တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုးကန့်နှင့် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ ၍ COVID -19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများပေးအပ်

နေပြည်တော်၊ စက်တင်ဘာ – ၁၈

မြန်မာနိုင်ငံ၏ အရိပ်အာဝါသအောက်တွင်နေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကိုများ ဖြစ်သည့်အတွက် အချင်းချင်းလက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေပါက တိုင်းပြည်အတွက် ဆုံးရှုံးနစ်နာခြင်းကိုသာဖြစ်ပေါ်စေနိုင်သဖြင့် ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မဖြစ်နိုင်သည့် နိုင်ငံရေးတောင်းဆိုမှုများကို မလုပ်ဆောင်ကြစေလိုဘဲ တိုင်းပြည်အတွက် ရေရှည်အကျိုးကိုကြည့်ကာ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် မည်သို့ပါဝင်လျှောက်လှမ်းမည်ကို စဉ်းစားကြစေလိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် ကိုးကန့်နှင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား တိုင်းစစ်ဌာနချုပ် ခန်းမတွင်တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဒေသဦးစီးဥက္ကဌ ဦးကျောက်တယ်ချန်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဒေသဦးစီးအဖွဲ့ဝင် ဦးသိန်းဇော်၊ ပလောင်တိုင်းရင်းသားခေါင်းဆောင် ဦးအိုက်မုန်း၊ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးစိုင်းစံညွန့်၊ မုံးဝန်း(ဗမာ)တိုင်းရင်းသားခေါင်းဆောင် ဦးမြင့်လွင်၊ ကချင်တိုင်းရင်းသားခေါင်းဆောင်များဖြစ်ကြသည့် ဦးနော်လီ၊ ဦးဒီးခွန်၊ ဦးဇုန်ခေါ၊ ခိုလုံလီရှော တိုင်းရင်းသားခေါင်းဆောင် ဦးကျော်မြင့်၊ ဆင်ကြော့၊ မန်ပန်၊ ကွတ်ခိုင်၊ တာမိုးညဲ၊ ပိန်းဆာ၊ နမ္မဘောဒ၊ လားရှိုးကြီးတို့မှ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကွတ်ခိုင်မြို့နယ်၊ ကောင်းခါး ကျေးရွာအုပ်စု၊ လွယ်ခန်ကျေးရွာအနီးတစ်ဝိုက်၌ မူးယစ်ဆေးဝါး၊ ဓာတုပစ္စည်းများနှင့် လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည့်အတွက် စွမ်းစွမ်း တမံဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြင့်ငွေများပေးအပ်ရန် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသသို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် (တောင်ပိုင်း)ဒေသများသို့လည်း သွားရောက်၍ မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းနိုင်ခဲ့သည့်အတွက် ဂုဏ်ပြုစကားများပြောကြားခဲ့ကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)သည် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ နာမည်ကြီးပြီး ရှေးယခင်ကတည်းကပင် မိုးဟိန်းစစ်ဆင်ရေးကဲ့သို့သော ဘိန်းစစ်ဆင်ရေးများကို ဆောင်ရွက်ခဲ့ရကြောင်း၊ နိုင်ငံတကာတွင်လည်း မူးယစ်ဆေးဝါးကိုလက်မခံဘဲ မူးယစ်ဆေးဝါးနှင့် ပတ်သက်လာပါက မိမိတို့နိုင်ငံကိုပြောဆိုမှုများရှိနေကြောင်း၊ မိမိတို့နိုင်ငံတွင်မှ သံလွင်မြစ်အရှေ့ဘက်ခြမ်းရှိ လာအို၊ မြန်မာ၊ ထိုင်း ဆက်စပ်နေသည့် ရွှေတြိဂံဒေသကို ပိုမိုပြောဆိုလျက်ရှိကြောင်း၊ ယခုကဲ့သို့ မူးယစ်ဆေးဝါးအမြောက်အမြားဖော်ထုတ်ရရှိသည့်အတွက် ဝမ်းသာမိသော်လည်း မြန်မာနိုင်ငံတွင်း၌ မူးယစ်ဆေးဝါးကင်းစင်မှုမရှိသေးသည်ကို ဖော်ပြသကဲ့သို့ ဖြစ်နေပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၌ မူးယစ်ဆေးဝါးကင်းစင်ပပျောက်စေရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် လက်ရှိအချိန်တွင် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက်ရှိပြီး လက်နက်ကိုင်၍အခွင့်အရေးတောင်းဆိုမှုများသည် တိုင်းပြည်အတွက် ဆုံးရှုံးမှုများကိုဖြစ်ပေါ်စေနိုင်သောကြောင့် ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်များထုတ်ပြန်ကာ နိုင်ငံတော်မှအကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးထားသော်လည်း အချို့သောလက်နက်ကိုင်အဖွဲ့အစည်းများသည် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိလာခြင်းမရှိသေးကြောင်း၊ ထပ်မံ၍လည်း ယခုနှစ် စက်တင်ဘာလ ၃၀ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုများကိုရပ်စဲပေးထားသဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများကို ထိထိရောက်ရောက် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပထမအကြိမ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ထုတ်ပြန်စဉ်ကပင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) နှင့် တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့တို့နှင့် ဆွေးနွေးရန် တိုက်တွန်းထားကြောင်း၊ ငြိမ်းချမ်းမှုမရှိပါက ပါတီစုံဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းမှုတွင် အခက်အခဲများဖြစ်ပေါ်မည်ဖြစ်ပြီး လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲဖြစ်ရန် ခက်ခဲမည်ဖြစ်ကြောင်း။

