တပ်မတော်အနေဖြင့်ငြိမ်းချမ်းရေးကိစ္စများဆောင်ရွက်ရာတွင် တဒင်္ဂငြိမ်းချမ်းရေး၊ တဒင်္ဂပြဿနာများ ပြေငြိမ်း ရေးကိုသာ ဦးတည်ဆောင်ရွက်နေခြင်းမဟုတ်ဘဲထာဝရငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်နေခြင်းဖြစ်

ေနျပည္ေတာ္၊ စက္တင္ဘာ – ၁၂

မိမိတုိ႔တပ္မေတာ္အေနျဖင့္ ၿငိမ္းခ်မ္းေရးကိစၥရပ္မ်ားေဆာင္ရြက္ရာတြင္ ထာ၀ရၿငိမ္းခ်မ္းေရးရရွိေအာင္ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း၊ တဒဂၤၿငိမ္းခ်မ္းေရး၊ တဒဂၤျပႆနာမ်ားေျပၿငိမ္းေရးကုိသာ ဦးတည္ေဆာင္ရြက္ ေနျခင္းမဟုတ္ဘဲ ဒီမုိကေရစီစနစ္၏အႏွစ္သာရျဖစ္သည့္ဥပေဒႏွင့္ အညီေဆာင္ရြက္ေနျခင္းျဖစ္၍ တစ္ႏုိင္ငံလုံး ပစ္ခတ္တုိက္ခုိက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA) တြင္လက္မွတ္ ေရးထုိးရန္က်န္ရွိ ေနသည့္ တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႕မ်ားအေနျဖင့္ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းေပၚ၌ မွန္မွန္ကန္ကန္လုိက္ပါေဆာင္ရြက္ရန္ လုိအပ္ ေၾကာင္း၊ ထုိကဲ့သုိ႔ျဖစ္ေစရန္တပ္မ်ား အေနျဖင့္နယ္ေျမခံျပည္သူလူထုကုိစည္း႐ုံးေဆာင္ရြက္သြားရ မည္ျဖစ္ ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ကလြိဳင္ေကာ္ တပ္နယ္ရွိ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ယေန႔နံနက္ပုိင္းတြင္ တပ္နယ္ခန္းမ၌ ေတြ႕ဆုံအမွာစကားေျပာၾကား ရာတြင္ထည့္သြင္းေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေရွ႕ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိ္င္းမွဴး ဗုိလ္ခ်ဳပ္ လင္းေအာင္၊ တပ္နယ္မွအရာရွိ၊ စစ္သည္၊ မိသားစုမ်ားတက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာ၌လက္ရွိ အေျခအေန၌ကယားျပည္နယ္တြင္ တည္ၿငိမ္ေအးခ်မ္းမႈမ်ားရရွိေနသည္ကုိေတြ႕ရွိရၿပီး တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) တြင္လက္မွတ္ ေရးထုိးရန္အတြက္ ကယားျပည္နယ္တြင္ KNPP တစ္ဖြဲ႕က်န္ရွိေၾကာင္း၊ ျမန္မာႏုိင္ငံ၏ မည္သည့္ တုိင္းေဒသႀကီး၊ ျပည္နယ္၌မဆုိ တုိင္းရင္းသားလူမ်ိဳးတစ္မ်ိဳးတည္း သီးသန္႔ေနထုိင္ျခင္းမရွိဘဲ တုိင္းရင္းသားေပါင္းစုံေနထုိင္ၾကေၾကာင္း၊ ထုိ႔ေၾကာင့္ တုိင္းရင္းသားအေရး၌ တန္းတူညီမွ်စြာေဆာင္ရြက္ေပး လ်က္ရွိေၾကာင္း၊ ကယားျပည္နယ္ တည္ၿငိမ္ေအးခ်မ္းေရး ႏွင့္ဖြံ႕ၿဖိဳးတုိးတက္ေရးလုပ္ငန္းမ်ား တြင္တပ္မေတာ္မွ တတ္ႏုိင္သမွ်ပါ၀င္ကူညီ ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ ေဒသတစ္ခု၏လုိအပ္ခ်က္မွာ ႏုိင္ငံေရးအရတည္ၿငိမ္ ေအးခ်မ္းမႈႏွင့္လုံၿခဳံေရးအရ တည္ၿငိမ္ေအးခ်မ္းမႈရွိရန္ လုိအပ္ေၾကာင္း၊ ႏုိင္ငံေတာ္တည္ေဆာက္ေရး