တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ နိုင်ငံတော်ဗုဒ္ဓဘာသာဗဟိုအဖွဲ့ဒုတိယဥက္ကဋ္ဌ ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ ၂၇

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၏ ေအာက္တုိဘာလအတြင္း လာအုိ ႏုိင္ငံသုိ႔ခ်စ္ၾကည္ေရးခရီးစဥ္သြားေရာက္ခဲ့စဥ္ ျမန္မာ-လာအုိႏွစ္ႏုိင္ငံ ေထရ၀ါဒဗုဒၶဘာသာ၊ သာသနာေတာ္ထြန္းကားျပန္႔ပြားေရးႏွင့္ခ်စ္ၾကည္ ရင္းႏွီးမႈမ်ား ပုိမုိတုိးတက္ခိုင္မာေစေရးအတြက္ ေဆြးေႏြးၫႇိႏႈိင္းပင့္ဖိတ္ခ်က္အရ ျမန္မာႏုိင္ငံသုိ႔ၾကြေရာက္လာသည့္ လာအုိျပည္သူ႕ဒီမုိကရက္တစ္ သမၼတႏုိင္ငံ၊ ႏုိင္ငံေတာ္ဗုဒၶဘာသာဗဟုိအဖြဲ႕ ဒုတိယဥကၠ႒ဆရာေတာ္ Venerable BOUNMA SIMMAPHOM ဦးေဆာင္သည့္ သံဃာေတာ္မ်ားအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွတုိ႔သည္ ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ Aureum Palace ဟုိတယ္၌ သြားေရာက္ဖူးေျမာ္ၾကည္ညိဳ၍ ေန႔ဆြမ္းဆက္ကပ္လွဴဒါန္းသည္။

ဦးစြာဆရာေတာ္ႀကီးႏွင့္သံဃာေတာ္မ်ားအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး သန္းထြန္းဦးႏွင့္ ဇနီး၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ဆန္းဦးႏွင့္ဇနီး၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ဇနီး၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴးႏွင့္ဇနီး၊ တပ္မေတာ္ အရာရွိႀကီးမ်ားက ခရီးဦး ႀကိဳဆုိႏႈတ္ဆက္ၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ဇနီး၊ တပ္မေတာ္အရာရွိႀကီးမ်ားသည္ ဆရာေတာ္ႀကီးႏွင့္သံဃာေတာ္မ်ားအားဖူးေျမာ္ ၾကည္ညိဳ၍ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာ- လာအိုႏွစ္ႏုိင္ငံသည္ေထရ၀ါဒ ဗုဒၶဘာသာ ကုိးကြယ္သည့္ ခ်စ္ၾကည္ရင္းႏွီးေသာအိမ္နီးခ်င္းေကာင္းႏုိင္ငံမ်ားျဖစ္ေၾကာင္း၊ ယခုကဲ့သုိ႔ျမန္မာႏုိင္ငံ သုိ႔ၾကြေရာက္လာသည့္အတြက္ မ်ားစြာ၀မ္းေျမာက္ၾကည္ႏူးရပါေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ေထရ၀ါဒဗုဒၶသာသနာေတာ္ႀကီးထြန္းကား ျပန္႔ပြားေရးအတြက္ တတ္ႏုိင္သည့္ဘက္မွ ေဆာင္ရြက္ လ်က္ရွိပါေၾကာင္း၊ အမ်ားျပည္သူမ်ား ဖူးေျမာ္ႏုိင္ရန္အတြက္ ဗုဒၶဂယာပုံစံတူ သတၱသတၱာဟ ေစတီေတာ္ကုိလည္း ေနျပည္ေတာ္၌ တည္ထားပါေၾကာင္း၊ ယခုကဲ့သုိ႔ ဆရာေတာ္ႀကီးဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕ ျမန္မာႏုိင္ငံသုိ႔ခ်စ္ၾကည္ေရးခရီးလာေရာက္သျဖင့္ ႏွစ္ႏုိင္ငံသာသနာေရးဆုိင္ရာ မ်ားႏွင့္ ခ်စ္ၾကည္ရင္းႏွီးမႈကုိပုိမုိတုိးတက္ေကာင္းမြန္ေစမည္ ျဖစ္ပါေၾကာင္းျဖင့္ေလွ်ာက္ထားသည္။

