(၁၁၈)ကြိမ်မြောက်ထုတ်ဝေသည့် ရုရှားနိုင်ငံ၏ နိုင်ငံရေးစာစောင်တစ်ခုဖြစ်သည့် Politics Magazine တွင် ရုရှား- မြန်မာ ချစ်ကြည်ရေးအသင်း၏ဥက္ကဋ္ဌ Mr.Mikhail Dmitriev ရေးသားဖော်ပြထားသော ”တောင့်တင်း ခိုင်မာသော တပ်မတော်သည် အမိမြေငြိမ်းချမ်းသာယာရေး၏ အာမခံချက်ဖြစ်”

(၁၁၈)ကြိမ်မြောက်ထုတ်ဝေသည့် ရုရှားနိုင်ငံ၏ နိုင်ငံရေး စာစောင်တစ်ခုဖြစ်သည့် Politics Magazine တွင် ရုရှား- မြန်မာ ချစ်ကြည်ရေးအသင်း၏ဥက္ကဋ္ဌ Mr.Mikhail Dmitriev ရေးသားဖော်ပြထားသော ”တောင့်တင်းခိုင်မာသော တပ်မတော်သည် အမိမြေ ငြိမ်းချမ်းသာယာရေး၏ အာမခံချက်ဖြစ်သည် ”ခေါင်းစဉ်ပါ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အကြောင်း ဆောင်းပါးအား ဘာသာပြန်ဆို ရေးသားဖော်ပြခြင်း

(၁၁၇)ကြိမ်မြောက်ထုတ်ဝေခဲ့သော Politics Magazine တွင် ရေးသားဖော်ပြခဲ့သော ဆောင်းပါးတစ်ပုဒ်ဖြစ်သည့် ”တပ်မတော်သည် နိုင်ငံတစ်နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာ နယ်နိမိတ်တည်တံ့ခိုင်မြဲရေးအတွက် အာမခံချက်ဖြစ်သည်” ခေါင်းစဉ်ပါ ဆောင်းပါးကို မိမိအနေဖြင့် အမှတ်ရနေမိပါသည်။ ထိုဆောင်းပါးသည် Politics Magazine ၏ လုပ်ငန်းဦးဆောင်သူတစ်ဦးဖြစ်သည့် Mrs.Takyiana Grozmani နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့၏ တွေ့ဆုံမေးမြန်းမှု မှတ်တမ်းကိုလေးလေးနက်နက် ပြန်လည်ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပါသည်။ ဆွေးနွေးမှု အချက်အလက်များသည် လွန်စွာစိတ်ဝင်စားဖွယ်ကောင်းပြီး မြန်မာနိုင်ငံတွင် ယနေ့ ခေတ်ဖြစ်ပေါ် နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတို့ကို ထဲထဲဝင်ဝင် လေ့လာမှတ်သားခွင့် ရရှိရုံသာမက ဖြစ်ပေါ်လာခဲ့ရသည့် သမိုင်းကြောင်း နောက်ခံများ၊ အမျိုးသားရေး စိတ်ဓာတ်နှင့် ခံယူချက်တို့ကိုပါ အတွင်းကျကျ မြင်တွေ့ခွင့် ရရှိခဲ့ပါသည်။

ထိုဆောင်းပါးကို စိတ်ပါဝင်စားစွာ ဖတ်ရှုပြီးသည့်နောက် မိမိအနေဖြင့် ထိုဆောင်းပါး၏ အဓိက ဇာတ်ဆောင်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏အကြောင်းကို လေးစား ဂုဏ်ယူထိုက်သော၊ နိုင်ငံနှင့် လူမျိုးအပေါ် တာဝန်ကျေပွန်သည့် သူရဲကောင်းတစ်ဦးအဖြစ် မှတ်တမ်းတင်ဂုဏ်ပြု ဆောင်းပါးရေး လိုစိတ်များ ပေါ်ပေါက်လာခဲ့ပါသည်။