ပညာရေးနှင့်ပတ်သက်၍ ဒေသအတွက်၊ တိုင်းပြည်အတွက်လိုအပ်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များပေါ်ထွက်လာအောင် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ အနာဂတ်လူငယ်လူရွယ်များကို မြေတောင်မြှောက်ပေးကြရမည်ဖြစ်ကြောင်း၊ ပညာတတ်များဖြစ်စေရေး အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရမည်ဖြစ်ပြီး ကောင်းမွန်သည့် လက်ဆင့်ကမ်းအမွေများကို ပေးနိုင်ရမည်ဖြစ်ကြောင်း။

ထိုသို့စာပေသင်ကြားနိုင်ရေးအတွက် ကျန်းမာရေးကောင်းမွန်ရန်လိုအပ်မည်ဖြစ်သဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်နေထိုင်မှုစနစ်ရှိရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပတ်ဝန်းကျင်ကောင်းများကိုလည်း ဖန်တီးပေးနိုင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌ ငြိမ်းချမ်းသောနယ်မြေများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။

ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသသည် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန် ရေခံမြေခံနှင့် အခြေအနေကောင်းများရှိပြီးဖြစ်သဖြင့် အရည်အသွေးမြင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသခံအများစုသည် စိုက်ပျိုးမွေးမြူရေးနှင့် ဥယျာဉ်ခြံမြေစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသူများဖြစ်သည့်အတွက် ထိုလုပ်ငန်းများကို နည်းပညာမြင့်မားစွာဖြင့် ဆောင်ရွက်နိုင်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ တိုင်းစစ်ဌာနချုပ်တွင် စနစ်တကျဆောင်ရွက်ထားရှိသဖြင့် လေ့လာနိုင်မည်ဖြစ်ပြီး တိုင်းရင်းသားအဖွဲ့များ၏ နယ်မြေများတွင် ဆောင်ရွက်လိုပါကလည်း တပ်မတော်မှလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဆောင်ရွက်ရာတွင်လည်း သစ်ပင်များအများအပြားရှင်းလင်းရပြီး သစ်တောထိန်းသိမ်းမှုကို ထိခိုက်စေသည့် စိုက်ပျိုးမှုများကို ရှောင်ကျဉ်ကာ အကျိုးအမြတ်များပြားစေသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်စေလိုကြောင်း၊ ဒေသကိုထိခိုက်စေမည့် လုပ်ငန်းများကို မလုပ်ကိုင်ကြစေလိုဘဲ သမ္မာအာဇီဝကျစွာဖြင့် အကျိုး ရှိမည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ကြစေလိုကြောင်း။