ဆရာေတာ္ႀကီးက ျပန္လည္မိန္႔ၾကားရာတြင္ ယခုကဲ့သုိ႔လာအုိႏုိင္ငံမွ သံဃာေတာ္မ်ားအား ျမန္မာႏုိင္ငံသုိ႔လာေရာက္ရန္ပင့္ဖိတ္ခဲ့သည့္အတြက္ မ်ားစြာ၀မ္းေျမာက္ပါေၾကာင္း၊ ႏွစ္ႏုိင္ငံဘာသာ တရားကုိးကြယ္မႈခ်င္းတူညီသည့္ ႏုိင္ငံမ်ားျဖစ္သကဲ့သုိ႔ ျပည္သူမ်ား၏႐ုပ္လကၡဏာသြင္ျပင္၊ ယဥ္ေက်းမႈမ်ားတြင္လည္း မ်ားစြာတူညီသည့္ ႏုိင္ငံမ်ားျဖစ္ေၾကာင္း၊ ေထရ၀ါဒဗုဒၶဘာသာ သံဃာေတာ္ မ်ားပီပီ သာသနာေတာ္ ျပန္႔ပြားေရးအတြက္ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ႏွစ္ႏုိင္ငံျပည္သူမ်ား အားလုံးက်န္းမာ၊ ခ်မ္းသာၿပီး ခ်စ္ၾကည္ရင္းႏွီးမႈမ်ားပုိမုိတုိးတက္ေကာင္းမြန္ေစရန္ အၿမဲတမ္း ေမတၱာပုိ႔သ ဆုမြန္ေကာင္းေတာင္းလ်က္ရွိပါေၾကာင္းျဖင့္ မိန္႔ၾကားသည္။

ထုိ႔ေနာက္ ဆရာေတာ္ႀကီးက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတို႔အား ဗုဒၶ႐ုပ္ပြား ေတာ္ျမတ္မ်ားအား ဓမၼလက္ေဆာင္အျဖစ္ေပးအပ္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က ဆရာေတာ္ႀကီးထံအားျဖည့္ငွက္သုိက္ရည္မ်ားႏွင့္ န၀ကမၼ၀တၳဳေငြမ်ားအားလည္းေကာင္း၊ တပ္မေတာ္ အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ားက သံဃာေတာ္မ်ားအား လွဴဖြယ္ပစၥည္းမ်ားအားလည္းေကာင္း အသီးသီး ဆက္ကပ္လွဴဒါန္းၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတို႔အား ဆရာေတာ္ႀကီးႏွင့္အတူအဖြဲ႕၀င္အျဖစ္ လုိက္ပါလာသည့္ လာအုိအမ်ိဳးသားတည္ေဆာက္ေရးတပ္ဦး ဒုတိယဥကၠ႒ Mr. Chanthavong Seneamatmontry ကအမွတ္တရလက္ေဆာင္ပစၥည္းေပးအပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတို႔ကလည္း အမွတ္တရလက္ေဆာင္ပစၥည္းမ်ား ျပန္လည္ ေပးအပ္သည္။ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က သံဃာေတာ္မ်ားအား ေန႔ဆြမ္း ဆက္ကပ္လွဴဒါန္းၾကသည္။