မိမိတို့နှစ်ဦး တွေ့ဆုံရင်းနှီးခွင့်ရရှိသည်မှာ အချိန်ကာလအားဖြင့် မကြာမြင့်သေးပါ။ မိမိအနေဖြင့် ရုရှား- မြန်မာ ချစ်ကြည်ရေးအသင်း၏ ဥက္ကဋ္ဌရာထူးကို စတင်ခန့်အပ်ခြင်းခံရပြီး မကြာမီတွင်ဖြစ်ပါသည်။ အစတွင် မိမိတို့နှစ်ဦးအကြား အပြန်အလှန်နားလည်မှုရရှိနိုင်မည့် အကြောင်းအချက်မှာ စစ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ အချင်းချင်းထားရှိမည့် ရဲဘော်ရဲဘက်စိတ်ဟုသာ ထင်မြင်ယူဆမိခဲ့ပါသည်။ (မိမိသည်လည်း ဆိုဗီယက်ခေတ်က ကံကောင်းစွာဖြင့် စစ်ပညာကို ကောင်းစွာလေ့လာဆည်းပူးခွင့် ရရှိခဲ့ဖူးပါသည်။) သို့သော် ပထမဆုံး တွေ့ဆုံခွင့် ရရှိချိန်တွင် ယခင်ကရှိခဲ့သည့် အတွေးအမြင်များကို ပြောင်းလဲစေခဲ့သလိုပြောဆိုဆွေးနွေးမှု ရှေ့ဆက်လာသည်နှင့် အမျှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စစ်ရေးတွင်သာမက သမိုင်းနှင့်ယှဉ်ကာ သုံးသပ်နိုင်စွမ်း၊ ကမ္ဘာ့သမိုင်းကို တတ်သိနားလည်မှုတို့အပြင် နိုင်ငံရေးလှည့်ကွက်များအပေါ် မှန်မှန်ကန်ကန်ကြိုတင်တွက် ချက်အဖြေထုတ်ကာ တိုင်းပြည်နှင့် လူမျိုး အကျိုးစီးပွားကိုထိန်းသိမ်းမည့် အမြော်အမြင်ကြီးသည့် ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း သိရှိခွင့် ရရှိခဲ့ပါသည်။ ထို့ပြင် ဗိုလ်ချုပ်မှူးကြီး၏ ဘဝဇာတ်ကြောင်းနှင့် ဗဟုသုတပြည့်စုံကြွယ်ဝမှုတို့မှာ ဥပဓိရုပ်တွင် လာရောက်ထင်ဟပ်နေသည်ကို သတိပြုမိခဲ့သလို မေးခွန်းအားလုံးအတွက် ကျိုးကြောင်း ခိုင်လုံတရား မျှတသော အဖြေကို နှောင့်နှေးမှုအလျဉ်းမရှိ ပေးစွမ်းနိုင်ခြင်းတို့မှာ မိမိကိုပိုမို စိတ်ဝင်စားစေခဲ့သည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထိုမျှမက မိမိတို့နှစ်ဦး ဆွေးနွေးနေစဉ်အတွင်း မိမိအနေဖြင့် လွတ်လပ်ပေါ့ပါးစွာဖြင့် ဖိအားပေးမှု တစ်စုံတစ်ရာကို မခံစားရသလို တစ်ဖက်မှ နိုင်ငံတစ်နိုင်ငံ၏အကြီးအကဲ ခေါင်းဆောင်တစ်ဦးဖြစ်လင့်ကစား မိမိအပေါ်သို့ နှိမ့်ချဆက်ဆံသည့်အသွင် အပြင်လုံးဝ(လုံးဝ)မရှိခဲ့ပါ။ ထင်ထားသည်နှင့် ဆန့်ကျင်စွာပင် တန်းတူညီတူ သဘောထားကာ ရုရှားတွင် ဆိုရိုးရှိသလို မျက်နှာချင်းဆိုင် ရေပြင်ညီ စကားပြောခွင့် ရရှိခဲ့ပါသည်။