COVID – 19 ရောဂါနှင့်ပတ်သက်၍ ယနေ့နံနက်ပိုင်းအထိ တစ်ကမ္ဘာလုံးတွင် ကူးစက်ခံရသူ သန်း ၃၀ ကျော်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံတွင် ကူးစက်ခံရသူ ၄ ထောင်ကျော် ရှိပြီဖြစ်ကြောင်း၊ နေ့စဉ် ရာနှင့်ချီ၍ ကူးစက်လျက်ရှိပြီး သေဆုံးသူများလည်းရှိကြောင်း၊ COVID – 19 ရောဂါပိုးသည် မမြင်ရ၊ မကြားရ၊ အနံ့ခံ၍ မရသည့်အတွက် တိုက်တွန်းချက် သတ်မှတ်ချက်များကို လိုက်နာကြရန်လိုကြောင်း၊ စည်းကမ်းစနစ်တကျဖြင့် နေထိုင်ခြင်း ဖြင့်သာ မိမိကိုယ်ကိုယ် ကာကွယ်ကြရမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် တိုင်းရင်းသားခေါင်းဆောင်များနှင့် အဖွဲ့ဝင် များက ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ လိုအပ်ချက်များကို တင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က COVID – 19ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ဆိုင်ရာ အထောက်အကူပြုပစ္စည်းများဖြစ်သည့် Surgical Mask ၂၀ဝ၀ဝ ခု၊ N95 Mask ၅၀ဝ ခု၊ Face Shield ၂၅၀ ခု၊ Sodium Hypochloride (25L) ၆ ပုံး၊ Examination Glove ၁၀ဝ၀ ခု၊ Hand Gel ၁၅၀ ဘူး၊ Hand Sanitizer ၁၅၀ ဘူး၊ Personal Protective Equipment(PPE) ဝတ်စုံ ၃၀ဝ စုံနှင့် စားသောက်ဖွယ်ရာများ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကိုပေးအပ်ရာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဒေသဦးစီးဥက္ကဌ ဦးကျောက်တယ်ချန်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အလုပ်အမှုဆောင် ဦးဝေဆန်းနှင့် ဦးခင်မောင်လွင် တို့က အသီးသီးလက်ခံကြသည်။

ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ စစ်ရေး ချုပ်နှင့် စစ်ထောက်ချုပ်တို့က COVID – 19 ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန် ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများကို ပေးအပ်ကြရာ ပလောင်တိုင်းရင်းသား ခေါင်းဆောင် ဦးအိုက်မုန်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖွဲ့ဝင် ဦးသိန်းဇော်၊ ဆင်ကြော့ပြည်သူ့စစ်(ဌာနေ)အဖွဲ့ခေါင်းဆောင် ဦးလွယ်မောဝ်၊ ပလောင်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ အဖွဲ့ဝင် ဦးအိုက်ခ၊ ကွတ်ခိုင်မြို့မပြည်သူ့စစ်(ဌာနေ)အဖွဲ့ခေါင်းဆောင် ဦးခွန်ဖုန်း၊ မန်ပန်ပြည်သူ့စစ်(ဌာနေ)အဖွဲ့ခေါင်းဆောင်) ဦးစိုင်းမွန်းတို့က အသီးသီး လက်ခံရယူခဲ့ကြသည်။

 