လုပ္ငန္းမ်ားေဆာင္ရြက္ရာတြင္ အတိတ္ကုိလက္ၫႇိဳးထုိးအျပစ္ရွာျခင္း၊ လူပုဂၢိဳလ္စြဲျဖင့္ ေဆာင္ရြက္ျခင္း ျခင္းမ်ားသည္ ဒီမုိကေရစီစနစ္အတြက္အဟန္႔အတားမ်ား ျဖစ္ေစသည္ကုိ သတိျပဳရမည္ျဖစ္ေၾကာင္း၊ လုံၿခဳံေရးအရတည္ၿငိမ္ေအးခ်မ္းမႈရွိရန္အတြက္ လက္နက္ကုိင္ထားသည့္ အဖြဲ႕အစည္း မ်ားအေနျဖင့္လည္း ဥပေဒႏွင့္အညီစည္းကမ္းျဖင့္ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ တစ္ဦးခ်င္းမွအဖြဲ႕အစည္း၊ အဖြဲ႕အစည္းမွေဒသ၊ ေဒသမွႏုိင္ငံအဆင့္အထိဖြံ႕ၿဖိဳး တုိးတက္ရန္အတြက္ႀကိဳး စားအားထုတ္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ထုိသုိ႔ ေဆာင္ရြက္ရန္အတြက္အားလုံးက ၀ုိင္း၀န္းႀကိဳးပမ္းေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း မွာၾကားသည္။

ဆက္လက္ၿပီး မိမိတုိ႔တပ္မေတာ္သားမ်ားတစ္ဦးခ်င္း၏အရည္အေသြးမ်ား တုိးတက္ေကာင္းမြန္ေအာင္ အၿမဲမျပတ္ေဆာင္ရြက္သြားရမည္ျဖစ္ေၾကာင္း၊ သက္ဆုိင္ရာ အဆင့္အလိုက္အရည္အခ်င္းရွိေစရန္အတြက္ လုိအပ္သည့္သင္တန္းမ်ားအား အၿမဲမျပတ္ သင္္ၾကားပုိ႔ခ်ေပးလ်က္ရွိၿပီး မိမိတုိ႔ထမ္းေဆာင္ရသည့္ လုပ္ငန္းတာ၀န္မ်ားကုိအေလးထား ေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သားမ်ား၏ ပညာရည္ျမင့္မား ေရးအတြက္ ေဆာင္ရြက္ေပးလ်က္ရွိသကဲ့သုိ႔ ဗဟုသုတတုိးပြားေစရန္အတြက္လည္း သက္ဆုိင္ရာတပ္၊ ဌာနခ်ဳပ္မ်ားတြင္ စာၾကည့္တုိက္မ်ားဖြင့္လွစ္၍လုိအပ္သည့္ သုတ၊ ရသ စာအုပ္စာေစာင္ မ်ားကုိျဖည့္ဆည္း ေဆာင္ရြက္ေပးထားေၾကာင္း၊ တပ္မေတာ္သားမ်ားသည္ႏုိင္ငံေတာ္ ကာကြယ္ေရးတာ၀န္မ်ားကုိ ထမ္းေဆာင္ ေနျခင္းျဖစ္ၿပီး မိမိတုိ႔သက္ဆုိင္ရာနယ္ေျမမ်ား အားကြၽမ္းက်င္ေအာင္ေဆာင္ရြက္ရန္ႏွင့္ အသုံးျပဳသည့္လက္နက္ မ်ားအားကြၽမ္းက်င္ ထိေရာက္စြာအသုံးျပဳႏုိင္ရန္အတြက္ အၿမဲမျပတ္ေလ့က်င့္ေဆာင္ရြက္ေနၾကရမည္ ျဖစ္ေၾကာင္း၊ တပ္မေတာ္သားမ်ားသည္က်န္းမာႀကံ့ခုိင္ေနရန္လုိအပ္သကဲ့သုိ႔ အဆင့္လုိက္ကြပ္ကဲအုပ္ခ်ဳပ္မႈမ်ား ကုိလည္းႏုိင္ႏုိင္နင္းနင္းေဆာင္ရြက္ႏုိင္ရမည္ျဖစ္ေၾကာင္း၊ ေျခလ်င္ေျချမန္တပ္ဖြဲ႕မ်ားသာမက လက္႐ုံး တပ္ဖြဲ႕ မ်ားအေနျဖင့္လည္းမိမိတုိ႔သက္ဆုိင္ရာ လုပ္ငန္း တာ၀န္မ်ားအလုိက္ ကြၽမ္းက်င္စြာေဆာင္ရြက္ႏုိင္ရမည္ျဖစ္ၿပီး မိမိတုိ႔၏အရည္အခ်င္း အရည္အေသြးမ်ားတုိးတက္ေကာင္းမြန္ေအာင္ေဆာင္ရြက္ ေနရမည္ျဖစ္ေၾကာင္း၊ တပ္ေနေပ်ာ္ေရးအတြက္လုိအပ္သည့္ အေျခခံလုိအပ္ခ်က္မ်ားအား တတ္ႏုိင္သေလာက္ျဖည့္ဆည္း ေဆာင္ရြက္ ေပးထားေၾကာင္း၊ တပ္မေတာ္သားမ်ားႏွင့္ မိသားစု၀င္မ်ား၏သက္သာေခ်ာင္ ခ်ိေရးအတြက္ တပ္ပုိင္ စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကုိ ေဆာင္ရြက္ၿပီးထြက္ရွိလာသည့္ အသား၊ ငါး၊ ဟင္းသီးဟင္းရြက္၊ ၾကက္ဥ မ်ားအား သက္သာေသာေစ်းႏႈန္းမ်ားျဖင့္ေရာင္းခ်ေပးလ်က္ရွိေၾကာင္း၊ မိမိတုိ႔အေနျဖင့္ရရွိသည့္ အခြင့္အေရး မ်ားကုိ မွန္မွန္ကန္ကန္အက်ိဳးရွိရွိအသုံးခ်ၿပီး မိမိကုိယ္ကုိတုိးတက္ေအာင္ ေဆာင္ရြက္သြားၾကရန္လုိေၾကာင္း၊ တစ္ဦးခ်င္းစည္းကမ္းေကာင္းမွ တပ္ေကာင္းမည္ ျဖစ္သျဖင့္ တစ္ဦးခ်င္းစည္းကမ္း လုိက္နာၾကရန္လုိ အပ္ေၾကာင္း၊ ႏုိင္ငံေတာ္ကာကြယ္ေရး တာ၀န္ကုိ ေက်ပြန္စြာထမ္းေဆာင္ႏုိင္ရန္အတြက္ က်န္းမာႀကံ့ခုိင္ရန္ လိုအပ္သျဖင့္ က်န္းမာေရးကုိ အေထာက္အကူျဖစ္ေစသည့္ လူေနမႈပုံစံမ်ားအတုိင္းေနထုိင္ရန္လိုအပ္ၿပီး ကြမ္း၊ အရက္၊ ေဆးလိပ္ေသာက္သုံးျခင္းမ်ားကုိေရွာင္က်ဥ္ရန္လုိအပ္ေၾကာင္း၊ တပ္္မေတာ္သားမ်ား၏ မိသားစု ၀င္မ်ား၏ပညာရည္ျမင့္မားေရးအတြက္ တပ္မေတာ္မွ ေဆာင္ရြက္ေပးလ်က္ရွိသကဲ့သုိ႔ မိမိတုိ႔၏သားသမီးမ်ား ပညာရည္ျမင့္မားေရးအတြက္ အားေပးေဆာင္ရြက္ၾက ရန္လုိအပ္ေၾကာင္း၊ အတန္းပညာရွိမွသာ မိမိတုိ႔သားသမီးမ်ား ၏ဘ၀ဖြံ႕ၿဖိဳးတုိးတက္မည္ျဖစ္ေၾကာင္း၊ သား၊သမီးမ်ားအားငယ္ငယ္ကတည္းက မိမိဘ၀မိမိတည္ေဆာက္ႏုိင္ေရးေလ့က်င့္ပ်ိဳးေထာင္ရန္လုိေၾကာင္း၊ တပ္မေတာ္သားမ်ား ၏မိသားစု၀င္မ်ားႏွင့္ စစ္မႈထမ္းေဟာင္းမိသားစု၀င္မ်ား၏ အလုပ္အကုိင္အခြင့္အလမ္း မ်ားရရွိေရးအတြက္လည္း ေဆာင္ရြက္ ေပးလ်က္ရွိေၾကာင္းေျပာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က တပ္နယ္ရွိ အရာရွိ၊ စစ္သည္မိသားစုမ်ားစားေသာက္ဖြယ္ရာမ်ားအားေပးအပ္ရာ တပ္နယ္မွဴးမွလက္ခံရယူသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွက တပ္နယ္ရွိမိခင္ႏွင့္ကေလးေစာင့္ေရွာက္ ေရးအသင္းအတြက္ ခ်ီးျမႇင့္ေငြမ်ားေပးအပ္ရာ တပ္နယ္မွဴး၏ဇနီးကလက္ခံရယူသည္။

ယင္းေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္ (ေလ)ဗုိလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္၊ စစ္ေထာက္ခ်ဳပ္ဒုတိယဗုိလ္ခ်ဳပ္ႀကီး ညိဳေစာတုိ႕က တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအတြက္စားေသာက္ ဖြယ္ရာမ်ား၊ အားကစားပစၥည္းမ်ားႏွင့္ သုတ၊ရသစာအုပ္ စာေစာင္မ်ားအား အသီးသီးေပး အပ္ရာတာ၀န္ရွိသူမ်ားကလက္ခံရယူၾကသည္။ ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အခမ္းအနားတက္ေရာက္လာၾကသည့္ အရာရွိ၊ စစ္သည္မ်ားအားရင္းရင္းႏွီးႏွီးလုိက္လံႏႈတ္ဆက္ခဲ့ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး အဖြဲ႕၀င္မ်ားသည္ နံနက္ပုိင္းကလည္း လြိဳင္ေကာ္ၿမိဳ႕ရွိ နယ္ေျမခံ တပ္မေတာ္ေဆး႐ုံ၌တက္ေရာက္ကုသလ်က္ရွိသည့္ သံဃာေတာ္မ်ား၊ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားႏွင့္ ေဒသခံျပည္သူမ်ားအားသြားေရာက္ ေတြ႕ဆုံ၍ တစ္ဦးခ်င္းေရာဂါျဖစ္ပြားမႈအေျခအေနမ်ား အား ေမးျမန္း အားေပးစကား ေျပာၾကားၿပီး စားေသာက္ဖြယ္ရာမ်ားေပးအပ္ခဲ့သည္။