ထို့ကြောင့်ပင် မိမိအနေဖြင့် နားလည်လိုက်သည့် အချက်တစ်ချက်မှာ တိုင်းရင်းသား လူမျိုးစုပေါင်းများစွာ စုပေါင်းနေထိုင်ကြသော နိုင်ငံတွင် မိမိကိုယ်ကို နှိမ့်ချဆက်ဆံပေးတတ်သော လူသားဆန်သည့် ဗိုလ်ချုပ်မှူးကြီးအနေဖြင့် အားလုံး၏ ချစ်ခင် လေးစားမှုကို ရရှိနေသည်မှာ မဆန်းပါ။ ဤနေရာတွင် Politics Magazine စာဖတ်သူ ပရိသတ်အတွက် မြန်မာနိုင်ငံ၏ ဖွဲ့စည်းဖြစ်တည်မှုနှင့်ပတ်သက်၍ အနည်းငယ် အသေးစိတ် ရှင်းလင်းရေးသားပေးလိုပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် (၁၉၈၉ ခုနှစ်အထိ ဗမာနိုင်ငံဟု လူသိများခဲ့ပြီး ၂ဝ၁၁ ခုနှစ်နောက်ပိုင်းမှ မြန်မာ ပြည် ဟု သိရှိလာခဲ့ကြသည့် နိုင်ငံ)သည် အရှေ့တောင်အာရှတွင် တည်ရှိပြီး အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ အိန္ဒိယ နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိပါသည်။ ထိုနိုင်ငံသည် ယနေ့အချိန်တွင် ရုရှားတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူလူထုအကြား စိတ်ဝင်စားမှု ထင်သလောက် မရရှိသေးသော်လည်း ၎င်းတို့၏စိတ်ဝင်စားမှုမှာ နှစ်စဉ်နှင့်အမျှ တိုးပွားလာလျက် ရှိနေပါ သည်။ ယခင်က ဗမာနိုင်ငံဟု အမည်တွင်ခဲ့ပါသည်။ ယခင်ရာစုနှစ်များဆီက လွန်စွာကြီးမားပြီး သြဇာအာဏာရှိသည့် ဗမာအင်ပါယာကြီးအဖြစ် ရပ်တည်ခဲ့ဖူးပါသည်။ သို့သော် (၁၉)ရာစုတွင် ဗမာနိုင်ငံသည် ဗြိတိသျှ- အိန္ဒိယလက်အောက်ခံ ကိုလိုနီနိုင်ငံအဖြစ် စာရင်းဝင်ခဲ့ပြီးနောက် သီးခြားကိုလိုနီနိုင်ငံအဖြစ် ခွဲထုတ်ခြင်း ခံခဲ့ရပါသည်။ ဒုတိယကမ္ဘာစစ်ကြီး အတွင်းတွင် မြန်မာနိုင်ငံသည် ဖက်ဆစ်ဂျပန်တို့၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး အိန္ဒိယသို့ ဆက်လက် တိုက်ခိုက်ရာတွင် စစ်တလင်းပြင်အဖြစ် အသုံးချခြင်းကိုခံခဲ့ရပါသည်။

ထို့နောက် လွတ်လပ်ရေးကြိုးပမ်းမှုများ တက်ကြွစွာစတင်လာခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုအဖြစ် ပြန်လည်ရပ်တည်လာနိုင်ခဲ့ပါသည်။ ယနေ့ခေတ်တွင် မြန်မာနိုင်ငံ၏ နယ်နိမိတ် အကျယ်အဝန်းမှာ ၆၇၆၅၇၈ စတုရန်းကီလိုမီတာရှိပြီး လူဦးရေ ၅၄ သန်းခန့် နေထိုင်လျက်ရှိပါသည်။ ၎င်းတို့အနက်မှ ၆၈ ရာခိုင်နှုန်းသည် ဗမာလူမျိုးများဖြစ်ပြီး ရှမ်းလူမျိုး ၉ ရာခိုင်နှုန်း၊ ကရင်လူမျိုး ၇ ရာခိုင်နှုန်း၊ ရခိုင် လူမျိုး ၃ ဒသမ ၅ ရာခိုင်နှုန်း၊ မွန်လူမျိုး ၂ ရာခိုင်နှုန်း၊ ကချင်လူမျိုး၁ ဒသမ ၅ ရာခိုင်နှုန်း၊ ကယားလူမျိုး သုညဒသမ ၇၅ ရာခိုင်နှုန်း၊ တရုတ်လူမျိုး ၂ ဒသမ ၅ ရာခိုင်နှုန်း၊ ဟိန္ဒူလူမျိုး ၁ ဒသမ ၂၅ ရာခိုင်နှုန်းတို့အပြင် အခြား တိုင်းရင်းသား လူမျိုးပေါင်းများစွာသည်လည်း မြန်မာနိုင်ငံအတွင်း နေရာဒေသအနှံ့အပြား၌ ဖြန့်ကြက်နေထိုင်လျက်ရှိကြပါသည်။ စုစုပေါင်းအနေဖြင့် မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးစုပေါင်း ၁၃၅ မျိုးစုပေါင်း နေထိုင်လျက်ရှိကြပါသည်။ မြန်မာနိုင်ငံတွင် တရုတ်နှင့် အိန္ဒိယ လူမှုအဖွဲ့အစည်းကြီးများ ဖွဲ့စည်း တည်ရှိ လျက်ရှိသည်။ နိုင်ငံလူဦးရေ၏ ၃ ပုံ ၁ ပုံမှာ အသက် ၁၄ နှစ်အောက် လူငယ်များဖြစ်ကြပြီး နှစ်စဉ်လူဦးရေတိုးနှုန်းသည် ၁ ရာခိုင်နှုန်း နီးပါးခန့် လျော့နည်းလျက်ရှိနေပါသည်။ သို့သော် မိမိအမြင်အရ အရေးပါသည့်အချက်မှာ WHO မှပညာရှင် တို့၏သုံးသပ်ချက်များအရ မြန်မာနိုင်ငံ၏ Literacy Rate (ပညာတတ်ဦးရေ အချိုးကိန်း)မှာ ၉၁ ဒသမ ၉ ရာခိုင်နှုန်း ရှိသည့်အချက်ပင်ဖြစ်ပါသည်။