အဆုိပါလာအုိျပည္သူ႕ဒီမုိကရက္တစ္သမၼတႏုိင္ငံ ႏုိင္ငံေတာ္ဗုဒၶဘာသာဗဟုိအဖြဲ႕ ဒုတိယဥကၠ႒ ဆရာေတာ္ Venerable BOUNMA SIMMAPHOM ဦးေဆာင္ သည့္ သံဃာေတာ္မ်ားႏွင့္ အဖြဲ႕၀င္မ်ားသည္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ပင့္ဖိတ္ခ်က္အရ ႏုိ၀င္ဘာ ၂၆ ရက္ေန႔မွ ၃၀ ရက္ေန႔အထိ ျမန္မာႏုိင္ငံသုိ႔ခ်စ္ၾကည္ေရး ခရီးေရာက္ရွိခဲ့ျခင္းျဖစ္သည္။

အဆိုပါကိုယ္စားလွယ္အဖဲြ႕သည္ ႏုိ၀င္ဘာ ၂၆ ရက္ေန႔တြင္ မရမ္းကုန္းၿမိဳ႕နယ္၊ သီရိမဂၤလာ ကမၻာေအးကုန္းေျမ၌ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ဥကၠ႒ မႏၲေလးၿမိဳ႕၊ ဗန္းေမာ္ ေက်ာင္းတိုက္ဆရာေတာ္ အဘိဓဇမဟာရ႒ဂု႐ု အဘိဓဇအဂၢမဟာသဒၶမၼ ေဇာတိက ေဒါက္တာ ဘဒၵႏၲကုမာရာဘိ၀ံသအမွဴးျပဳေသာ ႏုိင္ငံေတာ္သံဃမဟာနာယက ဆရာေတာ္ႀကီးႏွင့္ေတြ႕ဆုံ၍ သာသနာေရးဆုိင္ရာကိစၥရပ္မ်ား ေလွ်ာက္ထားရာတြင္ ၎တို႕ ကိုယ္စားလွယ္အဖဲြ႕အေနျဖင့္ ျမန္မာႏိုင္ငံသို႔ၾကြေရာက္လာစဥ္အတြင္း ေကာင္းမြန္စြာႀကိဳဆိုမႈမ်ားေၾကာင့္ လာအုိႏုိင္ငံရွိ သံဃာေတာ္မ်ားအားလံုးကိုယ္စား ၀မ္းေျမာက္၀မ္းသာ ေက်းဇူးတင္ရွိပါေၾကာင္း၊ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိစဥ္အတြင္း လာအုိ-ျမန္မာႏွစ္ႏုိင္ငံပူးေပါင္း၍ ဗုဒၶဘာသာသာသနာျပန္႕ပြားေရး ဆုိင္ရာမ်ား ကိုပိုမို ေဆာင္ရြက္ႏိုင္ရန္ စိတ္ဆႏၵရွိေၾကာင္း၊ လက္ရွိတြင္လည္းလာအိုႏိုင္ငံမွ သံဃာေတာ္မ်ားသည္ ျမန္မာႏိုင္ငံရွိ အျပည္ျပည္ဆုိင္ရာေထရ၀ါဒဗုဒၶသာသနာျပဳတကၠသုိလ္တြင္ တက္ေရာက္လ်က္ ရွိေၾကာင္း၊ ယခုကုိယ္စားလွယ္အဖဲြ႕တြင္လည္း ျမန္မာႏုိင္ငံတြင္ တကၠသိုလ္တက္ေရာက္ခဲ့ေသာ ဆရာေတာ္တစ္ပါးပါရွိၿပီး သင္ယူခဲ့သည့္ပညာရပ္မ်ားအား လာအိုႏိုင္ငံ၌ျပန္လည္ သင္ၾကားပုိ႔ခ် ေပးလ်က္ရွိေၾကာင္းႏွင့္ လာအို-ျမန္မာ ႏွစ္ႏိုင္ငံ၏သံဃာေတာ္မ်ားပူးေပါင္း၍ သာသနာေရးဆုိင္ရာမ်ား တုိးတက္ျပန္႔ပြားေအာင္ ဆက္လက္ေဆာင္ရြက္သြားၾကမည္ ျဖစ္ပါေၾကာင္းေလွ်ာက္ထားသည္။

