၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူမည့် ဆရာတော်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ နေ့ဆွမ်းဆက်ကပ်လှူဒါန်း

နေပြည်တော်၊ မတ် – ၂၅၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံယူမည့် ဆရာတော် များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း ရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။

 

 

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော် ကျောင်းတိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီး၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန် စာသင်တိုက် ပဓာနနာယက အဂ္ဂ မဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာ ဘိဝံသနှင့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြကြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်နှင့်ဇနီး၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာနှင့်ဇနီး၊ ဒေါက်တာဗညားအောင်မိုး နှင့်ဇနီး၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့်ဇနီး၊ ကောင်စီ တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးသန်းကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ဇနီး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ အခမ်းအနားမစတင်မီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ဇနီးတို့က သာသနာ့မဟာဗိမာန်တော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်နှင့် သစ်သီး၊ ပန်းမန်၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်သည်။
ထို့နောက် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး အမှူးပြု သော ဧည်ပရိသတ်များက ဗန်းမော်ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည် ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူ သောမေတ္တသုတ်ပရိတ်တော် များကို နာယူကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့က ဗန်းမော်ဆရာတော်ဘုရားကြီးထံသို့ လည်းကောင်း၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သန်လျင်မင်းကျောင်းဆရာတော် ထံသို့ လည်းကောင်း၊ ကောင်စီအဖွဲ့ဝင်များနှင့် အခမ်းအနား တက်ရောက်လာသည့်အကြီးအကဲ များက ဆရာတော်ကြီးများထံသို့လည်းကောင်း လှူဖွယ်ဝတ္ထုပစ္စည်းများအသီသီး ဆက်ကပ် လှူဒါန်းကြသည်။

 

 

ထို့နောက် သန်လျင်မင်းကျောင်းဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများအခမ်းအနား တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များအားနေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။

(Zawgyi Version)

၂၀၂၁ ခုႏွစ္၊ သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္ေတာ္ဆက္ကပ္ခံယူမည့္ ဆရာေတာ္မ်ားအား ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွတို႔ ေန႔ဆြမ္းဆက္ကပ္လႉဒါန္း

ေနျပည္ေတာ္၊ မတ္ – ၂၅

၂၀၂၁ ခုႏွစ္၊ သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္ေတာ္ဆက္ကပ္ခံယူမည့္ ဆရာေတာ္ မ်ားအား ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ တို႔က ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္၊ ဥပၸါတသႏၲိေစတီေတာ္ျမတ္ႀကီး ပရိဝုဏ္အတြင္း ရွိ သာသနာ့မဟာဗိမာန္ေတာ္ႀကီး၌ ေန႔ဆြမ္းဆက္ကပ္လႉဒါန္းသည္။