ဤနေရာတွင် စဉ်းစားရမည့်အချက်မှာ ထိုကဲ့သို့ လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ပြီး အသိပညာ၊ အတတ်ပညာအရလည်း အရည်အချင်းပြည့်ဝနေသည့် ပြည်သူလူထုကို အတူတကွ ပေါင်းစည်း ထိန်းချုပ်ရန်မှာ လွန်စွာခက်ခဲသည့်အပြင် တိုင်းပြည်၏ သမိုင်းတွင်လည်း သဘောထားအမြင် ကွဲလွဲမှုများစွာ ရှိခဲ့ကြသည့်အချက်ကိုလည်း ထည့်သွင်း စဉ်းစားကြရဦးမည်ဖြစ်ပါသည်။ ထိုအကြောင်းအရာကို အသေးစိတ် ရှင်းလင်းရမည်ဆိုလျှင် နိုင်ငံ၏ကိုးကွယ်သည့်ဘာသာက စရမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ကိုးကွယ်မှုမှာ ထေရဝါဒဗုဒ္ဓဘာသာ ဖြစ်ပြီး လူဦးရေ၏ ၈၉ ဒသမ ၉ ရာခိုင်နှုန်းက ယုံကြည် ကိုးကွယ်လျက်ရှိပြီး ခရစ်ယာန်ဘာသာ(ရိုမန်ကက်သလစ်၊ အော်သို ဒေါ့က်စ်၊ ပရိုတက် စတင့်)ကို ယုံကြည်ကိုးကွယ်သူ ၆ ဒသမ ၃ ရာခိုင်နှုန်း၊ အစ္စလာမ်ဘာသာယုံကြည် ကိုးကွယ်သူ ၂ ဒသမ ၃ ရာခိုင်နှုန်း၊ ရိုးရာနတ်ကိုးကွယ်သူ သုည ဒသမ ၈ ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာ ယုံကြည်ကိုးကွယ်သူ သုည ဒသမ ၅ ရာခိုင်နှုန်းရှိပါသည်။ ယခုလို ခွဲခြမ်းစိတ်ဖြာမှုမျိုးသည် လက်ရှိရုရှား နိုင်ငံ အတွက်ပင် မဆိုထားနှင့် ဆိုဗီယက် ပြည်ထောင်စု ခေတ်ကပင် နားလည်နိုင်ရန် မခက်ခဲခဲ့ပါ။ ထို့ကြောင့်ပင် မြန်မာ နိုင်ငံ၏ အချုပ်အခြာအာဏာကို အသိအမှတ်ပြုပြီး သံတမန်ရေးရာ ဆက်သွယ်မှုများကို စတင်ဆောင်ရွက်ခဲ့သည့် နိုင်ငံများထဲတွင် ဆိုဗီယက် ပြည်ထောင်စုလည်း ပါဝင်ခဲ့ခြင်းဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်…

(Zawgyi Version)

(၁၁၈)ႀကိမ္ေျမာက္ထုတ္ေဝသည့္ ႐ုရွားႏိုင္ငံ၏ ႏိုင္ငံေရးစာေစာင္တစ္ခုျဖစ္သည့္ Politics Magazine တြင္ ႐ုရွား- ျမန္မာ ခ်စ္ၾကည္ေရးအသင္း၏ဥကၠ႒ Mr.Mikhail Dmitriev ေရးသားေဖာ္ျပထားေသာ ”ေတာင့္တင္း ခိုင္မာေသာ တပ္မေတာ္သည္ အမိေျမၿငိမ္းခ်မ္းသာယာေရး၏ အာမခံခ်က္ျဖစ္”

(၁၁၈)ႀကိမ္ေျမာက္ထုတ္ေဝသည့္ ႐ုရွားႏိုင္ငံ၏ ႏိုင္ငံေရး စာေစာင္တစ္ခုျဖစ္သည့္ Politics Magazine တြင္ ႐ုရွား- ျမန္မာ ခ်စ္ၾကည္ေရးအသင္း၏ဥကၠ႒ Mr.Mikhail Dmitriev ေရးသားေဖာ္ျပထားေသာ ”ေတာင့္တင္းခိုင္မာေသာ တပ္မေတာ္သည္ အမိေျမ ၿငိမ္းခ်မ္းသာယာေရး၏ အာမခံခ်က္ျဖစ္သည္”ေခါင္းစဥ္ပါ ျပည္ေထာင္စု သမၼတ ျမန္မာႏိုင္ငံေတာ္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အေၾကာင္း ေဆာင္းပါးအား ဘာသာျပန္ဆို ေရးသားေဖာ္ျပျခင္း

