ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ချုပ်ဆိုခြင်း(၈)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြောကြားသည့်မိန့်ခွန်း

ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျား-

လွန်ခဲ့တဲ့(၈)နှစ်က အခုလိုအချိန်မှာ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(Nationwide Ceasefire Agreement–NCA)မှာ ပါဝင်ကြသူများ၊ NCA စာချုပ်ကြီး လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြတဲ့ တိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်တွင်းနဲ့ နိုင်ငံတကာမှ အသိသက်သေများ၊ ပြည်ထောင်စုကြီးအတွင်းမှာရှိကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်းနဲ့ တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးအကျိုးကို ဆတက်ထမ်းပိုး ထမ်းဆောင်နိုင်ကြပါစေကြောင်း ဦးစွာဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ဒီနေ့ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA) စာချုပ်ချုပ်ဆိုခဲ့တဲ့ (၈)နှစ်မြောက်နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီပထမအစိုးရလက်ထက် ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုဟာ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်းနဲ့ ဆက်လက်ဆွေးနွေးမှုများကရရှိလာတဲ့ ရလဒ်တွေကို အခြေခံပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက်ဖို့ပဲ ဖြစ်ပါတယ်။ NCA စာချုပ် ဆွေးနွေးညှိနှိုင်းရေးဆွဲရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ လိုလားချက်တွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုယ်တိုင် တွေ့ဆုံဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်းတွေပြုလုပ်ပြီး နိုင်ငံတော်အဆင့် သဘောတူညီချက်စာချုပ်အဖြစ် ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံအတွက် မရှိမဖြစ်လိုအပ်တဲ့ ငြိမ်းချမ်းရေးရရှိနိုင်ဖို့ မြန်မာ့သမိုင်းစဉ်တစ်လျှောက်မှာ မရှိဘူးတဲ့ လိုက်လျောမှု၊ သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှု၊ ငြိမ်းချမ်းရေးကို လိုလားမှုတို့အတွက် သမိုင်းမှတ်တိုင်လည်း ဖြစ်ပါတယ်။

NCA စာချုပ်ဟာ လွယ်လင့်တကူဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ဖိတ်ခေါ်တဲ့နေ့ကစပြီး NCA စာချုပ်ရရှိသည်အထိရက်ပေါင်း ၁,၄၅၀ မျှ ကြာမြင့်ခဲ့ပါတယ်။ အဲဒီကာလအတွင်း အစည်းအဝေးတွေ၊ တွေ့ဆုံညှိနှိုင်းမှုတွေ စုစုပေါင်း အကြိမ် ၅,၀၀၀ ကျော်အထိ ပြုလုပ်ခဲ့ရပါတယ်။ ဒီလို ကြိုးစားပြီး ဆောင်ရွက်ခဲ့တာကြောင့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ အသိသက်သေများ၊ ပြည်တွင်းအသိသက်သေများ ရှေ့မှောက်မှာ ခမ်းနားထည်ဝါစွာ NCA စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ ကြပါတယ်။ ပြည်ထောင်စုလွှတ်တော်က Union Accord အဖြစ် အတည်ပြုပေးထားတဲ့ သမိုင်းဝင်စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မျှ ပျက်ပြယ်မှုမရှိဘဲ တည်တံ့နေမည့်စာချုပ်ဖြစ်တာကြောင့် တပ်မတော်အနေနဲ့ NCA စာချုပ်အပေါ်မှာသာ အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-

ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်ရေးနဲ့အတူ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပေါ်လာခဲ့တာ နှစ်ပေါင်း ၇၅ နှစ်ကျော်လွန်ခဲ့ပြီ ဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခ ဘာ့ကြောင့်ဖြစ်ပွားနေရတာလဲဆိုတာ ပြန်လည်ဆန်းစစ်ကြည့်ဖို့လည်း လိုပါလိမ့်မယ်။ သမိုင်းကြောင်းကိုသိမှ ပစ္စုပ္ပန်ကာလမှာ အားနည်းချက်တွေကိုသိမြင်ပြီး အနာဂတ်အတွက် အကျိုးဖြစ်ထွန်းစေမှာလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ အမိမြန်မာ နိုင်ငံတော်ကြီးကို နယ်ချဲ့အင်္ဂလိပ်တို့ဟာ ၁၈၂၄ ခုနှစ်ကစလို့ မတရားကျူးကျော်စစ် သုံးကြိမ်ပြုခဲ့ပြီး သူ့ကျွန်ဘဝကိုသွတ်သွင်း ခဲ့ပါတယ်။ မြန်မာနိုင်ငံကို အရှည်သဖြင့် ကျွန်ပြုနိုင်ဖို့အတွက် ၁၈၈၆ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ အထက်မြန်မာပြည် ဥပဒေကို စတင်ပြဋ္ဌာန်းခဲ့ပါတယ်။ ၁၈၈၈ ခုနှစ်မှာ ရှမ်းပြည်နယ်အက် ဥပဒေ၊ ၁၈၈၉ ခုနှစ်၊ စက်တင်ဘာလမှာ မြန်မာပြည်ကျေးရွာဥပဒေ၊ ၁၈၉၅ ခုနှစ်မှာ ကချင်တောင်တန်း လူမျိုးစုများစည်းမျဉ်းဥပဒေ၊ ၁၈၉၆ ခုနှစ်မှာ ချင်းတောင်တန်း စည်းမျဉ်းဥပဒေ၊ ၁၉၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှာ ရှမ်းပြည်နယ်ကိုအုပ်ချုပ်ဖို့ ပဒေသရာဇ်ကောင်စီကိုဖွဲ့စည်းပြီး ရှမ်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်း ခွဲခြားခြင်းစသည်ဖြင့် တောင်ပေါ် မြေပြန့်တစ်ခုချင်းစီကို ဥပဒေတွေပြဋ္ဌာန်းပြီး နှစ်ပေါင်းတစ်ရာကျော် သွေးခွဲအုပ်ချုပ်ခဲ့ကြပါ တယ်။ ဒါ့အပြင် မြန်မာပြည်မကို အုပ်ချုပ်ရာမှာလည်း ကွဲပြားခြား နားမှုများပြားအောင် လုပ်ဆောင်ခဲ့တာတွေ့ပါတယ်။ ၁၉၃၇ ခုနှစ်မှာ စတင်ကျင့်သုံးခဲ့တဲ့ “၉၁ ဌာန အုပ်ချုပ်ရေးစနစ်”မှာ ၎င်းတို့အုပ်ချုပ်ရေးကို အထောက်အကူပြုဖို့ အောက်လွှတ်တော်မှာ အမတ် ၁၃၂ ဦး ရွေးချယ်ရပါတယ်။ ဒီလိုရွေးချယ်ရာမှာ မြန်မာပြည် မြို့ကြီးများမှ ၁၃ ဦး၊ တောမြို့-တောနယ်မှ ၇၈ ဦး၊ ကရင်တောနယ်မှ ၁၂ ဦး၊ အိန္ဒိယ ၁ ဦး၊ အင်္ဂလိပ်ကပြား ၂ ဦး၊ အိန္ဒိယကုန်သည်အသင်း ၂ ဦး၊ တရုတ်ကုန်သည်အသင်း ၁ ဦး၊ မြန်မာကုန်သည်ကြီးများအသင်း ၅ ဦးစသဖြင့် ထည့်သွင်းထားတာကို တွေ့ရပါတယ်။ တိုင်းရင်းသား လူမျိုးများစွာ ပျံ့နှံ့စုပေါင်းနေထိုင်နေတဲ့ မြန်မာနိုင်ငံမှာ ဒီလိုရွေးချယ်မှုဟာ ဘာကို ဦးတည်စေသလဲဆိုတာ သတိပြုမိနိုင်မှာဖြစ်ပါတယ်။ အဲဒီလို နှစ်ပေါင်းရာချီပြီးသွေးခွဲခဲ့တာကြောင့် တိုင်းရင်းသားအချင်းချင်း သူစိမ်းပြင်ပြင် ဖြစ်ခဲ့ရုံသာမက ယုံကြည်မှုတွေလျော့နည်းခဲ့တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးရရှိပြီးစမှာ နိုင်ငံရေးပါတီတွေရဲ့ အာဏာလွန်ဆွဲမှုတွေဟာ ပြင်းထန်လာခဲ့တာကို တွေ့ရှိရပါတယ်။ ၁၉၄၈ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ ဗမာပြည် ကွန်မြူနစ်ပါတီဟာ နိုင်ငံရေးသဘောထားကွဲလွဲမှုကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ရာကစလို့ ပြည်တွင်းစစ်မီး စတင်တောက်လောင်ခဲ့ပါတယ်။ တပ်မတော်အနေနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ မိမိထက်အဆမတန်အင်အားများတဲ့ ရောင်စုံသောင်းကျန်းသူတွေကို တိုက်ခိုက်ခဲ့ရပါတယ်။ ဧရာဝတီတိုင်းနဲ့ ပဲခူးရိုးမပေါ်မှာရှိတဲ့ ကွန်မြူနစ်သောင်းကျန်းသူတွေကို တပ်မတော်နဲ့ ပြည်သူလက်တွဲပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် သောင်းကျန်းသူ တွေဟာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်ဘက်တွေကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပါတယ်။ ကွန်မြူနစ်တွေဟာ အဲဒီဒေသမှာရှိတဲ့ ရိုးသားတဲ့တိုင်းရင်းသားတွေကို အဓမ္မလူသစ်စုဆောင်းကြရုံ သာမက “အစိုးရဆန့်ကျင်ရေး” နဲ့ “လူမျိုးစုလွတ်မြောက်ရေး” စတဲ့ နိုင်ငံရေးမှိုင်းတွေနဲ့ သွေးထိုးခဲ့ကြပါတယ်။ ရိုးသားတဲ့တိုင်းရင်းသားတွေ အပေါ် နယ်ချဲ့တို့ရဲ့ နှစ်ပေါင်းများစွာသွေးခွဲခဲ့မှုနဲ့ ဗမာပြည်ကွန်မြူနစ် ပါတီရဲ့ “လူမျိုးစုလွတ်မြောက်ရေး” ဆိုတဲ့ သွေးထိုးမှုတွေကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ တစ်စတစ်စ ပေါ်ပေါက် လာခဲ့ရတာ ဖြစ်ပါတယ်။ တပ်မတော်ကို မုန်းတီးလို့ပေါ်ပေါက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဆိုတာ ယနေ့အထိမရှိခဲ့ပါဘူး။ နိုင်ငံရေးအယူအဆ ကွဲလွဲမှုတွေကို နိုင်ငံရေးနည်းနဲ့မဖြေရှင်းဘဲ လက်နက်စွဲကိုင်ခဲ့ကြရာက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွား နေရခြင်းသာ ဖြစ်ပါတယ်။ လက်ရှိကျွန်တော်တို့နိုင်ငံမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေကို သုံးသပ်ကြည့်ရင်လည်း လွတ်လပ်ရေးရပြီးကာစ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်ခဲ့တဲ့ အခြေအနေမျိုးဖြစ်နေတာ ကိုလည်း တွေ့ရှိရပါတယ်။ ဒီမိုကရေစီရေးကို ဆောင်ရွက်နေပါတယ် ဆိုသူတွေကိုယ်တိုင် မဲမသမာမှုတွေဆောင်ရွက်ခဲ့ပြီး ဥပဒေနဲ့အညီ ဒီမိုကရေစီနည်းလမ်းကျဖြေရှင်းခဲ့ခြင်းမရှိဘဲ လက်နက်ကိုင်အကြမ်းဖက် လမ်းစဉ်ကို ရွေးချယ်ခဲ့ပါတယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးကာကွယ် နေပါတယ်ဆိုတဲ့ ပြည်ပနိုင်ငံအချို့ကလည်း ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ ဒီလက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှု တွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အားပေးတာတွေ၊ မြှောက်ထိုးပင့်ကော် ပြုလုပ်နေတာကို တွေ့ရပါတယ်။ ဒါတွေဟာ မြန်မာပြည်သူလူထုရဲ့ဆန္ဒဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို နှောင့်နှေး စေတာ၊ ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ်ကို အားပေးနေတာပဲ ဖြစ်ပါတယ်။ ဒါတွေကို အားလုံးကသတိပြုမိစေလိုပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ကတော့ ပြည်သူ့ဆန္ဒဖြစ်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မလွဲမသွေ ဆက်လက်လျှောက်လှမ်းသွား မှာပဲ ဖြစ်ပါတယ်။ ဒီလို လျှောက်လှမ်းနိုင်ဖို့ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ရေးလိုအပ်တဲ့ပြင်ဆင်မှုတွေ၊ အခင်းအကျင်းတွေကို ဆက်လက် ဆောင်ရွက်လျက် ရှိနေပါတယ်။ မဲဆန္ဒရှင်ပြည်သူများရဲ့ ဆန္ဒမှန် ကို ထုတ်ဖော်နိုင်တဲ့ လွတ်လပ်တရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေပြုလုပ်ပေးသွားမှာဖြစ်ကြောင်းလည်း အလေးအနက် ပြောကြား လိုပါတယ်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-

လွတ်လပ်ရေးရရှိပြီးချိန်ကစလို့ နိုင်ငံတော်ဖြတ်သန်းလာခဲ့တဲ့ သမိုင်းကြောင်းကိုလည်း ပြန်လည်သုံးသပ်ကြည့်ဖို့လည်းလိုပါတယ်။ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ပါလီမန်ဒီမိုကရေစီစနစ်၊ ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ တော်လှန်ရေးကောင်စီအစိုးရလက်ထက် ဆိုရှယ်လစ် စနစ်အုတ်မြစ်ချသည့်ကာလ၊ ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဆိုရှယ်လစ်စနစ်၊ ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းနိုင်ရေး အခြေခံအုတ်မြစ်ချသည့် ကာလတို့ကို ဖြတ်သန်းခဲ့ပြီး ၂၀၁၁ ခုနှစ်မှ ယနေ့အထိကာလဟာ ဒီမိုကရေစီစနစ် လျှောက်လှမ်းနေဆဲကာလပဲ ဖြစ်ပါတယ်။ တပ်မတော် အနေနဲ့ ငြိမ်းချမ်းရေးကို ခေတ်အဆက်ဆက် ဖိတ်ခေါ်ကမ်းလှမ်း ခဲ့ပါတယ်။ တပ်မတော်အစိုးရလက်ထက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့ရာမှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ငြိမ်းချမ်းရေးရယူ နိုင်ခဲ့ရုံသာမက လက်နက်နဲ့ငြိမ်းချမ်းရေး အပြီးတိုင်လဲလှယ်ခဲ့ကြတဲ့ အဖွဲ့အစည်းတွေလည်း ရှိခဲ့ပါတယ်။ တစ်နိုင်ငံလုံးနီးပါး ငြိမ်းချမ်းရေးတည်ဆောက်နိုင်ခဲ့တဲ့ အထိရှိခဲ့လို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမ များအားလုံး ငြိမ်းချမ်းရေးရဲ့အရသာကို လက်တွေ့ခံစားခဲ့ကြရပါတယ်။ အဲဒီခေတ်က တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေအကြား နိုင်ငံရေးအရောင်အသွေးမပါဘဲ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပြီး “နိုင်ငံတော်ကြီးတည်ငြိမ်အေးချမ်းရမည်” ဆိုတဲ့ တူညီတဲ့ သဘောထား တစ်ထပ်တည်းရှိနေလို့ပဲ ဖြစ်ပါတယ်။ အဲဒီကာလ ငြိမ်းချမ်းရေးဆောင်ရွက်ရာမှာ NCA စာချုပ်ကဲ့သို့ ခိုင်မာမှု၊ တရားဝင်မှုရှိတဲ့ စာချုပ် ချုပ်ဆိုနိုင်ခြင်းမရှိဘဲ သဘောတူညီချက်များ၊ ကတိကဝတ်များ နဲ့သာ ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ ယခုထိ ဒီသဘောတူညီချက်၊ ကတိကဝတ်တွေကို လိုက်နာစောင့်ထိန်းနေတဲ့ အဖွဲ့အစည်းများ လည်းရှိပါတယ်။ဒီအဖွဲ့များကိုလည်း ခိုင်မာလေးနက်တရားဝင်မှု ရှိတဲ့ NCA လမ်းကြောင်းအပေါ် လျှောက်လှမ်းပြီး ထာဝရငြိမ်းချမ်းရေး တည်ဆောက်ကြဖို့ တိုက်တွန်းလိုပါတယ်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-