ယေန႔နံနက္ပုိင္းတြင္ ဆရာေတာ္ႀကီးဦးေဆာင္သည့္ ကုိယ္စားလွယ္အဖြဲ႕သည္ ရန္ကုန္ၿမိဳ႕ရွိ ေရႊတိဂုံေစတီေတာ္သုိ႔သြားေရာက္ဖူးေျမာ္ၾကည္ညိဳၿပီး အလွဴေငြမ်ားေပးအပ္ လွဴဒါန္းသည္။ ယင္းေနာက္မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ရွိသတၱသတၱာဟေစတီေတာ္ႏွင့္ ဖြား၊ ပြင့္၊ ေဟာ၊ စံ သံေ၀ဇနိယေလးဌာနသုိ႔ သြားေရာက္ဖူးေျမာ္ၾကည္ညိဳၾကသည္။ ဆက္လက္ၿပီး ဆရာေတာ္ႀကီး ဦးေဆာင္သည့္ကိုယ္စားလွယ္အဖြဲ႕သည္ ဥပၸါတသႏၲိ ေစတီေတာ္ႀကီးသုိ႔ ေရာက္ရွိဖူးေျမာ္ ၾကည္ညိဳၾကၿပီး ဆင္ျဖဴေတာ္ေဆာင္ရွိ ဆင္ျဖဴေတာ္မ်ားအား ၾကည့္႐ႈေလ့လာၾကသည္။

လာအုိျပည္သူ႔ဒီမုိကရက္တစ္သမၼတႏုိင္ငံ၊ ႏုိင္ငံေတာ္ဗုဒၶဘာသာဗဟုိအဖြဲ႕ ဒုတိယဥကၠ႒ ဆရာေတာ္ဦးေဆာင္သည့္ ကုိယ္စားလွယ္အဖြဲ႕သည္ ခရီးစဥ္အတြင္း ပုဂံေရွးေဟာင္းယဥ္ေက်းမႈ နယ္ေျမရွိ ေစတီပုထုိးမ်ားအားလွည့္လည္ဖူးေျမာ္ၾကည္ညိဳျခင္း၊ မႏၲေလးၿမိဳ႕ရွိ တန္ခုိးႀကီးဘုရားမ်ား အားလွည့္လည္ဖူးေျမာ္ၾကည္ညိဳျခင္းႏွင့္ က်ိဳင္းတုံၿမိဳ႕ရွိ အဘယလာဘ မုနိ႐ုပ္ပြားေတာ္ျမတ္အား သြားေရာက္ဖူးေျမာ္ၾကည္ညိဳျခင္းမ်ားေဆာင္ရြက္သြားမည္ျဖစ္သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ နိုင်ငံတော်ဗုဒ္ဓဘာသာဗဟိုအဖွဲ့ဒုတိယဥက္ကဋ္ဌ ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်း

နေပြည်တော်၊ နို၀င်ဘာ ၂၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အောက်တိုဘာလအတွင်း လာအို နိုင်ငံသို့ချစ်ကြည်ရေးခရီးစဉ်သွားရောက်ခဲ့စဉ် မြန်မာ-လာအိုနှစ်နိုင်ငံ ထေရဝါဒဗုဒ္ဓဘာသာ၊ သာသနာတော်ထွန်းကားပြန့်ပွားရေးနှင့်ချစ်ကြည် ရင်းနှီးမှုများ ပိုမိုတိုးတက်ခိုင်မာစေရေးအတွက် ဆွေးနွေးညှိနှိုင်းပင့်ဖိတ်ချက်အရ မြန်မာနိုင်ငံသို့ကြွရောက်လာသည့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ နိုင်ငံတော်ဗုဒ္ဓဘာသာဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် Venerable BOUNMA SIMMAPHOM ဦးဆောင်သည့် သံဃာတော်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Aureum Palace ဟိုတယ်၌ သွားရောက်ဖူးမြော်ကြည်ညို၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်း သည်။