(၁၁၇)ႀကိမ္ေျမာက္ထုတ္ေဝခဲ့ေသာ Politics Magazine တြင္ ေရးသားေဖာ္ျပခဲ့ေသာ ေဆာင္းပါးတစ္ပုဒ္ျဖစ္သည့္ ”တပ္မေတာ္သည္ ႏိုင္ငံတစ္ႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးႏွင့္ အခ်ဳပ္အျခာအာဏာ နယ္နိမိတ္တည္တံ့ခိုင္ၿမဲေရးအတြက္ အာမခံခ်က္ျဖစ္သည္” ေခါင္းစဥ္ပါ ေဆာင္းပါးကို မိမိအေနျဖင့္ အမွတ္ရေနမိပါသည္။ ထိုေဆာင္းပါးသည္ Politics Magazine ၏ လုပ္ငန္းဦးေဆာင္သူတစ္ဦးျဖစ္သည့္ Mrs. Takyiana Grozmani ႏွင့္ ျပည္ေထာင္စု သမၼတျမန္မာႏိုင္ငံေတာ္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တို႔၏ ေတြ႕ဆုံေမးျမန္းမႈ မွတ္တမ္းကိုေလးေလးနက္နက္ ျပန္လည္ေရးသားေဖာ္ျပခဲ့ျခင္းျဖစ္ပါသည္။ ေဆြးေႏြးမႈ အခ်က္အလက္မ်ားသည္ လြန္စြာစိတ္ဝင္စားဖြယ္ေကာင္းၿပီး ျမန္မာႏိုင္ငံတြင္ ယေန႔ ေခတ္ျဖစ္ေပၚ ေနေသာ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရးအေျခအေနတို႔ကို ထဲထဲဝင္ဝင္ ေလ့လာမွတ္သားခြင့္ ရရွိ႐ုံသာမက ျဖစ္ေပၚ လာခဲ့ရသည့္ သမိုင္းေၾကာင္း ေနာက္ခံမ်ား၊ အမ်ိဳးသားေရး စိတ္ဓာတ္ႏွင့္ ခံယူခ်က္တို႔ကိုပါ အတြင္းက်က် ျမင္ေတြ႕ ခြင့္ ရရွိခဲ့ပါသည္။

ထိုေဆာင္းပါးကို စိတ္ပါဝင္စားစြာ ဖတ္ရႈၿပီးသည့္ေနာက္ မိမိအေနျဖင့္ ထိုေဆာင္းပါး၏ အဓိက ဇာတ္ေဆာင္တစ္ဦးျဖစ္သည့္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏အေၾကာင္းကို ေလးစား ဂုဏ္ယူထိုက္ေသာ၊ ႏိုင္ငံႏွင့္ လူမ်ိဳးအေပၚ တာဝန္ေက်ပြန္သည့္ သူရဲေကာင္းတစ္ဦးအျဖစ္ မွတ္တမ္းတင္ဂုဏ္ျပဳ ေဆာင္းပါးေရး လိုစိတ္မ်ား ေပၚေပါက္လာခဲ့ပါသည္။