နိုင်ငံတစ်နိုင်ငံရဲ့စနစ်တစ်ခုကို ပြောင်းလဲလျှောက်လှမ်းရာမှာ အစိုးရက ပြောင်းလဲလို့မရပါဘူး။ ပြည်သူ့ဆန္ဒပါမှ ပြောင်းလဲလို့ရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ် အထိ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆိုရှယ်လစ်စနစ်ကို လျှောက်လှမ်းနိုင်ဖို့အတွက် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့မှာ ပြည်လုံးကျွတ်ဆန္ဒခံယူမှု ပြုလုပ်ခဲ့ပါတယ်။ မဲဆန္ဒရှင်ပြည်သူ ၉၀ ဒသမ ၁၉ ရာခိုင်နှုန်းရဲ့ထောက်ခံမှုနဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် စနစ်ကို လျှောက်လှမ်းခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ တစ်ပါတီစနစ်မှ ပြည်သူလူထုတောင်းဆိုလာတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်း နိုင်ဖို့အတွက် လိုအပ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုတိုင်းရင်းသား ကိုယ်စားလှယ်ကြီးများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ စုပေါင်း ညှိနှိုင်းရေးဆွဲပြီး ၂၀၀၈ ခုနှစ်၊ မေလ ၂၉ ရက်နေ့မှာ ပြည်လုံးကျွတ် ဆန္ဒခံယူခဲ့ပါတယ်။ မဲဆန္ဒရှင်ပြည်သူ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း ထောက်ခံမှုရရှိခဲ့တာကြောင့် ယနေ့ပြဋ္ဌာန်းကျင့်သုံးနေတဲ့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီနေရာမှာ NCA စာချုပ်ရဲ့ ဖြစ်ပေါ်လာပုံနဲ့ သဘောတရား၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်ပေါ်လာပုံနဲ့ သဘောတရားတွေကို ကွဲကွဲပြားပြားသိဖို့ လိုအပ်ပါတယ်။ NCA စာချုပ်ဟာ နိုင်ငံတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ကတိကဝတ်ပြု သဘောတူညီချက်၊ သဘောတူစာချုပ်ဖြစ်ပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ နိုင်ငံတော်နဲ့ နိုင်ငံသူ၊ နိုင်ငံသား တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးအကြား အာမခံချက်ပေးထားတဲ့ ဥပဒေ ဖြစ်ပါတယ်။ အဖွဲ့အစည်း ၂ ခုအကြား သဘောတူညီချက် ကတိကဝတ်ဟာ နိုင်ငံသူ၊ နိုင်ငံသား တိုင်းရင်းသားပြည်သူလူထု အားလုံးအပေါ်မှာထားရမယ့် သဘောတူညီချက်၊ အာမခံချက် ပြုထားတဲ့ ဥပဒေအပေါ်မှာ လွှမ်းမိုးဖို့မသင့်ပါဘူး။ ဆိုလိုတာက NCA ကို အလေးအနက်ထားရမှာဖြစ်ပေမယ့် NCA စာချုပ်ကနေ တစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဆောင်ရွက်ရာမှာ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ထင်မြင်ချက်၊ ယူဆချက်၊ လိုလားချက်တွေကို တူညီဆန္ဒများအဖြစ် စုစည်းဆွေးနွေးနေတာ ဖြစ်ပါတယ်။ ဒီအထဲက အခြေခံဥပဒေကို ပြင်ဆင်ရမယ့်အချက်များပါလာရင် နောင်ဖြစ်ပေါ်လာမယ့် လွှတ်တော်အသီးသီးကတစ်ဆင့် အဆုံးအဖြတ်ကို ခံယူဆောင်ရွက်သွားရမှာပဲ ဖြစ်ပါတယ်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုရာမှာလည်း ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်ရေးရပြီးကတည်းက ဒီနေ့အထိ ဖွဲ့စည်းပုံအခြေခံဥပဒေ ၃ ခု ကျင့်သုံးခဲ့တဲ့အနက် ပထမဆုံးကျင့်သုံးခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ကိုရည်ရွယ်ပြီး အငြင်းပွားဖွယ်ရာများနဲ့ အဆောတလျင် ရေးဆွဲခဲ့ရတဲ့အပြင် တိုင်းပြုပြည်ပြုလွှတ်တော်မှာသာ အတည်ပြု ထားတဲ့ ဥပဒေဖြစ်ပါတယ်။ နယ်ချဲ့တွေဟာ မြန်မာနိုင်ငံကို ဥပဒေ အမျိုးမျိုး၊ အုပ်ချုပ်မှုစနစ်အမျိုးမျိုးနဲ့ သွေးခွဲအုပ်ချုပ်ခဲ့တဲ့အပြင် လွတ်လပ်ရေးပေးရာမှာလည်း တောင်တန်း၊ ပြည်မ ခွဲခြားပေးဖို့ ဆောင်ရွက်ခဲ့ပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း ၁၉၄၁-၁၉၄၃ ခုနှစ် ဘီအိုင်အေ(BIA) ၊ ဘီဒီအေ (BDA) ခေတ်မှာ “လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယ”ဆိုပြီး နိုင်ငံရေးရည်မှန်းချက်ထား ဆောင်ရွက်ခဲ့ပါတယ်။ လွတ်လပ်ရေးအကြိုကာလ ၁၉၄၃-၁၉၄၅ ခုနှစ် ဘီအင်န်အေ(BNA)၊ ပီဘီအက်ဖ်(PBF)ခေတ်မှာ “လွတ်လပ်ရေးသည် ပထမ၊ ဒီမိုကရေစီရေးသည် ဒုတိယ၊ ဆိုရှယ်လစ် ဝါဒရေးသည် တတိယ” ဆိုပြီး နိုင်ငံရေးရည်မှန်းချက်ထား ဆောင်ရွက်ခဲ့ပါတယ်။ သတိပြုစရာက လွတ်လပ်ရေးမရခင် အဲဒီခေတ်ကတည်းက မြန်မာနိုင်ငံဟာဆိုရှယ်လစ်စနစ်တည်ထောင်ရေးကို ရည်မှန်းချက် ရှိခဲ့တယ်ဆိုတာပဲ ဖြစ်ပါတယ်။

သို့သော် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ ဆိုရှယ်လစ်စနစ်နဲ့ပတ်သက်တဲ့ ပြဋ္ဌာန်းချက်မျိုး မတွေ့ရပါဘူး။ ဘာကြောင့်လည်းဆိုတာ သမိုင်းအထောက်အထားတွေနဲ့ ပြန်လေ့လာ ကြည့်မယ်ဆိုရင် ဒီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ လန်ဒန်မှာချုပ်ဆိုခဲ့တဲ့ အောင်ဆန်း-အက်တလီ စာချုပ်ကိုအခြေခံပြီး ပေါ်ပေါက်လာခဲ့တာဖြစ်ကြောင်း တွေ့ရပါတယ်။ အဲဒီအချိန်မှာ လွတ်လပ်ရေးအမြန်ဆုံးရရှိဖို့သည်သာ အဓိကလို့ အဖွဲ့အစည်းအသီးသီးက ခံယူကြိုးစားနေချိန်လည်း ဖြစ်ပါ တယ်။ ၁၉၄၇ ခုနှစ်၊ အောက်တိုဘာလမှာကျင်းပမယ့် ဗြိတိသျှပါလီ မန် အစည်းအဝေးမှာ မြန်မာနိုင်ငံလွတ်လပ်ရေးဥပဒေကြမ်း (Burma Independence Bill)ကို တင်သွင်းနိုင်မှသာ ပါလီမန် အစည်းအဝေးက အတည်ပြုတဲ့ အခွင့်အရေးရမှာလည်း ဖြစ်ပါ တယ်။ ဒါမှလည်း လွတ်လပ်ရေးအမြန်ရရှိမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲရာမှာ လွတ်လပ်ရေး ကြိုးပမ်းမှုမှာပါဝင်ခဲ့တဲ့ အဖွဲ့အစည်း များအနေနဲ့ ဗြိတိသျှတို့အလိုကျ ထည့်ပေးခဲ့ရတဲ့ ပြဋ္ဌာန်းချက်များ စွာ ပါဝင်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီကာလမှာ ဆိုရှယ်လစ်စနစ် ဆိုတဲ့ အသုံးအနှုန်းသာပါဝင်ခဲ့ရင် တိုင်းပြည်လွတ်လပ်ရေးရရှိဖို့ နှောင့်နှေးဖို့လည်းဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အဲဒီခေတ်က ဗြိတိသျှတို့ကျင့်သုံးနေတဲ့ ပါလီမန် ဒီမိုကရေစီစနစ်ကို ရွေးချယ်ခဲ့ တာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီ အနေနဲ့ မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးကို အတုအယောင် လွတ်လပ် ရေးလို့စွပ်စွဲပြီး လွတ်လပ်ရေးရပြီး ၃ လခန့် အကြာမှာ တောခို လက်နက်ကိုင် ဆန့်ကျင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလို နိုင်ငံရေး သဘော ထားကွဲလွဲမှု၊ အယူအဆရေးရာကွဲလွဲမှုတွေကစပြီး ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ စတင်လာခဲ့ တာတွေ့ပါတယ်။ ဒါကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ ၁၉၄၈ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့မှာ လက်ဝဲညီညွတ်ရေးကောင်စီကို ဖွဲ့စည်းလုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ မူလက လက်ဝဲညီညွတ်ရေးမူ(၁၅)ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အနောက်နိုင်ငံအချို့ရဲ့ ဖိအားပေးမှုတွေကြောင့် အချို့အချက်တွေကို ဖျက်သိမ်းခဲ့ရပါတယ်။ ဒါတွေကိုကြည့်ရင် အနောက် နိုင်ငံများရဲ့ ဝင်ရောက်စွက်ဖက်မှု ဘယ်လောက်ရှိခဲ့တယ်ဆိုတာ ထင်ရှားတဲ့သာဓကပဲဖြစ်ပါတယ်။ ဒီလို တိုက်ရိုက်စွက်ဖက်မှု၊ သွယ်ဝိုက်စွက်ဖက်မှုတွေ၊ သွေးထိုးလှုံ့ဆော်မှုတွေ ကြောင့် မြန်မာပြည် လွတ်လပ်ရေးရပြီးနောက် ကျင့်သုံးမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ခွဲထွက်ခွင့် စတာတွေနဲ့ ပတ်သက်ရင် ပြည်ထောင်စုအတွက် အန္တရာယ်ရှိနိုင်တယ်လို့ သတိထားသင့်ကြောင်း ၁၉၄၇ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ တောင်တန်းဒေသစုံစမ်းရေးအဖွဲ့အစီရင်ခံစာမှာ စောစီးစွာထောက်ပြခဲ့တာကိုလည်း လေ့လာတွေ့ရှိရပါတယ်။

ဒီလိုနောက်ခံသမိုင်းအကြောင်းရင်းတွေကြောင့် ပြည်ထောင်စု နိုင်ငံရဲ့ အနာဂတ်ဟာ စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။ နိုင်ငံရဲ့ မရေမရာ မသေချာတဲ့ဖြစ်ရပ်တွေကြောင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့တဲ့ ခေါင်းဆောင်များဟာ တော်လှန်ရေးကောင်စီလက်ထက်မှာ ဆိုရှယ်လစ်စနစ်ကို စတင်အုတ်မြစ် ချခဲ့ကြတာပဲ ဖြစ်တယ်။

ယနေ့ ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ နိုင်ငံရေးရည်မှန်းချက်ဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နဲ့ ဖက်ဒရယ်ဆိုတဲ့ ပေါင်းစည်းနေထိုင်ခြင်း၊ သဟဇာတဖြစ်ခြင်း၊ ခွဲဝေ ခံစားခြင်း၊ အုပ်ချုပ်မှုတာဝန် ခွဲဝေလုပ်ဆောင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဆိုတာ အများစုက ရွေးချယ်တဲ့ကိစ္စ၊ အများစုရဲ့ဆန္ဒကို ဥပဒေနဲ့အညီ စီမံဖော်ဆောင်ခြင်းဖြစ်ပါတယ်။ အလားတူ ဒီမိုကရေစီရဲ့ကျင့်စဉ်အရ အနည်းစုရဲ့ဆန္ဒကိုလည်း လေးစားတန်ဖိုးထားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံအတွက် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ထူထောင်ဖို့၊ ဒီမိုကရေစီစနစ်မယိုင်လဲစေဖို့ လိုအပ်ချက်ကတော့ ဒီမိုကရေစီစိတ်မွေးဖို့၊ စည်းကမ်းစနစ်ကျနတဲ့၊ ဥပဒေကိုလေးစားတန်ဖိုးထားလိုက်နာတဲ့ မြန်မာ့လူ့ဘောင်အဖွဲ့အစည်း တစ်ရပ် ဖြစ်ပေါ်လာစေရေးပဲဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ တိုင်းရင်းသားပြည်သူလူထုအားလုံးက ဝိုင်းဝန်းဖော်ဆောင်ရမှာ ဖြစ်ပါတယ်။

အလားတူ တိုင်းရင်းသားပြည်သူအားလုံး လိုလားနေတဲ့ ဖက်ဒရယ် စနစ်ကို တည်ဆောက်ရာမှာလည်း တိုင်းရင်းသားပြည်သူလူထု၏ အကျိုး၊ ပြည်ထောင်စုကြီး၏ အကျိုးကိုရေရှည်ကြည့်ပြီး မိမိနိုင်ငံနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ်ပုံစံကို တည်ဆောက်သွားဖို့ လိုပါတယ်။ ကျွန်တော်တို့နိုင်ငံသည် ရှေးဘုရင်များလက်ထက်ကတည်းက ပြည်ထောင်စုစနစ်ပုံစံနဲ့ တည်ဆောက်ထားတဲ့ ပြည်ထောင်စုနိုင်ငံတစ်ခု ဖြစ်ပါတယ်။ ပထမမြန်မာနိုင်ငံတော်လို့ သတ်မှတ်ခဲ့ကြတဲ့ ပုဂံခေတ် ကတည်းက တိုင်းရင်းသားပြည်သူများနဲ့ စုစည်းတည်ထောင်ထားတဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို အင်္ဂလိပ်များသိမ်းယူစဉ်က Burma ဆိုတဲ့ ပြည်ထောင်စုနိုင်ငံအဖြစ်နဲ့ သိမ်းယူခဲ့တာဖြစ်ပြီး လွတ်လပ်ရေးပေးချိန်မှာလည်း ပြည်ထောင်စုတစ်ဝန်းလုံးကို တစ်စုတစ်စည်းသောနိုင်ငံအဖြစ် လွတ်လပ်ရေးပေးခဲ့တာပဲဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံများနဲ့ နယ်နိမိတ်စာချုပ်များ ချုပ်ဆိုရာမှာလည်း လက်ရှိ နယ်နိမိတ်အတိုင်း စာချုပ်ချုပ်ဆိုအသိအမှတ်ပြုခဲ့တာ၊ တိုင်းရင်းသားပြည်သူလူထုအားလုံးကလည်း အသိအမှတ်ပြုခဲ့တာတွေ ဟာ ကျွန်တော်တို့နိုင်ငံသည် သမိုင်းအဆက်ဆက် ပြည်ထောင်စု နိုင်ငံအဖြစ် ရပ်တည်ခဲ့တယ်ဆိုတဲ့ ခိုင်မာတဲ့သမိုင်းပဲဖြစ်ပါတယ်။

