မႈနဲ႔ေပါင္းလိုက္ေတာ့ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡကပိုႀကီးလာပါတယ္။ လြတ္လပ္ေရး ရၿပီးကာစ တိုင္းျပည္ထူေထာင္ေရးကို လုပ္ရမယ့္အခ်ိန္မွာ ဒါေတြ လုံးဝမလုပ္ႏိုင္ဘဲ တိုက္ပြဲေတြနဲ႔အခ်ိန္ကုန္ခဲ့ရပါတယ္။ အဲဒီအခ်ိန္က ျမန္မာႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ ရန္ကုန္ကိုသာအစိုးရရဲ႕ အာဏာစက္က သက္ ေရာက္ၿပီး ႏိုင္ငံတကာက ရန္ကုန္အစိုးရလို႔ ေလွာင္ေျပာင္ေခၚေဝၚ သမုတ္ေနၾကခ်ိန္ ျဖစ္ပါတယ္။ ဘယ္ေလာက္ ဆိုးဝါးတဲ့အေျခအေနလည္း ခန႔္မွန္းၾကည့္ပါ။  ျမန္မာႏိုင္ငံရဲ႕ အက်ယ္အဝန္းဟာ ဧရိယာ စတုရန္းမိုင္ ၂သိန္း ၆ေသာင္းေက်ာ္ ရွိပါတယ္။ အစိုးရရဲ႕ အုပ္ခ်ဳပ္မႈ ထိေရာက္မႈဟာ ရန္ကုန္ၿမိဳ႕တြင္း မိုင္ ၃၀ ပတ္လည္ေလာက္ပဲ ရွိပါ ေတာ့တယ္။ ဒီအေျခအေနကေန တပ္မေတာ္က ႐ုန္းထြက္ခဲ့ရတာပါ။ ရရွိၿပီးတဲ့လြတ္လပ္ေရးမဆုံးရႈံးေအာင္ တည္တံ့ခိုင္ၿမဲေအာင္ လုပ္ခဲ့ ရတာ ျဖစ္ပါတယ္။

                  တပ္မေတာ္ဟာ ျပည္သူနဲ႔လက္တြဲၿပီး ဒီအေျခအေနဆိုးေတြကေန လြတ္ေျမာက္ေအာင္ ေဆာင္႐ြက္ခဲ့တယ္။ လက္နက္ကိုင္ပဋိပကၡေတြ အေတာ္အသင့္ခ်ဳပ္ၿငိမ္းၿပီး အခ်ဳပ္အျခာအာဏာပိုင္ ႏိုင္ငံတစ္ခုဟာ အခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံတစ္ခုနဲ႔ တူလာတဲ့အခ်ိန္မွာပဲ အာဏာရပါတီအတြင္းမွာ ႏိုင္ငံေရးအရကြဲျပားမႈေတြ၊ အားၿပိဳင္မႈေတြ ထပ္ျဖစ္လာခဲ့ပါတယ္။ ျပည္နယ္အခ်ိဳ႕ဟာလည္း ျပည္ေထာင္စုက ခြဲထြက္ဖို႔ လႈပ္ရွားမႈေတြ ေဆာင္႐ြက္လာခဲ့ပါတယ္။ ၁၉၅၈ ခုႏွစ္မွ  ၁၉၆၂ ခုႏွစ္ ပတ္ဝန္းက်င္ေပါ့။ ဒီမွာတပ္မေတာ္ကပဲ အိမ္ေစာင့္အစိုးရအေနနဲ႔၊ ေတာ္လွန္ေရးေကာင္စီအစိုးရအေနနဲ႔ ႏိုင္ငံေတာ္တာဝန္ေတြယူၿပီး ဒီအႏၲရာယ္ေတြကို တားဆီးခဲ့ရပါတယ္။ စစ္ဆင္ေရးနဲ႔ လုံၿခဳံေရး တာဝန္ေတြ ထမ္းေဆာင္ရင္း ႏိုင္ငံေတာ္ထူေထာင္ေရးတာဝန္ေတြကိုပါ လုပ္ေဆာင္ခဲ့ရပါတယ္။ လြတ္လပ္ေရးရၿပီးကတည္းက ျပန္လည္ထူေထာင္ေရးလုပ္ငန္းစဥ္ေတြ မရွိသေလာက္အားနည္းခဲ့တဲ့ တိုင္းျပည္ကို လြတ္လပ္ေရး အာမခံခ်က္၊ ျပည္ေထာင္စုမၿပိဳကြဲေရး အာမခံခ်က္၊ လုံၿခဳံေရး အာမခံခ်က္၊ ကာကြယ္ေရးအာမခံခ်က္ေတြ ရရွိေအာင္ ဘယ္ေလာက္ခက္ခက္ခဲခဲ ေဆာင္႐ြက္ရမယ္ဆိုတာကို သုံးသပ္ၾကည့္ ရင္သိႏိုင္ပါတယ္။ ေနာက္ပိုင္းမွာ ကြၽန္ေတာ္တို႔ ပါလီမန္ဒီမိုက ေရစီစနစ္ကေန ဆိုရွယ္လစ္စနစ္ကို ႏိုင္ငံေရးအရေျပာင္းလဲခဲ့တယ္။ တပ္မေတာ္အေနနဲ႔ ကြၽန္ေတာ္တို႔ပင္မတာဝန္ျဖစ္တဲ့ ႏိုင္ငံေတာ္ ကာကြယ္ေရး တာဝန္အျပင္ ႏိုင္ငံေတာ္ရဲ႕ ဆိုရွယ္လစ္လူ႔ေဘာင္တည္ေဆာက္ေရးလုပ္ငန္းေတြမွာ ထဲထဲဝင္ဝင္ပါဝင္ခဲ့ရတယ္။ ၁၉၈၈ ခုႏွစ္မွာ ကြၽန္ေတာ္တို႔ႏိုင္ငံမွာလည္း အဲဒီေခတ္က ကမာၻ႔ႏိုင္ငံေတာ္ ေတာ္မ်ားမ်ားမွာ ႀကဳံခဲ့ရတဲ့ဒီမိုကေရစီျပဳျပင္ေျပာင္းလဲေရး ေတာင္း ဆိုမႈ၊ လႈပ္ရွားမႈေတြျဖစ္ခဲ့တယ္၊ ျပည္သူလူထုလိုလားေတာင္း ဆိုတဲ့ ဒီစနစ္ေျပာင္းလဲေရးလႈပ္ရွားမႈဟာ မူလအေနအထားအရၾကည့္ရင္ ျပည္သူ႔လိုလားခ်က္၊ ျပည္သူ႔ဆႏၵလို႔ေျပာလို႔ရေပမယ့္ ေနာက္ကြယ္မွာ ျဖစ္ပြားခဲ့ရတဲ့ ျဖစ္စဥ္ျဖစ္ရပ္ေတြ၊ ေသြးထိုးလႈံ႕ေဆာ္မႈေတြမ်ားစြာရွိခဲ့ ပါတယ္။ ဒါေတြေၾကာင့္လည္း ဒီမိုကေရစီလႈပ္ရွားမႈဟာ အ႐ုပ္ဆိုး အက်ည္းတန္သြားၿပီး မင္းမဲ့စ႐ိုက္ဆန္ဆန္လႈပ္ရွားမႈေတြျဖစ္လာခဲ့ရတယ္။ ျမန္မာ့ယဥ္ေက်းမႈနဲ႔လားလားမွ မသက္ဆိုင္တဲ့ လမ္းလယ္ေခါင္၊ လူေတြအၾကားမွာ ေခါင္းျဖတ္သတ္တာ ေတြျဖစ္လာတယ္။ အစိုးရစက္႐ုံေတြ၊ အလုပ္႐ုံေတြ၊ အမ်ားနဲ႔သက္ဆိုင္တဲ့ေနရာေတြ ဖ်က္စီးခံရတယ္။ ႏိုင္ငံတကာအျမင္မွာ ျမန္မာဟာ အ႐ိုင္းအစိုင္း ႏိုင္ငံ၊ ယဥ္ေက်းမႈ ကင္းမဲ့တဲ့ႏိုင္ငံအျဖစ္ ထင္ျမင္လာတဲ့အထိ ျမန္မာ့ ပုံရိပ္ထိခိုက္ခဲ့တယ္။ ျပည္တြင္းမွာလည္း အစိုးရရဲ႕အုပ္ခ်ဳပ္မႈယႏၲရားပ်က္စီးသြားခဲ့တယ္။ ဒါေတြကို တပ္မေတာ္ကပဲ ႏိုင္ငံေတာ္တာဝန္ကိုယူၿပီး ထိန္းသိမ္းခဲ့ရတယ္။ အဲဒီမွာ ကြၽန္ေတာ္တို႔ဟာ ျပည္သူ႔ဆႏၵ၊ ျပည္သူ႔လိုလားခ်က္ကို လုံးဝမပစ္ပယ္ခဲ့ဘူး။ အဲဒီအခ်ိန္မွာ ႏိုင္ငံေတာ္တာဝန္ကိုတာဝန္ယူေနရတဲ့ တပ္မေတာ္အစိုးရ၊ ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားမႈတည္ေဆာက္ေရးအဖြဲ႕ရဲ႕ ပထမဆုံးထုတ္ျပန္ခ်က္ျဖစ္တဲ့ ေၾကညာခ်က္အမွတ္ ၁/၈၈ ကို ၾကည့္ရင္သိႏိုင္တယ္။ ျပည္သူတို႔လိုလားေတာင့္တခဲ့တဲ့ ပါတီစုံဒီမိုကေရစီစနစ္ကို တည္ေဆာက္မယ္လို႔ တာဝန္ယူတာနဲ႔တစ္ၿပိဳင္နက္ေျပာခဲ့တယ္။ လက္ေတြ႕အေကာင္အထည္ေဖာ္ခဲ့တယ္။ ၂၀၀၈ ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥပေဒေရးဆြဲခဲ့ၿပီး ၂၀၁၀ ျပည့္ႏွစ္မွာ ယခုကြၽန္ေတာ္တို႔ႏိုင္ငံ က်င့္သုံးေနတဲ့ ပါတီစုံဒီမိုကေရစီစနစ္ကို ေဖာ္ေဆာင္ခဲ့တယ္။ ယခုဆိုရင္ ပါတီစုံ ဒီမိုကေရစီစနစ္ဟာ အစိုးရရဲ႕ ၅ ႏွစ္ သက္တမ္းႏွစ္ခုရွိၿပီျဖစ္တယ္။ တပ္မေတာ္သည္ ျပည္သူ႔အတြက္ျဖစ္တယ္။ ျပည္သူသာအမိ၊ ျပည္သူသာ အဖျဖစ္တယ္။ ေျပာတဲ့အတိုင္း ကြၽန္ေတာ္တို႔လုပ္ေဆာင္ခဲ့တယ္။ ပ်က္ကြက္ခဲ့တာမရွိပါဘူး။

                  ဒီကြၽန္ေတာ္ေျပာခဲ့တဲ့ ျမန္မာ့သမိုင္းကို သုံးသပ္ၾကည့္ရင္ တပ္မေတာ္ဟာ ႏိုင္ငံေတာ္ကို ကာကြယ္ေနတဲ့အဓိကအဖြဲ႕အစည္း (State Defender) သာမက ေခတ္အဆက္ဆက္မွာ ႏိုင္ငံေတာ္ကို တည္ေဆာက္သူ (State Builder)အျဖစ္ တာဝန္ေတြကို ေက်ေက်ပြန္ပြန္ ထမ္းေဆာင္ခဲ့ေၾကာင္း ေတြ႕ရမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ(၂၀၀၈ခုႏွစ္)မွာ “ႏိုင္ငံေတာ္၏ အမ်ိဳးသားႏိုင္ငံေရးဦးေဆာင္မႈ အခန္းက႑တြင္ တပ္မေတာ္က ပါဝင္ထမ္းေဆာင္ႏိုင္ေရးတို႔ကို အစဥ္တစိုက္ဦးတည္သည္” လို႔ ျပ႒ာန္းထားၿပီး ခုေမးတဲ့တပ္မေတာ္သား ၂၅ ရာခိုင္ႏႈန္း လႊတ္ေတာ္ထဲမွာပါဝင္တဲ့ ျပ႒ာန္းခ်က္ကစလို႔ တပ္မေတာ္နဲ႔ပတ္သက္တဲ့ အျခားအေရးႀကီးတဲ့ ျပ႒ာန္းခ်က္ေတြ ပါဝင္ေနရျခင္းျဖစ္ပါတယ္။

