တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၃) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၂၁

တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၃) သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော် ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီး၏ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အဆိုပါ သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်၊ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် မင်္ဂလာဒုံတပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ်လောင်း များ၏ မိဘအုပ်ထိန်းသူများဖြစ်သည့် တပ်မတော်ဆေးတက္ကသိုလ်၊ စာပေဌာနနှင့် လေ့ကျင့်ရေးဌာနတို့မှ နည်းပြအရာရှိ များနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ကြ သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က သင်တန်းဆင်းအရာရှိများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် သင်တန်းဆင်းအရာရှိများ၊ ညစာစားပွဲ တက်ရောက်လာကြသူများ နှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။

ညစာသုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်ဆေးတက္ကသိုလ် ဂုဏ်ပြုစစ်တီး ဝိုင်းတပ်ဖွဲ့၏ ဂုဏ်ပြုတီးမှုတ်မှုအား ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောင်းဆင်းအရာရှိများနှင့်အတူ ဘွဲ့နှင်းသဘင်ခန်းမ ဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှု အောက် မြဝတီတေးဂီတအဖွဲ့၏ တေးသီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများ အား ကြည့်ရှုအားပေးခဲ့ပါသည်။

Zawgyi Version

တပ္မေတာ္ေဆးတကၠသိုလ္ ဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္(၂၃) သင္တန္းဆင္း ဂုဏ္ျပဳညစာစားပြဲ အခမ္းအနားက်င္းပ

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၂၁

တပ္မေတာ္ေဆးတကၠသိုလ္၊ ဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္(၂၃) သင္တန္းဆင္း ဂုဏ္ျပဳ ညစာစားပြဲအခမ္းအနားကို ယေန႔ညေနပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ တပ္မေတာ္ ေဆးတကၠသိုလ္ ဘြဲ႕ႏွင္းသဘင္ခန္းမေဆာင္ႀကီး၏ စုေဝးခန္းမ၌ က်င္းပျပဳလုပ္ရာ ႏိုင္ငံ ေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ခ်ီးျမႇင့္သည္။

အဆိုပါ သင္တန္းဆင္း ဂုဏ္ျပဳညစာစားပြဲ အခမ္းအနားသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဇနီး ေဒၚၾကဴၾကဴလွ၊ ညႇိႏႈိင္း ကြပ္ကဲေရးမႉး (ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအးႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္ အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ား၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး၊ ရန္ကုန္ၿမိဳ႕ေတာ္ဝန္၊ တပ္မေတာ္ေဆးတကၠသိုလ္ ေက်ာင္းအုပ္ႀကီးႏွင့္ မဂၤလာဒုံတပ္နယ္မွ တာဝန္ရွိသူမ်ား၊ ေက်ာင္းဆင္းဗိုလ္ေလာင္း မ်ား၏ မိဘအုပ္ထိန္းသူမ်ားျဖစ္သည့္ တပ္မေတာ္ေဆးတကၠသိုလ္၊ စာေပဌာနႏွင့္ ေလ့က်င့္ေရးဌာနတို႔မွ နည္းျပအရာရွိ မ်ားႏွင့္ ဆရာ၊ ဆရာမမ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည့္ေတာ္မ်ား တက္ေရာက္ၾက သည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က သင္တန္းဆင္းအရာရွိမ်ားအား တစ္ဦးခ်င္း ရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္သည္။ ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္ အဖြဲ႕ဝင္မ်ားသည္ သင္တန္းဆင္းအရာရွိမ်ား၊ ညစာစားပြဲ တက္ေရာက္လာၾကသူမ်ား ႏွင့္အတူ ဂုဏ္ျပဳညစာကို အတူတကြ သုံးေဆာင္ၾကသည္။

ညစာသုံးေဆာင္အၿပီးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တပ္မေတာ္ေဆးတကၠသိုလ္ ဂုဏ္ျပဳစစ္တီး ဝိုင္းတပ္ဖြဲ႕၏ ဂုဏ္ျပဳတီးမႈတ္မႈအား ၾကည့္ရႈအားေပးၿပီး ခ်ီးျမႇင့္ေငြမ်ား ေပးအပ္သည္။
ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေက်ာင္းဆင္းအရာရွိမ်ားႏွင့္အတူ ဘြဲ႕ႏွင္းသဘင္ခန္းမ ေဆာင္၌ ျပည္သူ႔ဆက္ဆံေရးႏွင့္ စိတ္ဓာတ္စစ္ဆင္ေရးၫႊန္ၾကားေရးမႉး႐ုံး ကြပ္ကဲမႈ ေအာက္ ျမဝတီေတးဂီတအဖြဲ႕၏ ေတးသီခ်င္းမ်ားျဖင့္ ဂုဏ္ျပဳေဖ်ာ္ေျဖတင္ဆက္မႈမ်ား အား ၾကည့္ရႈအားေပးခဲ့ပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။