နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို

 

နေပြည်တော်၊ ဖေဖော်ဝါရီ-၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင်နှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော် မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် စေတီတော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်အား ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ပြီး ဖူးမြော်ကြည်ညိုသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စေတီတော် မြတ်ကြီးအား လှည့်လည်ဖူးမြော်ကြည်ညို၍ ဘုရားဖူးလာ ပြည်သူများ အား ရင်းရင်းနှီးနှီးမေးမြန်းနှုတ်ဆက်သည်။ ဗုဒ္ဓဘာသာဆိုင်ရာ စေတီ ပုထိုးများနှင့် အခြားဘာသာရေး ဆိုင်ရာ အဆောက်အဦများအား ဖေဖော်ဝါရီလ ၈ ရက်နေ့မှစတင်၍ COVID-19 စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားပြီး အများပြည်သူများအနေဖြင့် မိမိတို့ဘာသာရေးဆိုင်ရာ ဝတ်ပြုခြင်းများ ကိုဆောင်ရွက်နိုင်ပြီဖြစ်ပါသည်။

 

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ေနျပည္ေတာ္ရွိ ဥပၸါတသႏၲိ ေစတီေတာ္ျမတ္ႀကီးသို႔ သြားေရာက္ဖူးေျမာ္ၾကည္ညိဳ

ေနျပည္ေတာ္၊ ေဖေဖာ္ဝါရီ-၁၁

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ ေရးေကာင္စီအဖြဲ႕ဝင္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ေနျပည္ေတာ္ တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ ေဇာ္မ်ိဳးတင္ႏွင့္ တာဝန္ရွိသူမ်ား လိုက္ပါၿပီး ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဥပၸါတသႏၲိ ေစတီေတာ္ ျမတ္ႀကီးသို႔ သြားေရာက္ဖူးေျမာ္ၾကည္ညိဳသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ေစတီေတာ္ႀကီးအတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္ ျမတ္အား ပန္း၊ ေရခ်မ္းမ်ား ကပ္လႉပူေဇာ္ၿပီး ဖူးေျမာ္ၾကည္ညိဳသည္။ ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ေစတီေတာ္ ျမတ္ႀကီးအား လွည့္လည္ဖူးေျမာ္ၾကည္ညိဳ၍ ဘုရားဖူးလာ ျပည္သူမ်ား အား ရင္းရင္းႏွီးႏွီးေမးျမန္းႏႈတ္ဆက္သည္။ ဗုဒၶဘာသာဆိုင္ရာ ေစတီ ပုထိုးမ်ားႏွင့္ အျခားဘာသာေရး ဆိုင္ရာ အေဆာက္အဦမ်ားအား ေဖေဖာ္ဝါရီလ ၈ ရက္ေန႔မွစတင္၍ COVID-19 စည္းကမ္းခ်က္မ်ားႏွင့္အညီ ျပန္လည္ဖြင့္လွစ္ခြင့္ျပဳထားၿပီး အမ်ားျပည္သူမ်ားအေနျဖင့္ မိမိတို႔ဘာသာေရးဆိုင္ရာ ဝတ္ျပဳျခင္းမ်ား ကိုေဆာင္႐ြက္ႏိုင္ၿပီျဖစ္ပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။