                  ေနာက္တစ္ခ်က္ကေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ခုအခ်ိန္ထိ လြတ္လပ္ေရးရၿပီးခါစက စတင္ခဲ့တဲ့ လက္နက္ကိုင္ပဋိပကၡေတြရွိေနဆဲ ျဖစ္ပါတယ္။ အစိုးရအဆက္ဆက္ ေတြ႕ဆုံညႇိႏႈိင္းေဆြးေႏြးေရးနည္းလမ္းအပါအဝင္ နည္းလမ္းမ်ိဳးစုံနဲ႔ ႀကိဳးပမ္းခဲ့ေသာ္လည္း ဒီေန႔အထိရွိေနဆဲျဖစ္ပါတယ္။ ဒါေတြဟာ ကြၽန္ေတာ္တို႔ ယေန႔ေလွ်ာက္လွမ္းေနတဲ့ “ပါတီစုံဒီမိုကေရစီ” စနစ္နဲ႔” ေခတ္မီဖြံ႕ၿဖိဳးတိုးတက္ေသာႏိုင္ငံ “တည္ေဆာက္ေရးအတြက္ အေႏွာင့္အယွက္နဲ႔အႏၲရာယ္ေတြပါပဲ။ ကြၽန္ေတာ္မၾကာခဏေျပာသလို ဒီမိုကေရစီစနစ္မွာ မိမိတို႔လိုအင္ဆႏၵကို လက္နက္ဆြဲကိုင္ေတာင္းဆိုတာဟာ အႏၲရာယ္ပါပဲ။ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြ အဓိကေတာင္းဆိုေနတာက “ဖက္ဒရယ္”စနစ္လို႔ ေျပာၾကပါတယ္။ ကြၽန္ေတာ္တို႔ကလည္း “ဒီမိုကေရစီနဲ႔ဖက္ဒရယ္စနစ္တို႔ကို အေျခခံသည့္ ျပည္ေထာင္စု”ကို တည္ေဆာက္မယ္လို႔ေျပာခဲ့၊ အာမခံခဲ့ၿပီးျဖစ္ပါတယ္။ ဒါဆိုခုအခ်ိန္အထိ ဒီလက္နက္ကိုင္ပဋိပကၡေတြရွိေနသလဲ၊ ညႇိႏႈိင္း ေဆြးေႏြးမႈေတြ မေအာင္ျမင္ေသးတာလဲ၊ အေျဖက ပိုမိုနက္ရႈိင္းၿပီး ေနာက္ခံအေၾကာင္းတရားမ်ိဳးစုံရွိေနတယ္လို႔ ေျပာခ်င္ပါတယ္။

                  ဒီေနရာမွာ ကြၽန္ေတာ္ ထပ္ေျပာခ်င္တာက အခ်ိဳ႕ေသာအဖြဲ႕အစည္း ေတြက ျမန္မာႏိုင္ငံရဲ႕ ေဒသအခ်ိဳ႕၊ ေနရာအခ်ိဳ႕ဟာ ယခင္ကတည္းက ျမန္မာႏိုင္ငံထဲမွာ မရွိသေယာင္၊ လြတ္လပ္တဲ့ေဒသ၊ ေနရာတစ္ခုအျဖစ္ သမိုင္းအဆက္ဆက္ရပ္တည္ခဲ့သေယာင္ ေျပာေန၊ ဆိုေန၊ ေရးေန၊ လႈံ႕ေဆာ္ေနတာေတြပိုမ်ားလာပါတယ္။ ျပည္ေထာင္စုအတြက္ တကယ့္အႏၲရာယ္ပဲျဖစ္ပါတယ္။ သမိုင္းေၾကာင္းမွာ ကြၽန္ေတာ္တို႔ တိုင္းရင္းသားေတြဟာ ေအးအတူ၊ ပူအမွ်စုေပါင္းေနထိုင္လာၾကတာ ျဖစ္ပါတယ္။ ေဝးလံလွတဲ့သမိုင္းေၾကာင္းကို ကြၽန္ေတာ္မေျပာေတာ့ဘူး၊ အနီးစပ္ဆုံး အေၾကာင္းအခ်က္ အခိုင္လုံဆုံးအေထာက္အထားကိုပဲ ေျပာပါ့မယ္။ ကြၽန္ေတာ္တို႔မွာ အိမ္နီးခ်င္းႏိုင္ငံ ၅ ႏိုင္ငံရွိတယ္။ သက္ဆိုင္ရာ ႏိုင္ငံေတြနဲ႔နယ္နိမိတ္ဆိုင္ရာ သေဘာတူစာခ်ဳပ္ေတြ၊ နားလည္မႈ စာခြၽန္လႊာေတြ၊ ေဆြးေႏြးမႈေတြ ယခင္အဂၤလိပ္ကိုလိုနီလက္ထက္ ကတည္းက သေဘာတူညီခ်က္ေတြရွိခဲ့ၾကတယ္။ ဒီစာခ်ဳပ္ေတြ၊ နားလည္မႈ စာခြၽန္လႊာေတြ၊ ေဆြးေႏြးမႈေတြ၊ နယ္ေျမမွာထင္ထင္ရွားရွားရွိေနတဲ့ နယ္ျခားမွတ္တိုင္ေတြ၊ အမွတ္အသားေတြကို သူတို႔အားလုံးသိၿပီးျဖစ္ပါတယ္။ သူတို႔သည္ ျမန္မာႏိုင္ငံထဲမွာ ေနထိုင္ၾကတဲ့ ျမန္မာေတြ၊ သူတို႔နယ္ေျမေဒသေတြသည္ ျမန္မာႏိုင္ငံရဲ႕အစိတ္အပိုင္း၊ ျမန္မာႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာထဲမွာ အားလုံးပူးေပါင္းေနထိုင္လာခဲ့ၾကတယ္ ဆိုတာ သိၿပီးျဖစ္လို႔ျဖစ္ပါတယ္။ ဒါေတြကို အခုခ်ိန္မွာအေတြးမွား၊ အျမင္မွား၊ အယူအဆမွားေအာင္ ႏိုင္ငံတကာမွာလည္း ထင္ေယာင္ထင္မွား ျဖစ္လာေအာင္ ႀကိဳးစားလာၾကတာကိုေတြ႕ရပါတယ္။

            ဒါ့ေၾကာင့္လည္း တပ္မေတာ္သည္ အမ်ိဳးသားႏိုင္ငံေရးဦးေဆာင္မႈ အခန္းက႑၊ လႊတ္ေတာ္မွာ အမတ္ ၂၅ ရာခိုင္ႏႈန္းပါေနရတာ ျဖစ္ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္လို႔ မၾကာခဏေျပာခဲ့ၿပီးျဖစ္ပါတယ္။ တိုင္းျပည္မွာ ႏိုင္ငံေရးအရ တည္ၿငိမ္ေအးခ်မ္းအာမခံခ်က္ရွိလာရင္၊ လုံၿခဳံေရးအရ တည္ၿငိမ္ေအးခ်မ္းအာမခံခ်က္ရွိလာရင္၊ လက္နက္ကိုင္ ပဋိပကၡေတြကို ေျဖရွင္းႏိုင္တဲ့ စိတ္ခ်ရတဲ့ အေနအထားေရာက္လာရင္ တပ္မေတာ္ဟာ  ဒီမိုကေရစီစနစ္နဲ႔အညီ ေဆာင္႐ြက္သြားမွာပဲျဖစ္ပါတယ္။

တပ္မေတာ္၊ ျပည္ထဲေရးဝန္ႀကီးဌာနရဲ႕ နယ္ျခားေစာင့္တပ္ဖြဲ႕ဝင္မ်ားဟာ အေဆြေတာ္ရဲ႕ ကြပ္ကဲမႈေအာက္မွာရွိပါတယ္။ ျပည္ထဲေရးဝန္ႀကီးနဲ႔ နယ္စပ္ေရးရာ ဝန္ႀကီးတို႔ကို အေဆြေတာ္က အမည္စာရင္းေပး အဆိုျပဳပါတယ္။ အဆိုပါဝန္ႀကီး ေတြရဲ႕ မူဝါဒေတြကို ဘယ္လိုကြပ္ကဲအေကာင္အထည္ေဖာ္ပါသလဲ။

       ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈ခုႏွစ္) ျပ႒ာန္းခ်က္ ၂၃၂ အရ ကာကြယ္ေရး၊ ျပည္ထဲေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီးဌာနေတြအတြက္ ဝန္ႀကီးမ်ားအမည္စာရင္းကို ကြၽန္ေတာ္ကတင္သြင္းရတာျဖစ္ပါတယ္။ သို႔ေသာ္ ကြၽန္ေတာ္အမည္စာရင္း တင္သြင္းၿပီး သမၼတကအတည္ျပဳလိုက္တာနဲ႔သူတို႔ဟာ ျပည္ေထာင္စုအစိုးရ အဖြဲ႕ဝင္(Union Cabinet အဖြဲ႕ဝင္) ဝန္ႀကီးမ်ားျဖစ္ပါတယ္။ ဒါ့ေၾကာင့္သူတို႔ကို ႏိုင္ငံေတာ္သမၼတက ကြပ္ကဲၿပီးဝန္ႀကီးမ်ားကလည္း ႏိုင္ငံေတာ္သမၼတကို တာဝန္ခံရပါတယ္။ တခ်ိဳ႕ကိစၥေတြမွာေတာ့ အလုပ္အကိုင္ခြဲျခားလုပ္ရတာေတြ ရွိပါတယ္။ ဥပမာ ႏိုင္ငံတကာကာကြယ္ေရးက႑ႏွင့္ပတ္သက္ၿပီး ကာကြယ္ေရးဝန္ႀကီးက တာဝန္ယူရသလိုကြၽန္ေတာ္တို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးကလည္း တပ္မေတာ္အခ်င္းခ်င္းဆက္သြယ္ဆက္ဆံေရး၊ အာဆီယံတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားအစည္းအေဝးတို႔၊ ၾကည္း၊ ေရ၊ ေလ ဦးစီးခ်ဳပ္မ်ား အစည္းအေဝးတို႔ကို တာဝန္ယူလုပ္ေဆာင္ရပါတယ္။ ေနာက္တစ္ခုက ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈ ခုႏွစ္)ျပ႒ာန္းခ်က္ ၃၃၈အရ “ႏိုင္ငံေတာ္အတြင္းရွိ လက္နက္ကိုင္အဖြဲ႕အစည္းအားလုံးသည္ တပ္မေတာ္၏ကြပ္ကဲမႈေအာက္တြင္ ရွိရမည္”လို႔ ျပ႒ာန္းထားပါတယ္။ ဖြဲ႕စည္းပုံအေျခခံဥပေဒက ေပးအပ္ထားတဲ့တာဝန္အရ ကြၽန္ေတာ္ကလက္နက္ကိုင္အဖြဲ႕အစည္းအားလုံး၊ ဥပမာ ကြၽန္ေတာ္တို႔ႏိုင္ငံမွာဆိုရင္ တပ္မေတာ္၊ ရဲတပ္ဖြဲ႕၊ ျပည္သူ႔စစ္အဖြဲ႕၊ အက်ဥ္းေထာင္ ဝန္ထမ္း၊ အျခားလုံၿခဳံေရးနဲ႔ သတင္းရယူေရးအဖြဲ႕ေတြကို ကြပ္ကဲဖို႔တာဝန္ရွိပါတယ္။ သို႔ေသာ္ တပ္မေတာ္နဲ႔ တပ္မေတာ္က ဖြဲ႕စည္းေပးထားတဲ့ လက္နက္ကိုင္တပ္ဖြဲ႕မ်ားမွအပ က်န္လက္နက္ကိုင္အဖြဲ႕ေတြကို ကြၽန္ေတာ္က အခ်ိန္တိုင္း၊ ေနရာတိုင္းနဲ႔အေျခအေနတိုင္းမွာ ကြပ္ကဲေနတာမဟုတ္ပါဘူး။ ဥပမာ-နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ဆိုရင္ လုံၿခဳံေရးနဲ႔ပတ္သက္ၿပီး တပ္မေတာ္နဲ႔ ခ်ိတ္ဆက္ၿပီး လိုအပ္တာတြေဆာင္႐ြက္ေပးတယ္။ ကူညီေပးတယ္။ က်န္တာက လြတ္လြတ္လပ္လပ္ပါပဲ။ နယ္စပ္ေရးရာဝန္ႀကီးဌာနဆိုရင္ တိုင္းရင္းသားေတြ ေနထိုင္ရာ ေနရာေဒသအမ်ားစုနဲ႔ ပဋိပကၡေတြျဖစ္ေနတဲ့ေနရာေတြမွာ တာဝန္ ယူၿပီး လုပ္ငန္းေတြလုပ္ေနရတယ္။ အဲဒီေဒသမွာရွိတဲ့ တိုင္းရင္းသားေတြရဲ႕ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ ကြၽန္ေတာ္ကအႀကံဉာဏ္ေပးတာေတြ၊ လုံၿခဳံေရးအရ ေပါင္းစပ္ညႇိႏႈိင္းေပးတာေတြရွိပါတယ္။