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ကိုးကန့်နှင့် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင် များ၊ ဒေသခံတိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ကိုးကန္႔ႏွင့္ ပေလာင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕ဝင္မ်ား၊ ေဒသခံတိုင္းရင္းသားေခါင္းေဆာင္မ်ားႏွင့္ ျပည္သူ႔စစ္(ဌာေန)အဖြဲ႕ဝင္မ်ားအား ေတြ႕ဆုံ ၍ COVID -19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ ကုသေရးဆိုင္ရာ အေထာက္အကူျပဳပစၥည္းမ်ားေပးအပ္

ေနျပည္ေတာ္၊ စက္တင္ဘာ – ၁၈

ျမန္မာႏိုင္ငံ၏ အရိပ္အာဝါသေအာက္တြင္ေနထိုင္ၾကသည့္ တိုင္းရင္းသားညီအစ္ကိုမ်ား ျဖစ္သည့္အတြက္ အခ်င္းခ်င္းလက္နက္ကိုင္ပဋိပကၡမ်ားျဖစ္ပြားေနပါက တိုင္းျပည္အတြက္ ဆုံးရႈံးနစ္နာျခင္းကိုသာျဖစ္ေပၚေစႏိုင္သျဖင့္ ၿငိမ္းခ်မ္းေရးရရွိေအာင္ ႀကိဳးပမ္းေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ မျဖစ္ႏိုင္သည့္ ႏိုင္ငံေရးေတာင္းဆိုမႈမ်ားကို မလုပ္ေဆာင္ၾကေစလိုဘဲ တိုင္းျပည္အတြက္ ေရရွည္အက်ိဳးကိုၾကည့္ကာ ဒီမိုကေရစီလမ္းေၾကာင္းေပၚတြင္ မည္သို႔ပါဝင္ေလွ်ာက္လွမ္းမည္ကို စဥ္းစားၾကေစလိုေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယေန႔မြန္းလြဲပိုင္းတြင္ ကိုးကန္႔ႏွင့္ ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕ဝင္မ်ား၊ ေဒသခံတိုင္းရင္းသားေခါင္းေဆာင္မ်ားႏွင့္ ျပည္သူ႔စစ္(ဌာေန) အဖြဲ႕ဝင္မ်ားအား တိုင္းစစ္ဌာနခ်ဳပ္ ခန္းမတြင္ေတြ႕ဆုံစဥ္ ထည့္သြင္းေျပာၾကားသည္။

အဆိုပါ ေတြ႕ဆုံပြဲသို႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ေအာင္ေဇာ္ေအး၊ ကိုးကန္႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမွ ေဒသဦးစီးဥကၠဌ ဦးေက်ာက္တယ္ခ်န္း၊ ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမွ ေဒသဦးစီးအဖြဲ႕ဝင္ ဦးသိန္းေဇာ္၊ ပေလာင္တိုင္းရင္းသားေခါင္းေဆာင္ ဦးအိုက္မုန္း၊ ရွမ္းတိုင္းရင္းသား ေခါင္းေဆာင္ ဦးစိုင္းစံၫြန္႔၊ မုံးဝန္း(ဗမာ)တိုင္းရင္းသားေခါင္းေဆာင္ ဦးျမင့္လြင္၊ ကခ်င္တိုင္းရင္းသားေခါင္းေဆာင္မ်ားျဖစ္ၾကသည့္ ဦးေနာ္လီ၊ ဦးဒီးခြန္၊ ဦးဇုန္ေခါ၊ ခိုလုံလီေရွာ တိုင္းရင္းသားေခါင္းေဆာင္ ဦးေက်ာ္ျမင့္၊ ဆင္ေၾကာ့၊ မန္ပန္၊ ကြတ္ခိုင္၊ တာမိုးညဲ၊ ပိန္းဆာ၊ နမၼေဘာဒ၊ လားရႈိးႀကီးတို႔မွ ျပည္သူ႔စစ္အဖြဲ႕ေခါင္းေဆာင္မ်ားႏွင့္ အဖြဲ႕ဝင္မ်ား တက္ေရာက္ၾကသည္။