ဦးစွာဆရာတော်ကြီးနှင့်သံဃာတော်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဇနီး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ တပ်မတော် အရာရှိကြီးများက ခရီးဦး ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများသည် ဆရာတော်ကြီးနှင့်သံဃာတော်များအားဖူးမြော် ကြည်ညို၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ- လာအိုနှစ်နိုင်ငံသည်ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်သည့် ချစ်ကြည်ရင်းနှီးသောအိမ်နီးချင်းကောင်းနိုင်ငံများဖြစ်ကြောင်း၊ ယခုကဲ့သို့မြန်မာနိုင်ငံ သို့ကြွရောက်လာသည့်အတွက် များစွာဝမ်းမြောက်ကြည်နူးရပါကြောင်း၊ တပ်မတော်အနေဖြင့် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီးထွန်းကား ပြန့်ပွားရေးအတွက် တတ်နိုင်သည့်ဘက်မှ ဆောင်ရွက် လျက်ရှိပါကြောင်း၊ အများပြည်သူများ ဖူးမြော်နိုင်ရန်အတွက် ဗုဒ္ဓဂယာပုံစံတူ သတ္တသတ္တာဟ စေတီတော်ကိုလည်း နေပြည်တော်၌ တည်ထားပါကြောင်း၊ ယခုကဲ့သို့ ဆရာတော်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးလာရောက်သဖြင့် နှစ်နိုင်ငံသာသနာရေးဆိုင်ရာ များနှင့် ချစ်ကြည်ရင်းနှီးမှုကိုပိုမိုတိုးတက်ကောင်းမွန်စေမည် ဖြစ်ပါကြောင်းဖြင့်လျှောက်ထားသည်။

ဆရာတော်ကြီးက ပြန်လည်မိန့်ကြားရာတွင် ယခုကဲ့သို့လာအိုနိုင်ငံမှ သံဃာတော်များအား မြန်မာနိုင်ငံသို့လာရောက်ရန်ပင့်ဖိတ်ခဲ့သည့်အတွက် များစွာဝမ်းမြောက်ပါကြောင်း၊ နှစ်နိုင်ငံဘာသာ တရားကိုးကွယ်မှုချင်းတူညီသည့် နိုင်ငံများဖြစ်သကဲ့သို့ ပြည်သူများ၏ရုပ်လက္ခဏာသွင်ပြင်၊ ယဉ်ကျေးမှုများတွင်လည်း များစွာတူညီသည့် နိုင်ငံများဖြစ်ကြောင်း၊ ထေရဝါဒဗုဒ္ဓဘာသာ သံဃာတော် များပီပီ သာသနာတော် ပြန့်ပွားရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံပြည်သူများ အားလုံးကျန်းမာ၊ ချမ်းသာပြီး ချစ်ကြည်ရင်းနှီးမှုများပိုမိုတိုးတက်ကောင်းမွန်စေရန် အမြဲတမ်း မေတ္တာပို့သ ဆုမွန်ကောင်းတောင်းလျက်ရှိပါကြောင်းဖြင့် မိန့်ကြားသည်။

ထို့နောက် ဆရာတော်ကြီးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့အား ဗုဒ္ဓရုပ်ပွား တော်မြတ်များအား ဓမ္မလက်ဆောင်အဖြစ်ပေးအပ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ဆရာတော်ကြီးထံအားဖြည့်ငှက်သိုက်ရည်များနှင့် နဝကမ္မဝတ္ထုငွေများအားလည်းကောင်း၊ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများအားလည်းကောင်း အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့အား ဆရာတော်ကြီးနှင့်အတူအဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့် လာအိုအမျိုးသားတည်ဆောက်ရေးတပ်ဦး ဒုတိယဥက္ကဋ္ဌ Mr. Chanthavong Seneamatmontry ကအမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့ကလည်း အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည် ပေးအပ်သည်။ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

အဆိုပါလာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံတော်ဗုဒ္ဓဘာသာဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် Venerable BOUNMA SIMMAPHOM ဦးဆောင် သည့် သံဃာတော်များနှင့် အဖွဲ့ဝင်များသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပင့်ဖိတ်ချက်အရ နို၀င်ဘာ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံသို့ချစ်ကြည်ရေး ခရီးရောက်ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါကိုယ်စားလှယ်အဖွဲ့သည် နို၀င်ဘာ ၂၆ ရက်နေ့တွင် မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့၊ ဗန်းမော် ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိ၀ံသအမှူးပြုသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးနှင့်တွေ့ဆုံ၍ သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားရာတွင် ၎င်းတို့ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် မြန်မာနိုင်ငံသို့ကြွရောက်လာစဉ်အတွင်း ကောင်းမွန်စွာကြိုဆိုမှုများကြောင့် လာအိုနိုင်ငံရှိ သံဃာတော်များအားလုံးကိုယ်စား ၀မ်းမြောက်ဝမ်းသာ ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း လာအို-မြန်မာနှစ်နိုင်ငံပူးပေါင်း၍ ဗုဒ္ဓဘာသာသာသနာပြန့်ပွားရေး ဆိုင်ရာများ ကိုပိုမို ဆောင်ရွက်နိုင်ရန် စိတ်ဆန္ဒရှိကြောင်း၊ လက်ရှိတွင်လည်းလာအိုနိုင်ငံမှ သံဃာတော်များသည် မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင် တက်ရောက်လျက် ရှိကြောင်း၊ ယခုကိုယ်စားလှယ်အဖွဲ့တွင်လည်း မြန်မာနိုင်ငံတွင် တက္ကသိုလ်တက်ရောက်ခဲ့သော ဆရာတော်တစ်ပါးပါရှိပြီး သင်ယူခဲ့သည့်ပညာရပ်များအား လာအိုနိုင်ငံ၌ပြန်လည် သင်ကြားပို့ချ ပေးလျက်ရှိကြောင်းနှင့် လာအို-မြန်မာ နှစ်နိုင်ငံ၏သံဃာတော်များပူးပေါင်း၍ သာသနာရေးဆိုင်ရာများ တိုးတက်ပြန့်ပွားအောင် ဆက်လက်ဆောင်ရွက်သွားကြမည် ဖြစ်ပါကြောင်းလျှောက်ထားသည်။

ယနေ့နံနက်ပိုင်းတွင် ဆရာတော်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့သွားရောက်ဖူးမြော်ကြည်ညိုပြီး အလှူငွေများပေးအပ် လှူဒါန်းသည်။ ယင်းနောက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိသတ္တသတ္တာဟစေတီတော်နှင့် ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယလေးဌာနသို့ သွားရောက်ဖူးမြော်ကြည်ညိုကြသည်။ ဆက်လက်ပြီး ဆရာတော်ကြီး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် ဥပ္ပါတသန္တိ စေတီတော်ကြီးသို့ ရောက်ရှိဖူးမြော် ကြည်ညိုကြပြီး ဆင်ဖြူတော်ဆောင်ရှိ ဆင်ဖြူတော် များအား ကြည့်ရှုလေ့လာကြသည်။

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ နိုင်ငံတော်ဗုဒ္ဓဘာသာဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွင်း ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ စေတီပုထိုးများအားလှည့်လည်ဖူးမြော်ကြည်ညိုခြင်း၊ မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားများ အားလှည့်လည်ဖူးမြော်ကြည်ညိုခြင်းနှင့် ကျိုင်းတုံမြို့ရှိ အဘယလာဘ မုနိရုပ်ပွားတော်မြတ်အား သွားရောက်ဖူးမြော်ကြည်ညိုခြင်းများဆောင်ရွက်သွားမည်ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။