ျမန္မာႏိုင္ငံဟာ အေရွ႕ေတာင္အာရွေဒသမွာ ဧရိယာအားျဖင့္ အႀကီးဆုံး၊ သဘာဝသံယဇာတအႂကြယ္ဝဆုံးႏိုင္ငံတစ္ခုျဖစ္ပါတယ္။ အေမရိကန္နဲ႔ အေနာက္ႏိုင္ငံအခ်ိဳ႕ဟာ စိတ္သေဘာထားမမွန္စြာႏွင့္ ယိုးမယ္ဖြဲ႕ၿပီး ႏွစ္ေပါင္းမ်ားစြာ ပိတ္ဆို႔အေရးယူမႈေတြျပဳလုပ္ခဲ့ပါတယ္။ လက္ရွိမွာေတာ့ အေနာက္ႏိုင္ငံေတြဟာ ႏိုင္ငံေတာ္ တိုးတက္ဖြံ႕ၿဖိဳးမႈ ေႏွာင့္ေႏွးေႏွးေကြးေအာင္၊ ျပည္သူမ်ား၏ သာယာဝေျပာေရးကို ထိပါးႏိုင္သည့္ အေျခအေနေရာက္ေအာင္ ဖန္တီးေနၾကပါတယ္။ သို႔ေသာ္ ေဆာင္႐ြက္ ေနမႈမ်ားဟာ တရားမွ်တမႈရွိတယ္လို႔ ထင္ပါသလား။

          ခင္ဗ်ားေျပာတာမွန္ပါတယ္။ ျမန္မာဟာအေရွ႕ေတာင္အာရွေဒသမွာ ဧရိယာအားျဖင့္အႀကီးဆုံးျဖစ္ၿပီး သဘာဝသယံဇာတေပါႂကြယ္ပါတယ္။ လြတ္လပ္ေရးရၿပီးစ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕အေျခအေနကို ေျပာၿပီးျဖစ္ပါတယ္။ ပါလီမန္ဒီမိုကေရစီစနစ္ကို ကြၽန္ေတာ္တို႔ က်င့္သုံးခဲ့တယ္။ အဲဒီေခတ္မွာကတည္းက ဖိအားအမ်ိဳးမ်ိဳးပါ။ ျပည္တြင္းမွာလည္း အေနာက္ကိုလိုလားတဲ့အုပ္စုရွိသလို၊ အေရွ႕ကိုလိုလားတဲ့ အုပ္စုရွိပါတယ္။ ဒီအားၿပိဳင္မႈေတြဟာ ႏိုင္ငံအေပၚမွာ ေတာ္ေတာ္အက်ိဳးသက္ေရာက္မႈရွိခဲ့ပါတယ္။ ဒီကိစၥေတြေၾကာင့္ ႏိုင္ငံေရး ပါတီေတြကြဲခဲ့သလို ႏိုင္ငံေရးအင္အားစုေတြလည္းကြဲခဲ့တယ္။ ကြၽန္ေတာ္တို႔ တပ္ထဲမွာေတာင္ရွိခဲ့ပါတယ္။ ေနာက္ပိုင္းမွာ ဆိုရွယ္လစ္စနစ္က်င့္သုံးခဲ့တယ္။ ဒီစနစ္နဲ႔ ဆန႔္က်င္ဘက္အုပ္စုေတြရဲ႕ဖိအားေပးမႈ ပိုမိုမ်ားလာတာေပါ့။ ဒီေန႔ထိေတာင္ ဒီစနစ္ကို လက္ညႇိဳးထိုးအျပစ္တင္လို႔ မၿပီးေသးပါဘူး။ ေနာက္ပိုင္းမွာ ကြၽန္ေတာ္တို႔ ျပည္သူေတြလိုလားေတာင့္တခဲ့တဲ့ ပါတီစုံဒီမိုကေရစီစနစ္ကို တပ္မေတာ္ကပဲ ဦး‌ေဆာင္ၿပီးေျပာင္းလဲခဲ့တယ္။ ဒီလိုေျပာင္းလဲၿပီးေနာက္ပိုင္း မွာလည္း ခုခင္ဗ်ားေျပာတဲ့ ဖိအားေတြရွိေနတုန္းပါပဲ။ အေၾကာင္း အမ်ိဳးမ်ိဳးေတာ့ရွိမွာေပါ့ေလ။ ဒီမိုကေရစီစံခ်ိန္၊ စံၫႊန္းဆိုတဲ့စကားကေတာ့ ခဏခဏေျပာေနတာေပါ့။ ႐ုရွားႏိုင္ငံလည္း ပါတီစုံဒီမိုကေရစီစနစ္က်င့္သုံး ေနတာပဲ။ ႐ုရွားရဲ႕ဒီမိုကေရစီနဲ႔ အေနာက္ႏိုင္ငံရဲ႕ဒီမိုကေရစီ ဘယ္တူမလဲ။ သို႔ေသာ ခုခင္ဗ်ားတို႔ႏိုင္ငံ ေအာင္ျမင္ေနတယ္။ ဖြံ႕ၿဖိဳးတိုးတက္ေနတယ္။ တည္ၿငိမ္ေအးခ်မ္းေနတယ္ဗ်ာ။ လူေတြေတာင္ အက်ႌဟာကိုယ့္ကိုယ္တိုင္းနဲ႔ ကိုယ္ဝတ္ရတာပဲေလ။ ကြၽန္ေတာ္တို႔လည္း ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕သမိုင္း၊ လူမ်ိဳးေရး၊ စ႐ိုက္လကၡဏာ၊ ပတ္ဝန္းက်င္အေနအထား၊ အေျခအေန၊ အခ်ိန္အခါနဲ႔လိုက္ေလ်ာညီေထြရွိတဲ့ ဒီမိုကေရစီစနစ္ကို က်င့္သုံးရမွာပဲျဖစ္ ပါတယ္။ ေနာက္တစ္ခုက လူ႔အခြင့္အေရးကိစၥေတြကို အေၾကာင္းျပပါတယ္။ သူတို႔ယဥ္ေက်းမႈအရက်င့္သုံးေနတဲ့ လူ႔အခြင့္အေရးေတြနဲ႔ ကြၽန္ေတာ္တို႔ ယဥ္ေက်းမႈအရရွိေန၊ က်င့္သုံးေနတဲ့ လူ႔အခြင့္အေရးေတြ ဘယ္လိုလုပ္ ထပ္တူက်ႏိုင္မလဲ။ ဒီအေပၚမွာ သူတို႔ေပတံ၊ သူတို႔စံႏႈန္းနဲ႔လာတိုင္းၿပီး ေဝဖန္တာေတြ၊ ပိတ္ဆို႔တာေတြ လုပ္တာဟာ တရားမွ်တမႈ ရွိ/ မရွိ ခင္ဗ်ားပဲ စဥ္းစားၾကည့္ပါ။

          ျမန္မာႏိုင္ငံမွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားစြာ ရွိပါတယ္။ ၂၀၁၅ ခုႏွစ္မွာ ၈ ဖြဲ႕ဟာ တစ္ႏိုင္ငံလုံး အတိုင္းအတာအပစ္အခတ္ရပ္စဲေရးကို လက္မွတ္ ေရးထိုးခဲ့ၿပီး ေနာက္ထပ္ ၂ ဖြဲ႕လည္း ဆက္လက္ပါဝင္လက္မွတ္ေရးထိုးခဲ့ပါတယ္။ အဆိုပါ လက္နက္ကိုင္ပဋိပကၡေတြ ဆက္လက္ျဖစ္ပြားေနတဲ့ ေဒသေတြမွာ အပစ္အခတ္ ရပ္စဲႏိုင္ေရးအတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တစ္ေယာက္အေနျဖင့္ ၿငိမ္းခ်မ္းေရး ကမ္းလွမ္းမႈကို အႀကိမ္ေပါင္းမ်ားစြာ အေဆြေတာ္အဆိုျပဳကမ္းလွမ္းခဲ့ၿပီးျဖစ္ပါတယ္။ အဆိုပါ အဆိုျပဳကမ္းလွမ္းခ်က္မ်ားအေၾကာင္း ေျပာျပေပးပါ။ ကမ္းလွမ္းခ်က္ေတြရဲ႕ အဓိပၸာယ္နဲ႔အႏွစ္သာရမ်ားက ဘာေတြပါလဲ။