ဒီလိုသမိုင်းစဉ်တစ်လျှောက် ရပ်တည်ခဲ့တဲ့ ပြည်ထောင်စုကို တည်ဆောက်ရာမှာ မှန်ကန်တဲ့၊ နိုင်ငံနဲ့ကိုက်ညီတဲ့ စနစ်ဖြစ်ဖို့ လိုပါတယ်။ တိုင်းရင်းသားလူမျိုးစုများ များပြားလှတဲ့ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဖက်ဒရယ်စနစ်ကိုကျင့်သုံးရာမှာ လူမျိုးကိုအခြေခံတဲ့ ဖက်ဒရယ်စနစ်ထက် နယ်မြေဒေသကိုအခြေခံတဲ့ ဖက်ဒရယ်စနစ်ကို အကောင်အထည်ဖော်ဖို့ လိုပါတယ်။ ဒါမှသာ ကွန်ဖက်ဒရေးရှင်း ဆိုတဲ့ ကွဲပြားခြားနားမှုကိုအားပေးတဲ့၊ ပြည်ထောင်စုပြိုကွဲခြင်းကို ဦးတည်သွားစေနိုင်မယ့် ကိစ္စတွေကို ရှောင်ရှားနိုင်မှာလည်း ဖြစ်ပါ တယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)မှာ တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့အတွက် အုပ်ချုပ်ရေးအာဏာများ ခွဲဝေထားပြီးဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၁) နိုင်ငံတော်အခြေခံမူများ၊ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များမှာလည်း တိုင်းရင်းသားပြည်သူ တစ်ဦးချင်းစီရဲ့ အခွင့်အရေးများ၊ အာမခံချက် များကို တန်းတူညီမျှ ပေးထားပြီးဖြစ်ပါတယ်။ နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရနဲ့ ဘာသာရေးအရ သဘောထားကွဲလွဲစရာ အကြောင်းမရှိပါဘူး။ ဒါတွေကို လက်တွေ့ကျင့်သုံးခြင်း၊ လိုအပ်တာ တွေကို ဥပဒေနဲ့အညီ ပြင်ဆင်တိုးချဲ့ခြင်းတို့ဟာ လက်တွေ့ကျတဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်ခြင်းပဲ ဖြစ်ပါတယ်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား- ဒီမိုကရေစီစနစ်ဆိုရာမှာ အမျိုးမျိုးရှိပါတယ်။ ယနေ့ ကျွန်တော်တို့ နိုင်ငံကျင့်သုံးနေတာက ပါတီစုံဒီမိုကရေစီဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် မှာ အထွေထွေရွေးကောက်ပွဲဟာ အရေးကြီးပါတယ်။ ပြည်သူတွေ အနေနဲ့ ဖြတ်သန်းလာခဲ့တဲ့ သမိုင်းကြောင်းအရ အထွေထွေ ရွေးကောက်ပွဲအတွေ့အကြုံတွေလည်း ရှိကြပြီးဖြစ်ပါတယ်။ ဖဆပလခေတ်က ပါလီမန်ဒီမိုကရေစီစနစ်နဲ့ ယနေ့ခေတ် ပါတီစုံ ဒီမိုကရေစီစနစ်ရဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေအထိဟာ “အနိုင်ရသူ အကုန်ယူ” စနစ်ဖြစ်တာကြောင့် နိုင်ငံရေးချိန်ခွင်လျှာညီမျှမှုမရှိခဲ့ဘဲ တိုင်းရင်းသား လူမျိုးစုပါတီများအနေနဲ့ နိုင်ငံရေးမှာ ပါဝင်ခွင့် အခွင့်အရေးနည်းပါးခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ တိုင်းရင်းသား လူမျိုးစုကြီး ၈ စုရှိပြီး လူမျိုးစု ၁၃၀ ကျော် ရှိပါတယ်။ အဲဒီတော့ တိုင်းရင်းသားပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံတော်ကြီးကို ခိုင်မာတဲ့ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်ကြရမှာပဲ ဖြစ်ပါတယ်။ ဖက်ဒရယ်ဟာ “ပေါင်းစည်း နေထိုင်ခြင်း၊ မျှဝေခံစားခြင်း”လို့လည်း အနက်အဓိပ္ပာယ်ရှိပါတယ်။ မျှဝေခံစားဖို့ဆိုရင်တော့ ရွေးကောက်ပွဲစနစ်မှာ ယခင်ကျင့်သုံးခဲ့တဲ့ အင်အားကြီးပါတီတစ်ခုတည်းက “အနိုင်ရသူ အကုန်ယူ” ဆိုတဲ့ စနစ်အစား တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်တွေ ကျယ်ကျယ် ပြန့်ပြန့်ပါဝင်ဖို့ “အချိုးကျကိုယ်စားပြု စနစ်” PR စနစ်ကိုကျင့်သုံး ရမှာဖြစ်ပါတယ်။ ဒါကလည်း ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရဲ့ ဆန္ဒတစ်ခုတည်းမဟုတ်ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အဆိုပြုချက်တွေနဲ့ ဖြစ်ပေါ်လာတဲ့ NCA စာချုပ် ထဲက ဘုံသဘောဆန္ဒလည်းဖြစ်ပါတယ်။ NCA စာချုပ်ပါ အခန်း(၁) အခြေခံမူများမှာ “ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်တို့ကိုအခြေခံသော ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနဲ့အညီ တည်ဆောက် သွားရန်”၊ “နိုင်ငံသားအားလုံး တန်းတူရည်တူ အခွင့်အရေးများ ရရှိစေရန်” ဆိုတဲ့ အချက်ပါရှိပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် PR စနစ်ဟာ ကျွန်တော်တို့နိုင်ငံနဲ့ အသင့်လျော်ဆုံးဆိုတာ ပြောကြားလိုပါတယ်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-

၂၀၁၁ ခုနှစ် ဒီမိုကရေစီပထမအစိုးရလက်ထက် ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ တာထွက်ကောင်းခဲ့ပြီး တိုင်းပြည်လည်း အထိုက်အလျှောက် တိုးတက်ခဲ့ပါတယ်။ NCA စာချုပ်ကြီး ပေါ်ပေါက် လာခဲ့ပြီး ငြိမ်းချမ်းရေးအတွက် ရလဒ်ကောင်းတွေရရှိချိန်မှာ တိုင်းပြည် သစ္စာဖောက်အချို့နဲ့ ပြည်ပနိုင်ငံအချို့က NCA မှာ လက်မှတ် မရေးထိုးဖို့ သွေးထိုးလှုံ့ဆော်ခဲ့ကြပါတယ်။ ဒါပေမဲ့ တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ်လိုလားတဲ့ အဖွဲ့အစည်း ၈ ဖွဲ့ဟာ NCA စာချုပ်ကြီးမှာ အောင်မြင်စွာလက်မှတ် ရေးထိုးနိုင်ခဲ့ပြီး နောက်ထပ် ၂ ဖွဲ့ဟာလည်း ထပ်မံလက်မှတ် ရေးထိုးနိုင်ခဲ့လို့ လက်ရှိအချိန်ထိ NCA လက်မှတ်ရေးထိုးပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ရှိပြီ ဖြစ်ပါတယ်။ NCA လက်မှတ်ရေးထိုးရခြင်းမရှိသေးတဲ့ ကျန်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း NCA လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေး တည်ဆောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။ NCA စာချုပ်ကြီး ပေါ်ပေါက်လာပြီး တစ်ပြိုင်နက် တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးမူဝါဒ(၆)ရပ်ကို ထုတ်ပြန် ခဲ့ပါတယ်။ တပ်မတော်ကထုတ်ပြန်တဲ့ ငြိမ်းချမ်းရေးမူဝါဒ(၆)ရပ်ဟာ NCA စာချုပ်ရဲ့ အနှစ်သာရအတိုင်းဖြစ်သလို ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးကြိုးပမ်းမှုသမိုင်းတွေက ရရှိလာတဲ့ “အသိတရား” ဖြစ်ပြီး လက်ရှိငြိမ်းချမ်းရေးတည်ဆောက်မှု ခိုင်မြဲစေဖို့အတွက်လုပ်ဆောင်ရမည့် “ အရှိတရား ” လည်း ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှစတင်ပြီး ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက် နေ့ထိ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲပေးခဲ့ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့လည်း နိုင်ငံတော်ကို စတင်တာဝန်ယူတဲ့အချိန်မှစပြီး ရှေ့လုပ်ငန်းစဉ်နဲ့ ဦးတည်ချက်များကို အဆင့်ဆင့်ချမှတ်ခဲ့ရာ လက်ရှိမှာလည်း ရှေ့လုပ်ငန်းစဉ်(၅)ရပ်နဲ့ ဦးတည်ချက်(၉)ရပ် ချမှတ်ထားပါတယ်။ ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှာ “NCA ပါသဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်” ဆိုတဲ့ အချက်ပါရှိသလို ဦးတည်ချက်(၉)ရပ် မှာလည်း “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ပါအတိုင်း အလေးထားလုပ်ဆောင်ရေး” ဆိုတဲ့အချက်ကို ထည့်သွင်းဆောင်ရွက် နေတာ တွေ့နိုင်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ အတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနဲ့ ညှိနှိုင်းရေးကော်မတီဆိုပြီး ကော်မတီ(၃)ရပ် ဖွဲ့စည်းခဲ့ပါတယ်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီအဆင့်ဆင့်တို့ဟာ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှာ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန်၊ ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံမှု ရှိ/မရှိ၊ ဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုစနစ်အပေါ် လက်ခံမှု ရှိ/မရှိအပေါ်မူတည်ပြီး မည်သည့်ကန့်သတ်ချက်မှ မပါသော တွေ့ဆုံဆွေးနွေးပွဲကို ဖိတ်ခေါ်ခဲ့ပါတယ်။ NCA လက်မှတ် ရေးထိုးထားတဲ့ EAO အဖွဲ့(၇)ဖွဲ့၊ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ EAO အဖွဲ့(၃)ဖွဲ့တို့မှ ကိုယ်စားလှယ်များနဲ့တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေးဖော်ဆောင်ခြင်းနဲ့အတူ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက် ရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတည်ရှိရာ ဒေသအတွင်းရှိ ပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်း/တံတားတည်ဆောက်ရေးနဲ့ အခြေခံအဆောက်အဦများ ဖွံ့ဖြိုး တိုးတက်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ဆိုင်ရာကိစ္စများကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးလျက်ရှိပါတယ်။

၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ပြည်သူများကို ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ “၂၀၂၂ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ်” ဖြစ်ကြောင်း ကျွန်တော် ပြောကြားခဲ့ပါတယ်။ အဲဒီနောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နဲ့ ၂၀၂၂ ခုနှစ်၊ မေလမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း (၃) ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးရာမှ ဘုံသဘောတူညီချက် အဖြစ်-

(၁)   ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ် ခိုင်မာစေရေးအတွက် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရေး။

(၂) တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လိုလားချက်ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကိုအခြေခံသော ပြည်ထောင်စု တည်ဆောက်ရေး။

(၃)   ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရေး။

(၄)  တရားဥပဒေစိုးမိုးရေး၊ ဒေသတည်ငြိမ်ရေးနှင့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများ လွတ်လပ်၍တရားမျှတစွာယှဉ်ပြိုင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး။

ဆိုတဲ့ ဘုံသဘောတူညီချက်(၄) ချက်ရရှိခဲ့ကြပါတယ်။

ဒါ့အပြင် တွေ့ဆုံဆွေးနွေးရေးယန္တရားဖြစ်တဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အနေနဲ့လည်း သက်ဆိုင်ရာဆွေးနွေးဖက်အဖွဲ့အစည်းများနဲ့ အလွတ် သဘောတွေ့ဆုံမှုများ၊ Video Conferencing ဖြင့် ဆွေးနွေးမှုများနဲ့ တရားဝင်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိ NCA လက်မှတ် ရေးထိုးပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ (၇၃)ကြိမ်၊ လက်မှတ်ရေးထိုးထားခြင်းမပြုသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ (၂၅)ကြိမ်၊ နိုင်ငံရေးပါတီများနဲ့ (၁၆)ကြိမ်၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များနဲ့ (၇)ကြိမ်၊ စုစုပေါင်းတွေ့ဆုံဆွေးနွေးမှု (၁၂၁)ကြိမ် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-

ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူတွေအားလုံးရဲ့ ငြိမ်းချမ်းသာယာ ဝပြောတဲ့ အနာဂတ်၊ ကောင်းမွန်တဲ့ပစ္စုပ္ပန်ကို တည်ဆောက်လျက် ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ ပြည်သူပြည်သားအားလုံးအတွက် အမျိုးသားရေးရည်မှန်းချက်အဖြစ် တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေရိက္ခာဖူလုံရေးကို ဆောင်ရွက်နေပါတယ်။ နိုင်ငံရေးရည်မှန်းချက် အနေနဲ့ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးဆောင်ရွက်ပါမယ်။ ဒီနှစ်ချက်ဟာ ကျွန်တော်တို့အတွက် အဂ္ဂမဟာဗျူဟာ(Grand Strategy)ပါပဲ။ လက်ရှိအချိန်မှာကော နောင်အနာဂတ်မှာပါ ရေရှည်ရည်မှန်းချက်အဖြစ် စဉ်ဆက်မပြတ် တိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဒီအချက်တွေဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့အစိုးရအနေနဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ မဟာဗျူဟာ(Strategy)ပါပဲ။ ဒီအဂ္ဂမဟာဗျူဟာနဲ့ မဟာဗျူဟာတွေ အောင်မြင်စေဖို့၊ ခိုင်မာစေဖို့ လက်ရှိကျွန်တော်တို့ လုပ်ဆောင်နေတာက ဦးတည်ချက်(၉)ချက်ပါပဲ။ ဒါဟာ ကျွန်တော်တို့ရဲ့ နည်းဗျူဟာ(Tactic)ပဲ ဖြစ်ပါတယ်။

ဒီလို နိုင်ငံတော်အတွက် ရည်ရွယ်ချက်၊ ရည်မှန်းချက်များကို ဖြည့်ဆည်းဆောင်ရွက်ရာမှာ အစိုးရတစ်ရပ်က ဦးဆောင်မှုပြုရမှာ ဖြစ်သလို ပြည်သူလူထုအားလုံးကလည်း လိုက်ပါဆောင်ရွက်နိုင်မှ အောင်မြင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နောက်ကျလို့ ပညာခေတ်မှာအခြေခံပညာအထက်တန်းနဲ့ အဆင့်မြင့်ပညာတတ်မြောက်မှု နည်းပါးခဲ့ပါတယ်။ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတည်ဆောက်ရေးမှာ အခက်အခဲများစွာ ကြုံတွေ့ ခဲ့ရပါတယ်။ ဒီမိုကရေစီစနစ်မှာ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ပညာနဲ့ တွေးခေါ်မြော်မြင်နိုင်စွမ်းဟာ အထူးအရေးကြီးလှပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လူဦးရေအများစုနေထိုင်တဲ့ ကျေးလက်ဒေသ တွေဟာ ပညာရေးအားနည်းခဲ့ပါတယ်။ ပညာရေးအားနည်းချက်နဲ့အတူ တွေးခေါ်မြော်မြင်မှုမှာ လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။ တွေ့ခဲ့၊ ကြုံခဲ့သမျှ၊ သိသမျှ၊ တတ်သမျှအပေါ်မှာပဲ အခြေခံပြီး ပြောဆို နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပြည်ပက မြှောက်ထိုးပင့်ကော် လုပ်နေမှုတွေ၊ မဟုတ်မမှန်သတင်းတွေအပေါ်မှာ နားယောင်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိအောင် လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ဒါတွေကို ပြုပြင်ဖို့၊ ခေတ်စနစ်နဲ့အညီ အတွေးအခေါ်၊ အမြော်အမြင်များ တိုးတက်အောင်လုပ်ဖို့လည်း လိုအပ်ပါ တယ်။ ဒါဟာနိုင်ငံတော်ရဲ့အနာဂတ်ပါပဲ။ ဒါ့ကြောင့် မြန်မာ နိုင်ငံနဲ့ မြန်မာပြည်သူလူထုရဲ့ ကောင်းကျိုးကိုလိုလားကြတဲ့ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းအားလုံး၊ နိုင်ငံအားလုံး၊ တိုင်းရင်းသား ပြည်သူလူထုအားလုံး အထူးသဖြင့် တိုင်းရင်း သားဒေသတွေမှာ ရှိနေတဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ EAO များအနေနဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေး၊ ပညာရေး၊ အတွေးအခေါ် နဲ့ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးတို့မှာ ပူးပေါင်းအားပေးကူညီကြဖို့ ပြောကြား လိုပါတယ်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား- နိုင်ငံသူနိုင်ငံသားများ လိုလားတောင့်တနေတဲ့ နိုင်ငံတော် အေးချမ်းသာယာရေး၊ စားရေရိက္ခာပေါများရေး၊ သာယာဝပြောရေး၊ ကိုယ်စိတ်နှလုံးချမ်းမြေ့စွာဖြင့် လုပ်ကိုင်စားသောက်နိုင်ရေး၊ ပညာ သင်ကြားနိုင်ရေး၊ ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရေးများ ရရှိခံစားနိုင်အောင် သက်ဆိုင်သူအားလုံးက နိုင်ငံ့မျက်နှာကြည့်ပြီး ဝိုင်းဝန်းလုပ်ဆောင်ပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ဖြတ်သန်းလာခဲ့တဲ့ NCA သမိုင်းကြောင်းဟာ ဒီနေ့မှာ ဆိုရင် ၈ နှစ်တာကာလ ဖြတ်သန်းခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အတွက် “လွတ်လပ်ရေး”ဆိုတဲ့ ရှေးဘိုးဘွားများရဲ့ အမွေတစ်ခုကို ကျွန်တော်တို့အားလုံး ဆက်ခံရယူပြီးဖြစ်သလို မိမိတို့လက်ထက်၊ မိမိတို့ကာလမှာလည်း နောက်မျိုးဆက်သစ် လူငယ်များအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တစ်ခုကို ပေးအပ်ဖို့ တာဝန်ရှိပါတယ်။ အဲဒါကတော့ “စစ်မှန်တည်တံ့ခိုင်မြဲတဲ့ ထာဝရငြိမ်းချမ်းရေး” ဆိုတဲ့ အမွေအနှစ်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးအမွေအနှစ် ကောင်းကို ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေထံ လက်ဆင့်ကမ်း ခဲ့ကြပါစို့လို့ လေးနက်စွာ ထပ်မံတိုက်တွန်းလိုပါတယ်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-