(Unicode Version)

တပ်မတော်အနေဖြင့်ငြိမ်းချမ်းရေးကိစ္စများဆောင်ရွက်ရာတွင် တဒင်္ဂငြိမ်းချမ်းရေး၊ တဒင်္ဂပြဿနာများ ပြေငြိမ်း ရေးကိုသာ ဦးတည်ဆောင်ရွက်နေခြင်းမဟုတ်ဘဲထာဝရငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်နေခြင်းဖြစ်
နေပြည်တော်၊ စက်တင်ဘာ – ၁၂

မိမိတို့တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကိစ္စရပ်များဆောင်ရွက်ရာတွင် ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တဒင်္ဂငြိမ်းချမ်းရေး၊ တဒင်္ဂပြဿနာများပြေငြိမ်းရေးကိုသာ ဦးတည်ဆောင်ရွက် နေခြင်းမဟုတ်ဘဲ ဒီမိုကရေစီစနစ်၏အနှစ်သာရဖြစ်သည့်ဥပဒေနှင့် အညီဆောင်ရွက်နေခြင်းဖြစ်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) တွင်လက်မှတ် ရေးထိုးရန်ကျန်ရှိ နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့်ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်၌ မှန်မှန်ကန်ကန်လိုက်ပါဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ထိုကဲ့သို့ဖြစ်စေရန်တပ်များ အနေဖြင့်နယ်မြေခံပြည်သူလူထုကိုစည်းရုံးဆောင်ရွက်သွားရ မည်ဖြစ် ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကလွိုင်ကော် တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား ယနေ့နံနက်ပိုင်းတွင် တပ်နယ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြား ရာတွင်ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်၊ တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာ၌လက်ရှိ အခြေအနေ၌ကယားပြည်နယ်တွင် တည်ငြိမ်အေးချမ်းမှုများရရှိနေသည်ကိုတွေ့ရှိရပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင်လက်မှတ် ရေးထိုးရန်အတွက် ကယားပြည်နယ်တွင် KNPP တစ်ဖွဲ့ကျန်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ မည်သည့် တိုင်းဒေသကြီး၊ ပြည်နယ်၌မဆို တိုင်းရင်းသားလူမျိုးတစ်မျိုးတည်း သီးသန့်နေထိုင်ခြင်းမရှိဘဲ တိုင်းရင်းသားပေါင်းစုံနေထိုင်ကြကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားအရေး၌ တန်းတူညီမျှစွာဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ကယားပြည်နယ် တည်ငြိမ်အေးချမ်းရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ တွင်တပ်မတော်မှ တတ်နိုင်သမျှပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသတစ်ခု၏လိုအပ်ချက်မှာ နိုင်ငံရေးအရတည်ငြိမ် အေးချမ်းမှုနှင့်လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အတိတ်ကိုလက်ညှိုးထိုးအပြစ်ရှာခြင်း၊ လူပုဂ္ဂိုလ်စွဲဖြင့် ဆောင်ရွက်ခြင်း ခြင်းများသည် ဒီမိုကရေစီစနစ်အတွက်အဟန့်အတားများ ဖြစ်စေသည်ကို သတိပြုရမည်ဖြစ်ကြောင်း၊ လုံခြုံရေးအရတည်ငြိမ်အေးချမ်းမှုရှိရန်အတွက် လက်နက်ကိုင်ထားသည့် အဖွဲ့အစည်း များအနေဖြင့်လည်း ဥပဒေနှင့်အညီစည်းကမ်းဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်းမှအဖွဲ့အစည်း၊ အဖွဲ့အစည်းမှဒေသ၊ ဒေသမှနိုင်ငံအဆင့်အထိဖွံ့ဖြိုး တိုးတက်ရန်အတွက်ကြိုး စားအားထုတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရန်အတွက်အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။

ဆက်လက်ပြီး မိမိတို့တပ်မတော်သားများတစ်ဦးချင်း၏အရည်အသွေးများ တိုးတက်ကောင်းမွန်အောင် အမြဲမပြတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ အဆင့်အလိုက်အရည်အချင်းရှိစေရန်အတွက် လိုအပ်သည့်သင်တန်းများအား အမြဲမပြတ် သင်ကြားပို့ချပေးလျက်ရှိပြီး မိမိတို့ထမ်းဆောင်ရသည့် လုပ်ငန်းတာဝန်များကိုအလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများ၏ ပညာရည်မြင့်မား ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဗဟုသုတတိုးပွားစေရန်အတွက်လည်း သက်ဆိုင်ရာတပ်၊ ဌာနချုပ်များတွင် စာကြည့်တိုက်များဖွင့်လှစ်၍လိုအပ်သည့် သုတ၊ ရသ စာအုပ်စာစောင် များကိုဖြည့်ဆည်း ဆောင်ရွက်ပေးထားကြောင်း၊ တပ်မတော်သားများသည်နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင် နေခြင်းဖြစ်ပြီး မိမိတို့သက်ဆိုင်ရာနယ်မြေများ အားကျွမ်းကျင်အောင်ဆောင်ရွက်ရန်နှင့် အသုံးပြုသည့်လက်နက် များအားကျွမ်းကျင် ထိရောက်စွာအသုံးပြုနိုင်ရန်အတွက် အမြဲမပြတ်လေ့ကျင့်ဆောင်ရွက်နေကြရမည် ဖြစ်ကြောင်း၊ တပ်မတော်သားများသည်ကျန်းမာကြံ့ခိုင်နေရန်လိုအပ်သကဲ့သို့ အဆင့်လိုက်ကွပ်ကဲအုပ်ချုပ်မှုများ ကိုလည်းနိုင်နိုင်နင်းနင်းဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ ခြေလျင်ခြေမြန်တပ်ဖွဲ့များသာမက လက်ရုံး တပ်ဖွဲ့ များအနေဖြင့်လည်းမိမိတို့သက်ဆိုင်ရာ လုပ်ငန်း တာဝန်များအလိုက် ကျွမ်းကျင်စွာဆောင်ရွက်နိုင်ရမည်ဖြစ်ပြီး မိမိတို့၏အရည်အချင်း အရည်အသွေးများတိုးတက်ကောင်းမွန်အောင်ဆောင်ရွက် နေရမည်ဖြစ်ကြောင်း၊ တပ်နေပျော်ရေးအတွက်လိုအပ်သည့် အခြေခံလိုအပ်ချက်များအား တတ်နိုင်သလောက်ဖြည့်ဆည်း ဆောင်ရွက် ပေးထားကြောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၏သက်သာချောင် ချိရေးအတွက် တပ်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ပြီးထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥ များအား သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့်ရရှိသည့် အခွင့်အရေး များကို မှန်မှန်ကန်ကန်အကျိုးရှိရှိအသုံးချပြီး မိမိကိုယ်ကိုတိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တစ်ဦးချင်းစည်းကမ်းကောင်းမှ တပ်ကောင်းမည် ဖြစ်သဖြင့် တစ်ဦးချင်းစည်းကမ်း လိုက်နာကြရန်လို အပ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရန်အတွက် ကျန်းမာကြံ့ခိုင်ရန် လိုအပ်သဖြင့် ကျန်းမာရေးကို အထောက်အကူဖြစ်စေသည့် လူနေမှုပုံစံများအတိုင်းနေထိုင်ရန်လိုအပ်ပြီး ကွမ်း၊ အရက်၊ ဆေးလိပ်သောက်သုံးခြင်းများကိုရှောင်ကျဉ်ရန်လိုအပ်ကြောင်း၊ တပ်မတော်သားများ၏ မိသားစု ဝင်များ၏ပညာရည်မြင့်မားရေးအတွက် တပ်မတော်မှ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မိမိတို့၏သားသမီးများ ပညာရည်မြင့်မားရေးအတွက် အားပေးဆောင်ရွက်ကြ ရန်လိုအပ်ကြောင်း၊ အတန်းပညာရှိမှသာ မိမိတို့သားသမီးများ ၏ဘဝဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ သား၊သမီးများအားငယ်ငယ်ကတည်းက မိမိဘဝမိမိတည်ဆောက်နိုင်ရေးလေ့ကျင့်ပျိုးထောင်ရန်လိုကြောင်း၊ တပ်မတော်သားများ ၏မိသားစုဝင်များနှင့် စစ်မှုထမ်းဟောင်းမိသားစုဝင်များ၏ အလုပ်အကိုင်အခွင့်အလမ်း များရရှိရေးအတွက်လည်း ဆောင်ရွက် ပေးလျက်ရှိကြောင်းပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်နယ်ရှိ အရာရှိ၊ စစ်သည်မိသားစုများစားသောက်ဖွယ်ရာများအားပေးအပ်ရာ တပ်နယ်မှူးမှလက်ခံရယူသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှက တပ်နယ်ရှိမိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းအတွက် ချီးမြှင့်ငွေများပေးအပ်ရာ တပ်နယ်မှူး၏ဇနီးကလက်ခံရယူသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ စစ်ထောက်ချုပ်ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက်စားသောက် ဖွယ်ရာများ၊ အားကစားပစ္စည်းများနှင့် သုတ၊ရသစာအုပ် စာစောင်များအား အသီးသီးပေး အပ်ရာတာဝန်ရှိသူများကလက်ခံရယူကြသည်။ တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်းအနားတက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်များအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး အဖွဲ့ဝင်များသည် နံနက်ပိုင်းကလည်း လွိုင်ကော်မြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံ၌တက်ရောက်ကုသလျက်ရှိသည့် သံဃာတော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအားသွားရောက် တွေ့ဆုံ၍ တစ်ဦးချင်းရောဂါဖြစ်ပွားမှုအခြေအနေများ အား မေးမြန်း အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။