          တပ္မေတာ္သည္ ၿငိမ္းခ်မ္းေရးကိုအလိုခ်င္ဆုံးအဖြဲ႕အစည္းပါ။ မၿငိမ္းခ်မ္းရင္ လက္နက္ကိုင္ပဋိပကၡေတြ ဆက္ျဖစ္ေနရင္ ကြၽန္ေတာ္တို႔ စစ္သည္ေတြပဲ အသက္၊ ခႏၶာေပးဆပ္ၿပီးတိုက္႐ိုက္ထိခိုက္ရတာပါ။ ဒါ့ေၾကာင့္ တပ္မေတာ္ဟာ ေခတ္အဆက္ဆက္၊ အစိုးရအဆက္ဆက္မွာ ၿငိမ္းခ်မ္းေရးရေအာင္ တက္တက္ ႂကြႂကြေဆာင္႐ြက္ခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၂၁ ရက္ေန႔ကေန ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ ၂၁ ရက္ေန႔အထိ ကြၽန္ေတာ္တို႔ ျမန္မာ့ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္သမိုင္းမွာ တစ္ခါမွမရွိဘူးတဲ့ “ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးနဲ႔ ထာဝရ ၿငိမ္းခ်မ္းေရးအတြက္ ထုတ္ျပန္ခ်က္” ေတြထုတ္ျပန္ၿပီး တစ္ဖက္သက္ ကြၽန္ေတာ္တို႔အပစ္အခတ္ရပ္စဲေပးခဲ့တယ္။ (၉) လ တာကာလပါ။ အဲဒီ ထုတ္ျပန္ခ်က္မွာ “တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားအေနျဖင့္ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာနႏွင့္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးအပါအဝင္ ၿငိမ္းခ်မ္းေရးဆိုင္ရာမ်ားကို ညႇိႏႈိင္းေဆြးေႏြးသြားရန္”လို႔ တိုက္တြန္းထားပါတယ္။ ဒါ့အျပင္ လိုအပ္လာရင္ တပ္မေတာ္နဲ႔တိုက္႐ိုက္ ေဆြးေႏြးႏိုင္ေရးအဖြဲ႕ဝင္ ၈ ဦးပါတဲ့ တပ္မေတာ္ညႇိႏႈိင္းေဆြးေႏြးေရးအဖြဲ႕ ကိုလည္း ဖြဲ႕ေပးခဲ့ပါတယ္။ အဓိကက ပစ္ခတ္တိုက္ခိုက္မႈေတြရပ္စဲၿပီး ယုံၾကည္မႈပိုမိုခိုင္မာလာေအာင္တည္ေဆာက္၊ သက္ဆိုင္ရာအဖြဲ႕ေတြနဲ႔ ေဆြးေႏြးၿပီးရင္ ၿငိမ္းခ်မ္းေရးကို လက္ေတြ႕အေကာင္အထည္ေဖာ္ႏိုင္ဖို႔ပါ။ ဒါေပမဲ့ ဒီလိုအခ်ိန္မွာ ၿငိမ္းခ်မ္းေရးအတြက္ လုပ္ေဆာင္ေနတာေတြ၊ ေဆြးေႏြး ေနတာေတြ၊ ညႇိႏႈိင္းေနတာေတြက အားမရစရာပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သက္ဆိုင္သူအားလုံး သတိထားႏိုင္ေအာင္ (၇) လ ျပည့္ခါနီးကာလ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ ၁ ရက္ေန႔မွာ တပ္မေတာ္က “ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးကာလ အတြင္း ၿငိမ္းခ်မ္းေရးလုပ္ငန္းရပ္မ်ား ထိေရာက္စြာေဆာင္႐ြက္ႏိုင္ေရး တိုက္တြန္းခ်က္”ကို သီးျခားထုတ္ျပန္တိုက္တြန္းခဲ့ပါတယ္။ ထပ္ၿပီး ၾသဂုတ္လ ၁၄ ရက္ေန႔မွာ “ပစ္ခတ္တိုက္ခိုက္မႈမ်ား ရပ္စဲေပးထားခ်ိန္တြင္ ထာဝရၿငိမ္းခ်မ္းေရးအတြက္ အခ်ိန္မဆိုင္းဘဲ ထိထိေရာက္ေရာက္ေဆြးေႏြး ညႇိႏႈိင္းေဆာင္႐ြက္ၾကေရးအသိေပးခ်က္” ကို ထပ္မံထုတ္ျပန္ခဲ့ပါတယ္။ ဒါေတြ ထုတ္ျပန္ရျခင္းက ၿငိမ္းခ်မ္းေရးအျပင္ ဒီမိုကေရစီစနစ္ရဲ႕အႏွစ္သာရျဖစ္တဲ့ ေဆြးေႏြးညႇိႏႈိင္းအေျဖရွာေရး၊ ႏိုင္ငံေရးသဟဇာတျဖစ္ေစေရးအတြက္ ေဆာင္႐ြက္ရျခင္းလည္းျဖစ္ပါတယ္။ ၿငိမ္းခ်မ္းေရးကိစၥေတြကို ဦးေဆာင္ ေဆာင္႐ြက္ေနတဲ့ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟို ဌာန (NRPC) အေနနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို အင္တိုက္အားတိုက္ ေဆာင္႐ြက္ႏိုင္ဖို႔၊ ပစ္ခတ္တိုက္ခိုက္မႈေတြရွိေနလို႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ လုပ္ရတာ ေႏွာင့္ေႏွးေနတယ္မျဖစ္ရေအာင္ ေဆာင္႐ြက္ေပးခဲ့ပါတယ္။ NRPC အေနနဲ႔ ဒါကိုအေကာင္အထည္မေဖာ္ႏိုင္ခဲ့ဘူးလို႔ ဆိုရမွာျဖစ္ပါတယ္။ လိုအပ္လို႔ ရွိရင္ တပ္ကညႇိႏႈိင္းေရးအဖြဲ႕ ဖြဲ႕စည္းေပးခဲ့တာကိုလည္း ထိထိေရာက္ေရာက္ မသုံးႏိုင္ခဲ့ပါဘူး။ ဒီအခ်ိန္မွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းအခ်ိဳ႕က အင္အားတိုးခ်ဲ႕တာေတြ၊ နယ္ေျမတိုးခ်ဲ႕တာေတြ၊ ျပည္သူလူထုအေပၚမွာ ဝန္ထုပ္ဝန္ပိုးျဖစ္ေစမယ့္လုပ္ရပ္ေတြလုပ္ေနတာကို စိတ္မေကာင္းဖြယ္ေတြ႕ ရတယ္။ အဓိကက ဆက္သြယ္ေရးလမ္းေၾကာင္းေပၚ ထိတက္လာၿပီး ဆက္ေၾကးေကာက္တာ၊ လမ္းတံတားေတြကို မိုင္းေထာင္၊ မိုင္းခြဲတာ၊ ၿမိဳ႕ျပ ေတြကို ပစ္ခတ္တာေတြထိ လုပ္လာတယ္။ ကြၽန္ေတာ္အေနနဲ႔ ၂၀၂၀ ျပည့္ႏွစ္မွာ ၿငိမ္းခ်မ္းေရးရေအာင္ လုပ္မယ္ဆိုတဲ့ သႏၷိ႒ာန္စကားေျပာခဲ့ပါတယ္။ ၿငိမ္းခ်မ္းေရးရရွိဖို႔ဟာ တိုင္းျပည္အတြက္အေရးႀကီးသလို တကယ္လည္းလိုခ်င္ ပါတယ္။ ဒါေပမဲ့ၿငိမ္းခ်မ္းေရးကတစ္ဖက္တည္းလုပ္လို႔မရပါဘူး။ သက္ဆိုင္သူေတြ အားလုံးပါမွ ရတာပါ။ ဒီေနရာမွာ ထပ္ေျပာခ်င္တာက ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ျခင္းနဲ႔ မူးယစ္ေဆးဝါးထုတ္လုပ္ျခင္း ဘယ္လိုမွမအပ္စပ္၊ မဆက္စပ္ပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ တပ္မေတာ္အေနနဲ႔ကေတာ့ လက္နက္ကိုင္ ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းေရး၊ တဒဂၤမဟုတ္တဲ့ ထာဝရၿငိမ္းခ်မ္းေရးရရွိေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိပါတယ္။

အေဆြေတာ္ရဲ႕ ပကတိလုပ္ေဆာင္ခ်က္ေတြအရေရာ တိုင္းရင္းသားအဖြဲ႕အစည္းမ်ား၏ ကိုယ္စားလွယ္မ်ားနဲ႔ ညႇိႏႈိင္းေဆြးေႏြးမႈေဆာင္႐ြက္စဥ္အတြင္းအေဆြေတာ္၏ ေျပာၾကားခ်က္အရေရာ၊ တိုင္းရင္းသားလူမ်ိဳးမ်ားအခ်င္းခ်င္း ဝိေရာဓိမျဖစ္၊ အျမင္ေတြကြဲျပားမႈမရွိဘဲ၊ ေအးခ်မ္းေပ်ာ္႐ႊင္သဟဇာတျဖစ္စြာ ေနထိုင္ႏိုင္ေရး အတြက္ ျမန္မာႏိုင္ငံကိုတစ္စုတစ္စည္းတည္းျဖစ္ေအာင္ အေဆြေတာ္ေဆာင္႐ြက္ ေနတာသိသာပါတယ္။ ဒါဟာမ်ိဳးခ်စ္စိတ္ရွိတဲ့ အေဆြေတာ္တို႔အတြက္ ျမင့္မားတဲ့ တာဝန္တစ္ရပ္ျဖစ္ပါတယ္။ ဒါဟာအေဆြေတာ္ရဲ႕ ခိုင္ၿမဲတဲ့ရပ္တည္ခ်က္ ျဖစ္ပါတယ္။ ႏွစ္ ၇၀ ေက်ာ္ ၾကာေညာင္းေနတဲ့ စစ္ပြဲပဋိပကၡေတြ အဆုံးသတ္ဖို႔၊ နယ္စပ္ေဒသ ေတြမွာ ၿငိမ္းခ်မ္းေရးတည္ေဆာက္ႏိုင္ဖို႔နဲ႔ လူမႈစီးပြားဖြံ႕ၿဖိဳးတိုးတက္ေစေရးကို အာမခံ ႏိုင္ဖို႔၊ ဖက္ဒရယ္မူမ်ားအသြင္ အျပည့္အဝေပါင္းစပ္ေဆာင္႐ြက္ႏိုင္ေရး ဘာေတြ လိုအပ္တယ္လို႔ အေဆြေတာ္ထင္ျမင္ယူဆပါသလဲ။

       ႏိုင္ငံတစ္ခုရပ္တည္ႏိုင္ဖို႔ ႏိုင္ငံရဲ႕ ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရးနဲ႔တရား စီရင္ေရး မဏၰိဳင္ႀကီးေတြ ေကာင္းမြန္စြာ လည္ပတ္ႏိုင္ဖို႔ အေျခခံဥပေဒက အဓိကပါပဲ။ တစ္နည္းအားျဖင့္ အေျခခံဥပေဒဆိုတာ ႏိုင္ငံေတာ္ကို အုပ္ခ်ဳပ္တဲ့ အစိုးရက သူ႔ကိုေ႐ြးခ်ယ္တင္ေျမႇာက္လိုက္တဲ့ ျပည္သူ႔အေပၚ သူဘယ္လိုအုပ္ခ်ဳပ္မယ္၊ ဘာေတြလိုက္နာမယ္ ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရးက႑အလိုက္ ဘယ္လိုက်င့္သုံးမယ္ဆိုတာေပးထားတဲ့ ကတိကဝတ္ေတြျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ ဖြဲ႕စည္းပုံအေျခခံ ဥပေဒမွာ ႏိုင္ငံသူ၊ ႏိုင္ငံသားအားလုံး၊ တိုင္းရင္းသားျပည္သူတစ္ရပ္လုံး အတြက္အခြင့္အေရးေတြ၊ ကတိကဝတ္ေတြကို အခန္း(၁)၊ ႏိုင္ငံေတာ္ အေျခခံမူမ်ားအခန္းနဲ႔ အခန္း(၈)၊ ႏိုင္ငံသား၊ ႏိုင္ငံသားမ်ား၏ မူလ အခြင့္အေရးႏွင့္ တာဝန္မ်ားအခန္းမွာ ျပည့္ျပည့္စုံစုံ ထည့္သြင္းေရးသား ျပ႒ာန္းထားပါတယ္။ ေျပာရရင္ ကမာၻ႔လူ႔အခြင့္အေရးေၾကညာစာတမ္း (Universal Declaration of Human Rights- UDHR)ပါ လူသားတိုင္း အတြက္ ရပိုင္ခြင့္စံခ်ိန္၊ စံၫႊန္းေတြထက္မေလ်ာ့ပါဘူး။ တိုင္းရင္းသား ကိစၥေတြနဲ႔ပတ္သက္ရင္လည္း အေျခခံဥပေဒျပ႒ာန္းခ်က္ ၂၂ မွာ တိုင္းရင္းသားေတြရဲ႕ စကား၊ စာေပ၊ အႏုပညာ၊ ယဥ္ေက်းမႈ၊ အခ်င္းခ်င္းစည္းလုံးညီၫြတ္ေရး၊ ခ်စ္ၾကည္ေလးစား ႐ိုင္းပင္းကူညီေရး၊ ပညာေရး၊ က်န္းမာေရး၊ စီးပြားေရး၊ လမ္းပန္းဆက္သြယ္ေရး၊ လူမႈစီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရးတို႔အတြက္ ႏိုင္ငံေတာ္က ကူညီေဆာင္႐ြက္ရမွာေတြကို ေဖာ္ျပထားပါတယ္။