မိမိတို႔ႏွစ္ဦး ေတြ႕ဆုံရင္းႏွီးခြင့္ရရွိသည္မွာ အခ်ိန္ကာလအားျဖင့္ မၾကာျမင့္ေသးပါ။ မိမိအေနျဖင့္ ႐ုရွား- ျမန္မာ ခ်စ္ၾကည္ေရးအသင္း၏ ဥကၠ႒ရာထူးကို စတင္ခန႔္အပ္ျခင္းခံရၿပီး မၾကာမီတြင္ျဖစ္ပါသည္။ အစတြင္ မိမိတို႔ႏွစ္ဦးအၾကား အျပန္အလွန္နားလည္မႈရရွိႏိုင္မည့္ အေၾကာင္းအခ်က္မွာ စစ္ပညာျဖင့္ အသက္ေမြးဝမ္းေက်ာင္းျပဳသူ အခ်င္းခ်င္းထားရွိမည့္ ရဲေဘာ္ရဲဘက္စိတ္ဟုသာ ထင္ျမင္ယူဆမိခဲ့ပါသည္။ (မိမိသည္လည္း ဆိုဗီယက္ေခတ္က ကံေကာင္းစြာျဖင့္ စစ္ပညာကို ေကာင္းစြာေလ့လာဆည္းပူးခြင့္ ရရွိခဲ့ဖူးပါသည္။) သို႔ေသာ္ ပထမဆုံး ေတြ႕ဆုံခြင့္ ရရွိခ်ိန္တြင္ ယခင္ကရွိခဲ့သည့္ အေတြးအျမင္မ်ားကို ေျပာင္းလဲေစခဲ့သလိုေျပာဆိုေဆြးေႏြးမႈ ေရွ႕ဆက္လာသည္ႏွင့္ အမွ် ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ စစ္ေရးတြင္သာမက သမိုင္းႏွင့္ယွဥ္ကာ သုံးသပ္ႏိုင္စြမ္း၊ ကမာၻ႔သမိုင္းကို တတ္သိနားလည္မႈတို႔အျပင္ ႏိုင္ငံေရးလွည့္ကြက္မ်ားအေပၚ မွန္မွန္ကန္ကန္ႀကိဳတင္တြက္ ခ်က္အေျဖထုတ္ကာ တိုင္းျပည္ႏွင့္ လူမ်ိဳး အက်ိဳးစီးပြားကိုထိန္းသိမ္းမည့္ အေျမာ္အျမင္ႀကီးသည့္ ေခါင္းေဆာင္တစ္ဦးျဖစ္ေၾကာင္း သိရွိခြင့္ ရရွိခဲ့ပါသည္။ ထို႔ျပင္ ဗိုလ္ခ်ဳပ္မႉးႀကီး၏ ဘဝဇာတ္ေၾကာင္းႏွင့္ ဗဟုသုတျပည့္စုံႂကြယ္ဝမႈတို႔မွာ ဥပဓိ႐ုပ္တြင္ လာေရာက္ထင္ဟပ္ေနသည္ကို သတိျပဳမိခဲ့သလို ေမးခြန္းအားလုံးအတြက္ က်ိဳးေၾကာင္း ခိုင္လုံတရား မွ်တေသာ အေျဖကို ေႏွာင့္ေႏွးမႈအလ်ဥ္းမရွိ ေပးစြမ္းႏိုင္ျခင္းတို႔မွာ မိမိကိုပိုမို စိတ္ဝင္စားေစခဲ့သည္မွာ အမွန္ပင္ျဖစ္ပါသည္။ ထိုမွ်မက မိမိတို႔ႏွစ္ဦး ေဆြးေႏြးေနစဥ္အတြင္း မိမိအေနျဖင့္ လြတ္လပ္ေပါ့ပါးစြာျဖင့္ ဖိအားေပးမႈ တစ္စုံတစ္ရာကို မခံစားရသလို တစ္ဖက္မွ ႏိုင္ငံတစ္ႏိုင္ငံ၏အႀကီးအကဲ ေခါင္းေဆာင္တစ္ဦးျဖစ္လင့္ကစား မိမိအေပၚသို႔ ႏွိမ့္ခ်ဆက္ဆံသည့္အသြင္ အျပင္လုံးဝ(လုံးဝ)မရွိခဲ့ပါ။ ထင္ထားသည္ႏွင့္ ဆန႔္က်င္စြာပင္ တန္းတူညီတူ သေဘာထားကာ ႐ုရွားတြင္ ဆို႐ိုးရွိသလို မ်က္ႏွာခ်င္းဆိုင္ ေရျပင္ညီ စကားေျပာခြင့္ ရရွိခဲ့ပါသည္။

ထို႔ေၾကာင့္ပင္ မိမိအေနျဖင့္ နားလည္လိုက္သည့္ အခ်က္တစ္ခ်က္မွာ တိုင္းရင္းသား လူမ်ိဳးစုေပါင္းမ်ားစြာ စုေပါင္းေနထိုင္ၾကေသာ ႏိုင္ငံတြင္ မိမိကိုယ္ကို ႏွိမ့္ခ်ဆက္ဆံေပးတတ္ေသာ လူသားဆန္သည့္ ဗိုလ္ခ်ဳပ္မႉးႀကီးအေနျဖင့္ အားလုံး၏ ခ်စ္ခင္ ေလးစားမႈကို ရရွိေနသည္မွာ မဆန္းပါ။ ဤေနရာတြင္ Politics Magazine စာဖတ္သူ ပရိသတ္အတြက္ ျမန္မာႏိုင္ငံ၏ ဖြဲ႕စည္းျဖစ္တည္မႈႏွင့္ပတ္သက္၍ အနည္းငယ္ အေသးစိတ္ ရွင္းလင္းေရးသားေပးလိုပါသည္။

