နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၆)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားသို့ ပါဝင်တက်ရောက်မည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မတ် – ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မြန်မာ့တပ်မတော်၏ (၇၆)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားသို့ ပါဝင်တက်ရောက်မည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fomin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေး ဝန်ကြီးနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံပြည်သူ့ကောင်စီဥက္ကဋ္ဌနှင့် သမ္မတ၏ သတင်း ပြန်ကြားရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ဖြစ်သူ Mr.Pavel GUSEV၊ Head of Moscow Buddhist Society ဖြစ်သူ Mr. Bair B.TSYMPILOV၊ ရုရှားနိုင်ငံ စစ်ဘက်၊ အရပ်ဘက် မှအရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာရုရှားနိုင်ငံစစ်သံမှူး Col Sergey S. KURCHENKO တို့ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မြန်မာ့တပ်မတော်၏ (၇၅)နှစ်မြောက်စိန်ရတု နှစ်ပတ်လည်နေ့ကို ၂၀၂၀ ပြည့်နှစ်တွင်ကျရောက်ခဲ့ပြီး COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ကျင်းပနိုင်ခဲ့ခြင်း မရှိ သဖြင့် ယခုနှစ်တွင် ကျရောက်သည့် (၇၆)နှစ်မြောက်နှစ်ပတ်လည်နေ့နှင့်ပေါင်း၍ ပြုလုပ်မည် ဖြစ် ကြောင်းနှင့် ယခုကဲ့သို့ ပါဝင်တက်ရောက်သည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ COVID-19 ရောဂါဖြစ်ပွားမှုများနှင့် မိမိတို့နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေ များကြားမှ ယခုကဲ့သို့ ပါဝင်တက်ရောက်ရန် လာရောက်ခြင်းကို ဝမ်းမြောက်စွာကြိုဆို ပါကြောင်းနှင့် မိမိတို့နှစ်နိုင်ငံသည် အလှမ်းဝေးသော်လည်း တစ်ဦးနှင့်တစ်ဦးလေးစားတန်ဖိုး ထားမှုများကို ပိုမိုခိုင်မြဲစေမည်ဖြစ်ပါကြောင်းဖြင့် ဦးစွာပြောကြားသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး ကပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ မိမိတို့ကိုယ်စားလှယ်အဖွဲ့အား နွေးထွေးစွာကြိုဆိုသည့်အတွက် ကျေးဇူးတင်ရှိပါ ကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဖြစ်သူ Army General Sergei Kuzhygetovich Shoigu ကလည်း မြန်မာ့တပ်မတော်၏(၇၆)နှစ်မြောက်တပ်မတော်နေ့ အတွက်ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာကိုပေးအပ်လိုက်ပါကြောင်းနှင့် ကာကွယ်ရေး ဝန်ကြီးကိုယ်စား မြန်မာ့တပ်မတော်၏ (၇၆)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆို ပါသည်ဟု ပြောကြားလိုပါ ကြောင်း၊ မြန်မာနိုင်ငံ၏ တည်ရှိမှုသမိုင်းကြောင်းကို လေ့လာခဲ့ ရာတွင် မြန်မာ့တပ်မတော်၏ တည်ရှိမှုနှင့် များစွာဆက်နွယ်နေသည်ကို လေ့လာတွေ့ရှိရပြီး မြန်မာ့တပ်မတော်မှ နိုင်ငံတော်၏ ပြည်တွင်း၊ ပြည်ပ ရန်စွယ်မှန်သမျှကို ခေတ်အဆက်ဆက် မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးခဲ့မှုကြောင့် မြန်မာနိုင်ငံအနေဖြင့် တည်ငြိမ်အေးချမ်း