  • ကျွန်တော်တို့အစိုးရအနေနဲ့ ချမှတ်ထားတဲ့ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” စိတ်ဓာတ်နဲ့အညီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နဲ့ ဦးတည်ချက် (၉)ရပ်ပါအတိုင်း မဆုတ်မနစ် ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်သလို နိုင်ငံတော်ကြီး တည်ငြိမ် အေးချမ်းရေးအတွက် NCA ကို အလေးထားဆောင်ရွက် သွားမှာဖြစ်လို့ ပြည်သူလူထုတစ်ရပ်လုံးကလည်း ပူးပေါင်း ဆောင်ရွက်သွားကြပါ။
  • ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက် NCA လက်မှတ်ရေးထိုးပြီးတဲ့ အဖွဲ့အစည်းများကလည်း NCA ပါ ကတိကဝတ်ကို စောင့်ထိန်းကြဖို့နဲ့ ပွင့်လင်းမြင်သာမှု၊ တာဝန် ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြပါ။
  • NCA မှာ လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့လည်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့ရဲ့ လူမှုစီးပွားဘဝ တိုးတက် မြင့်မားရေးအတွက် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီးတည်ဆောက်ရာမှာ ထဲထဲဝင်ဝင်ပါဝင်နိုင်ဖို့ အတွက် တွေ့ဆုံညှိနှိုင်းရေးဆွေးနွေးပွဲများဆီသို့ အရောက် လှမ်းခဲ့ကြပါလို့ ဖိတ်ခေါ်ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
  • အားလုံးကို ကျေးဇူးတင်ပါတယ်။

Zawgyi Version

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အစိုးရ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ ႀကီးခ်ဳပ္ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈဗဟိုေကာ္မတီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA) ခ်ဳပ္ဆိုျခင္း(၈)ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔တြင္ ေျပာၾကားသည့္မိန႔္ခြန္း

ခ်စ္ခင္ေလးစားအပ္ပါေသာ ျပည္ေထာင္စုဖြား တိုင္းရင္းသား ညီအစ္ကိုေမာင္ႏွမမ်ားခင္ဗ်ား-

လြန္ခဲ့တဲ့(၈)ႏွစ္က အခုလိုအခ်ိန္မွာ တစ္ႏိုင္ငံလုံးပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္(Nationwide Ceasefire Agreement–NCA)မွာ ပါဝင္ၾကသူမ်ား၊ NCA စာခ်ဳပ္ႀကီး လက္မွတ္ ေရးထိုးႏိုင္ေရးအတြက္ ဝိုင္းဝန္းကူညီေဆာင္႐ြက္ေပးၾကတဲ့ တိုင္းရင္း သား ေခါင္းေဆာင္မ်ား၊ ျပည္တြင္းနဲ႔ႏိုင္ငံတကာမွ အသိသက္ေသ မ်ား၊ ျပည္ေထာင္စုႀကီးအတြင္းမွာရွိၾကတဲ့ တိုင္းရင္းသား ညီအစ္ကို ေမာင္ႏွမမ်ားအားလုံး ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာ ခ်မ္းသာၾကပါ ေစေၾကာင္းနဲ႔ တိုင္းျပည္ရဲ႕ၿငိမ္းခ်မ္းေရးအက်ိဳးကို ဆတက္ထမ္းပိုး ထမ္းေဆာင္ႏိုင္ၾကပါေစေၾကာင္း ဦးစြာဆုမြန္ေကာင္း ေတာင္း ရင္း ႏႈတ္ခြန္း ဆက္သအပ္ပါတယ္။

ဒီေန႔ဟာ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူ စာခ်ဳပ္(NCA) စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တဲ့ (၈)ႏွစ္ေျမာက္ႏွစ္ပတ္လည္ေန႔ ျဖစ္ပါတယ္။ ပါတီစုံဒီမိုကေရစီပထမအစိုးရလက္ထက္ ၿငိမ္းခ်မ္းေရး ဖိတ္ေခၚမႈဟာ တိုင္းရင္းသားလက္နက္ကိုင္ေတြအေနနဲ႔ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA) ခ်ဳပ္ဆိုျခင္းနဲ႔ ဆက္လက္ေဆြးေႏြးမႈမ်ားကရရွိလာတဲ့ ရလဒ္ေတြကို အေျခခံၿပီး ေရရွည္တည္တံ့ခိုင္ၿမဲတဲ့ ၿငိမ္းခ်မ္းေရးကိုတည္ေဆာက္ဖို႔ပဲ ျဖစ္ပါတယ္။ NCA စာခ်ဳပ္ ေဆြးေႏြးညႇိႏႈိင္းေရးဆြဲရာမွာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းေတြရဲ႕ လိုလားခ်က္ေတြကို တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားကိုယ္တိုင္ ေတြ႕ဆုံေဆြးေႏြးျခင္း၊ ညႇိႏႈိင္းျခင္းေတြ ျပဳလုပ္ၿပီး ႏိုင္ငံေတာ္အဆင့္ သေဘာတူညီခ်က္စာခ်ဳပ္အျဖစ္ ဆုံးျဖတ္ေဆာင္႐ြက္ခဲ့ျခင္း ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံအတြက္ မရွိမျဖစ္လိုအပ္တဲ့ ၿငိမ္းခ်မ္းေရးရရွိႏိုင္ဖို႔ ျမန္မာ့သမိုင္းစဥ္ တစ္ေလွ်ာက္မွာ မရွိဘူးတဲ့ လိုက္ေလ်ာမႈ၊ သေဘာထားႀကီးမႈ၊ စိတ္ရွည္သည္းခံမႈ၊ ၿငိမ္းခ်မ္းေရးကို လိုလားမႈတို႔အတြက္ သမိုင္း မွတ္တိုင္လည္း ျဖစ္ပါတယ္။

NCA စာခ်ဳပ္ဟာ လြယ္လင့္တကူျဖစ္ေပၚလာတာ မဟုတ္ပါဘူး။ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား စတင္ဖိတ္ေခၚတဲ့ေန႔ကစၿပီး NCA စာခ်ဳပ္ရရွိသည္အထိရက္ေပါင္း ၁,၄၅၀ မွ် ၾကာျမင့္ခဲ့ပါတယ္။ အဲဒီကာလအတြင္း အစည္းအေဝးေတြ၊ ေတြ႕ဆုံညႇိႏႈိင္းမႈေတြ စုစုေပါင္း အႀကိမ္ ၅,၀၀၀ ေက်ာ္အထိ ျပဳလုပ္ခဲ့ရပါတယ္။ ဒီလို ႀကိဳးစားၿပီး ေဆာင္႐ြက္ခဲ့တာေၾကာင့္ ၂၀၁၅ ခုႏွစ္၊ ေအာက္တိုဘာလ ၁၅ ရက္ေန႔မွာ အစိုးရ၊ လႊတ္ေတာ္၊ တပ္မေတာ္၊ ႏိုင္ငံေရးပါတီမ်ား၊ အဖြဲ႕အစည္းမ်ား၊ တိုင္းရင္းသားကိုယ္စားလွယ္မ်ားနဲ႔ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားက ကမာၻ႔ကုလသမဂၢအပါအဝင္ ႏိုင္ငံတကာမွ အသိသက္ေသမ်ား၊ ျပည္တြင္းအသိသက္ေသမ်ား ေရွ႕ေမွာက္မွာ ခမ္းနားထည္ဝါစြာ NCA စာခ်ဳပ္ကို လက္မွတ္ေရးထိုးႏိုင္ခဲ့ ၾကပါတယ္။ ျပည္ေထာင္စုလႊတ္ေတာ္က Union Accord အျဖစ္ အတည္ျပဳေပးထားတဲ့ သမိုင္းဝင္စာခ်ဳပ္ျဖစ္ၿပီး မည္သည့္အခ်ိန္မွ် ပ်က္ျပယ္မႈမရွိဘဲ တည္တံ့ေနမည့္စာခ်ဳပ္ျဖစ္တာေၾကာင့္ တပ္မေတာ္ အေနနဲ႔ NCA စာခ်ဳပ္အေပၚမွာသာ အေလးထားေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း ေျပာၾကားလိုပါတယ္။

တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ားခင္ဗ်ား-

ကြၽန္ေတာ္တို႔ႏိုင္ငံဟာ လြတ္လပ္ေရးနဲ႔အတူ လက္နက္ကိုင္ပဋိပကၡ ေတြ ျဖစ္ေပၚလာခဲ့တာ ႏွစ္ေပါင္း ၇၅ ႏွစ္ေက်ာ္လြန္ခဲ့ၿပီ ျဖစ္ပါတယ္။ လက္နက္ကိုင္ပဋိပကၡ ဘာ့ေၾကာင့္ျဖစ္ပြားေနရတာလဲဆိုတာ ျပန္လည္ ဆန္းစစ္ၾကည့္ဖို႔လည္းလိုပါလိမ့္မယ္။ သမိုင္းေၾကာင္းကိုသိမွ ပစၥဳပၸန္ ကာလမွာ အားနည္းခ်က္ေတြကိုသိျမင္ၿပီး အနာဂတ္အတြက္ အက်ိဳးျဖစ္ထြန္းေစမွာလည္းျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ အမိျမန္မာ ႏိုင္ငံေတာ္ႀကီးကို နယ္ခ်ဲ႕အဂၤလိပ္တို႔ဟာ ၁၈၂၄ ခုႏွစ္ကစလို႔ မတရားက်ဴးေက်ာ္စစ္ သုံးႀကိမ္ျပဳခဲ့ၿပီး သူ႔ကြၽန္ဘဝကိုသြတ္သြင္း ခဲ့ပါတယ္။ ျမန္မာႏိုင္ငံကို အရွည္သျဖင့္ ကြၽန္ျပဳႏိုင္ဖို႔အတြက္ ၁၈၈၆ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၉ ရက္ေန႔မွာ အထက္ျမန္မာျပည္ ဥပေဒကို စတင္ျပ႒ာန္းခဲ့ပါတယ္။ ၁၈၈၈ ခုႏွစ္မွာ ရွမ္းျပည္နယ္အက္ ဥပေဒ၊ ၁၈၈၉ ခုႏွစ္၊ စက္တင္ဘာလမွာ ျမန္မာျပည္ေက်း႐ြာဥပေဒ၊ ၁၈၉၅ ခုႏွစ္မွာ ကခ်င္ေတာင္တန္း လူမ်ိဳးစုမ်ားစည္းမ်ဥ္းဥပေဒ၊ ၁၈၉၆ ခုႏွစ္မွာ ခ်င္းေတာင္တန္း စည္းမ်ဥ္းဥပေဒ၊ ၁၉၂၂ ခုႏွစ္၊ ေအာက္တိုဘာလ ၁ ရက္ေန႔မွာ ရွမ္းျပည္နယ္ကိုအုပ္ခ်ဳပ္ဖို႔ ပေဒသရာဇ္ေကာင္စီကို ဖြဲ႕စည္းၿပီး ရွမ္းျပည္ေတာင္ပိုင္းနဲ႔ ေျမာက္ပိုင္း ခြဲျခားျခင္းစသည္ျဖင့္ ေတာင္ေပၚ ေျမျပန႔္တစ္ခုခ်င္းစီကို ဥပေဒေတြျပ႒ာန္းၿပီး ႏွစ္ေပါင္းတစ္ရာေက်ာ္ ေသြးခြဲအုပ္ခ်ဳပ္ခဲ့ၾကပါ တယ္။ ဒါ့အျပင္ ျမန္မာျပည္မကို အုပ္ခ်ဳပ္ရာမွာလည္း ကြဲျပားျခား နားမႈမ်ားျပားေအာင္ လုပ္ေဆာင္ခဲ့တာေတြ႕ပါတယ္။ ၁၉၃၇ ခုႏွစ္မွာ စတင္က်င့္သုံးခဲ့တဲ့ “၉၁ ဌာန အုပ္ခ်ဳပ္ေရးစနစ္”မွာ ၎တို႔အုပ္ခ်ဳပ္ေရးကို အေထာက္အကူျပဳဖို႔ ေအာက္လႊတ္ေတာ္မွာ အမတ္ ၁၃၂ ဦး ေ႐ြးခ်ယ္ရပါတယ္။ ဒီလိုေ႐ြးခ်ယ္ရာမွာ ျမန္မာျပည္ ၿမိဳ႕ႀကီးမ်ားမွ ၁၃ ဦး၊ ေတာၿမိဳ႕-ေတာနယ္မွ ၇၈ ဦး၊ ကရင္ေတာနယ္မွ ၁၂ ဦး၊ အိႏၵိယ ၁ ဦး၊ အဂၤလိပ္ကျပား ၂ ဦး၊ အိႏၵိယကုန္သည္အသင္း ၂ ဦး၊ တ႐ုတ္ကုန္သည္အသင္း ၁ ဦး၊ ျမန္မာကုန္သည္ႀကီးမ်ားအသင္း ၅ ဦးစသျဖင့္ ထည့္သြင္းထားတာကို ေတြ႕ရပါတယ္။ တိုင္းရင္းသား လူမ်ိဳးမ်ားစြာ ပ်ံ႕ႏွံ႔စုေပါင္းေနထိုင္ေနတဲ့ ျမန္မာႏိုင္ငံမွာ ဒီလိုေ႐ြးခ်ယ္မႈဟာ ဘာကို ဦးတည္ေစသလဲဆိုတာ သတိျပဳမိႏိုင္မွာျဖစ္ပါတယ္။ အဲဒီလို ႏွစ္ေပါင္းရာခ်ီၿပီးေသြးခြဲခဲ့တာေၾကာင့္ တိုင္းရင္းသားအခ်င္းခ်င္း သူစိမ္းျပင္ျပင္ ျဖစ္ခဲ့႐ုံသာမက ယုံၾကည္မႈေတြေလ်ာ့နည္းခဲ့တာကို ေတြ႕ရွိရမွာ ျဖစ္ပါတယ္။