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ (၁၉၈၉ ခုႏွစ္အထိ ဗမာႏိုင္ငံဟု လူသိမ်ားခဲ့ၿပီး ၂ဝ၁၁ ခုႏွစ္ေနာက္ပိုင္းမွ ျမန္မာ ျပည္ ဟု သိရွိလာခဲ့ၾကသည့္ ႏိုင္ငံ)သည္ အေရွ႕ေတာင္အာရွတြင္ တည္ရွိၿပီး အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္သည့္ တ႐ုတ္ႏိုင္ငံ၊ အိႏၵိယ ႏိုင္ငံ၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ လာအိုႏိုင္ငံ၊ ထိုင္းႏိုင္ငံတို႔ႏွင့္ နယ္နိမိတ္ခ်င္း ထိစပ္လ်က္ ရွိပါသည္။ ထိုႏိုင္ငံသည္ ယေန႔အခ်ိန္တြင္ ႐ုရွားတစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ ျပည္သူလူထုအၾကား စိတ္ဝင္စားမႈ ထင္သေလာက္ မရရွိေသးေသာ္လည္း ၎တို႔၏စိတ္ဝင္စားမႈမွာ ႏွစ္စဥ္ႏွင့္အမွ် တိုးပြားလာလ်က္ ရွိေနပါ သည္။ ယခင္က ဗမာႏိုင္ငံဟု အမည္တြင္ခဲ့ပါသည္။ ယခင္ရာစုႏွစ္မ်ားဆီက လြန္စြာႀကီးမားၿပီး ၾသဇာအာဏာရွိသည့္ ဗမာအင္ပါယာႀကီးအျဖစ္ ရပ္တည္ခဲ့ဖူးပါသည္။ သို႔ေသာ္ (၁၉)ရာစုတြင္ ဗမာႏိုင္ငံသည္ ၿဗိတိသွ်- အိႏၵိယလက္ေအာက္ခံ ကိုလိုနီႏိုင္ငံအျဖစ္ စာရင္းဝင္ခဲ့ၿပီးေနာက္ သီးျခားကိုလိုနီႏိုင္ငံအျဖစ္ ခြဲထုတ္ျခင္း ခံခဲ့ရပါသည္။ ဒုတိယကမာၻစစ္ႀကီး အတြင္းတြင္ ျမန္မာႏိုင္ငံသည္ ဖက္ဆစ္ဂ်ပန္တို႔၏ သိမ္းပိုက္ျခင္းကို ခံခဲ့ရၿပီး အိႏၵိယသို႔ ဆက္လက္ တိုက္ခိုက္ရာတြင္ စစ္တလင္းျပင္အျဖစ္ အသုံးခ်ျခင္းကိုခံခဲ့ရပါသည္။

ထို႔ေနာက္ လြတ္လပ္ေရးႀကိဳးပမ္းမႈမ်ား တက္ႂကြစြာစတင္လာခဲ့ၿပီး ၁၉၄၈ ခုႏွစ္တြင္ လြတ္လပ္ေသာ အခ်ဳပ္အျခာ အာဏာပိုင္ ႏိုင္ငံတစ္ခုအျဖစ္ ျပန္လည္ရပ္တည္လာႏိုင္ခဲ့ပါသည္။ ယေန႔ေခတ္တြင္ ျမန္မာႏိုင္ငံ၏ နယ္နိမိတ္ အက်ယ္အဝန္းမွာ ၆၇၆၅၇၈ စတုရန္းကီလိုမီတာရွိၿပီး လူဦးေရ ၅၄ သန္းခန႔္ ေနထိုင္လ်က္ရွိပါသည္။ ၎တို႔အနက္မွ ၆၈ ရာခိုင္ႏႈန္းသည္ ဗမာလူမ်ိဳးမ်ားျဖစ္ၿပီး ရွမ္းလူမ်ိဳး ၉ ရာခိုင္ႏႈန္း၊ ကရင္လူမ်ိဳး ၇ ရာခိုင္ႏႈန္း၊ ရခိုင္ လူမ်ိဳး ၃ ဒသမ ၅ ရာခိုင္ႏႈန္း၊ မြန္လူမ်ိဳး ၂ ရာခိုင္ႏႈန္း၊ ကခ်င္လူမ်ိဳး၁ ဒသမ ၅ ရာခိုင္ႏႈန္း၊ ကယားလူမ်ိဳး သုညဒသမ ၇၅ ရာခိုင္ႏႈန္း၊ တ႐ုတ္လူမ်ိဳး ၂ ဒသမ ၅ ရာခိုင္ႏႈန္း၊ ဟိႏၵဴလူမ်ိဳး ၁ ဒသမ ၂၅ ရာခိုင္ႏႈန္းတို႔အျပင္ အျခား တိုင္းရင္းသား လူမ်ိဳးေပါင္းမ်ားစြာသည္လည္း ျမန္မာႏိုင္ငံအတြင္း ေနရာေဒသအႏွံ႔အျပား၌ ျဖန႔္ၾကက္ေနထိုင္လ်က္ရွိၾကပါသည္။ စုစုေပါင္းအေနျဖင့္ ျမန္မာႏိုင္ငံတြင္ တိုင္းရင္းသား လူမ်ိဳးစုေပါင္း ၁၃၅ မ်ိဳးစုေပါင္း ေနထိုင္လ်က္ရွိၾကပါသည္။ ျမန္မာႏိုင္ငံတြင္ တ႐ုတ္ႏွင့္ အိႏၵိယ လူမႈအဖြဲ႕အစည္းႀကီးမ်ား ဖြဲ႕စည္း တည္ရွိ လ်က္ရွိသည္။ ႏိုင္ငံလူဦးေရ၏ ၃ ပုံ ၁ ပုံမွာ အသက္ ၁၄ ႏွစ္ေအာက္ လူငယ္မ်ားျဖစ္ၾကၿပီး ႏွစ္စဥ္လူဦးေရတိုးႏႈန္းသည္ ၁ ရာခိုင္ႏႈန္း နီးပါးခန႔္ ေလ်ာ့နည္းလ်က္ရွိေနပါသည္။ သို႔ေသာ္ မိမိအျမင္အရ အေရးပါသည့္အခ်က္မွာ WHO မွပညာရွင္ တို႔၏သုံးသပ္ခ်က္မ်ားအရ ျမန္မာႏိုင္ငံ၏ Literacy Rate (ပညာတတ္ဦးေရ အခ်ိဳးကိန္း)မွာ ၉၁ ဒသမ ၉ ရာခိုင္ႏႈန္း ရွိသည့္အခ်က္ပင္ျဖစ္ပါသည္။

