တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ စက္တင္ဘာ  ၂၄

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္သည္ ျမန္မာႏိုင္ငံဆိုင္ရာ နီေပါႏိုင္ငံ သံအမတ္ႀကီး  H.E. Bhim K.Udas အား ယေန႔ နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမ၌ လက္ခံေတြ႕ဆံုသည္။

အဆိုပါေတြ႕ဆံုပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး (ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

 

ထိုသို႔ေတြ႕ဆံုရာတြင္ ျမန္မာႏိုင္ငံႏွင့္ နီေပါႏိုင္ငံတို႔သည္ မိတ္ေဆြႏိုင္ငံမ်ား ျဖစ္ၾကၿပီး ဆက္ဆံေရး ေကာင္းမြန္လ်က္ရွိသည့္ အေျခအေနမ်ား၊ ၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာလတြင္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ နီေပါႏိုင္ငံသို႕ ခ်စ္ၾကည္ေရးခရီးသြားေရာက္ခဲ့ရာ၌ ႏွစ္ႏိုင္ငံ၊ တပ္မေတာ္ႏွစ္ရပ္ အၾကား ခ်စ္ၾကည္ေရးႏွင့္ ပူးေပါင္းေဆာင္ရြက္မႈမ်ား ပိုမိုတိုးျမႇင့္ ႏိုင္ေရး ႀကိဳးပမ္းေဆာင္ရြက္မႈ မ်ားေၾကာင့္ ယခုအခါတြင္ ႏိုင္ငံေတာ္အဆင့္ခ်စ္ၾကည္ေရး ခရီးစဥ္မ်ား အျပန္အလွန္ေဆာင္ရြက္ လာႏိုင္ျခင္း၊ ကုန္သြယ္ေရးႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ သေဘာတူညီခ်က္မ်ား လက္မွတ္ေရးထိုးႏိုင္ျခင္း စသည့္ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရးႏွင့္ ပူးေပါင္းေဆာင္ရြက္မႈမ်ား အေကာင္းဆံုးအေျခအေနသို႕ ေရာက္ရွိလ်က္ရွိသည့္ အေျခအေနမ်ား၊ ဆက္လက္၍လည္း ႏွစ္ႏိုင္ငံတပ္မေတာ္ခ်င္း ဆက္ဆံေရးႏွင့္ ခ်စ္ၾကည္ရင္းႏွီးမႈမ်ား ပိုမိုတိုးျမႇင့္ေဆာင္ရြက္ႏိုင္မည့္ အေျခအေနမ်ား၊ သင္တန္းသားမ်ား အျပန္အလွန္ေစလႊတ္ေရးဆိုင္ရာ ကိစၥရပ္မ်ား၊ ႏွစ္ႏိုင္ငံကုန္သြယ္ေရး၊ ခရီးသြားလုပ္ငန္းမ်ားတြင္ ပူးေပါင္းေဆာင္ရြက္ေရးႏွင့္ စီးပြားေရးဆိုင္ရာ အျခားနယ္ပယ္မ်ားတြင္ ပူးေပါင္းေဆာင္ရြက္မႈမ်ား ပိုမိုတိုးျမႇင့္ေဆာင္ရြက္ႏိုင္မည့္ အေျခအေနမ်ား၊ ယဥ္ေက်းမႈအႏုပညာဆိုင္ရာကိစၥမ်ားတြင္ ပူးေပါင္း ေဆာင္ရြက္မႈ တိုးျမႇင့္ေရးႏွင့္ ခ်စ္ၾကည္ေရးခရီးစဥ္မ်ား အျပန္အလွန္လည္ပတ္ေရးဆိုင္ရာ ကိစၥရပ္မ်ား ကို ခင္မင္ရင္းႏွီးစြာ အျပန္အလွန္ေဆြးေႏြးခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ – ၂၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး  H.E. Bhim K.Udas အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံတို့သည် မိတ်ဆွေနိုင်ငံများ ဖြစ်ကြပြီး ဆက်ဆံရေး ကောင်းမွန်လျက်ရှိသည့် အခြေအနေများ၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နီပေါနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ရာ၌ နှစ်နိုင်ငံ၊ တပ်မတော်နှစ်ရပ် အကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် နိုင်ရေး ကြိုးပမ်းဆောင်ရွက်မှု များကြောင့် ယခုအခါတွင် နိုင်ငံတော်အဆင့်ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန်ဆောင်ရွက် လာနိုင်ခြင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ခြင်း စသည့် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ အကောင်းဆုံးအခြေအနေသို့ ရောက်ရှိလျက်ရှိသည့် အခြေအနေများ၊ ဆက်လက်၍လည်း နှစ်နိုင်ငံတပ်မတော်ချင်း ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ သင်တန်းသားများ အပြန်အလှန်စေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် စီးပွားရေးဆိုင်ရာ အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ယဉ်ကျေးမှုအနုပညာဆိုင်ရာကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များ ကို ခင်မင်ရင်းနှီးစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။