ထားဝယ်မြို့ ကျက်သရေဆောင် သမိုင်းဝင်ရွှေတောင်စား စေတီတော်မြတ်ကြီး ဒုတိယအကြိမ် လုံးတော်ပြည့်ရွှေစင်ရွှေသား ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲ စည်ကားခမ်းနားစွာ ကျင်းပ

ေနျပည္ေတာ္၊ မတ္ ၄

တနသၤာရီတုိင္းေဒသႀကီး၊ ထား၀ယ္ၿမိဳ႕က်က္သေရေဆာင္ သမုိင္း၀င္ ေရႊေတာင္စား ေစတီေတာ္ျမတ္ႀကီး ဒုတိယအႀကိမ္ လုံးေတာ္ျပည့္ ေရႊစင္ေရႊသားေရႊသကၤန္း ကပ္လွဴပူေဇာ္ပြဲႏွင့္ ရတနာစိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္ တင္လွဴပူေဇာ္ပြဲဲအခမ္းအနားအား ယေန႔နံနက္ပုိင္းတြင္ စည္ကားခမ္းနားစြာက်င္းပျပဳလုပ္ရာ ႏုိင္ငံေတာ္ၾသ၀ါဒါစရိယ၊ ထား၀ယ္ၿမိဳ႕၊ ေဇယ်၀တီေက်ာင္းတုိက္ တုိက္အုပ္ဆရာေတာ္ အဂၢမဟာပ႑ိတ ဘဒၵႏၲသူရိယ အမွဴးျပဳေသာ သံဃာေတာ္အရွင္သူျမတ္မ်ား ၾကြေရာက္ေတာ္မူၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ႏွင့္ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ ကမ္း႐ုိးတန္းေဒသတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္ လင္းေအာင္၊ တုိင္းေဒသႀကီးလႊတ္ေတာ္ဥကၠ႒ ဦးခင္ေမာင္ေအး၊ တုိင္းေဒသႀကီး အစုိးရအဖြဲ႕၀င္ ၀န္ႀကီးမ်ား၊ ဌာနဆုိင္ရာ၀န္ထမ္းမ်ား၊ ဖိတ္ၾကားထား သူမ်ားႏွင့့္ ေဒသခံတုိင္းရင္းသားျပည္သူမ်ား စည္ကားသုိက္ၿမိဳက္စြာ တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အခမ္းအနား တက္ေရာက္လာၾက သူမ်ားက ႏုိင္ငံေတာ္ၾသ၀ါဒါစရိယ၊ ထား၀ယ္ၿမိဳ႕၊ ေဇယ်၀တီေက်ာင္းတုိက္ တုိက္အုပ္ဆရာေတာ္ အဂၢမဟာပ႑ိတ ဘဒၵႏၲသူရိယထံမွ ကုိးပါးသီလခံယူေဆာက္တည္ ၾကၿပီး ေမတၱသုတ္ ပရိတ္တရားေတာ္မ်ားနာယူၾကသည္။

ထုိ႔ေနာက္ ဥပသကာမ်ားက ပရိတ္ပန္း၊ ပရိတ္ေရ၊ ပရိတ္ခ်ည္၊ ပရိတ္သဲမ်ားအား ေစတီေတာ္၀တၱဳကံ ေနရာတြင္ ပက္ဖ်န္းႀကဲျဖန္႔ ခ်ည္ေႏွာင္ၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးတုိ႔က ရတနာစိန္ဖူးေတာ္ႏွင့္ လွဴဖြယ္ပစၥည္းမ်ားအား ေဇယ်၀တီေက်ာင္းတုိက္ တုိက္အုပ္ဆရာေတာ္ထံ ဆက္ကပ္ လွဴဒါန္းသည္။ ၎ေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း ႏွင့္ဇနီးတုိ႔က ရတနာငွက္ျမတ္နားေတာ္ႏွင့္ လွဴဖြယ္ပစၥည္းမ်ားအားလည္းေကာင္း၊ တုိင္းေဒသႀကီးအစုိးရအဖြဲ႕မွ လူမႈေရးႏွင့္စည္ပင္သာယာေရး၀န္ႀကီးက ဆည္းလည္း ပေဒသာႏွင့္ လွဴဖြယ္ပစၥည္းမ်ားအားလည္းေကာင္း၊ တုိင္းေဒသႀကီးလႊတ္ေတာ္ဥကၠ႒က သာသနာ့ေအာင္လံေတာ္ႏွင့္ လွဴဖြယ္ပစၥည္းမ်ားအားလည္းေကာင္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားက လွဴဖြယ္ပစၥည္းမ်ားအား လည္းေကာင္း သံဃာေတာ္အရွင္သူျမတ္မ်ားထံ အသီးသီးဆက္ကပ္ လွဴဒါန္းၾကသည္။