အခမ္းအနားသို႔ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ဥကၠ႒၊ မႏၲေလးၿမိဳ႕၊ ဗန္းေမာ္ ေက်ာင္းတိုက္ ပဓာနနာယက၊ အဘိဓဇမဟာရ႒ဂု႐ု၊ အဘိဓဇအဂၢမဟာ သဒၶမၼေဇာတိက ေဒါက္တာဘဒၵႏၲကုမာရာဘိဝံသ ဗန္းေမာ္ဆရာေတာ္ဘုရားႀကီး၊ ႏိုင္ငံေတာ္သံဃမဟာ နာယကအဖြဲ႕ အက်ိဳးေတာ္ေဆာင္၊ သန္လ်င္ၿမိဳ႕၊ မင္းေက်ာင္းပထမျပန္ စာသင္တိုက္ ပဓာနနာယက အဂၢ မဟာပ႑ိတ၊ အဂၢမဟာသဒၶမၼေဇာတိကဓဇ ေဒါက္တာဘဒၵႏၲစႏၵိမာ ဘိဝံသႏွင့္ ဆရာေတာ္၊ သံဃာေတာ္မ်ား ႂကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကႀကီး ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ၊ ေကာင္စီဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ဇနီး၊ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ ႏွင့္ဇနီး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ မန္းၿငိမ္းေမာင္ႏွင့္ဇနီး၊ ဦးခင္ေမာင္ေဆြ၊ ေဒၚေအးႏုစိန္၊ Jeng Phang ေနာ္ေတာင္၊ ဦးေမာင္းဟာႏွင့္ဇနီး၊ ေဒါက္တာဗညားေအာင္မိုး ႏွင့္ဇနီး၊ ေကာင္စီအတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြးႏွင့္ဇနီး၊ ေကာင္စီ တြဲဖက္ အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးႏွင့္ဇနီး၊ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္၊ ျပည္ေထာင္စုတရားသူႀကီးခ်ဳပ္ ဦးထြန္းထြန္းဦး၊ ႏိုင္ငံေတာ္ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာခုံ႐ုံး ဥကၠ႒ ဦးသန္းေက်ာ္၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးသိန္းစိုးႏွင့္ဇနီး၊ ျပည္ေထာင္စုဝန္ႀကီးမ်ားႏွင့္ဇနီးမ်ား၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး (ၾကည္း၊ ေရ၊ ေလ)ႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ႏွင့္ ဇနီး၊ ေနျပည္ေတာ္တိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉးႏွင့္ ဇနီး၊ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ အခမ္းအနားမစတင္မီ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ႏွင့္ ဇနီးတို႔က သာသနာ့မဟာဗိမာန္ေတာ္ႀကီးအတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ျမသပိတ္ဆြမ္းေတာ္ႏွင့္ သစ္သီး၊ ပန္းမန္၊ ေရခ်မ္း၊ ဆီမီးမ်ားကပ္လႉပူေဇာ္သည္။

ထို႔ေနာက္ အခမ္းအနားကို နေမာတႆ သုံးႀကိမ္႐ြတ္ဆိုဘုရားကန္ေတာ့ ဖြင့္လွစ္၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး အမႉးျပဳ ေသာ ဧည္ပရိသတ္မ်ားက ဗန္းေမာ္ဆရာေတာ္ဘုရားႀကီးထံမွ ငါးပါးသီလခံယူ ေဆာက္တည္ ၾကၿပီး သံဃာေတာ္အရွင္သူျမတ္မ်ား ႐ြတ္ပြားသရဇၩာယ္ေတာ္မူ ေသာေမတၱသုတ္ပရိတ္ေတာ္ မ်ားကို နာယူၾကသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ဇနီးတို႔က ဗန္းေမာ္ဆရာေတာ္ဘုရားႀကီးထံသို႔ လည္းေကာင္း၊ ေကာင္စီဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက သန္လ်င္မင္းေက်ာင္းဆရာေတာ္ ထံသို႔ လည္းေကာင္း၊ ေကာင္စီအဖြဲ႕ဝင္မ်ားႏွင့္ အခမ္းအနား တက္ေရာက္လာသည့္အႀကီးအကဲ မ်ားက ဆရာေတာ္ႀကီးမ်ားထံသို႔လည္းေကာင္း လႉဖြယ္ဝတၳဳပစၥည္းမ်ားအသီသီး ဆက္ကပ္ လႉဒါန္းၾကသည္။

ထို႔ေနာက္ သန္လ်င္မင္းေက်ာင္းဆရာေတာ္ထံမွ အႏုေမာဒနာတရားနာၾကား၍ လႉဒါန္းမႈ အစုစုအတြက္ ေရစက္သြန္းေလာင္းအမွ်ေပးေဝၾကၿပီး ဗုဒၶသာသနံ စိရံ တိ႒တု သုံးႀကိမ္႐ြတ္ဆို၍ အခမ္းအနားကို႐ုပ္သိမ္းလိုက္သည္။

အခမ္းအနားအၿပီးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီးေဒၚၾကဴၾကဴလွ၊ ေကာင္စီဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ေကာင္စီအဖြဲ႕ဝင္မ်ားႏွင့္ဇနီးမ်ားအခမ္းအနား တက္ေရာက္လာၾကသူမ်ားက ဆရာေတာ္၊ သံဃာေတာ္မ်ားအားေန႔ဆြမ္း ဆက္ကပ္လႉဒါန္းခဲ့သည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။