     သို႔ေသာ္ ဒီလိုေဆာင္႐ြက္တဲ့ေနရာမွာ သက္ဆိုင္ရာ Respective ဧရိယာက ျပည္သူလူထုကလည္း ကိုယ္တိုင္ႀကိဳးစားမွ အရာေရာက္မွာ၊ အလုပ္ျဖစ္မွာျဖစ္ပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ ကြၽန္ေတာ္တို႔ႏိုင္ငံထဲက တိုင္းရင္းသားေဒသေတြ ေတာ္ေတာ္မ်ားမ်ားကို ေရာက္ဖူးပါတယ္။ သူတို႔နဲ႔ ရင္းရင္းႏွီးႏွီးအႀကိမ္ႀကိမ္ ေတြ႕ဆုံေဆြးေႏြးဖူးပါတယ္။ ဒီမွာ ကြၽန္ေတာ္ နားေထာင္ခဲ့ရတာေတြ၊ ေျပာခဲ့တာေတြအမ်ားႀကီးပါပဲ။ သို႔ေသာ္ အႏွစ္ခ်ဳပ္လိုက္ရင္ မိမိေဒသကေန ေဒသခံအသိပညာရွင္၊ အတတ္ပညာရွင္ေတြေပၚထြက္လာဖို႔၊ သူတို႔ကဦးေဆာင္ၿပီး ေဒသဖြံ႕ၿဖိဳးေရးကို လက္ေတြ႕က်က်လုပ္ေဆာင္ဖို႔၊ ေဒသအတြက္လုပ္ေဆာင္ႏိုင္တဲ့အလုပ္နဲ႔ အခြင့္အလမ္းေတြအေၾကာင္းပါပဲ။ အယူအဆကေတာ့ ရွင္းရွင္းေလးပါဗ်ာ။ အတန္းစာေမးပြဲေအာင္ခ်င္ရင္ နံပါတ္တစ္က ေက်ာင္းေနရမယ္။ နံပါတ္ႏွစ္က စာသင္ရမယ္။ နံပါတ္သုံးက စာေမးပြဲေျဖရမွာပဲေလဗ်ာ။ ေက်ာင္းမေနဘဲ၊ စာမသင္ဘဲ၊ စာေမးပြဲမေျဖဘဲ၊ အတန္းစာေမးပြဲ ေအာင္ခ်င္လို႔ ဘယ္လိုလုပ္ျဖစ္ႏိုင္မလဲဗ်ာ။ အားလုံးကပူးေပါင္းေဆာင္႐ြက္ရင္၊ လက္ေတြ႕က်က်ေဆာင္႐ြက္ရင္ ခင္ဗ်ားခုနေမးတဲ့ကိစၥေတြဟာ ျဖစ္လာမွာအမွန္ပါပဲ။   

ယခုႏွစ္ မတ္လအတြင္းက အၾကမ္းဖက္အဖြဲ႕အစည္းမ်ားအျဖစ္ အစိုးရက ေၾကညာထားတဲ့ ARSA နဲ႔ AA အဖြဲ႕ေတြရဲ႕လႈပ္ရွားမႈေတြဟာ မၾကာေသးမီ ႏွစ္ပိုင္း ေတြမွာ ႏိုင္ငံရဲ႕အေနာက္ပိုင္းမွာ ပိုမိုမ်ားျပားျပင္းထန္လာပါတယ္။ ၎တို႔ကို တိုက္ဖ်က္ဖို႔အတြက္ တပ္မေတာ္မွာ အဓိကတာဝန္ရွိလာပါတယ္။ အၾကမ္းဖက္ဝါဒ ကို တိုက္ဖ်က္ႏိုင္ဖို႔အတြက္ ဘာေတြလိုအပ္ပါသလဲ။

          အၾကမ္းဖက္ဝါဒဆိုတာ မေကာင္းဘူးဆိုတာ ျပည္သူေတြက ႏွစ္ႏွစ္ကာကာ သိလာဖို႔ လိုပါတယ္။အခ်ိဳ႕မီဒီယာေတြကလည္း ဒီအၾကမ္းဖက္မႈက်ဴးလြန္ ေနတဲ့အဖြဲ႕ေတြ၊ လူေတြ၊ အားေပးေနတဲ့ လူေတြကိုသိလ်က္နဲ႔ လူမ်ိဳးေရးကိစၥ လိုလိုပုံေဖာ္ၿပီး မႈိင္းတိုက္ေနတာေတြရွိပါတယ္။ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးအတြက္ သူတို႔ရဲ႕အရင္းအျမစ္၊ အေထာက္အပံ့ေတြကို ျဖတ္ေတာက္ပစ္ဖို႔လိုပါတယ္။ သူတို႔မွာအၾကမ္းဖက္မႈလုပ္ဖို႔ အၾကမ္းဖက္လိုတဲ့စိတ္ ဘယ္လိုပဲ ရွိရွိ လက္နက္မရွိရင္ လုပ္လို႔မရပါဘူး။ လက္နက္ဘယ္လိုပဲရွိရွိ ခဲယမ္းမရွိရင္ လုပ္လို႔မရပါဘူး။ ဒီလက္နက္၊ ခဲယမ္းေတြ၊ ပစၥည္းေတြ ဘယ္လိုရေနသလဲ။ ဒါေတြဝယ္ဖို႔ ေငြဘယ္ကရေနသလဲ။ ဒါေတြကို ဘယ္လိုနည္းနဲ႔ ရယူေနသလဲ။ ဒါကအေျဖပါပဲ။ သူတို႔အေနနဲ႔ ေငြကို ျပည္သူလူထုထံက အတင္းအဓမၼဆက္ေၾကးေကာက္ခံၿပီးစုေနတယ္။ ၿပီးရင္ အဓိကမူးယစ္ေဆးဝါးလုပ္ငန္းေတြကရေနတယ္။ မူးယစ္ေဆးဝါးသယ္ယူပို႔ေဆာင္၊ ေရာင္းခ်တဲ့လုပ္ငန္း ေတြကရေနတယ္။ ဒါ့အျပင္ သဘာဝသယံဇတေတြကို ခိုးထုတ္ေရာင္းခ်ျခင္းက ရေနတယ္။ ဒါ့ေၾကာင့္ တပ္မေတာ္အေနနဲ႔ တစ္မ်ိဳးသားလုံးရဲ႕ အႏၲရာယ္လည္းျဖစ္တဲ့ မူးယစ္ေဆးဝါးတိုက္ဖ်က္ႏွိမ္ႏွင္းေရးကို ႀကိဳးစားေဆာင္႐ြက္လ်က္ရွိတယ္။ ၂၀၁၉ ခုႏွစ္ နဲ႔ ၂၀၂၀ ျပည့္ႏွစ္အတြင္းမွာပဲ ကြၽန္ေတာ္တို႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက မူးယစ္ေဆးဝါး ျမန္မာက်ပ္ေငြ ၈၇၂.၂၁၆ ဘီလီယံ ေက်ာ္ဖိုး၊ အေမရိကန္ေဒၚလာ  ၆၃၆သန္းေက်ာ္ဖိုးကို ဖမ္းဆီးေဖာ္ထုတ္ ဖ်က္ဆီးႏိုင္ခဲ့တယ္။ ဒီမွာထပ္ၿပီးေျပာခ်င္တာကဒီမူးယစ္ေဆးဝါး၊ စိတ္ႂကြေဆးျပား (မက္သာဖက္တမင္း Methamphetamine) တို႔ (ICE) တို႔ကို ထုတ္လုပ္တဲ့ဓာတုပစၥည္းပရီကာဆာေတြနဲ႔ခ်က္လုပ္တဲ့ပစၥည္းေတြက ျမန္မာႏိုင္ငံမွာမထြက္ပါဘူး။ တျခားႏိုင္ငံကေနတင္သြင္းရတယ္။ သူတို႔ဘယ္လို တင္သြင္းေနသလဲ၊ ဘယ္လိုရယူေနသလဲ။ ဒီလမ္းေၾကာင္းေတြ ျဖတ္ေတာက္ပစ္ဖို႔ ႏိုင္ငံတကာပူးေပါင္းေဆာင္႐ြက္မႈလိုတယ္လို႔ ကြၽန္ေတာ္ေျပာရတာ ျဖစ္တယ္။ ဒါ့ေၾကာင့္ အၾကမ္းဖက္တိုက္ဖ်က္ေရးမွာ ဒီအဖြဲ႕တစ္ခုကိုပဲ ၾကည့္လို႔မရဘူး။ ေနာက္ကြယ္က ပံ့ပိုးေနတဲ့အေၾကာင္းတရားေတြ၊ အဖြဲ႕အစည္းေတြကိုလည္း ျမင္ေအာင္ၾကည့္ရမယ္။ ဒါေတြကို ႏိုင္ငံအားလုံးပူးေပါင္း ေဆာင္႐ြက္ တိုက္ဖ်က္ဖို႔ လိုပါတယ္။

လက္ရွိကာလမွာ အၾကမ္းဖက္ဝါဒဟာ တစ္ကမာၻလုံးအတိုင္းအတာအေနနဲ႔ ပ်ံ႕ႏွံ႔ေနတဲ့အတြက္ေၾကာင့္ ျမန္မာႏိုင္ငံအပါအဝင္ မည္သည့္ႏိုင္ငံကမွ သူ႔ႏိုင္ငံရဲ႕ လုံၿခဳံေရးကို သူကိုယ္တိုင္တစ္ႏိုင္ငံတည္းကေန ကာကြယ္ေပးႏိုင္ျခင္းမရွိၾကေတာ့ပါဘူး။ ႐ုရွားႏိုင္ငံအေနနဲ႔ ၂၀ ရာစုရဲ႕ ၁၉၉၀ ျပည့္ႏွစ္မ်ားအတြင္းမွာ အၾကမ္းဖက္ဝါဒတိုက္ဖ်က္ေရးနဲ႔ ခြဲထြက္ေရးသမားမ်ားကို ႏွိမ္ႏွင္းတဲ့စစ္ဆင္ေရးအေတြ႕အႀကဳံမ်ားစြာရွိပါတယ္။ ျမန္မာႏိုင္ငံအေပၚအၾကမ္းဖက္ဝါဒ ၿခိမ္းေျခာက္မႈကို ေျဖရွင္းေဆာင္႐ြက္ရန္အတြက္ အေဆြေတာ္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တစ္ေယာက္အေနနဲ႔ ႐ုရွားႏိုင္ငံႏွင့္ ဘယ္လိုအျပန္အလွန္ပူးေပါင္းေဆာင္႐ြက္တာမ်ိဳး ျမင္ခ်င္ပါ သလဲ။

          ႐ုရွားႏိုင္ငံဟာ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးနဲ႔ပတ္သက္ၿပီး အေတြ႕အႀကဳံေကာင္း ေတြရွိတယ္ဆိုတာ ကြၽန္ေတာ္သိပါတယ္။ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးနဲ႔ စစ္ဆင္ေရးမွာ “သတင္း” ရရွိဖို႔ လိုပါတယ္။ ဒီလို “သတင္း” ရရွိေရး၊ ရယူႏိုင္ေရးကိစၥမွာ ပူးေပါင္းေဆာင္႐ြက္ႏိုင္ရင္ေတာ့ အေကာင္းဆုံးပါပဲ။ ကြၽန္ေတာ္ ေျပာခဲ့သလို ဒီအၾကမ္းဖက္အဖြဲ႕အစည္းေတြဟာ ကြန္ရက္ေတြရွိပါတယ္။ ေနာက္ကြယ္မွာ ခ်ိတ္ဆက္မႈေတြရွိပါတယ္။ ဒါေတြဟာ အၾကမ္းဖက္ဝါဒရဲ႕ အရင္းျမစ္ေတြပါပဲ။ ဒါေတြကိုေဖာ္ထုတ္ႏိုင္ဖို႔၊ ထိထိေရာက္ေရာက္ေခ်မႈန္း ႏိုင္ဖို႔ သတင္းနဲ႔ပူးေပါင္းေဆာင္႐ြက္မႈေတြလိုတာကေတာ့အမွန္ပါပဲ။ အထူးသျဖင့္ နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ အိမ္နီးခ်င္းႏိုင္ငံမ်ားရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈ၊ မိတ္ေဆြႏိုင္ငံမ်ားရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈ၊ အၾကမ္းဖက္ဝါဒကို ကမာၻေပၚက ေပ်ာက္ကြယ္သြားေစလိုတဲ့ ႏိုင္ငံမ်ားနဲ႔ အဖြဲ႕အစည္းမ်ားရဲ႕ ပူးေပါင္းေဆာင္႐ြက္ မႈဟာ အၾကမ္းဖက္ဝါဒကို အျမစ္ျပတ္ေခ်မႈန္းႏိုင္ဖို႔ အေထာက္အပံ့ေကာင္း ေတြပဲျဖစ္ပါတယ္။

အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီကို ႏိုင္ငံေတာ္စီမံခန႔္ခြဲေရးအတြက္ အေရးပါတဲ့ အစိတ္အပိုင္းတစ္ရပ္အျဖစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ ထည့္သြင္းေရးဆြဲထားပါတယ္။ အဆိုပါေကာင္စီရဲ႕အဖြဲ႕ဝင္တစ္ဦးလည္းျဖစ္ပါတယ္။ အခ်ိဳ႕ေသာ ကိစၥရပ္ေတြဟာ ကြၽႏ္ုပ္တို႔အျမင္အရ အဆိုပါေကာင္စီမွာ ေဆြးေႏြးရမယ့္ကိစၥရပ္ေတြျဖစ္ေနေပမယ့္ ေကာင္စီမွာေဆြးေႏြးတာနဲ႔ပတ္သက္ၿပီး ဘာတစ္ခုမွ မၾကားမိေသးဘူး။ အမ်ိဳးသား ကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီအစည္းအေဝးေတြ လိုအပ္တယ္လို႔အေဆြေတာ္ ထင္ပါသလား။ အဆိုပါအစည္းအေဝးက အေျခအေနေတြတည္ၿငိမ္ေအာင္ေဆာင္႐ြက္ေရးနဲ႔ အၾကမ္းဖက္ဝါဒတိုက္ဖ်က္ေရးေတြအေထာက္အကူျဖစ္ေစႏိုင္တယ္လို႔ ထင္ပါသလား။

       ထင္ပါတယ္။ ကမာၻ႔ႏိုင္ငံေတြအားလုံးေလာက္နီးပါးမွာ ဒီ “ကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီ” ကို ဒီနာမည္နဲ႔ပဲျဖစ္ျဖစ္၊ အျခားနာမည္နဲ႔ပဲျဖစ္ျဖစ္ တစ္နည္းနည္းနဲ႔ ဖြဲ႕စည္းလုပ္ကိုင္ေဆာင္႐ြက္ေနတာပဲျဖစ္ပါတယ္။ ႏိုင္ငံေတာ္ ကာကြယ္ေရးနဲ႔ လုံၿခဳံေရးကိစၥေတြဟာ ႏိုင္ငံတစ္ခုရဲ႕ အသက္ဝိညာဥ္ေတြပဲ ျဖစ္ပါတယ္။ အသက္ဝိညာဥ္မရွိတဲ့လူကို လူလို႔ဆက္ၿပီးေခၚလို႔ရဦးမလား။ ဒီေလာက္အထိ အေရးႀကီးပါတယ္။ ကြၽန္ေတာ္မၾကာခဏေျပာခဲ့သလိုပါပဲ။ ဒီကိစၥေတြမွာ Sorry ဆိုတာမရွိပါဘူး။ Sorry ဆိုရင္ ႏိုင္ငံရဲ႕အခ်ဳပ္အျခာ အာဏာဆုံးရႈံးၿပီးျဖစ္ေနပါလိမ့္မယ္။ ဒါေတြကို သက္ဆိုင္ရာအဖြဲ႕အစည္းေတြ၊ လူပုဂၢိဳလ္ေတြနဲ႔ တိုင္ပင္ေဆြးေႏြးမႈေတြ၊ ညႇိႏႈိင္းမႈေတြ၊ သုံးသပ္မႈေတြမလုပ္ဘဲ၊ တစ္ဦးတည္းကဆုံးျဖတ္ေနတာ အႏၲရာယ္သိပ္ႀကီးပါတယ္။ ထိေရာက္တဲ့၊ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္၊ လုပ္ေဆာင္ခ်က္ေတြျဖစ္ဖို႔အလြန္ အလွမ္းေဝးလွ ပါတယ္။ ဒီအစည္းအေဝးေတြေခၚယူျခင္း၊ မေခၚယူျခင္းဟာေခၚယူလုပ္ေဆာင္ရန္ တာဝန္ရွိသူေတြရဲ႕အပိုင္းသာျဖစ္ၿပီး ကြၽန္ေတာ္တို႔က မိမိႏိုင္ငံ၊ မိမိလူမ်ိဳးရဲ႕ ကာကြယ္ေရးနဲ႔လုံၿခဳံေရးကိစၥေတြကို က်ယ္က်ယ္ျပန႔္ျပန႔္စဥ္းစားလုပ္ေဆာင္တာေတြ လုပ္ေဆာင္လ်က္ရွိပါတယ္။

ဇြန္လ ၂၄ ရက္ေန႔ ရင္ျပင္နီမွာ ျပဳလုပ္က်င္းပခဲ့တဲ့ ဆိုဗီယက္ျပည္သူလူထု၏ (၇၅) ႏွစ္ေျမာက္ မဟာမ်ိဳးခ်စ္စစ္ပြဲႀကီးေအာင္ပြဲ အထိမ္းအမွတ္စစ္ေရးျပအခမ္းအနားကို အေဆြေတာ္တက္ေရာက္ခဲ့ပါတယ္။ အေဆြေတာ္နဲ႔ အေဆြေတာ္ရဲ႕အဆင့္ျမင့္ ကိုယ္စားလွယ္အဖြဲ႕ဟာ ႐ုရွားျပည္သူမ်ားႏွင့္အတူ မွ်ေဝေအာင္ပြဲခံခဲ့ၾကတဲ့ သမိုင္းဝင္ ပထမဆုံး ျမန္မာဧည့္သည္ေတာ္ႀကီးမ်ား ျဖစ္ၾကတဲ့အတြက္ အရမ္းေက်နပ္မိပါတယ္။ အေဆြေတာ္ရဲ႕ ထင္ျမင္ယူဆခ်က္ေတြကို မွ်ေဝေပးပါအုံး။

       အင္မတန္ဂုဏ္ယူစရာေကာင္းတဲ့၊ ႀကီးက်ယ္လွတဲ့ အခမ္းအနားတစ္ခုပါပဲဗ်ာ။ COVID-19 ေၾကာင့္ ကန႔္သတ္ခ်က္ေတြ၊ စိတ္သြားတိုင္းကိုယ္မပါတာေတြ ရွိေပမယ့္ ႐ုရွားႏိုင္ငံရဲ႕ အမ်ိဳးသားေရးစိတ္ဓာတ္နဲ႔စည္းလုံးညီၫြတ္မႈကို ေဖာ္ျပႏိုင္တဲ့ အခမ္းအနားႀကီးပဲျဖစ္ပါတယ္။ ဒီေအာင္ပြဲဟာ ႐ုရွားျပည္သူ တစ္ရပ္လုံးရဲ႕ ေအာင္ပြဲပါ။ ဒီေနရာမွာ ႐ုရွားျပည္သူေတြေအာင္ပြဲခံခဲ့တာဟာ ႏိုင္ငံအေပၚေအာင္ပြဲခံခဲ့တာမဟုတ္ပါဘူး။ ဆိုး႐ြားလွတဲ့ ဖက္ဆစ္စနစ္၊ နာဇီစနစ္ အေပၚ ေအာင္ပြဲခံခဲ့တာပါ။ ဒီစနစ္ေတြကို တြန္းလွန္ဖယ္ရွားခဲ့တာျဖစ္ပါတယ္။ ဒါဟာ အဓိကအခ်က္ပါပဲ။ ယခင္အတိတ္က ဒီစနစ္၊ ဒီဝါဒေတြဟာ ကမာၻမွာ ကမာၻစစ္ (World War) ျဖစ္တဲ့အဆင့္အထိဆိုး႐ြားလွတဲ့စနစ္ေတြျဖစ္ပါတယ္။ ဒီေန႔ေခတ္မွာေတာ့ ကမာၻကိုညစ္ႏြမ္းေစတဲ့စနစ္ေတြ၊ ဝါဒေတြကဘာလဲ။ အၾကမ္းဖက္စနစ္ပါပဲ။ ဒါကို ကြၽန္ေတာ္တို႔ သတိရွိရပါမယ္။ ဒီအခ်ိန္မွာ ႐ုရွားဟာ ဒီဆိုး႐ြားလွတဲ့ စနစ္အေပၚေအာင္ပြဲခံႏိုင္ခဲ့ပါၿပီ။ ဒါ့ေၾကာင့္ ဒီ Victory  Day စစ္ေရးျပပြဲဟာ ႐ုရွားရဲ႕ႏိုင္ငံေတာ္ကာကြယ္ေရးစြမ္းပကားကို ျပသႏိုင္ခဲ့ ပါတယ္။ ဒီလိုပါပဲ။ ကမာၻ႔ႏိုင္ငံအသီးသီးမွာ တပ္မေတာ္ေန႔၊ လြတ္လပ္ေရးေန႔၊ အမ်ိဳးသားေန႔စစ္ေရးျပအခမ္းအနားေတြ ျပဳလုပ္ေနၾကပါတယ္။ ရည္႐ြယ္ခ်က္ ကေတာ့ မိမိႏိုင္ငံရဲ႕ ကာကြယ္ေရးစြမ္းပကားကိုျပသဖို႔၊ တိုင္းခ်စ္၊ ျပည္ခ်စ္၊ ႏိုင္ငံခ်စ္ စိတ္ဓာတ္ကိုျပသဖို႔၊ တပ္မေတာ္နဲ႔ျပည္သူ တစ္သားတည္းရွိၿပီး ႏိုင္ငံတြင္း စည္းလုံးညီၫြတ္မႈကိုျပသဖို႔ စတာေတြပဲျဖစ္ပါတယ္။

စစ္ေရးျပအခမ္းအနားတက္ေရာက္ရန္ ႐ုရွားႏိုင္ငံသို႔ လာေရာက္စဥ္အတြင္း ေမာ္စကိုၿမိဳ႕အနီး၊ မ်ိဳးခ်စ္ပန္းၿခံမွာရွိတဲ့ ႐ုရွားတပ္မေတာ္၏ ပင္မဘုရားေက်ာင္း ေဆာင္ႀကီးကို အေဆြေတာ္လည္ပတ္ခဲ့ပါတယ္။ ဘုရားေက်ာင္းဝန္းႀကီးအတြင္းမွာ မဟာမ်ိဳးခ်စ္စစ္ပြဲႀကီးအတြင္း က်ဆုံးသြားခဲ့ၾကသူေတြရဲ႕ အမွတ္တရဓာတ္ပုံျပခန္းကို အကြၽမ္းတဝင္ေလ့လာခြင့္ရရွိခဲ့ပါတယ္။ ဘုရားေက်ာင္းႀကီးနဲ႔ အမွတ္တရဓာတ္ပုံ ျပခန္းကို ၾကည့္ရႈေလ့လာေနတဲ့အခ်ိန္မွာ မည္သည့္ခံစားမႈမ်ိဳးကို အေဆြေတာ္ ရရွိခံစားရပါသလဲ။

            စစ္ပြဲဆိုတာပန္းနဲ႔ေပါက္တာမဟုတ္ပါဘူး။ လက္နက္၊ ခဲယမ္းမီးေက်ာက္ေတြနဲ႔ တိုက္ခိုက္တာျဖစ္ပါတယ္။ စစ္သည္ေတြ ႏိုင္ငံနဲ႔လူမ်ိဳးအတြက္ အသက္ေပးလႉဒါန္းခဲ့ၾကရတယ္။ အျပစ္မဲ့ျပည္သူေတြ ေသေက်ခဲ့ၾက ရတယ္။ တကယ္ကိုစိတ္မေကာင္းစရာပါ။ ဒါကိုသင္ခန္းစာရယူၾကရမွာပါ။ ဒီလိုက်ဴးေက်ာ္စစ္ေတြ၊ နယ္ခ်ဲ႕မႈေတြ၊ မတရားမႈေတြ ျဖစ္မလာေအာင္ တားဆီးၾကရမွာျဖစ္တယ္။ ဒီမ်ိဳးခ်စ္စစ္ပြဲႀကီးအတြင္း က်ဆုံးသြားရသူေတြအတြက္ တကယ္စိတ္မေကာင္းပါဘူး။ ႏိုင္ငံေတာ္ႏွင့္ျပည္သူလူထုအတြက္ တာဝန္ထမ္းေဆာင္ေနတဲ့ စစ္သားအခ်င္းခ်င္းရဲေဘာ္ရဲဘက္စိတ္ အျပည့္နဲ႔ဝမ္းနည္းပါတယ္။ ဒါေတြဟာ သင္ခန္းစာယူဖို႔အတြက္ပဲ ျဖစ္ပါေစလို႔ ဆုေတာင္းပါတယ္။