ထုိ႔ေနာက္ ေဇယ်၀တီေက်ာင္းတုိက္ တုိက္အုပ္ဆရာေတာ္ထံမွ အႏုေမာဒနာ တရားနာယူ၍ လွဴဒါန္းမႈအစုစုအတြက္ေရစက္သြန္းခ် အမွ်ေပးေ၀ၾကသည္။ ၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီး၊ အဖြဲ႕၀င္မ်ားက ရတနာစိန္ဖူးေတာ္ အားလည္းေကာင္း၊ တနသၤာရီတုိင္းေဒသႀကီး လႊတ္ေတာ္ဥကၠ႒ႏွင့္ အစုိးရအဖြဲ႕၀င္ ၀န္ႀကီးမ်ားက ငွက္ျမတ္နားေတာ္တုိ႔အားလည္းေကာင္း အသီးသီး ပင့္ေဆာင္၍ ေစတီေတာ္ႀကီးအားလက္ယာရစ္ လွည့္လည္ ပူေဇာ္ၾကသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ရတနာစိန္ဖူးေတာ္ႏွင့္ ငွက္ျမတ္နားေတာ္တုိ႔အား မဂၤလာရထားပ်ံျဖင့္ ေစတီေတာ္အထြတ္ သုိ႔ပင့္ေဆာင္တင္လွဴပူေဇာ္ၾကၿပီး ေရႊထီးေတာ္ တင္လွဴ ပူေဇာ္မႈေအာင္ျမင္ျခင္း အထိမ္းအမွတ္ ရတနာေရႊမုိးေငြမုိးမ်ား ရြာသြန္းၿဖိဳးၾကသည္။ ယင္းေနာက္ သံဃာေတာ္မ်ားက ေစတီေတာ္ႀကီး အား ဗုဒၶါဘိေသကအေနကဇာတင္၍ ဗုဒၶဘိသိက္ သြန္းေတာ္မူၾကသည္။ အခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အခမ္းအနား တက္ေရာက္လာၾကသူမ်ားသည္ သံဃာေတာ္မ်ားႏွင့္ သီလရွင္ဆရာႀကီးမ်ားအား ေန႔ဆြမ္းဆက္ကပ္လွဴဒါန္းခဲ့ၾကသည္။

ထား၀ယ္ၿမိဳ႕က်က္သေရေဆာင္ သမုိင္း၀င္ေရႊေတာင္စား ေစတီေတာ္ႀကီးအား ၂၀၁၃ ခုႏွစ္တြင္ စတုတၳအႀကိမ္ေျမာက္ ေရႊထီးေတာ္တင္လွဴပူေဇာ္ပြဲအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္၍ ေအာင္ျမင္စြာ က်င္းပခဲ့ၿပီး ယခုအခါ လုံးေတာ္ျပည့္ေရႊသကၤန္းကပ္လွဴျခင္း၊ ရတနာစိန္ဖူးေတာ္၊ ငွက္ျမက္နားေတာ္တုိ႔အား မြမ္းမံျခင္းမ်ားေဆာင္ရြက္၍ ေအာင္ပြဲအခမ္းအနားကုိ စည္းကား သုိက္ၿမိဳက္စြာ က်င္းပျပဳလုပ္ျခင္းျဖစ္သည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ မတ္လ ၃ ရက္ေန႔ ညပုိင္းကလည္း ထား၀ယ္ၿမိဳ႕၊ ေလာကမာရဇိန္ဘုရားႀကီးသုိ႔ သြားေရာက္၍ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က ဘုရားႀကီးအား ပန္း၊ေရခ်မ္း၊ ဆီမီးမ်ားကပ္လွဴပူေဇာ္ ၿပီး ဘုရားႀကီးျပဳျပင္မြမ္းမံရန္အတြက္ အလွဴေငြမ်ားေပးအပ္လွဴဒါန္းသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဘုရားႀကီးဧည့္သည္ေတာ္ မွတ္တမ္းစာအုပ္တြင္ လက္မွတ္ေရးထုိးသည္။

ထုိ႔ေနာက္ဘုရားႀကီး ပရိ၀ုဏ္အတြင္း ဗုဒၶပိဋကတ္တုိက္ေတာ္ေရွ႕တြင္ ရဲေဘာ္ သုံးက်ိပ္၊ BIA တပ္မ်ားကုိ ဂုဏ္ျပဳေရးဆြဲထားေသာ ပန္းခ်ီကားမ်ား အားၾကည့္႐ႈၾကသည္။ ယင္းေနာက္ ထား၀ယ္ၿမိဳ႕မွ လူငယ္ပန္းခ်ီဆရာ ကုိရင္ေထြးေရးဆြဲထားသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ပုံတူပန္ခ်ီးကားအား ကုိယ္တုိင္ေပးအပ္ရာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က လက္ခံရယူခဲ့သည္။

(Unicode Version)

ထားဝယ်မြို့ ကျက်သရေဆောင် သမိုင်းဝင်ရွှေတောင်စား စေတီတော်မြတ်ကြီး ဒုတိယအကြိမ် လုံးတော်ပြည့်ရွှေစင်ရွှေသား ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲ စည်ကားခမ်းနားစွာ ကျင်းပ