၁၉၄၈ ခုႏွစ္၊ ဇန္နဝါရီလ ၄ ရက္ေန႔ လြတ္လပ္ေရးရရွိၿပီးစမွာ ႏိုင္ငံေရးပါတီေတြရဲ႕ အာဏာလြန္ဆြဲမႈေတြဟာ ျပင္းထန္လာခဲ့တာကို ေတြ႕ရွိရပါတယ္။ ၁၉၄၈ ခုႏွစ္၊ မတ္လ ၂၈ ရက္ေန႔မွာ ဗမာျပည္ ကြန္ျမဴနစ္ပါတီဟာ ႏိုင္ငံေရးသေဘာထားကြဲလြဲမႈကို ႏိုင္ငံေရးနည္းနဲ႔ မေျဖရွင္းဘဲ လက္နက္ကိုင္လမ္းစဥ္ကို ေ႐ြးခ်ယ္ခဲ့ရာကစလို႔ ျပည္တြင္းစစ္မီး စတင္ေတာက္ေလာင္ခဲ့ပါတယ္။ တပ္မေတာ္အေနနဲ႔ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းဖို႔ မိမိထက္အဆမတန္အင္အားမ်ားတဲ့ ေရာင္စုံေသာင္းက်န္းသူေတြကို တိုက္ခိုက္ခဲ့ရပါတယ္။ ဧရာဝတီတိုင္းနဲ႔ ပဲခူး႐ိုးမေပၚမွာရွိတဲ့ ကြန္ျမဴနစ္ေသာင္းက်န္းသူေတြကို တပ္မေတာ္နဲ႔ ျပည္သူလက္တြဲၿပီး ထိုးစစ္ဆင္တိုက္ခိုက္ခဲ့တာေၾကာင့္ ေသာင္းက်န္းသူ ေတြဟာ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္နဲ႔ ကရင္ျပည္နယ္ဘက္ေတြကို ထြက္ေျပးတိမ္းေရွာင္သြားခဲ့ၾကပါတယ္။ ကြန္ျမဴနစ္ေတြဟာ အဲဒီေဒသ မွာရွိတဲ့ ႐ိုးသားတဲ့တိုင္းရင္းသားေတြကို အဓမၼလူသစ္စုေဆာင္းၾက႐ုံ သာမက “အစိုးရဆန႔္က်င္ေရး” နဲ႔ “လူမ်ိဳးစုလြတ္ေျမာက္ေရး” စတဲ့ ႏိုင္ငံေရးမႈိင္းေတြနဲ႔ ေသြးထိုးခဲ့ၾကပါတယ္။ ႐ိုးသားတဲ့တိုင္းရင္းသားေတြ အေပၚ နယ္ခ်ဲ႕တို႔ရဲ႕ ႏွစ္ေပါင္းမ်ားစြာေသြးခြဲခဲ့မႈနဲ႔ ဗမာျပည္ကြန္ျမဴနစ္ ပါတီရဲ႕ “လူမ်ိဳးစုလြတ္ေျမာက္ေရး” ဆိုတဲ့ ေသြးထိုးမႈေတြေၾကာင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြ တစ္စတစ္စ ေပၚေပါက္ လာခဲ့ရတာ ျဖစ္ပါတယ္။ တပ္မေတာ္ကို မုန္းတီးလို႔ေပၚေပါက္လာတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းဆိုတာ ယေန႔အထိမရွိခဲ့ပါဘူး။ ႏိုင္ငံေရးအယူအဆ ကြဲလြဲမႈေတြကို ႏိုင္ငံေရးနည္းနဲ႔မေျဖရွင္းဘဲ လက္နက္စြဲကိုင္ခဲ့ၾကရာက ျပည္တြင္းလက္နက္ကိုင္ပဋိပကၡ ျဖစ္ပြား ေနရျခင္းသာ ျဖစ္ပါတယ္။ လက္ရွိကြၽန္ေတာ္တို႔ႏိုင္ငံမွာျဖစ္ပ်က္ေနတဲ့ အေျခအေနေတြကို သုံးသပ္ၾကည့္ရင္လည္း လြတ္လပ္ေရးရၿပီးကာစ လက္နက္ကိုင္ပဋိပကၡမ်ားျဖစ္ေပၚခဲ့တဲ့ အေျခအေနမ်ိဳးျဖစ္ေနတာ ကိုလည္း ေတြ႕ရွိရပါတယ္။ ဒီမိုကေရစီေရးကို ေဆာင္႐ြက္ေနပါတယ္ ဆိုသူေတြကိုယ္တိုင္ မဲမသမာမႈေတြေဆာင္႐ြက္ခဲ့ၿပီး ဥပေဒနဲ႔အညီ ဒီမိုကေရစီနည္းလမ္းက်ေျဖရွင္းခဲ့ျခင္းမရွိဘဲ လက္နက္ကိုင္အၾကမ္းဖက္ လမ္းစဥ္ကို ေ႐ြးခ်ယ္ခဲ့ပါတယ္။ ဒီမိုကေရစီစနစ္ကို က်င့္သုံးကာကြယ္ ေနပါတယ္ဆိုတဲ့ ျပည္ပႏိုင္ငံအခ်ိဳ႕ကလည္း ဒီမိုကေရစီစနစ္နဲ႔ ဆန႔္က်င္ဘက္ ျဖစ္တဲ့ ဒီလက္နက္ကိုင္အၾကမ္းဖက္တိုက္ခိုက္မႈ ေတြကို တိုက္႐ိုက္ျဖစ္ေစ၊ သြယ္ဝိုက္ျဖစ္ေစ အားေပးတာေတြ၊ ေျမႇာက္ထိုးပင့္ေကာ္ ျပဳလုပ္ေနတာကို ေတြ႕ရပါတယ္။ ဒါေတြဟာ ျမန္မာျပည္သူလူထုရဲ႕ဆႏၵျဖစ္တဲ့ ပါတီစုံဒီမိုကေရစီစနစ္ကို ေႏွာင့္ေႏွး ေစတာ၊ ဒီမိုကေရစီအမည္ခံ အာဏာရွင္စနစ္ကို အားေပးေနတာပဲ ျဖစ္ပါတယ္။ ဒါေတြကို အားလုံးကသတိျပဳမိေစလိုပါတယ္။ ကြၽန္ေတာ္တို႔ အစိုးရအေနနဲ႔ကေတာ့ ျပည္သူ႔ဆႏၵျဖစ္တဲ့ စစ္မွန္စည္းကမ္းျပည့္ဝတဲ့ ပါတီစုံဒီမိုကေရစီစနစ္ကို မလြဲမေသြ ဆက္လက္ေလွ်ာက္လွမ္းသြား မွာပဲ ျဖစ္ပါတယ္။ ဒီလို ေလွ်ာက္လွမ္းႏိုင္ဖို႔ လြတ္လပ္ၿပီးတရားမွ်တ တဲ့ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲႀကီး က်င္းပႏိုင္ ေရးလိုအပ္တဲ့ျပင္ဆင္မႈေတြ၊ အခင္းအက်င္းေတြကို ဆက္လက္ ေဆာင္႐ြက္လ်က္ ရွိေနပါတယ္။ မဲဆႏၵရွင္ျပည္သူမ်ားရဲ႕ ဆႏၵမွန္ ကို ထုတ္ေဖာ္ႏိုင္တဲ့ လြတ္လပ္တရားမွ်တတဲ့ အေထြေထြေ႐ြးေကာက္ ပြဲကို မျဖစ္မေနျပဳလုပ္ေပးသြားမွာျဖစ္ေၾကာင္းလည္း အေလးအနက္ ေျပာၾကား လိုပါတယ္။

တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ားခင္ဗ်ား-

လြတ္လပ္ေရးရရွိၿပီးခ်ိန္ကစလို႔ ႏိုင္ငံေတာ္ျဖတ္သန္းလာခဲ့တဲ့ သမိုင္းေၾကာင္းကိုလည္း ျပန္လည္သုံးသပ္ၾကည့္ဖို႔လည္းလိုပါတယ္။ ၁၉၄၈ ခုႏွစ္မွ ၁၉၆၂ ခုႏွစ္အထိ ပါလီမန္ဒီမိုကေရစီစနစ္၊ ၁၉၆၂ ခုႏွစ္မွ ၁၉၇၄ ခုႏွစ္အထိ ေတာ္လွန္ေရးေကာင္စီအစိုးရလက္ထက္ ဆိုရွယ္လစ္ စနစ္အုတ္ျမစ္ခ်သည့္ကာလ၊ ၁၉၇၄ ခုႏွစ္မွ ၁၉၈၈ ခုႏွစ္အထိ ဆိုရွယ္လစ္စနစ္၊ ၁၉၈၈ ခုႏွစ္မွ ၂၀၁၁ ခုႏွစ္၊ မတ္လ ၃၁ ရက္ေန႔အထိ ပါတီစုံဒီမိုကေရစီစနစ္ ေလွ်ာက္လွမ္းႏိုင္ေရး အေျခခံအုတ္ျမစ္ခ်သည့္ ကာလတို႔ကို ျဖတ္သန္းခဲ့ၿပီး ၂၀၁၁ ခုႏွစ္မွ ယေန႔အထိကာလဟာ ဒီမိုကေရစီစနစ္ ေလွ်ာက္လွမ္းေနဆဲကာလပဲ ျဖစ္ပါတယ္။ တပ္မေတာ္ အေနနဲ႔ ၿငိမ္းခ်မ္းေရးကို ေခတ္အဆက္ဆက္ ဖိတ္ေခၚကမ္းလွမ္း ခဲ့ပါတယ္။ တပ္မေတာ္အစိုးရလက္ထက္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းေတြကို ၿငိမ္းခ်မ္းေရးဖိတ္ေခၚခဲ့ရာမွာလည္း တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းေတြနဲ႔ တစ္ဖြဲ႕ၿပီးတစ္ဖြဲ႕ ၿငိမ္းခ်မ္းေရးရယူ ႏိုင္ခဲ့႐ုံသာမက လက္နက္နဲ႔ၿငိမ္းခ်မ္းေရး အၿပီးတိုင္လဲလွယ္ခဲ့ၾကတဲ့ အဖြဲ႕အစည္းေတြလည္း ရွိခဲ့ပါတယ္။ တစ္ႏိုင္ငံလုံးနီးပါး ၿငိမ္းခ်မ္းေရး တည္ေဆာက္ႏိုင္ခဲ့တဲ့အထိရွိခဲ့လို႔ တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမ မ်ားအားလုံး ၿငိမ္းခ်မ္းေရးရဲ႕အရသာကို လက္ေတြ႕ခံစားခဲ့ၾကရပါတယ္။ အဲဒီေခတ္က တပ္မေတာ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း ေတြအၾကား ႏိုင္ငံေရးအေရာင္အေသြးမပါဘဲ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲၿပီး “ႏိုင္ငံေတာ္ႀကီးတည္ၿငိမ္ေအးခ်မ္းရမည္” ဆိုတဲ့ တူညီတဲ့ သေဘာထား တစ္ထပ္တည္းရွိေနလို႔ပဲ ျဖစ္ပါတယ္။ အဲဒီကာလ ၿငိမ္းခ်မ္းေရးေဆာင္႐ြက္ရာမွာ NCA စာခ်ဳပ္ကဲ့သို႔ ခိုင္မာမႈ၊ တရားဝင္မႈရွိတဲ့ စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ျခင္းမရွိဘဲ သေဘာတူညီခ်က္မ်ား၊ ကတိကဝတ္မ်ား နဲ႔သာ ေဆာင္႐ြက္ခဲ့ၾကတာျဖစ္ပါတယ္။ ယခုထိ ဒီသေဘာတူညီခ်က္၊ ကတိကဝတ္ေတြကို လိုက္နာေစာင့္ထိန္းေနတဲ့ အဖြဲ႕အစည္းမ်ား လည္းရွိပါတယ္။ဒီအဖြဲ႕မ်ားကိုလည္း ခိုင္မာေလးနက္တရားဝင္မႈ ရွိတဲ့ NCA လမ္းေၾကာင္းအေပၚ ေလွ်ာက္လွမ္းၿပီး ထာဝရၿငိမ္းခ်မ္း ေရး တည္ေဆာက္ၾကဖို႔ တိုက္တြန္းလိုပါတယ္။

တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ားခင္ဗ်ား-

ႏိုင္ငံတစ္ႏိုင္ငံရဲ႕စနစ္တစ္ခုကို ေျပာင္းလဲေလွ်ာက္လွမ္းရာမွာ အစိုးရက ေျပာင္းလဲလို႔မရပါဘူး။ ျပည္သူ႔ဆႏၵပါမွ ေျပာင္းလဲလို႔ရတာ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံဟာ ၁၉၄၈ ခုႏွစ္မွ ၁၉၆၂ ခုႏွစ္ အထိ ပါလီမန္ဒီမိုကေရစီစနစ္ကို က်င့္သုံးခဲ့ပါတယ္။ ေနာက္ပိုင္းမွာ ဆိုရွယ္လစ္စနစ္ကို ေလွ်ာက္လွမ္းႏိုင္ဖို႔အတြက္ ၁၉၇၄ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ၁၉၇၄ ခုႏွစ္၊ ဇန္နဝါရီလ ၃ ရက္ေန႔မွာ ျပည္လုံးကြၽတ္ဆႏၵခံယူမႈ ျပဳလုပ္ခဲ့ပါတယ္။ မဲဆႏၵရွင္ျပည္သူ ၉၀ ဒသမ ၁၉ ရာခိုင္ႏႈန္းရဲ႕ေထာက္ခံမႈနဲ႔ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ စနစ္ကို ေလွ်ာက္လွမ္းခဲ့ပါတယ္။ ၁၉၈၈ ခုႏွစ္မွာ တစ္ပါတီစနစ္မွ ျပည္သူလူထုေတာင္းဆိုလာတဲ့ ပါတီစုံဒီမိုကေရစီစနစ္ကို ေလွ်ာက္လွမ္း ႏိုင္ဖို႔အတြက္ လိုအပ္တဲ့ဖြဲ႕စည္းပုံအေျခခံဥပေဒကိုတိုင္းရင္းသား ကိုယ္စားလွယ္ႀကီးမ်ား၊ အသိပညာရွင္၊ အတတ္ပညာရွင္မ်ား စုေပါင္း ညႇိႏႈိင္းေရးဆြဲၿပီး ၂၀၀၈ ခုႏွစ္၊ ေမလ ၂၉ ရက္ေန႔မွာ ျပည္လုံးကြၽတ္ ဆႏၵခံယူခဲ့ပါတယ္။ မဲဆႏၵရွင္ျပည္သူ ၉၂ ဒသမ ၄၈ ရာခိုင္ႏႈန္း ေထာက္ခံမႈရရွိခဲ့တာေၾကာင့္ ယေန႔ျပ႒ာန္းက်င့္သုံးေနတဲ့ ႏိုင္ငံေတာ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈ ခုႏွစ္)ျဖစ္ေပၚလာတာ ျဖစ္ပါတယ္။

ဒီေနရာမွာ NCA စာခ်ဳပ္ရဲ႕ ျဖစ္ေပၚလာပုံနဲ႔ သေဘာတရား၊ ႏိုင္ငံေတာ္ဖြဲ႕စည္းပုံ အေျခခံဥပေဒျဖစ္ေပၚလာပုံနဲ႔ သေဘာတရားေတြကို ကြဲကြဲျပားျပားသိဖို႔ လိုအပ္ပါတယ္။ NCA စာခ်ဳပ္ဟာ ႏိုင္ငံေတာ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားအၾကား ကတိကဝတ္ျပဳ သေဘာတူညီခ်က္၊ သေဘာတူစာခ်ဳပ္ျဖစ္ပါတယ္။ ႏိုင္ငံေတာ္ဖြဲ႕စည္းပုံ အေျခခံဥပေဒကေတာ့ ႏိုင္ငံေတာ္နဲ႔ ႏိုင္ငံသူ၊ ႏိုင္ငံသား တိုင္းရင္းသား ျပည္သူလူထုတစ္ရပ္လုံးအၾကား အာမခံခ်က္ေပးထားတဲ့ ဥပေဒ ျဖစ္ပါတယ္။ အဖြဲ႕အစည္း ၂ ခုအၾကား သေဘာတူညီခ်က္ ကတိကဝတ္ဟာ ႏိုင္ငံသူ၊ ႏိုင္ငံသား တိုင္းရင္းသားျပည္သူလူထု အားလုံးအေပၚမွာထားရမယ့္ သေဘာတူညီခ်က္၊ အာမခံခ်က္ ျပဳထားတဲ့ ဥပေဒအေပၚမွာ လႊမ္းမိုးဖို႔မသင့္ပါဘူး။ ဆိုလိုတာက NCA ကို အေလးအနက္ထားရမွာျဖစ္ေပမယ့္ NCA စာခ်ဳပ္ကေန တစ္ဆင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးအတြက္ ေဆာင္႐ြက္ရာမွာ အေျခခံဥပေဒပါ ျပ႒ာန္းခ်က္မ်ားအတိုင္း ေဆာင္႐ြက္သြားၾကရမွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္လည္း တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းေတြရဲ႕ ထင္ျမင္ခ်က္၊ ယူဆခ်က္၊ လိုလားခ်က္ေတြကို တူညီဆႏၵမ်ားအျဖစ္ စုစည္းေဆြးေႏြးေနတာ ျဖစ္ပါတယ္။ ဒီအထဲက အေျခခံဥပေဒကို ျပင္ဆင္ရမယ့္အခ်က္မ်ားပါလာရင္ ေနာင္ျဖစ္ေပၚ လာမယ့္ လႊတ္ေတာ္အသီးသီးကတစ္ဆင့္ အဆုံးအျဖတ္ကို ခံယူေဆာင္႐ြက္သြားရမွာပဲ ျဖစ္ပါတယ္။

တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ားခင္ဗ်ား-

ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုရာမွာလည္း ကြၽန္ေတာ္တို႔ႏိုင္ငံဟာ လြတ္လပ္ေရးရၿပီးကတည္းက ဒီေန႔အထိ ဖြဲ႕စည္းပုံအေျခခံဥပေဒ ၃ ခု က်င့္သုံးခဲ့တဲ့အနက္ ပထမဆုံးက်င့္သုံးခဲ့တဲ့ ဖြဲ႕စည္းပုံအေျခခံ ဥပေဒဟာ ၁၉၄၇ ခုႏွစ္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံအေျခခံဥပေဒ ျဖစ္ပါတယ္။ ၁၉၄၇ ခုႏွစ္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံအေျခခံဥပေဒဟာ ျမန္မာႏိုင္ငံ လြတ္လပ္ေရးရဖို႔ကိုရည္႐ြယ္ၿပီး အျငင္းပြားဖြယ္ရာမ်ားနဲ႔ အေဆာတလ်င္ ေရးဆြဲခဲ့ရတဲ့အျပင္ တိုင္းျပဳျပည္ျပဳလႊတ္ေတာ္မွာသာ အတည္ျပဳ ထားတဲ့ ဥပေဒျဖစ္ပါတယ္။ နယ္ခ်ဲ႕ေတြဟာ ျမန္မာႏိုင္ငံကို ဥပေဒ အမ်ိဳးမ်ိဳး၊ အုပ္ခ်ဳပ္မႈစနစ္အမ်ိဳးမ်ိဳးနဲ႔ ေသြးခြဲအုပ္ခ်ဳပ္ခဲ့တဲ့အျပင္ လြတ္လပ္ေရးေပးရာမွာလည္း ေတာင္တန္း၊ ျပည္မ ခြဲျခားေပးဖို႔ ေဆာင္႐ြက္ခဲ့ပါတယ္။ လြတ္လပ္ေရးႀကိဳးပမ္းမႈသမိုင္း ၁၉၄၁-၁၉၄၃ ခုႏွစ္ ဘီအိုင္ေအ(BIA) ၊ ဘီဒီေအ (BDA) ေခတ္မွာ “လြတ္လပ္ေရးသည္ ပထမ၊ လြတ္လပ္ေရးသည္ ဒုတိယ၊ လြတ္လပ္ေရးသည္ တတိယ”ဆိုၿပီး ႏိုင္ငံေရးရည္မွန္းခ်က္ထား ေဆာင္႐ြက္ခဲ့ပါတယ္။ လြတ္လပ္ေရးအႀကိဳကာလ ၁၉၄၃-၁၉၄၅ ခုႏွစ္ ဘီအင္န္ေအ(BNA)၊ ပီဘီအက္ဖ္(PBF)ေခတ္မွာ “လြတ္လပ္ေရးသည္ ပထမ၊ ဒီမိုကေရစီေရးသည္ ဒုတိယ၊ ဆိုရွယ္လစ္ ဝါဒေရးသည္ တတိယ” ဆိုၿပီး ႏိုင္ငံေရးရည္မွန္းခ်က္ထား ေဆာင္႐ြက္ခဲ့ပါတယ္။ သတိျပဳစရာက လြတ္လပ္ေရးမရခင္ အဲဒီေခတ္ကတည္းက ျမန္မာႏိုင္ငံဟာဆိုရွယ္လစ္စနစ္တည္ေထာင္ေရးကို ရည္မွန္း ခ်က္ ရွိခဲ့တယ္ဆိုတာပဲ ျဖစ္ပါတယ္။

သို႔ေသာ္ ၁၉၄၇ ခုႏွစ္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံအေျခခံဥပေဒမွာ ဆိုရွယ္လစ္စနစ္နဲ႔ပတ္သက္တဲ့ ျပ႒ာန္းခ်က္မ်ိဳး မေတြ႕ရပါဘူး။ ဘာေၾကာင့္လည္းဆိုတာ သမိုင္းအေထာက္အထားေတြနဲ႔ ျပန္ေလ့လာ ၾကည့္မယ္ဆိုရင္ ဒီဖြဲ႕စည္းအုပ္ခ်ဳပ္ပုံအေျခခံဥပေဒဟာ ၁၉၄၇ ခုႏွစ္၊ ဇန္နဝါရီလ ၂၇ ရက္ေန႔ လန္ဒန္မွာခ်ဳပ္ဆိုခဲ့တဲ့ ေအာင္ဆန္း-အက္တလီ စာခ်ဳပ္ကိုအေျခခံၿပီး ေပၚေပါက္လာခဲ့တာျဖစ္ေၾကာင္း ေတြ႕ရပါတယ္။ အဲဒီအခ်ိန္မွာ လြတ္လပ္ေရးအျမန္ဆုံးရရွိဖို႔သည္သာ အဓိကလို႔ အဖြဲ႕အစည္းအသီးသီးက ခံယူႀကိဳးစားေနခ်ိန္လည္း ျဖစ္ပါ တယ္။ ၁၉၄၇ ခုႏွစ္၊ ေအာက္တိုဘာလမွာက်င္းပမယ့္ ၿဗိတိသွ်ပါလီ မန္ အစည္းအေဝးမွာ ျမန္မာႏိုင္ငံလြတ္လပ္ေရးဥပေဒၾကမ္း (Burma Independence Bill)ကို တင္သြင္းႏိုင္မွသာ ပါလီမန္ အစည္းအေဝးက အတည္ျပဳတဲ့ အခြင့္အေရးရမွာလည္း ျဖစ္ပါ တယ္။ ဒါမွလည္း လြတ္လပ္ေရးအျမန္ရရွိမွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ၁၉၄၇ ခုႏွစ္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံအေျခခံဥပေဒကို ေရးဆြဲရာမွာ လြတ္လပ္ေရး ႀကိဳးပမ္းမႈမွာပါဝင္ခဲ့တဲ့ အဖြဲ႕အစည္း မ်ားအေနနဲ႔ ၿဗိတိသွ်တို႔အလိုက် ထည့္ေပးခဲ့ရတဲ့ ျပ႒ာန္းခ်က္မ်ား စြာ ပါဝင္ခဲ့တာကို ေတြ႕ရပါတယ္။ အဲဒီကာလမွာ ဆိုရွယ္လစ္စနစ္ ဆိုတဲ့ အသုံးအႏႈန္းသာပါဝင္ခဲ့ရင္ တိုင္းျပည္လြတ္လပ္ေရးရရွိဖို႔ ေႏွာင့္ေႏွးဖို႔လည္းျဖစ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အဲဒီေခတ္က ၿဗိတိသွ်တို႔က်င့္သုံးေနတဲ့ ပါလီမန္ ဒီမိုကေရစီစနစ္ကို ေ႐ြးခ်ယ္ခဲ့ တာလည္း ျဖစ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဗမာျပည္ကြန္ျမဴနစ္ပါတီ အေနနဲ႔ ျမန္မာႏိုင္ငံရဲ႕လြတ္လပ္ေရးကို အတုအေယာင္ လြတ္လပ္ ေရးလို႔စြပ္စြဲၿပီး လြတ္လပ္ေရးရၿပီး ၃ လခန႔္ အၾကာမွာ ေတာခို လက္နက္ကိုင္ ဆန႔္က်င္ခဲ့ၾကတာျဖစ္ပါတယ္။ ဒီလို ႏိုင္ငံေရး သေဘာ ထားကြဲလြဲမႈ၊ အယူအဆေရးရာကြဲလြဲမႈေတြကစၿပီး ျပည္တြင္းလက္နက္ကိုင္ပဋိပကၡ စတင္လာခဲ့ တာေတြ႕ပါတယ္။ ဒါကို ၿငိမ္းခ်မ္းစြာေျဖရွင္းႏိုင္ဖို႔ ၁၉၄၈ ခုႏွစ္၊ ဇူလိုင္လ ၁၆ ရက္ေန႔မွာ လက္ဝဲညီၫြတ္ေရးေကာင္စီကို ဖြဲ႕စည္းလုပ္ေဆာင္ခဲ့ပါတယ္။ ဒီလိုေဆာင္႐ြက္ရာမွာ မူလက လက္ဝဲညီၫြတ္ေရးမူ(၁၅)ခ်က္ကို ထုတ္ျပန္ခဲ့ပါတယ္။ အေနာက္ႏိုင္ငံအခ်ိဳ႕ရဲ႕ ဖိအားေပးမႈေတြေၾကာင့္ အခ်ိဳ႕အခ်က္ေတြကို ဖ်က္သိမ္းခဲ့ရပါတယ္။ ဒါ ေတြကိုၾကည့္ ရင္ အေနာက္ႏိုင္ငံမ်ားရဲ႕ ဝင္ေရာက္စြက္ဖက္မႈ ဘယ္ေလာက္ရွိခဲ့ တယ္ဆိုတာ ထင္ရွားတဲ့သာဓကပဲျဖစ္ပါတယ္။ ဒီလို တိုက္႐ိုက္ စြက္ဖက္မႈ၊ သြယ္ဝိုက္စြက္ဖက္မႈေတြ၊ ေသြးထိုးလႈံ႕ေဆာ္မႈေတြ ေၾကာင့္ ျမန္မာျပည္ လြတ္လပ္ေရးရၿပီးေနာက္ က်င့္သုံးမယ့္ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ ကိုယ္ပိုင္ျပ႒ာန္းခြင့္၊ ခြဲထြက္ခြင့္ စတာေတြနဲ႔ ပတ္သက္ရင္ ျပည္ေထာင္စုအတြက္ အႏၲရာယ္ရွိႏိုင္ တယ္လို႔ သတိထားသင့္ေၾကာင္း ၁၉၄၇ ခုႏွစ္၊ ဧၿပီလ ၂၄ ရက္ေန႔ ေတာင္တန္းေဒသစုံစမ္းေရးအဖြဲ႕အစီရင္ခံစာမွာ ေစာစီးစြာေထာက္ျပ ခဲ့တာ ကိုလည္း ေလ့လာေတြ႕ရွိရပါတယ္။

ဒီလိုေနာက္ခံသမိုင္းအေၾကာင္းရင္းေတြေၾကာင့္ ျပည္ေထာင္စု ႏိုင္ငံရဲ႕ အနာဂတ္ဟာ စိုးရိမ္စရာျဖစ္လာခဲ့ပါတယ္။ ႏိုင္ငံရဲ႕ မေရမရာ မေသခ်ာတဲ့ျဖစ္ရပ္ေတြေၾကာင့္ လြတ္လပ္ေရးႀကိဳးပမ္းမႈ သမိုင္းမွာ ကိုယ္တိုင္ကိုယ္က်ပါဝင္ခဲ့တဲ့ ေခါင္းေဆာင္မ်ားဟာ ေတာ္လွန္ေရး ေကာင္စီလက္ထက္မွာ ဆိုရွယ္လစ္စနစ္ကို စတင္အုတ္ ျမစ္ ခ်ခဲ့ၾကတာပဲ ျဖစ္တယ္။

ယေန႔ ကြၽန္ေတာ္တို႔ရဲ႕ ခိုင္မာတဲ့ ႏိုင္ငံေရးရည္မွန္းခ်က္ဟာ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ကိုအေျခခံတဲ့ ျပည္ေထာင္စုစနစ္ တည္ေဆာက္ေရးပဲ ျဖစ္ပါတယ္။ ဒီမိုကေရစီအုပ္ခ်ဳပ္ေရးစနစ္နဲ႔ ဖက္ဒရယ္ဆိုတဲ့ ေပါင္းစည္း ေနထိုင္ျခင္း၊ သဟဇာတျဖစ္ျခင္း၊ ခြဲေဝ ခံစားျခင္း၊ အုပ္ခ်ဳပ္မႈတာဝန္ ခြဲေဝလုပ္ေဆာင္ျခင္းတို႔ပဲ ျဖစ္ပါတယ္။ ဒီမိုကေရစီအုပ္ခ်ဳပ္ေရးစနစ္ဆိုတာ အမ်ားစုက ေ႐ြးခ်ယ္တဲ့ကိစၥ၊ အမ်ားစုရဲ႕ဆႏၵကို ဥပေဒနဲ႔အညီ စီမံေဖာ္ေဆာင္ျခင္းျဖစ္ပါတယ္။ အလားတူ ဒီမိုကေရစီရဲ႕က်င့္စဥ္အရ အနည္းစုရဲ႕ဆႏၵကိုလည္း ေလးစားတန္ဖိုးထားရမွာ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံအတြက္ ဒီမိုကေရစီအုပ္ခ်ဳပ္ေရးစနစ္ထူေထာင္ဖို႔၊ ဒီမိုကေရစီစနစ္မယိုင္လဲေစဖို႔ လိုအပ္ခ်က္ကေတာ့ ဒီမိုကေရစီစိတ္ေမြးဖို႔၊ စည္းကမ္းစနစ္က်နတဲ့၊ ဥပေဒကိုေလးစားတန္ဖိုးထားလိုက္နာတဲ့ ျမန္မာ့လူ႔ေဘာင္အဖြဲ႕အစည္း တစ္ရပ္ ျဖစ္ေပၚလာေစေရးပဲျဖစ္ပါတယ္။ ဒါကို ကြၽန္ေတာ္တို႔ တိုင္းရင္းသားျပည္သူလူထုအားလုံးက ဝိုင္းဝန္းေဖာ္ေဆာင္ရမွာ ျဖစ္ပါတယ္။

အလားတူ တိုင္းရင္းသားျပည္သူအားလုံး လိုလားေနတဲ့ ဖက္ဒရယ္ စနစ္ကို တည္ေဆာက္ရာမွာလည္း တိုင္းရင္းသားျပည္သူလူထု၏ အက်ိဳး၊ ျပည္ေထာင္စုႀကီး၏ အက်ိဳးကိုေရရွည္ၾကည့္ၿပီး မိမိႏိုင္ငံနဲ႔ ကိုက္ညီတဲ့ ဖက္ဒရယ္ပုံစံကို တည္ေဆာက္သြားဖို႔ လိုပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံသည္ ေရွးဘုရင္မ်ားလက္ထက္ကတည္းက ျပည္ေထာင္စုစနစ္ပုံစံနဲ႔ တည္ေဆာက္ထားတဲ့ ျပည္ေထာင္စုႏိုင္ငံတစ္ခု ျဖစ္ပါတယ္။ ပထမျမန္မာႏိုင္ငံေတာ္လို႔ သတ္မွတ္ခဲ့ၾကတဲ့ ပုဂံေခတ္ ကတည္းက တိုင္းရင္းသားျပည္သူမ်ားနဲ႔ စုစည္းတည္ေထာင္ထားတဲ့ ႏိုင္ငံျဖစ္ခဲ့ပါတယ္။ ျမန္မာႏိုင္ငံကို အဂၤလိပ္မ်ားသိမ္းယူစဥ္က Burma ဆိုတဲ့ ျပည္ေထာင္စုႏိုင္ငံအျဖစ္နဲ႔ သိမ္းယူခဲ့တာျဖစ္ၿပီး လြတ္လပ္ေရးေပးခ်ိန္မွာလည္း ျပည္ေထာင္စုတစ္ဝန္းလုံးကို တစ္စုတစ္စည္းေသာႏိုင္ငံအျဖစ္ လြတ္လပ္ေရးေပးခဲ့တာပဲျဖစ္ပါတယ္။ အိမ္နီးခ်င္းႏိုင္ငံမ်ားနဲ႔ နယ္နိမိတ္စာခ်ဳပ္မ်ား ခ်ဳပ္ဆိုရာမွာလည္း လက္ရွိ နယ္နိမိတ္အတိုင္း စာခ်ဳပ္ခ်ဳပ္ဆိုအသိအမွတ္ျပဳခဲ့တာ၊ တိုင္းရင္းသားျပည္သူလူထုအားလုံးကလည္း အသိအမွတ္ျပဳခဲ့တာေတြ ဟာ ကြၽန္ေတာ္တို႔ႏိုင္ငံသည္ သမိုင္းအဆက္ဆက္ ျပည္ေထာင္စု ႏိုင္ငံအျဖစ္ ရပ္တည္ခဲ့တယ္ဆိုတဲ့ ခိုင္မာတဲ့သမိုင္းပဲျဖစ္ပါတယ္။