             ဒါ့အျပင္ ဒီလိုမ်ိဳးခ်စ္စစ္သည္ေတြ၊ ရဲေဘာ္ေတြအတြက္ အထိမ္းအမွတ္ေနရာေတြ ေဆာင္႐ြက္ေပးတာဟာ သူတို႔ကို ေလးစားရာ၊ အသိအမွတ္ ျပဳရာေရာက္သလို ႏိုင္ငံေတာ္နဲ႔တပ္မေတာ္အတြက္ ႏိုင္ငံ့ကာကြယ္ေရး ခြန္အားနဲ႔ တိုင္းခ်စ္ျပည္ခ်စ္စိတ္ကို လႈပ္ေဆာ္ေပးရာ၊ Motivate လုပ္ေပးရာေနရာလည္းျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာလည္း ဒီလိုႏိုင္ငံေတာ္၊ ျပည္သူနဲ႔ တပ္မေတာ္အတြက္ အသက္စြန႔္လြတ္ခဲ့ရသူေတြအတြက္ ယခင္က အညတရစစ္သည္မ်ားဗိမာန္ေဆာင္႐ြက္ခဲ့သလို ကြၽန္ေတာ္တပ္မေတာ္အႀကီးအကဲ တာဝန္ထမ္းေဆာင္ေနခ်ိန္ ၂၀၁၇-၂၀၁၈ ခုႏွစ္အတြင္းမွာ သူရဲေကာင္းစစ္သည္မ်ားဗိမာန္ကို ခမ္းခမ္းနားနား ေဆာက္လုပ္ေပးခဲ့ပါတယ္။ ဒီလိုႏိုင္ငံေတာ္နဲ႔ ျပည္သူ အတြက္ အသက္ကိုစြန႔္လြတ္အနစ္နာခံခဲ့သူေတြကို ကြၽန္ေတာ္တို႔ စစ္သည္ေတြကမွ မခ်ီးက်ဴးရင္ဘယ္သူကခ်ီးက်ဴးမွာလဲ။ သူတို႔ရဲ႕ ေက်းဇူးတရားကို ကြၽန္ေတာ္တို႔ကမွ မေဖာ္ထုတ္ရင္ ဘယ္သူက ေဖာ္ထုတ္မွာလဲ။ ဒါဟာ ဂုဏ္ယူစရာေကာင္းတဲ့လုပ္ရပ္၊ ဝင့္ႂကြားစရာ ေကာင္းတဲ့ေနရာျဖစ္ပါတယ္လို႔ ကြၽန္ေတာ္ေျပာလိုပါတယ္။

႐ုရွား-ျမန္မာစစ္ဘက္နဲ႔ စစ္ဘက္နည္းပညာပူးေပါင္းေဆာင္႐ြက္ေရးဟာ ႏွစ္ေပါင္း ၂၀ ေက်ာ္ၾကာဖြံ႕ၿဖိဳးတိုးတက္လ်က္ရွိေနၿပီး တက္တက္ႂကြႂကြနဲ႔ ေကာင္းမြန္တဲ့ အဆင့္တစ္ခုကို ေရာက္ရွိေနၿပီျဖစ္ပါတယ္။ မဟာဗ်ဴဟာေျမာက္ပူးေပါင္းေဆာင္႐ြက္တဲ့ အဆင့္ကိုေရာက္ရွိေနၿပီး ေ႐ြ႕လ်ားတိုးတက္ေနတဲ့အတြက္ အေဆြေတာ္ကို ေက်းဇူး တင္ရွိပါတယ္။ ႐ုရွား-ျမန္မာ ယခုကဲ့သို႔ပူးေပါင္းေဆာင္႐ြက္မႈရဲ႕ အလားအလာနဲ႔ ေမွ်ာ္လင့္ခ်က္ေတြက ဘာေတြပါလဲ။

          ႐ုရွားႏိုင္ငံရဲ႕နည္းပညာေတြဟာ ကမာၻမွာထိပ္တန္းအဆင့္ျဖစ္ပါတယ္။ နည္းပညာဟာ ႏိုင္ငံတစ္ခုကိုေကာင္းေသာ ေျပာင္းလဲတိုးတတ္မႈေတြျဖစ္ေစ ႏိုင္ပါတယ္။ ကမာၻရဲ႕ျဖတ္သန္းလာခဲ့ရတဲ့သမိုင္းေၾကာင္းကို ျပန္ၾကည့္ပါ။ ႐ုရွားရဲ႕ နည္းပညာေတြေၾကာင့္ ကမာၻ႔ရဲ႕ဟန္ခ်က္ကို ထိန္းထားႏိုင္တယ္လို႔ပဲ ေျပာလိုပါတယ္။ ဒါ့ေၾကာင့္လည္း ႐ုရွားရဲ႕နည္းပညာေတြကို ကမာၻ႔ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ လက္ေတြ႕အသုံးခ်ေနၾကပါတယ္။ နည္းပညာပိုင္းဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈ၊ ဖလွယ္မႈေတြဟာတိုင္းျပည္တိုးတက္ေရးအတြက္ ႀကီးမားတဲ့အေထာက္အပံ့ေတြျဖစ္ပါတယ္။ ျမန္မာ့တပ္မေတာ္အေနနဲ႔ တပ္မေတာ္အရာရွိမ်ားကို ႐ုရွားကအဆင့္ျမင့္နည္းပညာေတြ သင္ယူေစခဲ့ ပါတယ္။ လက္ရွိလည္းလုပ္ေဆာင္ေနဆဲပါ။ ႏိုင္ငံေတာ္နဲ႔တပ္မေတာ္အတြက္ လက္ေတြ႕အသုံးခ်လ်က္ရွိပါတယ္။ ဒါေတြဟာ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရး၊ ေဒသတြင္းဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္မ်ားစြာအေထာက္အကူျဖစ္မွာ ျဖစ္ပါတယ္။

ကမာၻ႔ႏိုင္ငံတကာဆက္ဆံေရးေတြဟာ ရႈပ္ေထြးတင္းမာေနတဲ့အဆင့္ကိုခ်င္းနင္း ဝင္ေရာက္ေနပါတယ္။ အေမရိကန္ျပည္ေထာင္စုက ဝင္႐ိုးတစ္ခုတည္းေသာ ကမာၻ  (Unipolar World) ကိုတည္ေဆာက္ေနၿပီး ႐ုရွားက ကမာၻတစ္ခုလုံးကိုအင္အားႀကီး ႏိုင္ငံတစ္ခုတည္းက လႊမ္းမိုးခ်ဳပ္ကိုင္တာကို ဆန႔္က်င္ေနပါတယ္။ ႐ုရွားႏိုင္ငံရဲ႕ ႏိုင္ငံျခားေရးမူဝါဒကို ဘယ္လိုထင္ျမင္ယူဆပါသလဲ။ အေရွ႕ေတာင္အာရွေဒသတြင္ အေမရိကန္၊ တ႐ုတ္၊ အိႏၵိယႏိုင္ငံေတြရဲ႕ ပထဝီႏိုင္ငံေရးအက်ိဳး စီးပြားအရ လမ္းဆုံ လမ္းခြမွာရွိေနတဲ့ ျမန္မာႏိုင္ငံကို ႐ုရွားရဲ႕ ႏိုင္ငံျခားေရးမူဝါဒအတြင္း ဘယ္ေနရာမွာ ရွိတယ္လို႔ ျမင္ပါသလဲ။

      ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ ႏိုင္ငံျခားေရးမူဝါဒက လြတ္လပ္၍တက္ႂကြၿပီး ဘက္မလိုက္ေသာႏိုင္ငံျခားေရးဝါဒပါ။ ကမာၻ႔ၿငိမ္းခ်မ္းေရးနဲ႔ ႏိုင္ငံအခ်င္းခ်င္း မိတ္ဝတ္မပ်က္ေပါင္းဖက္ဆက္ဆံေရးကို ေရွးရႈပါတယ္။ ႏိုင္ငံအခ်င္းခ်င္း ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ေရးမူကို ေစာင့္ထိန္းပါတယ္။ ကမာၻ႔ႏိုင္ငံ အားလုံးနဲ႔ သဟဇာတျဖစ္ဖို႔ ကြၽန္ေတာ္တို႔ႀကိဳးစားေနပါတယ္။ ဒါ့ေၾကာင့္ Unipolar ဆိုတဲ့ အယူအဆကို သေဘာမက်ပါဘူး။ ႐ုရွားနဲ႔ျမန္မာဟာ အခု ဆိုရင္ ဆက္ဆံေရးအေကာင္းဆုံးအေနအထားကို ေရာက္ရွိေနတယ္လို႔ ကြၽန္ေတာ္ျမင္ပါတယ္။ ဒါကို ကြၽန္ေတာ္တို႔ ဆက္လက္ထိန္းသိမ္းတိုးတက္ေအာင္ လုပ္သြားရပါမယ္။ ကြၽန္ေတာ္တို႔ရဲ႕ အိမ္နီးခ်င္းႏိုင္ငံ ႏွစ္ႏိုင္ငံျဖစ္တဲ့တ႐ုတ္နဲ႔ အိႏၵိယဟာ ေဒသတြင္းနဲ႔ကမာၻ႔အင္အားႀကီးႏိုင္ငံေတြျဖစ္ပါတယ္။ ၎ႏိုင္ငံမ်ား နဲ႔လည္း ေရွးယခင္ကတည္းက ႏွစ္ဦးသေဘာတူတန္ဖိုးထားလိုက္နာက်င့္သုံး ေနတဲ့ ၿငိမ္းခ်မ္းစြာအတူယွဥ္တြဲေနထိုင္ေရးမူႀကီး ၅ ရပ္နဲ႔အညီ ေနထိုင္လ်က္ရွိပါတယ္။

၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလမွာ လႊတ္ေတာ္ေ႐ြးေကာက္ပြဲေတြ ျမန္မာႏိုင္ငံမွာ က်င္းပပါေတာ့မယ္။ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ အေဆြေတာ္အေနနဲ႔ ၂၀၂၁-၂၀၂၆ ကာလ အစိုးရအဖြဲ႕ ဖြဲ႕စည္းေရးနဲ႔ ေခါင္းေဆာင္ပိုင္းေတြေ႐ြးခ်ယ္ေရးအတြက္ ပါဝင္ေဆာင္႐ြက္ ႏိုင္ခြင့္ အခြင့္အေရးရွိေနပါတယ္။ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ဒီမိုကေရစီေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္မ်ားအတိုင္း အေဆြေတာ္ပါဝင္ေဆာင္႐ြက္ႏိုင္ေျခရွိတယ္လို႔ ထင္ျမင္ယူဆပါတယ္။ အေဆြေတာ္ရဲ႕ အျမင္ေလးေျပာျပပါဦး။