ထိုသို႔ ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ကြတ္ခိုင္ၿမိဳ႕နယ္၊ ေကာင္းခါး ေက်း႐ြာအုပ္စု၊ လြယ္ခန္ေက်း႐ြာအနီးတစ္ဝိုက္၌ မူးယစ္ေဆးဝါး၊ ဓာတုပစၥည္းမ်ားႏွင့္ လက္နက္ခဲယမ္းဆက္စပ္ပစၥည္းမ်ား သိမ္းဆည္းရမိခဲ့သည့္အတြက္ စြမ္းစြမ္း တမံေဆာင္႐ြက္ခဲ့သည့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားအား ဂုဏ္ျပဳခ်ီးျမင့္ေငြမ်ားေပးအပ္ရန္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေဒသသို႔ လာေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) ႏွင့္ (ေတာင္ပိုင္း)ေဒသမ်ားသို႔လည္း သြားေရာက္၍ မူးယစ္ေဆးဝါးတား ဆီးႏွိမ္နင္းႏိုင္ခဲ့သည့္အတြက္ ဂုဏ္ျပဳစကားမ်ားေျပာၾကားခဲ့ေၾကာင္း၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)သည္ မူးယစ္ေဆးဝါးႏွင့္ ပတ္သက္၍ နာမည္ႀကီးၿပီး ေရွးယခင္ကတည္းကပင္ မိုးဟိန္းစစ္ဆင္ေရးကဲ့သို႔ေသာ ဘိန္းစစ္ဆင္ေရးမ်ားကို ေဆာင္႐ြက္ခဲ့ရေၾကာင္း၊ ႏိုင္ငံတကာတြင္လည္း မူးယစ္ေဆးဝါးကိုလက္မခံဘဲ မူးယစ္ေဆးဝါးႏွင့္ ပတ္သက္လာပါက မိမိတို႔ႏိုင္ငံကိုေျပာဆိုမႈမ်ားရွိေနေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္မွ သံလြင္ျမစ္အေရွ႕ဘက္ျခမ္းရွိ လာအို၊ ျမန္မာ၊ ထိုင္း ဆက္စပ္ေနသည့္ ေ႐ႊႀတိဂံေဒသကို ပိုမိုေျပာဆိုလ်က္ရွိေၾကာင္း၊ ယခုကဲ့သို႔ မူးယစ္ေဆးဝါးအေျမာက္အျမားေဖာ္ထုတ္ရရွိသည့္အတြက္ ဝမ္းသာမိေသာ္လည္း ျမန္မာႏိုင္ငံတြင္း၌ မူးယစ္ေဆးဝါးကင္းစင္မႈမရွိေသးသည္ကို ေဖာ္ျပသကဲ့သို႔ ျဖစ္ေနပါေၾကာင္း၊ ထို႔ေၾကာင့္ မိမိတို႔ႏိုင္ငံ၌ မူးယစ္ေဆးဝါးကင္းစင္ပေပ်ာက္ေစေရး ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၊ တပ္မေတာ္ႏွင့္ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ားက ပူးေပါင္းေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း။

မိမိတို႔ႏိုင္ငံသည္ လက္ရွိအခ်ိန္တြင္ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းလ်က္ရွိၿပီး လက္နက္ကိုင္၍အခြင့္အေရးေတာင္းဆိုမႈမ်ားသည္ တိုင္းျပည္အတြက္ ဆုံးရႈံးမႈမ်ားကိုျဖစ္ေပၚေစႏိုင္ေသာေၾကာင့္ ၿငိမ္းခ်မ္းေရးရရွိေအာင္ ႀကိဳးပမ္းေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား ေဆာင္႐ြက္ႏိုင္ရန္အတြက္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးႏွင့္ ထာဝရၿငိမ္းခ်မ္းေရးအတြက္ ထုတ္ျပန္ခ်က္မ်ားထုတ္ျပန္ကာ ႏိုင္ငံေတာ္မွအၾကမ္းဖက္ဟု သတ္မွတ္ေၾကညာထားေသာ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားရွိသည့္ေနရာမ်ားမွအပ က်န္နယ္ေျမမ်ားတြင္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေပးထားေသာ္လည္း အခ်ိဳ႕ေသာလက္နက္ကိုင္အဖြဲ႕အစည္းမ်ားသည္ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းေပၚသို႔ ေရာက္ရွိလာျခင္းမရွိေသးေၾကာင္း၊ ထပ္မံ၍လည္း ယခုႏွစ္ စက္တင္ဘာလ ၃၀ ရက္အထိ ပစ္ခတ္တိုက္ခိုက္မႈမ်ားကိုရပ္စဲေပးထားသျဖင့္ ထာဝရၿငိမ္းခ်မ္းေရးအတြက္ ေဆြးေႏြးမႈမ်ားကို ထိထိေရာက္ေရာက္ ေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း၊ ပထမအႀကိမ္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးႏွင့္ ထာဝရၿငိမ္းခ်မ္းေရးအတြက္ ထုတ္ျပန္ခ်က္ထုတ္ျပန္စဥ္ကပင္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန(NRPC) ႏွင့္ တပ္မေတာ္မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္ ဦးေဆာင္သည့္ ညႇိႏႈိင္းေဆြးေႏြးေရးအဖြဲ႕တို႔ႏွင့္ ေဆြးေႏြးရန္ တိုက္တြန္းထားေၾကာင္း၊ ၿငိမ္းခ်မ္းမႈမရွိပါက ပါတီစုံဒီမိုကေရစီလမ္းေၾကာင္း ေလွ်ာက္လွမ္းမႈတြင္ အခက္အခဲမ်ားျဖစ္ေပၚမည္ျဖစ္ၿပီး လြတ္လပ္၍ တရားမွ်တေသာေ႐ြးေကာက္ပြဲျဖစ္ရန္ ခက္ခဲမည္ျဖစ္ေၾကာင္း။

ပညာေရးႏွင့္ပတ္သက္၍ ေဒသအတြက္၊ တိုင္းျပည္အတြက္လိုအပ္သည့္ အသိပညာရွင္၊ အတတ္ပညာရွင္မ်ားေပၚထြက္လာေအာင္ ေဆာင္႐ြက္ေပးၾကရမည္ျဖစ္ေၾကာင္း၊ အနာဂတ္လူငယ္လူ႐ြယ္မ်ားကို ေျမေတာင္ေျမႇာက္ေပးၾကရမည္ျဖစ္ေၾကာင္း၊ ပညာတတ္မ်ားျဖစ္ေစေရး အခြင့္အလမ္းမ်ားကို ဖန္တီးေပးႏိုင္ရမည္ျဖစ္ၿပီး ေကာင္းမြန္သည့္ လက္ဆင့္ကမ္းအေမြမ်ားကို ေပးႏိုင္ရမည္ျဖစ္ေၾကာင္း။

ထိုသို႔စာေပသင္ၾကားႏိုင္ေရးအတြက္ က်န္းမာေရးေကာင္းမြန္ရန္လိုအပ္မည္ျဖစ္သျဖင့္ က်န္းမာေရးႏွင့္ ညီၫြတ္သည့္ စားေသာက္ေနထိုင္မႈစနစ္ရွိရမည္ျဖစ္ေၾကာင္း၊ က်န္းမာေရးေစာင့္ေရွာက္မႈမ်ားႏွင့္ ပတ္ဝန္းက်င္ေကာင္းမ်ားကိုလည္း ဖန္တီးေပးႏိုင္ရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမအသီးသီး၌ ၿငိမ္းခ်မ္းေသာနယ္ေျမမ်ားတြင္ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း။