ဤေနရာတြင္ စဥ္းစားရမည့္အခ်က္မွာ ထိုကဲ့သို႔ လူမ်ိဳးေပါင္းစုံ စုေပါင္းေနထိုင္ၿပီး အသိပညာ၊ အတတ္ပညာအရလည္း အရည္အခ်င္းျပည့္ဝေနသည့္ ျပည္သူလူထုကို အတူတကြ ေပါင္းစည္း ထိန္းခ်ဳပ္ရန္မွာ လြန္စြာခက္ခဲသည့္အျပင္ တိုင္းျပည္၏ သမိုင္းတြင္လည္း သေဘာထားအျမင္ ကြဲလြဲမႈမ်ားစြာ ရွိခဲ့ၾကသည့္အခ်က္ကိုလည္း ထည့္သြင္း စဥ္းစားၾကရဦးမည္ျဖစ္ပါသည္။ ထိုအေၾကာင္းအရာကို အေသးစိတ္ ရွင္းလင္းရမည္ဆိုလွ်င္ ႏိုင္ငံ၏ကိုးကြယ္သည့္ဘာသာက စရမည္ ျဖစ္သည္။ ျမန္မာႏိုင္ငံ၏ကိုးကြယ္မႈမွာ ေထရဝါဒဗုဒၶဘာသာ ျဖစ္ၿပီး လူဦးေရ၏ ၈၉ ဒသမ ၉ ရာခိုင္ႏႈန္းက ယုံၾကည္ ကိုးကြယ္လ်က္ရွိၿပီး ခရစ္ယာန္ဘာသာ(႐ိုမန္ကက္သလစ္၊ ေအာ္သို ေဒါ့က္စ္၊ ပ႐ိုတက္ စတင့္)ကို ယုံၾကည္ကိုးကြယ္သူ ၆ ဒသမ ၃ ရာခိုင္ႏႈန္း၊ အစၥလာမ္ဘာသာယုံၾကည္ ကိုးကြယ္သူ ၂ ဒသမ ၃ ရာခိုင္ႏႈန္း၊ ႐ိုးရာနတ္ကိုးကြယ္သူ သုည ဒသမ ၈ ရာခိုင္ႏႈန္း၊ ဟိႏၵဴဘာသာ ယုံၾကည္ကိုးကြယ္သူ သုည ဒသမ ၅ ရာခိုင္ႏႈန္းရွိပါသည္။ ယခုလို ခြဲျခမ္းစိတ္ျဖာမႈမ်ိဳးသည္ လက္ရွိ႐ုရွား ႏိုင္ငံ အတြက္ပင္ မဆိုထားႏွင့္ ဆိုဗီယက္ ျပည္ေထာင္စု ေခတ္ကပင္ နားလည္ႏိုင္ရန္ မခက္ခဲခဲ့ပါ။ ထို႔ေၾကာင့္ပင္ ျမန္မာ ႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာကို အသိအမွတ္ျပဳၿပီး သံတမန္ေရးရာ ဆက္သြယ္မႈမ်ားကို စတင္ေဆာင္႐ြက္ခဲ့သည့္ ႏိုင္ငံမ်ားထဲတြင္ ဆိုဗီယက္ ျပည္ေထာင္စုလည္း ပါဝင္ခဲ့ျခင္းျဖစ္ပါသည္။

ဆက္လက္ေဖာ္ျပပါမည္…

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။