ဒီလိုသမိုင္းစဥ္တစ္ေလွ်ာက္ ရပ္တည္ခဲ့တဲ့ ျပည္ေထာင္စုကို တည္ေဆာက္ရာမွာ မွန္ကန္တဲ့၊ ႏိုင္ငံနဲ႔ကိုက္ညီတဲ့ စနစ္ျဖစ္ဖို႔ လိုပါတယ္။ တိုင္းရင္းသားလူမ်ိဳးစုမ်ား မ်ားျပားလွတဲ့ ကြၽန္ေတာ္တို႔ ႏိုင္ငံအေနနဲ႔ ဖက္ဒရယ္စနစ္ကိုက်င့္သုံးရာမွာ လူမ်ိဳးကိုအေျခခံတဲ့ ဖက္ဒရယ္စနစ္ထက္ နယ္ေျမေဒသကိုအေျခခံတဲ့ ဖက္ဒရယ္စနစ္ကို အေကာင္အထည္ေဖာ္ဖို႔ လိုပါတယ္။ ဒါမွသာ ကြန္ဖက္ဒေရးရွင္း ဆိုတဲ့ ကြဲျပားျခားနားမႈကိုအားေပးတဲ့၊ ျပည္ေထာင္စုၿပိဳကြဲျခင္းကို ဦးတည္သြားေစႏိုင္မယ့္ ကိစၥေတြကို ေရွာင္ရွားႏိုင္မွာလည္း ျဖစ္ပါ တယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ လက္ရွိက်င့္သုံးေနတဲ့ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ (၂၀၀၈ ခုႏွစ္)မွာ တိုင္းေဒသႀကီး၊ ျပည္နယ္နဲ႔ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရ တိုင္း၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတို႔အတြက္ အုပ္ခ်ဳပ္ေရးအာဏာမ်ား ခြဲေဝထားၿပီးျဖစ္ပါတယ္။ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ အခန္း(၁) ႏိုင္ငံေတာ္အေျခခံမူမ်ား၊ အခန္း(၈) ႏိုင္ငံသား၊ ႏိုင္ငံသားမ်ား၏ မူလအခြင့္အေရးႏွင့္ တာဝန္မ်ားမွာလည္း တိုင္းရင္းသားျပည္သူ တစ္ဦးခ်င္းစီရဲ႕ အခြင့္အေရးမ်ား၊ အာမခံခ်က္ မ်ားကို တန္းတူညီမွ် ေပးထားၿပီးျဖစ္ပါတယ္။ ႏိုင္ငံေရးအရ၊ တိုင္းရင္းသားေရးအရနဲ႔ ဘာသာေရးအရ သေဘာထားကြဲလြဲစရာ အေၾကာင္းမရွိပါဘူး။ ဒါေတြကို လက္ေတြ႕က်င့္သုံးျခင္း၊ လိုအပ္တာ ေတြကို ဥပေဒနဲ႔အညီ ျပင္ဆင္တိုးခ်ဲ႕ျခင္းတို႔ဟာ လက္ေတြ႕က်တဲ့ ဖက္ဒရယ္စနစ္ကို တည္ေဆာက္ျခင္းပဲ ျဖစ္ပါတယ္။

တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ားခင္ဗ်ား- ဒီမိုကေရစီစနစ္ဆိုရာမွာ အမ်ိဳးမ်ိဳးရွိပါတယ္။ ယေန႔ ကြၽန္ေတာ္တို႔ ႏိုင္ငံက်င့္သုံးေနတာက ပါတီစုံဒီမိုကေရစီျဖစ္ပါတယ္။ ဒီမိုကေရစီစနစ္ မွာ အေထြေထြေ႐ြးေကာက္ပြဲဟာ အေရးႀကီးပါတယ္။ ျပည္သူေတြ အေနနဲ႔ ျဖတ္သန္းလာခဲ့တဲ့ သမိုင္းေၾကာင္းအရ အေထြေထြ ေ႐ြးေကာက္ပြဲအေတြ႕အႀကဳံေတြလည္း ရွိၾကၿပီးျဖစ္ပါတယ္။ ဖဆပလေခတ္က ပါလီမန္ဒီမိုကေရစီစနစ္နဲ႔ ယေန႔ေခတ္ ပါတီစုံ ဒီမိုကေရစီစနစ္ရဲ႕ ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲေတြအထိဟာ “အႏိုင္ရသူ အကုန္ယူ” စနစ္ျဖစ္တာေၾကာင့္ ႏိုင္ငံေရးခ်ိန္ခြင္လွ်ာညီမွ်မႈမရွိခဲ့ဘဲ တိုင္းရင္းသား လူမ်ိဳးစုပါတီမ်ားအေနနဲ႔ ႏိုင္ငံေရးမွာ ပါဝင္ခြင့္ အခြင့္အေရးနည္းပါးခဲ့တာကို ေတြ႕ရမွာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ ႏိုင္ငံမွာ တိုင္းရင္းသား လူမ်ိဳးစုႀကီး ၈ စုရွိၿပီး လူမ်ိဳးစု ၁၃၀ ေက်ာ္ ရွိပါတယ္။ အဲဒီေတာ့ တိုင္းရင္းသားေပါင္းစုံနဲ႔ဖြဲ႕စည္းထားတဲ့ ကြၽန္ေတာ္တို႔ရဲ႕ ႏိုင္ငံေတာ္ႀကီးကို ခိုင္မာတဲ့ျပည္ေထာင္စုႀကီးအျဖစ္ တည္ေဆာက္ၾကရမွာပဲ ျဖစ္ပါတယ္။ ဖက္ဒရယ္ဟာ “ေပါင္းစည္း ေနထိုင္ျခင္း၊ မွ်ေဝခံစားျခင္း”လို႔လည္း အနက္အဓိပၸာယ္ရွိပါတယ္။ မွ်ေဝခံစားဖို႔ဆိုရင္ေတာ့ ေ႐ြးေကာက္ပြဲစနစ္မွာ ယခင္က်င့္သုံးခဲ့တဲ့ အင္အားႀကီးပါတီတစ္ခုတည္းက “အႏိုင္ရသူ အကုန္ယူ” ဆိုတဲ့ စနစ္အစား တိုင္းရင္းသားလူမ်ိဳးစုကိုယ္စားလွယ္ေတြ က်ယ္က်ယ္ ျပန႔္ျပန႔္ပါဝင္ဖို႔ “အခ်ိဳးက်ကိုယ္စားျပဳ စနစ္” PR စနစ္ကိုက်င့္သုံး ရမွာျဖစ္ပါတယ္။ ဒါကလည္း ကြၽန္ေတာ္တို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီရဲ႕ ဆႏၵတစ္ခုတည္းမဟုတ္ပါဘူး။ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းေတြရဲ႕ အဆိုျပဳခ်က္ေတြနဲ႔ ျဖစ္ေပၚလာတဲ့ NCA စာခ်ဳပ္ ထဲက ဘုံသေဘာဆႏၵလည္းျဖစ္ပါတယ္။ NCA စာခ်ဳပ္ပါ အခန္း(၁) အေျခခံမူမ်ားမွာ “ဒီမိုကေရစီႏွင့္ဖက္ဒရယ္ စနစ္တို႔ကိုအေျခခံေသာ ျပည္ေထာင္စုကို ႏိုင္ငံေရးေဆြးေႏြးပြဲရလဒ္မ်ားနဲ႔အညီ တည္ေဆာက္ သြားရန္”၊ “ႏိုင္ငံသားအားလုံး တန္းတူရည္တူ အခြင့္အေရးမ်ား ရရွိေစရန္” ဆိုတဲ့ အခ်က္ပါရွိၿပီးျဖစ္ပါတယ္။ ဒါ့ေၾကာင့္ PR စနစ္ဟာ ကြၽန္ေတာ္တို႔ႏိုင္ငံနဲ႔ အသင့္ေလ်ာ္ဆုံးဆိုတာ ေျပာၾကားလိုပါတယ္။

တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ားခင္ဗ်ား-

၂၀၁၁ ခုႏွစ္ ဒီမိုကေရစီပထမအစိုးရလက္ထက္ ဒီမိုကေရစီ လမ္းေၾကာင္းေပၚမွာ တာထြက္ေကာင္းခဲ့ၿပီး တိုင္းျပည္လည္း အထိုက္အေလွ်ာက္ တိုးတက္ခဲ့ပါတယ္။ NCA စာခ်ဳပ္ႀကီး ေပၚေပါက္ လာခဲ့ၿပီး ၿငိမ္းခ်မ္းေရးအတြက္ ရလဒ္ေကာင္းေတြရရွိခ်ိန္မွာ တိုင္းျပည္ သစၥာေဖာက္အခ်ိဳ႕နဲ႔ ျပည္ပႏိုင္ငံအခ်ိဳ႕က NCA မွာ လက္မွတ္ မေရးထိုးဖို႔ ေသြးထိုးလႈံ႕ေဆာ္ခဲ့ၾကပါတယ္။ ဒါေပမဲ့ တည္ၿငိမ္ ေအးခ်မ္းေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးကို အမွန္တကယ္လိုလားတဲ့ အဖြဲ႕အစည္း ၈ ဖြဲ႕ဟာ NCA စာခ်ဳပ္ႀကီးမွာ ေအာင္ျမင္စြာလက္မွတ္ ေရးထိုးႏိုင္ခဲ့ၿပီး ေနာက္ထပ္ ၂ ဖြဲ႕ဟာလည္း ထပ္မံလက္မွတ္ ေရးထိုးႏိုင္ခဲ့လို႔ လက္ရွိအခ်ိန္ထိ NCA လက္မွတ္ေရးထိုးၿပီးတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ၁ဝ ဖြဲ႕ရွိၿပီ ျဖစ္ပါတယ္။ NCA လက္မွတ္ေရးထိုးရျခင္းမရွိေသးတဲ့ က်န္တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းေတြကိုလည္း NCA လက္မွတ္ေရးထိုးၿပီး ၿငိမ္းခ်မ္းေရး တည္ေဆာက္ၾကဖို႔ ဖိတ္ေခၚပါတယ္။ NCA စာခ်ဳပ္ႀကီး ေပၚေပါက္လာၿပီး တစ္ၿပိဳင္နက္ တပ္မေတာ္အေနနဲ႔ ၿငိမ္းခ်မ္းေရးမူဝါဒ(၆)ရပ္ကို ထုတ္ျပန္ ခဲ့ပါတယ္။ တပ္မေတာ္ကထုတ္ျပန္တဲ့ ၿငိမ္းခ်မ္းေရးမူဝါဒ(၆)ရပ္ဟာ NCA စာခ်ဳပ္ရဲ႕ အႏွစ္သာရအတိုင္းျဖစ္သလို ေခတ္အဆက္ဆက္ ၿငိမ္းခ်မ္းေရးႀကိဳးပမ္းမႈသမိုင္းေတြက ရရွိလာတဲ့ “အသိတရား” ျဖစ္ၿပီး လက္ရွိၿငိမ္းခ်မ္းေရးတည္ေဆာက္မႈ ခိုင္ၿမဲေစဖို႔အတြက္ လုပ္ေဆာင္ ရမည့္ “ အရွိတရား ” လည္း ျဖစ္ပါတယ္။ တပ္မေတာ္အေနနဲ႔ ျပည္တြင္းၿငိမ္းခ်မ္းေရးတည္ေဆာက္ႏိုင္ဖို႔အတြက္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၂၁ ရက္ေန႔မွစတင္ၿပီး ယခုႏွစ္ ဒီဇင္ဘာလ ၃၁ ရက္ ေန႔ထိ တစ္ဖက္သတ္အပစ္အခတ္ရပ္စဲေပးခဲ့ပါတယ္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနနဲ႔လည္း ႏိုင္ငံေတာ္ကို စတင္တာဝန္ယူတဲ့အခ်ိန္မွစၿပီး ေရွ႕လုပ္ငန္းစဥ္နဲ႔ ဦးတည္ခ်က္မ်ားကို အဆင့္ဆင့္ခ်မွတ္ခဲ့ရာ လက္ရွိမွာလည္း ေရွ႕လုပ္ငန္းစဥ္(၅)ရပ္နဲ႔ ဦးတည္ခ်က္(၉)ရပ္ ခ်မွတ္ထားပါတယ္။ ေရွ႕လုပ္ငန္းစဥ္(၅)ရပ္မွာ “NCA ပါသေဘာတူညီခ်က္မ်ားအတိုင္း ျဖစ္ႏိုင္သမွ် အေလးထား လုပ္ေဆာင္သြားမည္” ဆိုတဲ့ အခ်က္ပါရွိသလို ဦးတည္ခ်က္(၉)ရပ္ မွာလည္း “တစ္ႏိုင္ငံလုံး ထာဝရၿငိမ္းခ်မ္းေရးရရွိေရးအတြက္ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA) ပါအတိုင္း အေလးထားလုပ္ေဆာင္ေရး” ဆိုတဲ့အခ်က္ကို ထည့္သြင္းေဆာင္႐ြက္ ေနတာ ေတြ႕ႏိုင္ပါတယ္။ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနနဲ႔ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ လုပ္ငန္းစဥ္မ်ားကို ထိေရာက္ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ႏိုင္ဖို႔ အတြက္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၇ ရက္ေန႔မွာ အမ်ိဳးသား စည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈဗဟိုေကာ္မတီ၊ လုပ္ငန္းေကာ္မတီနဲ႔ ညႇိႏႈိင္းေရးေကာ္မတီဆိုၿပီး ေကာ္မတီ(၃)ရပ္ ဖြဲ႕စည္းခဲ့ပါတယ္။

အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ေကာ္မတီအဆင့္ဆင့္တို႔ဟာ ၂၀၂၂ ခုႏွစ္၊ ဧၿပီလ ၂၂ ရက္ေန႔မွာ ၿငိမ္းခ်မ္းေရးအတြက္ ေတြ႕ဆုံေဆြးေႏြးရန္၊ ပါတီစုံဒီမိုကေရစီစနစ္ကို လက္ခံမႈ ရွိ/မရွိ၊ ဒီမိုကေရစီနဲ႔ဖက္ဒရယ္ျပည္ေထာင္စုစနစ္အေပၚ လက္ခံမႈ ရွိ/မရွိအေပၚမူတည္ၿပီး မည္သည့္ကန႔္သတ္ခ်က္မွ မပါေသာ ေတြ႕ဆုံေဆြးေႏြးပြဲကို ဖိတ္ေခၚခဲ့ပါတယ္။ NCA လက္မွတ္ ေရးထိုးထားတဲ့ EAO အဖြဲ႕(၇)ဖြဲ႕၊ NCA လက္မွတ္ေရးထိုးထားျခင္း မရွိေသးတဲ့ EAO အဖြဲ႕(၃)ဖြဲ႕တို႔မွ ကိုယ္စားလွယ္မ်ားနဲ႔ေတြ႕ဆုံၿပီး ၿငိမ္းခ်မ္းေရးေဆြးေႏြးျခင္း၊ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ျခင္းနဲ႔အတူ ျပန္လည္ထူေထာင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြကို ေဆာင္႐ြက္လ်က္ ရွိပါတယ္။ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားတည္ရွိရာ ေဒသအတြင္းရွိ ျပည္သူမ်ားအတြက္ ပညာေရး၊ က်န္းမာေရး၊ လမ္း/တံတားတည္ေဆာက္ေရးနဲ႔ အေျခခံအေဆာက္အဦမ်ား ဖြံ႕ၿဖိဳး တိုးတက္ေရး၊ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေပးေရး ဆိုင္ရာကိစၥမ်ားကို သက္ဆိုင္ရာ ျပည္ေထာင္စုဝန္ႀကီးဌာနမ်ား၊ တိုင္းေဒသႀကီး/ျပည္နယ္အစိုးရအဖြဲ႕မ်ားနဲ႔ ေပါင္းစပ္ညႇိႏႈိင္း ေဆာင္႐ြက္ ေပးလ်က္ရွိပါတယ္။