ပြီး တည်တံ့ခိုင်မြဲနေခြင်းဖြစ်သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် သမိုင်းကြောင်းအရ တူညီမှုရှိပြီး တပ်မတော်နေ့အကြိမ်အရေအတွက်များသည်လည်း တူညီမှုရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် ကျရောက်ခဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ (၇၅) နှစ်မြောက် Victory Day of Great Patriotic War အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို အဆွေတော် ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် တက်ရောက်ချီးမြှင့်ပေးခဲ့သည့်အတွက် ကျေးဇူးတင် ရှိပါကြောင်းဖြင့် ပြန်လည်ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က မိမိတို့နိုင်ငံ၏ သမိုင်းတစ်လျှောက်ကို ပြန်ကြည့်မည်ဆိုပါက မြန်မာ့တပ်မတော်၏ အရေးပါမှုကို မြင်တွေ့နိုင်မည်ဖြစ်ပြီး လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းမှစ၍ ပြည်တွင်း လက်နက် ကိုင် ပဋိပက္ခများကို အခက်အခဲမျိုးစုံကြားမှ နိုင်ငံတော်ကြီး မပြိုကွဲအောင် ခေတ်အဆက်ဆက် ထိန်းကြောင်းလုပ်ဆောင်ခဲ့ရသည်ကို မည်သူမျှငြင်း၍ရနိုင်မည်မဟုတ်ကြောင်း၊ တပ်မတော်အနေ ဖြင့် ပြည်သူလူထု၏ တောင်းဆိုမှုအရ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် လုပ် ဆောင်ပေးခဲ့သော်လည်း မျှော်မှန်းထားသကဲ့သို့ ဖြစ်မလာခဲ့ကြောင်း၊ လွတ်လပ်ပြီး တရားမျှတ သည့် ဒီမိုကရေစီနိုင်ငံရေးကိုလိုလားခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မရိုးသား သည့် နိုင်ငံရေးအဖြစ်ပုံဖော်လုပ်ဆောင်ခဲ့ပြီးနိုင်ငံတော်၏ အာဏာကို မတရားသောနည်းလမ်းများ ဖြင့် ရယူနိုင်ရန် လုပ်ဆောင်ခဲ့မှုများကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်၏ တာဝန်ကို ရယူထိန်းသိမ်းခဲ့ရပါကြောင်း၊ ဖြစ်ပေါ်ခဲ့သည့် အခြေအနေများကြောင့် စစ်မှန်သည့် ဒီမိုကရေစီ ဖြစ်စေရေး၊ စည်းကမ်းရှိပြီး ခိုင်မာသည့် ဒီမိုကရေစီဖြစ်စေရေး ခေတ္တတာဝန်ယူ ထိန်းသိမ်း ဆောင်ရွက်နေခြင်းသာဖြစ်ပြီး နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းအောင် တည်ဆောက်ပြီးပါက ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်တည့်မတ်ပေးသွားမည်ဖြစ်ကာ အေးချမ်းတည်ငြိမ် သော ဒီမိုကရေစီစည်းကမ်းပြည့်ဝသည့် နိုင်ငံတော်ဖြစ်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်ပြီး နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား စစ်ဘက်နည်းပညာပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ လေ့ကျင့်ရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ သင် တန်းသားများ စေလွှတ်ရေးဆိုင်ရာကိစ္စရပ်များနှင့် COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ကာကွယ်ဆေးနှင့် နည်းပညာ ဖလှယ်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက် ရေးဆိုင်ရာ ကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီးအား နှစ်နိုင်ငံနှင့် တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တည်တံ့ခိုင်မြဲ ရေးကို ပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့သဖြင့် ဂုဏ်ထူးဆောင်တံဆိပ်နှင့် ဂုဏ်ထူးဆောင် ဓားကို ဂုဏ်ပြုပေးအပ်သည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီးက ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် တို့ကို “တိုက်ပွဲဝင် သွေးသောက် စိတ်မြှင့်တင်မှု” (For Strengthening of Combat Companionship-in-Arms) ဆုတံဆိပ်ကို ပေးအပ် ချီးမြှင့် သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များတွင် သိမ်းဆည်းရမိခဲ့သည့် ဆူပူအကြမ်းဖက်လှုပ်ရှားမှုများတွင် အသုံးပြုလာသော ဒေသန္တရလုပ် လက်နက်၊ ကိရိယာပစ္စည်းများ စသည်တို့ကိုခင်းကျင်းပြသထားရှိရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ ရုရှားသတင်းမီဒီယာများက လေ့လာကြည့်ရှုခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုက်လံ ရှင်းလင်း ပြသခဲ့သည်။

 

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ (၇၆)ႏွစ္ေျမာက္တပ္မေတာ္ေန႔အခမ္းအနားသို႔ ပါဝင္တက္ေရာက္မည့္ ႐ုရွား ဖက္ဒေရးရွင္းႏိုင္ငံ ဒုတိယကာကြယ္ေရးဝန္ႀကီးဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕အား လက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ မတ္ – ၂၆

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ သည္ ျမန္မာ့တပ္မေတာ္၏ (၇၆)ႏွစ္ေျမာက္တပ္မေတာ္ေန႔အခမ္းအနားသို႔ ပါဝင္တက္ေရာက္မည့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ဒုတိယကာကြယ္ေရးဝန္ႀကီး Colonel General Alexander Vasilyevich Fomin ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕အား ယေန႔ နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အတူ၊ ေကာင္စီဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး (ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္ ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ဒုတိယကာကြယ္ေရး ဝန္ႀကီးႏွင့္အတူ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံျပည္သူ႔ေကာင္စီဥကၠ႒ႏွင့္ သမၼတ၏ သတင္း ျပန္ၾကားေရးဆိုင္ရာအႀကံေပးပုဂၢိဳလ္ျဖစ္သူ Mr.Pavel GUSEV၊ Head of Moscow Buddhist Society ျဖစ္သူ Mr. Bair B.TSYMPILOV၊ ႐ုရွားႏိုင္ငံ စစ္ဘက္၊ အရပ္ဘက္ မွအရာရွိႀကီးမ်ားႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ႐ုရွားႏိုင္ငံစစ္သံမႉး Col Sergey S. KURCHENKO တို႔ တက္ေရာက္ ၾကသည္။

ထိုသို႔ေတြ႕ဆုံေဆြးေႏြးရာတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာ့တပ္မေတာ္၏ (၇၅)ႏွစ္ေျမာက္စိန္ရတု ႏွစ္ပတ္လည္ေန႔ကို ၂၀၂၀ ျပည့္ႏွစ္တြင္က်ေရာက္ခဲ့ၿပီး COVID-19 ေရာဂါျဖစ္ပြားမႈေၾကာင့္ က်င္းပႏိုင္ခဲ့ျခင္း မရွိ သျဖင့္ ယခုႏွစ္တြင္ က်ေရာက္သည့္ (၇၆)ႏွစ္ေျမာက္ႏွစ္ပတ္လည္ေန႔ႏွင့္ေပါင္း၍ ျပဳလုပ္မည္ ျဖစ္ ေၾကာင္းႏွင့္ ယခုကဲ့သို႔ ပါဝင္တက္ေရာက္သည့္အတြက္ ဝမ္းေျမာက္မိပါေၾကာင္း၊ COVID-19 ေရာဂါျဖစ္ပြားမႈမ်ားႏွင့္ မိမိတို႔ႏိုင္ငံ၏ ႏိုင္ငံေရးျဖစ္ေပၚေျပာင္းလဲမႈ အေျခအေန မ်ားၾကားမွ ယခုကဲ့သို႔ ပါဝင္တက္ေရာက္ရန္ လာေရာက္ျခင္းကို ဝမ္းေျမာက္စြာႀကိဳဆို ပါေၾကာင္းႏွင့္ မိမိတို႔ႏွစ္ႏိုင္ငံသည္ အလွမ္းေဝးေသာ္လည္း တစ္ဦးႏွင့္တစ္ဦးေလးစားတန္ဖိုး ထားမႈမ်ားကို ပိုမိုခိုင္ၿမဲေစမည္ျဖစ္ပါေၾကာင္းျဖင့္ ဦးစြာေျပာၾကားသည္။

႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ဒုတိယကာကြယ္ေရးဝန္ႀကီး ကျပန္လည္ေျပာၾကားရာတြင္ ယခုကဲ့သို႔ မိမိတို႔ကိုယ္စားလွယ္အဖြဲ႕အား ေႏြးေထြးစြာႀကိဳဆိုသည့္အတြက္ ေက်းဇူးတင္ရွိပါ ေၾကာင္း၊ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ကာကြယ္ေရးဝန္ႀကီးျဖစ္သူ Army General Sergei Kuzhygetovich Shoigu ကလည္း ျမန္မာ့တပ္မေတာ္၏(၇၆)ႏွစ္ေျမာက္တပ္မေတာ္ေန႔ အတြက္ဂုဏ္ယူဝမ္းေျမာက္ေၾကာင္းသဝဏ္လႊာကိုေပးအပ္လိုက္ပါေၾကာင္းႏွင့္ ကာကြယ္ေရး ဝန္ႀကီးကိုယ္စား ျမန္မာ့တပ္မေတာ္၏ (၇၆)ႏွစ္ေျမာက္ တပ္မေတာ္ေန႔ကို ဂုဏ္ျပဳႀကိဳဆို ပါသည္ဟု ေျပာၾကားလိုပါ ေၾကာင္း၊ ျမန္မာႏိုင္ငံ၏ တည္ရွိမႈသမိုင္းေၾကာင္းကို ေလ့လာခဲ့ ရာတြင္ ျမန္မာ့တပ္မေတာ္၏ တည္ရွိမႈႏွင့္ မ်ားစြာဆက္ႏြယ္ေနသည္ကို ေလ့လာေတြ႕ရွိရၿပီး ျမန္မာ့တပ္မေတာ္မွ ႏိုင္ငံေတာ္၏ ျပည္တြင္း၊ ျပည္ပ ရန္စြယ္မွန္သမွ်ကို ေခတ္အဆက္ဆက္ မားမားမတ္မတ္ ရပ္တည္ကာကြယ္ေပးခဲ့မႈေၾကာင့္ ျမန္မာႏိုင္ငံအေနျဖင့္ တည္ၿငိမ္ေအးခ်မ္း ၿပီး တည္တံ့ခိုင္ၿမဲေနျခင္းျဖစ္သည္ကို ေလ့လာေတြ႕ရွိရပါေၾကာင္း၊ မိမိတို႔ႏွစ္ႏိုင္ငံသည္ သမိုင္းေၾကာင္းအရ တူညီမႈရွိၿပီး တပ္မေတာ္ေန႔အႀကိမ္အေရအတြက္မ်ားသည္လည္း တူညီမႈရွိၿပီး ၂၀၂၀ ျပည့္ႏွစ္တြင္ က်ေရာက္ခဲ့သည့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၏ (၇၅) ႏွစ္ေျမာက္ Victory Day of Great Patriotic War အထိမ္းအမွတ္ စစ္ေရးျပအခမ္းအနားကို အေဆြေတာ္ ဗိုလ္ခ်ဳပ္မႉးႀကီး ကိုယ္တိုင္ တက္ေရာက္ခ်ီးျမႇင့္ေပးခဲ့သည့္အတြက္ ေက်းဇူးတင္ ရွိပါေၾကာင္းျဖင့္ ျပန္လည္ေျပာၾကားသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က မိမိတို႔ႏိုင္ငံ၏ သမိုင္းတစ္ေလွ်ာက္ကို ျပန္ၾကည့္မည္ဆိုပါက ျမန္မာ့တပ္မေတာ္၏ အေရးပါမႈကို ျမင္ေတြ႕ႏိုင္မည္ျဖစ္ၿပီး လြတ္လပ္ေရးရရွိၿပီးေနာက္ပိုင္းမွစ၍ ျပည္တြင္း လက္နက္ ကိုင္ ပဋိပကၡမ်ားကို အခက္အခဲမ်ိဳးစုံၾကားမွ ႏိုင္ငံေတာ္ႀကီး မၿပိဳကြဲေအာင္ ေခတ္အဆက္ဆက္ ထိန္းေၾကာင္းလုပ္ေဆာင္ခဲ့ရသည္ကို မည္သူမွ်ျငင္း၍ရႏိုင္မည္မဟုတ္ေၾကာင္း၊ တပ္မေတာ္အေန ျဖင့္ ျပည္သူလူထု၏ ေတာင္းဆိုမႈအရ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းေပၚသို႔ ေရာက္ရွိေအာင္ လုပ္ ေဆာင္ေပးခဲ့ေသာ္လည္း ေမွ်ာ္မွန္းထားသကဲ့သို႔ ျဖစ္မလာခဲ့ေၾကာင္း၊ လြတ္လပ္ၿပီး တရားမွ်တ သည့္ ဒီမိုကေရစီႏိုင္ငံေရးကိုလိုလားခဲ့ေသာ္လည္း ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတြင္ မ႐ိုးသား သည့္ ႏိုင္ငံေရးအျဖစ္ပုံေဖာ္လုပ္ေဆာင္ခဲ့ၿပီးႏိုင္ငံေတာ္၏ အာဏာကို မတရားေသာနည္းလမ္းမ်ား ျဖင့္ ရယူႏိုင္ရန္ လုပ္ေဆာင္ခဲ့မႈမ်ားေၾကာင့္ တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္၏ တာဝန္ကို ရယူထိန္းသိမ္းခဲ့ရပါေၾကာင္း၊ ျဖစ္ေပၚခဲ့သည့္ အေျခအေနမ်ားေၾကာင့္ စစ္မွန္သည့္ ဒီမိုကေရစီ ျဖစ္ေစေရး၊ စည္းကမ္းရွိၿပီး ခိုင္မာသည့္ ဒီမိုကေရစီျဖစ္ေစေရး ေခတၱတာဝန္ယူ ထိန္းသိမ္း ေဆာင္႐ြက္ေနျခင္းသာျဖစ္ၿပီး ႏိုင္ငံေတာ္ကို တည္ၿငိမ္ေအးခ်မ္းေအာင္ တည္ေဆာက္ၿပီးပါက ဒီမိုကေရစီလမ္းေၾကာင္းကို ျပန္လည္တည့္မတ္ေပးသြားမည္ျဖစ္ကာ ေအးခ်မ္းတည္ၿငိမ္ ေသာ ဒီမိုကေရစီစည္းကမ္းျပည့္ဝသည့္ ႏိုင္ငံေတာ္ျဖစ္ေအာင္ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ပါ ေၾကာင္းျဖင့္ ေျပာၾကားသည္။

ဆက္လက္ၿပီး ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား စစ္ဘက္နည္းပညာပူးေပါင္းေဆာင္ ႐ြက္ေရးဆိုင္ရာကိစၥရပ္မ်ား၊ ႏွစ္ႏိုင္ငံႏွင့္ ႏွစ္ႏိုင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား ၊ လူမႈေရး၊ စီးပြားေရး၊ ပညာေရး၊ ေလ့က်င့္ေရးႏွင့္ က႑ေပါင္းစုံတြင္ ပူးေပါင္းေဆာင္႐ြက္ေရး ဆိုင္ရာ ကိစၥရပ္မ်ား၊ သင္ တန္းသားမ်ား ေစလႊတ္ေရးဆိုင္ရာကိစၥရပ္မ်ားႏွင့္ COVID-19 ေရာဂါ ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားတြင္ ကာကြယ္ေဆးႏွင့္ နည္းပညာ ဖလွယ္ေရး ဆိုင္ရာ ကိစၥရပ္မ်ားႏွင့္ ခ်စ္ၾကည္ေရးခရီးစဥ္မ်ား အျပန္အလွန္သြားေရာက္ ေရးဆိုင္ရာ ကိစၥရပ္မ်ားကို ခင္မင္ရင္းႏွီးစြာ အျပန္အလွန္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ဒုတိယကာကြယ္ေရးဝန္ႀကီးအား ႏွစ္ႏိုင္ငံႏွင့္ တပ္မေတာ္ ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ စစ္ဘက္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈ တည္တံ့ခိုင္ၿမဲ ေရးကို ပိုမိုတိုးတက္ေအာင္ေဆာင္႐ြက္ႏိုင္ခဲ့သျဖင့္ ဂုဏ္ထူးေဆာင္တံဆိပ္ႏွင့္ ဂုဏ္ထူးေဆာင္ ဓားကို ဂုဏ္ျပဳေပးအပ္သည္။

ထို႔ေနာက္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ဒုတိယကာကြယ္ေရးဝန္ႀကီးက ေကာင္စီဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီဝင္မ်ား ျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး (ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအးႏွင့္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္ တို႔ကို “တိုက္ပြဲဝင္ ေသြးေသာက္ စိတ္ျမႇင့္တင္မႈ” (For Strengthening of Combat Companionship-in-Arms) ဆုတံဆိပ္ကို ေပးအပ္ ခ်ီးျမႇင့္ သည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တက္ေရာက္လာၾကသူမ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္ခဲ့ၾကသည္။

ယင္းေနာက္ လက္ရွိျမန္မာႏိုင္ငံတြင္ ျဖစ္ေပၚေနသည့္ ဆူပူအၾကမ္းဖက္မႈျဖစ္စဥ္မ်ားတြင္ သိမ္းဆည္းရမိခဲ့သည့္ ဆူပူအၾကမ္းဖက္လႈပ္ရွားမႈမ်ားတြင္ အသုံးျပဳလာေသာ ေဒသႏၲရလုပ္ လက္နက္၊ ကိရိယာပစၥည္းမ်ား စသည္တို႔ကိုခင္းက်င္းျပသထားရွိရာ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ဒုတိယကာကြယ္ေရးဝန္ႀကီးႏွင့္ အဖြဲ႕ဝင္မ်ား၊ ႐ုရွားသတင္းမီဒီယာမ်ားက ေလ့လာၾကည့္ရႈခဲ့ၾကၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လိုက္လံ ရွင္းလင္း ျပသခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။