နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကျိုင်းတုံမြို့၊ ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ် ပရိဝုဏ်တော်အတွင်း သတ္တာသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး တည်ဆောက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု

နေပြည်တော် ဖေဖေါ်ဝါရီ ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များသည် သီလဓမ္မကုန်းသာတောရကျောင်းတိုက် ဦးစီးပဓာန နာယက (ဝစီပိတ်) ဆရာတော် ဘဒ္ဒန္တကောဝိဒ အမှူးပြု၍ ယနေ့မွန်းလွဲပိုင်းတွင် ကျိုင်းတုံမြို့အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာ ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ် ပရိဝုဏ်တော်အတွင်း သတ္တာသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး တည်ဆောက် နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင် များသည် ပရိဝုဏ်တော်အတွင်းသို့ ရောက်ရှိကြပြီး အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီး အား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ကာ လက်ယာရစ်လှည့်လည်ပူဇော် ကြပြီး ငြိမ်းချမ်းသာယာဖွံ့ဖြိုးရေးခေါင်းလောင်းတော်အား ထိုးခတ်ပူဇော်သည်။ ထို့နောက် ရုပ်ပွားတော်မြတ်ကြီးအတွင်း ဗုဒ္ဓဝင်ဖြစ်တော်စဉ်များကို စကျင်ကျောက်တော်များဖြင့် ထွင်းထုပူဇော်ထားမှုအား လှည့်လည်ကြည်ညိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ဗုဒ္ဓဥယျာဉ်တော်နှင့် လွိုင်မွေတောင်အပန်းဖြေစခန်းမြို့သို့ ဆက်သွယ်ဖောက် လုပ်မည့် Sky Train စီမံကိန်းမြေနေရာအားသွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်တော်အတွင်း ရှုခင်းသာနေရာနှင့် ဗုဒ္ဓဥယျာဉ်တော်နှင့် သောက်သုံးရေလိုအပ်လျက်ရှိသည့် ပတ်ဝန်းကျင်ကျေးရွာများ ရေလှောင်တမံ တည်ဆောက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများက ရေလှောင်တမံဆောင်ရွက်နေမှု အခြေအနေများနှင့် ကျိုင်းတုံမြို့နယ် ရေကြီးရေလျှံမှု ကာကွယ်ရေး ဘဏ္ဍာနှစ်အလိုက် ချောင်းများမှ သဲနုန်းတူးဖော်ခြင်းနှင့် ချောင်းချဲ့ထွင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က မြေအောက်ရေသုံးစွဲမှုကို တတ်နိုင်သမျှ လျှော့ချ၍ သဘာဝမှ သိုလှောင် ရရှိနိုင်သည့် ရေကို ဆည်တည်ဆောက်၍ ထိန်းသိမ်းသုံးစွဲရန်လိုကြောင်း၊ ထိုသို့ သုံးစွဲရာ တွင်လည်း ရေသုံးစွဲမှုကို စနစ်တကျသုံးစွဲရန်လိုကြောင်း၊ မြစ်ချောင်းများအတွင်း မိုးရာသီ ၌ ရေဝင်ရောက်မှု ပိုမိုများပြားစေရေး သဲနုန်းများကို ယခုပွင့်လင်းကာလများတွင် စနစ် တကျ ဖယ်ရှားရှင်းလင်းထားရန်လိုကြောင်း၊ အဆိုပါ မြစ်၊ ချောင်းများ အတွင်းရှိ ရေများ ကို စိုက်ပျိုးရေးတောင်သူများ ရာသီမရွေး သီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် နေရောင်ခြည် စွမ်းအင်သုံး အသေးစား ရေတင်စိုက်ပျိုးခြင်းများကို ကျိုင်းတုံဒေသတွင် ကနဦး စမ်းသပ် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများမှ အလေးထား ဆောင်ရွက်ရန် လိုကြောင်း၊ ထိုသို့ အသေးစား ရေတင် စိုက်ပျိုးခြင်းဖြင့် အောင်မြင်မှုများ ရရှိပါက နိုင်ငံတစ်ဝန်းတွင်လည်း အဆိုပါ စနစ်ဖြင့် စိုက်ပျိုး နိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေးဖြစ်ထွန်း အောင်မြင်မှသာ စိုက်ပျိုးရေးတောင်သူများ၏ လူမှုစီးပွားဘဝ ဖြစ်ထွန်းတိုးတက်လာမည် ဖြစ်သဖြင့် အောင်မြင်အောင် တာဝန်ရှိသူများမှ ဝိုင်းဝန်းကြိုးပမ်းဖော်ဆောင်ပေးကြရန်လို ကြောင်းဖြင့် ဆွေးနွေးမှာကြားပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ဝစီပိတ် ဆရာတော်ကြီး ကိုယ်တိုင် ဦးဆောင် ပဓာန ကမကထပြု၍ တည်ဆောက်ပူဇော်လျက်ရှိသည့် သတ္တာသတ္တာဟ မဟာဗောဓိစေတီ တော်မြတ်ကြီး တည်ဆောက်ပူဇော် ပြီးစီးမှု အခြေအနေများ၊ ကမ္မဝိသုဒ္ဓိခဏ္ဍ သိမ်တော် တည်ဆောက် ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်တော်အတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