၂၀၂၂ ခုႏွစ္၊ ဧၿပီလ ၂၂ ရက္ေန႔မွာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားနဲ႔ ျပည္သူမ်ားကို ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္လို႔ “၂၀၂၂ ခုႏွစ္သည္ ၿငိမ္းခ်မ္းေရးႏွစ္” ျဖစ္ေၾကာင္း ကြၽန္ေတာ္ ေျပာၾကားခဲ့ပါတယ္။ အဲဒီေနာက္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းေတြကို ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးဖို႔ ဖိတ္ေခၚခဲ့ရာမွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ၁၀ ဖြဲ႕နဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးႏိုင္ခဲ့ပါတယ္။ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ၁၀ ဖြဲ႕နဲ႔ ၂၀၂၂ ခုႏွစ္၊ ေမလမွ ၂၀၂၃ ခုႏွစ္၊ ေဖေဖာ္ဝါရီလအတြင္း (၃) ႀကိမ္တိုင္တိုင္ ေတြ႕ဆုံေဆြးေႏြးခဲ့ပါတယ္။ ေတြ႕ဆုံေဆြးေႏြးရာမွ ဘုံသေဘာတူညီခ်က္ အျဖစ္-

(၁) ပါတီစုံဒီမိုကေရစီႏိုင္ငံေရးစနစ္ ခိုင္မာေစေရးအတြက္ ပူးေပါင္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္ေရး။

(၂) တိုင္းရင္းသားျပည္သူတစ္ရပ္လုံး၏ လိုလားခ်က္ပန္းတိုင္ ျဖစ္သည့္ ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္တို႔ကို အေျခခံေသာ ျပည္ေထာင္စုတည္ေဆာက္ေရး။

(၃) ျပည္ေထာင္စုၿငိမ္းခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လက္တြဲပူးေပါင္း အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေရး။

(၄) တရားဥပေဒစိုးမိုးေရး၊ ေဒသတည္ၿငိမ္ေရးႏွင့္ ပါတီစုံ ဒီမိုကေရစီ ေ႐ြးေကာက္ပြဲမ်ား လြတ္လပ္၍တရားမွ်တစြာ ယွဥ္ၿပိဳင္ႏိုင္ေရးအတြက္ ပူးေပါင္းေဆာင္႐ြက္ေရး။

ဆိုတဲ့ ဘုံသေဘာတူညီခ်က္(၄) ခ်က္ရရွိခဲ့ၾကပါတယ္။

ဒါ့အျပင္ ေတြ႕ဆုံေဆြးေႏြးေရးယႏၲရားျဖစ္တဲ့ အမ်ိဳးသားစည္းလုံး ညီၫြတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ညႇိႏႈိင္းေရးေကာ္မတီ အေနနဲ႔လည္း သက္ဆိုင္ရာေဆြးေႏြးဖက္အဖြဲ႕အစည္းမ်ားနဲ႔ အလြတ္ သေဘာေတြ႕ဆုံမႈမ်ား၊ Video Conferencing ျဖင့္ ေဆြးေႏြးမႈမ်ားနဲ႔ တရားဝင္ေတြ႕ဆုံေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ပါတယ္။ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွ ၂၀၂၃ ခုႏွစ္၊ စက္တင္ဘာလအထိ NCA လက္မွတ္ ေရးထိုးၿပီးတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားနဲ႔ (၇၃)ႀကိမ္၊ လက္မွတ္ေရးထိုးထားျခင္းမျပဳေသးတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ားနဲ႔ (၂၅)ႀကိမ္၊ ႏိုင္ငံေရးပါတီမ်ားနဲ႔ (၁၆)ႀကိမ္၊ ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္အဖြဲ႕မ်ားနဲ႔ (၇)ႀကိမ္၊ စုစုေပါင္းေတြ႕ဆုံေဆြးေႏြးမႈ (၁၂၁)ႀကိမ္ ေတြ႕ဆုံေဆြးေႏြးႏိုင္ခဲ့ပါတယ္။

တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ားခင္ဗ်ား-

ကြၽန္ေတာ္တို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစိုးရအေနနဲ႔ ႏိုင္ငံေတာ္နဲ႔ တိုင္းရင္းသားျပည္သူေတြအားလုံးရဲ႕ ၿငိမ္းခ်မ္းသာယာ ဝေျပာတဲ့ အနာဂတ္၊ ေကာင္းမြန္တဲ့ပစၥဳပၸန္ကို တည္ေဆာက္လ်က္ ရွိပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံနဲ႔ ျပည္သူျပည္သားအားလုံးအတြက္ အမ်ိဳးသားေရးရည္မွန္းခ်က္အျဖစ္ တိုင္းျပည္သာယာဝေျပာေရးနဲ႔ စားေရရိကၡာဖူလုံေရးကို ေဆာင္႐ြက္ေနပါတယ္။ ႏိုင္ငံေရးရည္မွန္းခ်က္ အေနနဲ႔ စစ္မွန္၍စည္းကမ္းျပည့္ဝေသာ ပါတီစုံဒီမိုကေရစီစနစ္ ခိုင္မာေရးနဲ႔ ဒီမိုကေရစီနဲ႔ဖက္ဒရယ္စနစ္ကိုအေျခခံတဲ့ ျပည္ေထာင္စု တည္ေဆာက္ေရးေဆာင္႐ြက္ပါမယ္။ ဒီႏွစ္ခ်က္ဟာ ကြၽန္ေတာ္တို႔အတြက္ အဂၢမဟာဗ်ဴဟာ(Grand Strategy)ပါပဲ။ လက္ရွိအခ်ိန္မွာေကာ ေနာင္အနာဂတ္မွာပါ ေရရွည္ရည္မွန္းခ်က္အျဖစ္ စဥ္ဆက္မျပတ္ တိုးတက္ခိုင္မာေအာင္ ေဆာင္႐ြက္သြားၾကရမွာ ျဖစ္ပါတယ္။ ဒီအခ်က္ေတြေဆာင္႐ြက္ႏိုင္ဖို႔အတြက္ ကြၽန္ေတာ္တို႔အစိုးရအေနနဲ႔ ေရွ႕လုပ္ငန္းစဥ္(၅)ရပ္ကို ခ်မွတ္ေဆာင္႐ြက္လ်က္ရွိပါတယ္။ ဒါဟာ ကြၽန္ေတာ္တို႔ရဲ႕ မဟာဗ်ဴဟာ(Strategy)ပါပဲ။ ဒီအဂၢမဟာဗ်ဴဟာနဲ႔ မဟာဗ်ဴဟာေတြ ေအာင္ျမင္ေစဖို႔၊ ခိုင္မာေစဖို႔ လက္ရွိကြၽန္ေတာ္တို႔ လုပ္ေဆာင္ေနတာက ဦးတည္ခ်က္(၉)ခ်က္ပါပဲ။ ဒါဟာ ကြၽန္ေတာ္တို႔ရဲ႕ နည္းဗ်ဴဟာ(Tactic)ပဲ ျဖစ္ပါတယ္။

ဒီလို ႏိုင္ငံေတာ္အတြက္ ရည္႐ြယ္ခ်က္၊ ရည္မွန္းခ်က္မ်ားကို ျဖည့္ဆည္းေဆာင္႐ြက္ရာမွာ အစိုးရတစ္ရပ္က ဦးေဆာင္မႈျပဳရမွာ ျဖစ္သလို ျပည္သူလူထုအားလုံးကလည္း လိုက္ပါေဆာင္႐ြက္ႏိုင္မွ ေအာင္ျမင္မွာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံဟာ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္မႈ ေနာက္က်လို႔ ပညာေခတ္မွာအေျခခံပညာအထက္တန္းနဲ႔ အဆင့္ျမင့္ပညာတတ္ေျမာက္မႈ နည္းပါးခဲ့ပါတယ္။ ေခတ္မီဖြံ႕ၿဖိဳး တိုးတက္ေသာ ႏိုင္ငံတည္ေဆာက္ေရးမွာ အခက္အခဲမ်ားစြာ ႀကဳံေတြ႕ ခဲ့ရပါတယ္။ ဒီမိုကေရစီစနစ္မွာ ႏိုင္ငံသူ၊ ႏိုင္ငံသားေတြရဲ႕ ပညာနဲ႔ ေတြးေခၚေျမာ္ျမင္ႏိုင္စြမ္းဟာ အထူးအေရးႀကီးလွပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ လူဦးေရအမ်ားစုေနထိုင္တဲ့ ေက်းလက္ေဒသ ေတြဟာ ပညာေရးအားနည္းခဲ့ပါတယ္။ ပညာေရးအားနည္းခ်က္နဲ႔အတူ ေတြးေခၚေျမာ္ျမင္မႈမွာ လိုအပ္ခ်က္ေတြ ရွိခဲ့ပါတယ္။ ေတြ႕ခဲ့၊ ႀကဳံခဲ့သမွ်၊ သိသမွ်၊ တတ္သမွ်အေပၚမွာပဲ အေျခခံၿပီး ေျပာဆို ႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း ျပည္ပက ေျမႇာက္ထိုးပင့္ေကာ္ လုပ္ေနမႈေတြ၊ မဟုတ္မမွန္သတင္းေတြအေပၚမွာ နားေယာင္ၿပီး တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းမႈမရွိေအာင္ လုပ္ေဆာင္ေနၾကတာ ျဖစ္ပါတယ္။ ဒါေတြကို ျပဳျပင္ဖို႔၊ ေခတ္စနစ္နဲ႔အညီ အေတြးအေခၚ၊ အေျမာ္အျမင္မ်ား တိုးတက္ေအာင္လုပ္ဖို႔လည္း လိုအပ္ပါ တယ္။ ဒါဟာႏိုင္ငံေတာ္ရဲ႕အနာဂတ္ပါပဲ။ ဒါ့ေၾကာင့္ ျမန္မာ ႏိုင္ငံနဲ႔ ျမန္မာျပည္သူလူထုရဲ႕ ေကာင္းက်ိဳးကိုလိုလားၾကတဲ့ ျပည္တြင္း၊ ျပည္ပအဖြဲ႕အစည္းအားလုံး၊ ႏိုင္ငံအားလုံး၊ တိုင္းရင္းသား ျပည္သူလူထုအားလုံး အထူးသျဖင့္ တိုင္းရင္း သားေဒသေတြမွာ ရွိေနတဲ့ NCA လက္မွတ္ေရးထိုးထားတဲ့ EAO မ်ားအေနနဲ႔ ျပည္သူလူထုရဲ႕ က်န္းမာေရး၊ ပညာေရး၊ အေတြးအေခၚ နဲ႔ ဘက္စုံ ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔မွာ ပူးေပါင္းအားေပးကူညီၾကဖို႔ ေျပာၾကား လိုပါတယ္။

တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ားခင္ဗ်ား- ႏိုင္ငံသူႏိုင္ငံသားမ်ား လိုလားေတာင့္တေနတဲ့ ႏိုင္ငံေတာ္ ေအးခ်မ္းသာယာေရး၊ စားေရရိကၡာေပါမ်ားေရး၊ သာယာဝေျပာေရး၊ ကိုယ္စိတ္ႏွလုံးခ်မ္းေျမ့စြာျဖင့္ လုပ္ကိုင္စားေသာက္ႏိုင္ေရး၊ ပညာ သင္ၾကားႏိုင္ေရး၊ ကမာၻ႔ႏိုင္ငံမ်ားႏွင့္ ရင္ေပါင္တန္းႏိုင္ေရးမ်ား ရရွိခံစားႏိုင္ေအာင္ သက္ဆိုင္သူအားလုံးက ႏိုင္ငံ့မ်က္ႏွာၾကည့္ၿပီး ဝိုင္းဝန္းလုပ္ေဆာင္ေပးၾကဖို႔လည္း တိုက္တြန္းလိုပါတယ္။ ကြၽန္ေတာ္တို႔ျဖတ္သန္းလာခဲ့တဲ့ NCA သမိုင္းေၾကာင္းဟာ ဒီေန႔မွာ ဆိုရင္ ၈ ႏွစ္တာကာလ ျဖတ္သန္းခဲ့ၿပီ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံ အတြက္ “လြတ္လပ္ေရး”ဆိုတဲ့ ေရွးဘိုးဘြားမ်ားရဲ႕ အေမြတစ္ခုကို ကြၽန္ေတာ္တို႔အားလုံး ဆက္ခံရယူၿပီးျဖစ္သလို မိမိတို႔လက္ထက္၊ မိမိတို႔ကာလမွာလည္း ေနာက္မ်ိဳးဆက္သစ္ လူငယ္မ်ားအတြက္ တန္ဖိုးမျဖတ္ႏိုင္တဲ့ အေမြအႏွစ္တစ္ခုကို ေပးအပ္ဖို႔ တာဝန္ရွိပါတယ္။ အဲဒါကေတာ့ “စစ္မွန္တည္တံ့ခိုင္ၿမဲတဲ့ ထာဝရၿငိမ္းခ်မ္းေရး” ဆိုတဲ့ အေမြအႏွစ္ေကာင္းတစ္ခုပဲ ျဖစ္ပါတယ္။ ဒီၿငိမ္းခ်မ္းေရးအေမြအႏွစ္ ေကာင္းကို ကြၽန္ေတာ္တို႔ရဲ႕ မ်ိဳးဆက္သစ္ေတြထံ လက္ဆင့္ကမ္း ခဲ့ၾကပါစို႔လို႔ ေလးနက္စြာ ထပ္မံတိုက္တြန္းလိုပါတယ္။

တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ားခင္ဗ်ား-

  • ကြၽန္ေတာ္တို႔အစိုးရအေနနဲ႔ ခ်မွတ္ထားတဲ့ “ေရွ႕သို႔ခ်ီမည္ ပန္းတိုင္ဆီ” စိတ္ဓာတ္နဲ႔အညီ ေရွ႕လုပ္ငန္းစဥ္(၅)ရပ္နဲ႔ ဦးတည္ခ်က္(၉)ရပ္ပါအတိုင္း မဆုတ္မနစ္ ႀကိဳးပမ္း ေဆာင္႐ြက္သြားမွာျဖစ္သလို ႏိုင္ငံေတာ္ႀကီး တည္ၿငိမ္ ေအးခ်မ္းေရးအတြက္ NCA ကို အေလးထားေဆာင္႐ြက္ သြားမွာျဖစ္လို႔ ျပည္သူလူထုတစ္ရပ္လုံးကလည္း ပူးေပါင္း ေဆာင္႐ြက္သြားၾကပါ။
  • ထာဝရၿငိမ္းခ်မ္းေရးတည္ေဆာက္ႏိုင္ဖို႔အတြက္ NCA လက္မွတ္ေရးထိုးၿပီးတဲ့ အဖြဲ႕အစည္းမ်ားကလည္း NCA ပါ ကတိကဝတ္ကို ေစာင့္ထိန္းၾကဖို႔နဲ႔ ပြင့္လင္းျမင္သာမႈ၊ တာဝန္ ယူမႈ၊ တာဝန္ခံမႈတို႔ျဖင့္ ဆက္လက္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားၾကပါ။
  • NCA မွာ လက္မွတ္မေရးထိုးရေသးတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ားအေနနဲ႔လည္း ႏိုင္ငံေတာ္ ဖြံ႕ၿဖိဳးတိုးတက္ေရး၊ ျပည္သူတို႔ရဲ႕ လူမႈစီးပြားဘဝ တိုးတက္ ျမင့္မားေရးအတြက္ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ကိုအေျခခံတဲ့ ျပည္ေထာင္စုႀကီးတည္ေဆာက္ရာမွာ ထဲထဲဝင္ဝင္ပါဝင္ႏိုင္ဖို႔ အတြက္ ေတြ႕ဆုံညႇိႏႈိင္းေရးေဆြးေႏြးပြဲမ်ားဆီသို႔ အေရာက္ လွမ္းခဲ့ၾကပါလို႔ ဖိတ္ေခၚေျပာၾကားရင္း နိဂုံးခ်ဳပ္လိုက္ပါ တယ္။
  • အားလုံးကို ေက်းဇူးတင္ပါတယ္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။