ေဒသဖြံ႕ၿဖိဳးေရးႏွင့္ ပတ္သက္၍ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေဒသသည္ စိုက္ပ်ိဳး ေမြးျမဴေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရန္ ေရခံေျမခံႏွင့္ အေျခအေနေကာင္းမ်ားရွိၿပီးျဖစ္သျဖင့္ အရည္အေသြးျမင့္ထုတ္ကုန္မ်ားကို ထုတ္လုပ္ႏိုင္ေအာင္ ေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ ေဒသခံအမ်ားစုသည္ စိုက္ပ်ိဳးေမြးျမဴေရးႏွင့္ ဥယ်ာဥ္ၿခံေျမစိုက္ပ်ိဳးေရးကို အဓိကလုပ္ကိုင္ၾကသူမ်ားျဖစ္သည့္အတြက္ ထိုလုပ္ငန္းမ်ားကို နည္းပညာျမင့္မားစြာျဖင့္ ေဆာင္႐ြက္ႏိုင္ရန္လိုအပ္မည္ျဖစ္ေၾကာင္း၊ တိုင္းစစ္ဌာနခ်ဳပ္တြင္ စနစ္တက်ေဆာင္႐ြက္ထားရွိသျဖင့္ ေလ့လာႏိုင္မည္ျဖစ္ၿပီး တိုင္းရင္းသားအဖြဲ႕မ်ား၏ နယ္ေျမမ်ားတြင္ ေဆာင္႐ြက္လိုပါကလည္း တပ္မေတာ္မွလိုအပ္သည္မ်ားကို ကူညီေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း၊ စိုက္ပ်ိဳးေရးေဆာင္႐ြက္ရာတြင္လည္း သစ္ပင္မ်ားအမ်ားအျပားရွင္းလင္းရၿပီး သစ္ေတာထိန္းသိမ္းမႈကို ထိခိုက္ေစသည့္ စိုက္ပ်ိဳးမႈမ်ားကို ေရွာင္က်ဥ္ကာ အက်ိဳးအျမတ္မ်ားျပားေစသည့္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကို လုပ္ကိုင္ေစလိုေၾကာင္း၊ ေဒသကိုထိခိုက္ေစမည့္ လုပ္ငန္းမ်ားကို မလုပ္ကိုင္ၾကေစလိုဘဲ သမၼာအာဇီဝက်စြာျဖင့္ အက်ိဳး ရွိမည့္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကို လုပ္ကိုင္ၾကေစလိုေၾကာင္း။

COVID – 19 ေရာဂါႏွင့္ပတ္သက္၍ ယေန႔နံနက္ပိုင္းအထိ တစ္ကမာၻလုံးတြင္ ကူးစက္ခံရသူ သန္း ၃၀ ေက်ာ္ရွိၿပီျဖစ္ၿပီး ျမန္မာႏိုင္ငံတြင္ ကူးစက္ခံရသူ ၄ ေထာင္ေက်ာ္ ရွိၿပီျဖစ္ေၾကာင္း၊ ေန႔စဥ္ ရာႏွင့္ခ်ီ၍ ကူးစက္လ်က္ရွိၿပီး ေသဆုံးသူမ်ားလည္းရွိေၾကာင္း၊ COVID – 19 ေရာဂါပိုးသည္ မျမင္ရ၊ မၾကားရ၊ အနံ႔ခံ၍ မရသည့္အတြက္ တိုက္တြန္းခ်က္ သတ္မွတ္ခ်က္မ်ားကို လိုက္နာၾကရန္လိုေၾကာင္း၊ စည္းကမ္းစနစ္တက်ျဖင့္ ေနထိုင္ျခင္း ျဖင့္သာ မိမိကိုယ္ကိုယ္ ကာကြယ္ၾကရမည္ျဖစ္ေၾကာင္းျဖင့္ ေဆြးေႏြးေျပာၾကားသည္။