နေပြည်တော်၊ မတ် ၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ကျက်သရေဆောင် သမိုင်းဝင် ရွှေတောင်စား စေတီတော်မြတ်ကြီး ဒုတိယအကြိမ် လုံးတော်ပြည့် ရွှေစင်ရွှေသားရွှေသင်္ကန်း ကပ်လှူပူဇော်ပွဲနှင့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် စည်ကားခမ်းနားစွာကျင်းပပြုလုပ်ရာ နိုင်ငံတော်သြဝါဒါစရိယ၊ ထားဝယ်မြို့၊ ဇေယျဝတီကျောင်းတိုက် တိုက်အုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယ အမှူးပြုသော သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဖိတ်ကြားထား သူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြ သူများက နိုင်ငံတော်သြဝါဒါစရိယ၊ ထားဝယ်မြို့၊ ဇေယျဝတီကျောင်းတိုက် တိုက်အုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယထံမှ ကိုးပါးသီလခံယူဆောက်တည် ကြပြီး မေတ္တသုတ် ပရိတ်တရားတော်များနာယူကြသည်။

ထို့နောက် ဥပသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများအား စေတီတော်ဝတ္တုကံ နေရာတွင် ပက်ဖျန်းကြဲဖြန့် ချည်နှောင်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ရတနာစိန်ဖူးတော်နှင့် လှူဖွယ်ပစ္စည်းများအား ဇေယျဝတီကျောင်းတိုက် တိုက်အုပ်ဆရာတော်ထံ ဆက်ကပ် လှူဒါန်းသည်။ ၎င်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်ဇနီးတို့က ရတနာငှက်မြတ်နားတော်နှင့် လှူဖွယ်ပစ္စည်းများအားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီးက ဆည်းလည်း ပဒေသာနှင့် လှူဖွယ်ပစ္စည်းများအားလည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက သာသနာ့အောင်လံတော်နှင့် လှူဖွယ်ပစ္စည်းများအားလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် အခမ်းအနားတက်ရောက်လာကြသူများက လှူဖွယ်ပစ္စည်းများအား လည်းကောင်း သံဃာတော်အရှင်သူမြတ်များထံ အသီးသီးဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် ဇေယျဝတီကျောင်းတိုက် တိုက်အုပ်ဆရာတော်ထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချ အမျှပေးဝေကြသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များက ရတနာစိန်ဖူးတော် အားလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ငှက်မြတ်နားတော်တို့အားလည်းကောင်း အသီးသီးပင့်ဆောင်၍ စေတီတော်ကြီးအားလက်ယာ ရစ် လှည့်လည်ပူဇော်ကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ် သို့ပင့်ဆောင်တင်လှူပူဇော်ကြပြီး ရွှေထီးတော် တင်လှူ ပူဇော်မှုအောင်မြင်ခြင်း အထိမ်းအမှတ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကြသည်။ ယင်းနောက် သံဃာတော်များက စေတီတော်ကြီး အား ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓဘိသိက် သွန်းတော်မူကြသည်။ အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် သံဃာတော်များနှင့် သီလရှင်ဆရာကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထားဝယ်မြို့ကျက်သရေဆောင် သမိုင်းဝင်ရွှေတောင်စား စေတီတော်ကြီးအား ၂၀၁၃ ခုနှစ်တွင် စတုတ္ထအကြိမ်မြောက် ရွှေထီးတော်တင်လှူပူဇော်ပွဲအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်၍ အောင်မြင်စွာ ကျင်းပခဲ့ပြီး ယခုအခါ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ ရတနာစိန်ဖူးတော်၊ ငှက်မြက်နားတော်တို့အား မွမ်းမံခြင်းများဆောင်ရွက်၍ အောင်ပွဲအခမ်းအနားကို စည်းကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မတ်လ ၃ ရက်နေ့ ညပိုင်းကလည်း ထားဝယ်မြို့၊ လောကမာရဇိန်ဘုရားကြီးသို့ သွားရောက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ဘုရားကြီးအား ပန်း၊ရေချမ်း၊ ဆီမီးများကပ်လှူပူဇော် ပြီး ဘုရားကြီးပြုပြင်မွမ်းမံရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဘုရားကြီးဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ထို့နောက်ဘုရားကြီး ပရိဝုဏ်အတွင်း ဗုဒ္ဓပိဋကတ်တိုက်တော်ရှေ့တွင် ရဲဘော် သုံးကျိပ်၊ BIA တပ်များကို ဂုဏ်ပြုရေးဆွဲထားသော ပန်းချီကားများ အားကြည့်ရှုကြသည်။ ယင်းနောက် ထားဝယ်မြို့မှ လူငယ်ပန်းချီဆရာ ကိုရင်ထွေးရေးဆွဲထားသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပုံတူပန်ချီးကားအား ကိုယ်တိုင်ပေးအပ်ရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လက်ခံရယူခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။