Zawgyi version

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က်ိဳင္းတုံၿမိဳ႕၊ ပန္ကြဲေက်း႐ြာအနီးရွိ ဗုဒၶဥယ်ာဥ္ ပရိဝုဏ္ေတာ္အတြင္း သတၱာသတၱာဟ မဟာေဗာဓိေစတီေတာ္ျမတ္ႀကီး တည္ေဆာက္ေနမႈ အေျခအေနမ်ားအား သြားေရာက္ၾကည့္ရႈ

ေနျပည္ေတာ္ ေဖေဖၚဝါရီ ၁၅

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္အဖြဲ႕ဝင္မ်ားသည္ သီလဓမၼကုန္းသာေတာရေက်ာင္းတိုက္ ဦးစီးပဓာန နာယက (ဝစီပိတ္) ဆရာေတာ္ ဘဒၵႏၲေကာဝိဒ အမႉးျပဳ၍ ယေန႔မြန္းလြဲပိုင္းတြင္ က်ိဳင္းတုံၿမိဳ႕အေရွ႕ေတာင္ဘက္ ၁၅ မိုင္ခန႔္အကြာ ပန္ကြဲေက်း႐ြာအနီးရွိ ဗုဒၶဥယ်ာဥ္ ပရိဝုဏ္ေတာ္အတြင္း သတၱာသတၱာဟ မဟာေဗာဓိေစတီေတာ္ျမတ္ႀကီး တည္ေဆာက္ ေနမႈ အေျခအေနမ်ားအား သြားေရာက္ၾကည့္ရႈသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ႏွင့္ အဖြဲ႕ဝင္ မ်ားသည္ ပရိဝုဏ္ေတာ္အတြင္းသို႔ ေရာက္ရွိၾကၿပီး အဘယရာဇမုနိ ႐ုပ္ပြားေတာ္ျမတ္ႀကီး အား ဖူးေျမာ္ၾကည္ညိဳ၍ ပန္း၊ ေရခ်မ္း ကပ္လႉပူေဇာ္ကာ လက္ယာရစ္လွည့္လည္ပူေဇာ္ ၾကၿပီး ၿငိမ္းခ်မ္းသာယာဖြံ႕ၿဖိဳးေရးေခါင္းေလာင္းေတာ္အား ထိုးခတ္ပူေဇာ္သည္။ ထို႔ေနာက္ ႐ုပ္ပြားေတာ္ျမတ္ႀကီးအတြင္း ဗုဒၶဝင္ျဖစ္ေတာ္စဥ္မ်ားကို စက်င္ေက်ာက္ေတာ္မ်ားျဖင့္ ထြင္းထုပူေဇာ္ထားမႈအား လွည့္လည္ၾကည္ညိဳၾကသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ သည္ ဗုဒၶဥယ်ာဥ္ေတာ္ႏွင့္ လြိဳင္ေမြေတာင္အပန္းေျဖစခန္းၿမိဳ႕သို႔ ဆက္သြယ္ေဖာက္ လုပ္မည့္ Sky Train စီမံကိန္းေျမေနရာအားသြားေရာက္ၾကည့္ရႈၿပီး တာဝန္ရွိသူမ်ား၏ တင္ျပခ်က္မ်ားအေပၚ လိုအပ္သည္မ်ား ညႇိႏႈိင္းျဖည့္ဆည္းေဆာင္႐ြက္ေပးသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ဗုဒၶဥယ်ာဥ္ေတာ္အတြင္း ရႈခင္းသာေနရာႏွင့္ ဗုဒၶဥယ်ာဥ္ေတာ္ႏွင့္ ေသာက္သုံးေရလိုအပ္လ်က္ရွိသည့္ ပတ္ဝန္းက်င္ေက်း႐ြာမ်ား ေရေလွာင္တမံ တည္ေဆာက္ေနမႈ အေျခအေနမ်ားအား သြားေရာက္ၾကည့္ရႈရာ တာဝန္ရွိသူမ်ားက ေရေလွာင္တမံေဆာင္႐ြက္ေနမႈ အေျခအေနမ်ားႏွင့္ က်ိဳင္းတုံၿမိဳ႕နယ္ ေရႀကီးေရလွ်ံမႈ ကာကြယ္ေရး ဘ႑ာႏွစ္အလိုက္ ေခ်ာင္းမ်ားမွ သဲႏုန္းတူးေဖာ္ျခင္းႏွင့္ ေခ်ာင္းခ်ဲ႕ထြင္ျခင္း လုပ္ငန္းမ်ား ေဆာင္႐ြက္ေနမႈ အေျခအေနမ်ားကို ရွင္းလင္းတင္ျပၾကသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္က ေျမေအာက္ေရသုံးစြဲမႈကို တတ္ႏိုင္သမွ် ေလွ်ာ့ခ်၍ သဘာဝမွ သိုေလွာင္ ရရွိႏိုင္သည့္ ေရကို ဆည္တည္ေဆာက္၍ ထိန္းသိမ္းသုံးစြဲရန္လိုေၾကာင္း၊ ထိုသို႔ သုံးစြဲရာ တြင္လည္း ေရသုံးစြဲမႈကို စနစ္တက်သုံးစြဲရန္လိုေၾကာင္း၊ ျမစ္ေခ်ာင္းမ်ားအတြင္း မိုးရာသီ ၌ ေရဝင္ေရာက္မႈ ပိုမိုမ်ားျပားေစေရး သဲႏုန္းမ်ားကို ယခုပြင့္လင္းကာလမ်ားတြင္ စနစ္ တက် ဖယ္ရွားရွင္းလင္းထားရန္လိုေၾကာင္း၊ အဆိုပါ ျမစ္၊ ေခ်ာင္းမ်ား အတြင္းရွိ ေရမ်ား ကို စိုက္ပ်ိဳးေရးေတာင္သူမ်ား ရာသီမေ႐ြး သီးႏွံမ်ား စိုက္ပ်ိဳးႏိုင္ေရးအတြက္ ေနေရာင္ျခည္ စြမ္းအင္သုံး အေသးစား ေရတင္စိုက္ပ်ိဳးျခင္းမ်ားကို က်ိဳင္းတုံေဒသတြင္ ကနဦး စမ္းသပ္ ေဆာင္႐ြက္ႏိုင္ေရး တာဝန္ရွိသူမ်ားမွ အေလးထား ေဆာင္႐ြက္ရန္ လိုေၾကာင္း၊ ထိုသို႔ အေသးစား ေရတင္ စိုက္ပ်ိဳးျခင္းျဖင့္ ေအာင္ျမင္မႈမ်ား ရရွိပါက ႏိုင္ငံတစ္ဝန္းတြင္လည္း အဆိုပါ စနစ္ျဖင့္ စိုက္ပ်ိဳး ႏိုင္ေရး ေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ စိုက္ပ်ိဳးေရးျဖစ္ထြန္း ေအာင္ျမင္မွသာ စိုက္ပ်ိဳးေရးေတာင္သူမ်ား၏ လူမႈစီးပြားဘဝ ျဖစ္ထြန္းတိုးတက္လာမည္ ျဖစ္သျဖင့္ ေအာင္ျမင္ေအာင္ တာဝန္ရွိသူမ်ားမွ ဝိုင္းဝန္းႀကိဳးပမ္းေဖာ္ေဆာင္ေပးၾကရန္လို ေၾကာင္းျဖင့္ ေဆြးေႏြးမွာၾကားၿပီး လိုအပ္သည္မ်ား ညႇိႏႈိင္း ေဆာင္႐ြက္ေပးသည္။

ယင္းေနာက္ ဝစီပိတ္ ဆရာေတာ္ႀကီး ကိုယ္တိုင္ ဦးေဆာင္ ပဓာန ကမကထျပဳ၍ တည္ေဆာက္ပူေဇာ္လ်က္ရွိသည့္ သတၱာသတၱာဟ မဟာေဗာဓိေစတီ ေတာ္ျမတ္ႀကီး တည္ေဆာက္ပူေဇာ္ ၿပီးစီးမႈ အေျခအေနမ်ား၊ ကမၼဝိသုဒၶိခ႑ သိမ္ေတာ္ တည္ေဆာက္ ၿပီးစီးမႈ အေျခအေနမ်ားကို လိုက္လံၾကည့္ရႈၿပီး လိုအပ္သည္မ်ား မွာၾကားသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ဗုဒၶဥယ်ာဥ္ေတာ္အတြင္း လွည့္လည္ၾကည့္ရႈေလ့လာခဲ့ၾကေၾကာင္း သတင္းရရွိသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။