ထို႔ေနာက္ တက္ေရာက္လာၾကသည့္ တိုင္းရင္းသားေခါင္းေဆာင္မ်ားႏွင့္ အဖြဲ႕ဝင္ မ်ားက ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာမ်ားႏွင့္ ပတ္သက္၍ လိုအပ္ခ်က္မ်ားကို တင္ျပၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျပန္လည္ညႇိႏႈိင္းေဆာင္႐ြက္ေပးသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က COVID – 19ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ကုသေရး ဆိုင္ရာ အေထာက္အကူျပဳပစၥည္းမ်ားျဖစ္သည့္ Surgical Mask ၂၀ဝ၀ဝ ခု၊ N95 Mask ၅၀ဝ ခု၊ Face Shield ၂၅၀ ခု၊ Sodium Hypochloride (25L) ၆ ပုံး၊ Examination Glove ၁၀ဝ၀ ခု၊ Hand Gel ၁၅၀ ဘူး၊ Hand Sanitizer ၁၅၀ ဘူး၊ Personal Protective Equipment(PPE) ဝတ္စုံ ၃၀ဝ စုံႏွင့္ စားေသာက္ဖြယ္ရာမ်ား၊ တပ္မေတာ္စက္႐ုံမ်ားမွ ထုတ္လုပ္သည့္ လူသုံးကုန္ပစၥည္းမ်ားကိုေပးအပ္ရာ ကိုးကန္႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမွ ေဒသဦးစီးဥကၠဌ ဦးေက်ာက္တယ္ခ်န္း၊ ကိုးကန္႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ အလုပ္အမႈေဆာင္ ဦးေဝဆန္းႏွင့္ ဦးခင္ေမာင္လြင္ တို႔က အသီးသီးလက္ခံၾကသည္။

ဆက္လက္ၿပီး ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)၊ စစ္ေရး ခ်ဳပ္ႏွင့္ စစ္ေထာက္ခ်ဳပ္တို႔က COVID – 19 ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ကုသေရး ဆိုင္ရာ အေထာက္အကူျပဳပစၥည္းမ်ား၊ တပ္မေတာ္စက္႐ုံမ်ားမွ ထုတ္လုပ္သည့္ လူသုံးကုန္ ပစၥည္းမ်ားႏွင့္ စားေသာက္ကုန္ပစၥည္းမ်ားကို ေပးအပ္ၾကရာ ပေလာင္တိုင္းရင္းသား ေခါင္းေဆာင္ ဦးအိုက္မုန္း၊ ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ အဖြဲ႕ဝင္ ဦးသိန္းေဇာ္၊ ဆင္ေၾကာ့ျပည္သူ႔စစ္(ဌာေန)အဖြဲ႕ေခါင္းေဆာင္ ဦးလြယ္ေမာဝ္၊ ပေလာင္ကိုယ္ပိုင္အုပ္ ခ်ဳပ္ခြင့္ရေဒသ အဖြဲ႕ဝင္ ဦးအိုက္ခ၊ ကြတ္ခိုင္ၿမိဳ႕မျပည္သူ႔စစ္(ဌာေန)အဖြဲ႕ေခါင္းေဆာင္ ဦးခြန္ဖုန္း၊ မန္ပန္ျပည္သူ႔စစ္(ဌာေန)အဖြဲ႕ေခါင္းေဆာင္) ဦးစိုင္းမြန္းတို႔က အသီးသီး လက္ခံရယူခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တက္ေရာက္လာၾကသည့္ ကိုးကန္႔ႏွင့္ ပေလာင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕ဝင္ မ်ား၊ ေဒသခံတိုင္းရင္းသားေခါင္းေဆာင္မ်ားႏွင့္ ျပည္သူ႔စစ္(ဌာေန) အဖြဲ႕ဝင္မ်ားအား ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။