          ေရွ႕မွာ ခင္ဗ်ားေမးခဲ့တဲ့ ေမးခြန္းေတြ ကြၽန္ေတာ္ေျဖခဲ့တဲ့အေျဖေတြနဲ႔ပဲ ဆက္စပ္ ေျဖဆိုလိုပါတယ္။ တိုင္းျပည္၊ ႏိုင္ငံတစ္ခုရဲ႕ ပထမဆုံးလိုအပ္ခ်က္က တည္ၿငိမ္ေအးခ်မ္းေရးပါပဲ။ တည္ၿငိမ္ေအးခ်မ္းမွ လြတ္လပ္ၿပီးတရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္မွာပါ။ ဒါမွလည္း ေ႐ြးေကာက္ပြဲဟာ အျပစ္အနာအဆာ ကင္းမွာပါ။ ျပည္သူ႔ဆႏၵကို အမွန္တကယ္ေဖာ္ျပႏိုင္မွာျဖစ္ပါတယ္။ ၂၀၁၀ ျပည့္ႏွစ္နဲ႔ ၂၀၁၅ ခုႏွစ္တို႔မွာ က်င္းပခဲ့တဲ့ေ႐ြးေကာက္ပြဲေတြမွာ အခက္အခဲအခ်ိဳ႕ရွိခဲ့ ပါတယ္။ ခု ၂၀၂၀  ေ႐ြးေကာက္ပြဲမွာ ဒီလိုအခက္အခဲအခ်ိဳ႕ေတာင္ မႀကဳံရဖို႔ လိုပါတယ္။ ဒါေတြကို ကြၽန္ေတာ္တို႔ႀကိဳးပမ္းေဆာင္႐ြက္ရပါလိမ့္မယ္။ ကြၽန္ေတာ့္ရဲ႕ ပါဝင္ေဆာင္႐ြက္ႏိုင္ခြင့္ေတြကေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ေလ့လာၾကည့္ရင္သိႏိုင္ပါတယ္။ ပထမဦးစြာေတာ့ အျပစ္အနာဆာ ကင္းတဲ့ေ႐ြေကာက္ပြဲ၊ ျပည္သူ႔ဆႏၵကို အမွန္ေဖာ္ထုတ္ႏိုင္တဲ့ေ႐ြးေကာက္ပြဲ၊ လြတ္လပ္ၿပီးတရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္ေအာင္ ကြၽန္ေတာ္တို႔ႀကိဳးစား ရပါဦးမယ္။ ေ႐ြးေကာက္ပြဲၿပီးမွသာ သက္ဆိုင္ရာ အဖြဲ႕အစည္းေတြ၊ ႏိုင္ငံေရး ပါတီေတြနဲ႔ ျပည္သူလူထုက ဆက္လက္ေဆာင္႐ြက္ပါလိမ့္မယ္။

အေဆြေတာ္အေနနဲ႔ ႐ုရွားႏိုင္ငံကို မၾကာမၾကာေရာက္ရွိပါတယ္။ ၂၀၁၉ ခုႏွစ္မွာ Ulan-Ude ကေန ဘိုက္ကယ္ေရကန္ႀကီးတစ္ေလွ်ာက္ Irkutsk အထိ ရထားနဲ႔ သြားလာ ခဲ့ပါတယ္။ Omsk ၊ စိန႔္ပီတာစဘတ္၊ Murom ၊ ဆီဗက္စတိုပိုလ္ၿမိဳ႕မ်ားကိုလည္း ေရာက္ရွိလည္ပတ္ခဲ့ပါတယ္။ ကြၽႏ္ုပ္တို႔ႏိုင္ငံနဲ႔ပတ္သက္ၿပီး သေဘာက်ႏွစ္သက္တာေလး ေတြကို ေျပာျပေပးပါဦး။

          ႐ုရွားႏိုင္ငံဟာ ႀကီးမားက်ယ္ဝန္းတဲ့ႏိုင္ငံတစ္ခုပါ။ ႏိုင္ငံရဲ႕အေရွ႕က ေနထြက္ ေနခ်ိန္မွာ ႏိုင္ငံရဲ႕အေနာက္မွာ ေနမဝင္ေသးပါဘူး။ ထူးျခားတဲ့ရာသီဥတု၊ ထူးျခားတဲ့ေရေျမေတြရွိတဲ့ႏိုင္ငံပါ။ ႐ုရွားရဲ႕ၿမိဳ႕ျပလူေနမႈစနစ္ကေန ေက်းလက္ လူေနမႈစနစ္အထိ ကြၽန္ေတာ္ေလ့လာခြင့္ရရွိခဲ့ပါတယ္။ ထူးျခားမႈေတြလည္း ေတြ႕ရပါတယ္။ ဒါေတြက အလြန္ႏွစ္သက္သေဘာက်ဖြယ္အေတြ႕အႀကဳံေတြပဲ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ႏွစ္ႏိုင္ငံလုံးဟာ ဘုရင္စနစ္က်င့္သုံးရာမွာ ကာလ အတူတူပါပဲ။ ဒါေပမယ့္ ႐ုရွားဟာ ၁၉၁၀ ျပည့္ႏွစ္မွာ ဆိုရွယ္လစ္စနစ္ ကူးေျပာင္းခဲ့ေတာ့ ကြၽန္ေတာ္တို႔က လြတ္လပ္ေရးဆုံးရႈံးခဲ့ၿပီး တိုင္းတစ္ပါး လက္ေအာက္ခံႏိုင္ငံအျဖစ္ ႐ုန္းကန္ေနရဆဲႏိုင္ငံျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ ၁၉၄၈ ခုႏွစ္မွာ လြတ္လပ္ေရးရၿပီး ပါလီမန္ဒီမိုကေရစီစနစ္က်င့္သုံးခဲ့ေပမယ့္ ၁၉၇၄ ခုႏွစ္မွာ ဆိုရွယ္လစ္စနစ္ကိုက်င့္သုံးခဲ့ရတယ္။ ၂၀၁၀ ျပည့္ႏွစ္မွာ ပါတီစုံဒီမိုကေရစီစနစ္ကို က်င့္သုံးခဲ့ရပါတယ္။ ႐ုရွားႏိုင္ငံကေတာ့ ၁၉၉၀ ျပည့္ႏွစ္ဝန္းက်င္မွာ ပါတီစုံဒီမိုကေရစီစနစ္စတင္က်င့္သုံးေနပါၿပီ။ ကြၽန္ေတာ္တို႔ ထက္ေစာပါတယ္။ ကြၽန္ေတာ္ျမင္တာကျဖစ္စဥ္နဲ႔၊ အခ်ိန္ကာလ မတူေပမယ့္ သမိုင္းေၾကာင္းကေတာ့အတူတူပါပဲ။ ဒါေတြဟာ ကြၽန္ေတာ္ ဒီႏိုင္ငံအေပၚ ႏွစ္သက္သေဘာက်မိတာေတြျဖစ္ပါတယ္။ ဒါ့အျပင္ ကြၽန္ေတာ့္အေနနဲ႔ ဗုဒၶ ဘာသာဝင္တစ္ဦးပီပီ ၿငိမ္းခ်မ္းေနတာ၊ တည္ၿငိမ္ေနတာကို သေဘာက် ပါတယ္။ ဒီႏိုင္ငံမွာ ဒီလိုၿငိမ္းခ်မ္းေနတာေတြ႕ရေတာ့သေဘာက်ပါတယ္။

အေဆြေတာ္သိရွိတဲ့အတိုင္းပါပဲ။ ဇူလိုင္လ ၁ ရက္ေန႔၊ ႐ုရွားႏိုင္ငံမွာ အေျခခံ ဥပေဒျပင္ဆင္ေရးနဲ႔ပတ္သက္ၿပီး ဆႏၵမဲေပးပြဲျပဳလုပ္ခဲ့ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာ အေျခခံအုတ္ျမစ္မ်ားကို ထိန္းသိမ္းကာကြယ္ရေသာ တပ္မေတာ္ကို ဦးေဆာင္ေနရတဲ့ အေဆြေတာ္အေနနဲ႔ ဖြဲ႕စည္းပုံအေျခခံဥပေဒရဲ႕ အေရးပါပုံနဲ႔ တန္ဖိုးကို သိရွိနားလည္ပါလိမ့္မယ္။ ယခုလိုကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ ခက္ခဲတဲ့ အေျခအေနမွာ ျပဳလုပ္က်င္းပခဲ့တဲ့ ဆႏၵမဲေပးပြဲအေပၚ အေဆြေတာ္မည္ကဲ့သို႔ အကဲျဖတ္ခ်င္ပါလဲ။

           ဒီမွာလည္း ႐ုရွားနဲ႔ျမန္မာက လာၿပီးတူေနတာေတြရွိျပန္ေရာဗ်။ ကြၽန္ေတာ္တို႔ ႏိုင္ငံရဲ႕ ဖြဲ႕စည္းပုံအေျခခံဥပေဒအတည္ျပဳျပ႒ာန္းဖို႔လုပ္ေနတဲ့ ၂၀၀၈ ခုႏွစ္မွာ ျမန္မာမွာလည္း ႀကီးမားလွတဲ့သဘာဝေဘးဒဏ္တစ္ခု၊ နာဂစ္ဆိုင္ကလုံးတိုက္ခိုက္ ခဲ့တယ္။ ပ်က္စီးဆုံးရႈံးမႈမ်ားပါတယ္။ သို႔ေသာ္ အေျခခံဥပေဒဆိုတာ တိုင္းျပည္ရဲ႕ အသက္ဝိညာဥ္ပဲျဖစ္တယ္။ သဘာဝေဘးဒဏ္သင့္တဲ့ေဒသေတြကို ခ်န္လွပ္ၿပီး တစ္တိုင္းျပည္လုံးမွာ ျပည္လုံးကြၽတ္ဆႏၵခံယူပြဲလုပ္ခဲ့ရတယ္။ ေနာက္ႏွစ္ပတ္အၾကာမွာ သဘာဝေဘးဒဏ္သင့္ခဲ့ရတဲ့ေဒသေတြမွာ ဆက္ၿပီး ဆႏၵခံယူပြဲလုပ္ခဲ့ရပါတယ္။ ျပည္သူေတြက ႏိုင္ငံတစ္ခုအတြက္အေျခခံဥပေဒက ဘယ္ေလာက္အေရးႀကီးေၾကာင္း သိၾကပါတယ္။ ဒါ့ေၾကာင့္အေလးထားၾက ပါတယ္။ ႏိုင္ငံတိုင္းမွာဥပေဒဟာ ေခတ္စနစ္နဲ႔အညီျပဳျပင္ဖို႔လိုအပ္ေနမွာ ျဖစ္ပါတယ္။ ၿပီးျပည့္စုံတဲ့ဥပေဒဆိုတာမရွိပါဘူး။ ဒါ့ေၾကာင့္ျပင္တာပဲျဖစ္ ပါတယ္။ မိမိႏိုင္ငံရဲ႕ အမ်ိဳးသားအက်ိဳးစီးပြားအတြက္ ျပင္တာကို ျပည္သူတိုင္းက လက္ခံမွာ၊ သေဘာေပါက္နားလည္မွာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာလည္း ၂၀၀၈ ခုႏွစ္ အတည္ျပဳျပ႒ာန္းခဲ့တဲ့အေျခခံဥပေဒမွာ လိုအပ္ခ်က္ရွိေနမွာပါ။ ဒါကို ျပည္သူ႔အက်ိဳး၊ အမ်ိဳးသားအက်ိဳးစီးပြားနဲ႔အညီျပဳျပင္ရဦးမွာ ျဖစ္ပါတယ္။ COVID-19 ေရာဂါျဖစ္ပြားေနဆဲအခ်ိန္၊ အဲဒီအခ်ိန္ကစာရင္းဇယားေတြအရ ႐ုရွားမွာ လူဦးေရ ၆ သိန္းခြဲ ေလာက္ေရာဂါျဖစ္ပြားေနတယ္လို႔သိရပါတယ္။ အေျခခံဥေပေဒသည္ တိုင္းျပည္အတြက္၊ ႏိုင္ငံအတြက္အေရးႀကီးေၾကာင္း ႐ုရွားျပည္သူတစ္ရပ္လုံးက သိတဲ့အတြက္ ဒါကိုႀကံ့ႀကံ့ခံၿပီးဆႏၵျပဳခဲ့ၾက ပါတယ္။ ႀကံ့ခိုင္တဲ့စိတ္ဓာတ္၊ႏိုင္ငံ့အက်ိဳးလိုလားတဲ့စိတ္ဓာတ္ေတြနဲ႔ ဆႏၵျပဳ အဆုံးအျဖတ္ေပးခဲ့တဲ့ ႐ုရွားျပည္သူေတြရဲ႕စိတ္ဓာတ္ကို ခ်ီးက်ဴးဂုဏ္ျပဳပါေၾကာင္း ေျပာလိုပါတယ္။

 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။