တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ဇွန် – ၂၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော် ရင်ပြင်နီ၌ ကျင်းပပြုလုပ်သည့် Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ ပါဝင်တက်ရောက်သည်။

အဆိုပါ စစ်ရေးပြအခမ်းအနားသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံအပါအဝင် လွတ်လပ်သောဓနသဟာယအဖွဲ့ဝင်နိုင်ငံများ၏ အထွတ်အမြတ်ထားရာ အခမ်းအနား တစ်ခုဖြစ်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ Vladimir Putin၊ ကာကွယ်ရေးဝန်ကြီး Army General Sergei Kuzhugetovich Shoigu ၊ စစ်ဘက် အရပ်ဘက်မှ အကြီးအကဲများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ သမ္မတများ၊ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ တပ်မတော်အကြီးအကဲများ၊ ကာကွယ်ရေးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်ကြီးများတက်ရောက်ကြပြီး ပွဲကြည့်စင်နှင့် နေရာထိုင်ခင်းများအား Social Distancing Rulesများအတိုင်း နေရာယူကြသည်။

ဦးစွာ စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်ကြမည့် လူဦးရေ ၁၄၀၀၀ ခန့်ပါဝင်သည့် စစ်ရေးပြ စစ်ကြောင်း၊ တပ်ခွဲများက စစ်ရေးပြကျင်းပမည့်နေရာသို့ ရောက်ရှိ နေရာယူကြပြီးနောက် ကာကွယ်ရေးဝန်ကြီး Army General Sergei Kuzhugetovich Shoigu က တပ်ခွဲစစ်ကြောင်းများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ Vladimir Putin ထံသို့ အလေးပြု တန်းအပ်ရာ သမ္မတက မိန့်ခွန်းပြောကြားသည်။

ယင်းနောက် စစ်ရေးပြအစီအစဉ်အတိုင်း စစ်ရေးပြမှူး ရုရှားတပ်မတော် ကြည်းတပ်ဦးစီးချုပ် Colonel General Oleg Solyukov ဦးဆောင်၍ စစ်ကြောင်း တပ်ခွဲများ၊ ယာဉ်ယန္တရားတပ်ခွဲများ၊ စစ်တီးဝိုင်းတပ်ခွဲများက စစ်ကြောင်းပုံဖြင့်ချီတက် အလေးပြုကြပြီး ရုရှားတပ်မတော်လေမှ လေယာဉ်၊ ရဟတ်ယာဉ်များကလည်း လေယာဉ် ကျွမ်းကျင်မှုအလှပြများဖြင့် ပျံသန်းအလေးပြုကြသည်။ အဆိုပါ စစ်ရေးပြစစ်ကြောင်း၊ တပ်ခွဲများ၌ ပြည်ပ နိုင်ငံ ၁၃ နိုင်ငံမှ တပ်ဖွဲ့ဝင် ၁၄၀၀ ဦးခန့်သည်လည်း စစ်ရေးပြ တွင်ပါဝင်ဆင်နွဲခဲ့ကြသည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတသည် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသွားခဲ့ပြီး Victory Day of Great Patriotic War (၇၅)နှစ် မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

၁၉၃၉ ခုနှစ်မှ စတင်ခဲ့သော ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားပြီးနောက် ၁၉၄၅ ခုနှစ်၊ မေလ ၈ ရက်တွင် နာဇီတို့သည် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၌ မဟာမိတ်တပ် များနှင့် ဆိုဗီယက်ပြည်ထောင်စုထံ စစ်ရှုံးကြောင်း အညံ့ခံ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ အချိန်ကွာခြားချက်အရ လက်မှတ်ရေးထိုးသည့်နေ့သည် မော်စကိုတွင် မေလ ၉ ရက်သို့ရောက်ရှိနေပြီဖြစ်သောကြောင့် ထိုနေ့ကို အစွဲပြု၍ ဆိုဗီယက်ပြည်ထောင်စု တွင် Victory Day အဖြစ်သတ်မှတ်ခဲ့ကြောင်း၊ ယခုနှစ် မေလ ၉ ရက်တွင် ပြည့်မြောက် သည့် ၇၄ နှစ်မြောက် Victory Day ကိုကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားမှုကြောင့် ရွှေ့ဆိုင်းခဲ့ပြီး ယခုအခါတွင် အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပြီဖြစ်၍ ၁၉၄၅ ခုနှစ်တွင်ပထမဦးဆုံး Victory Day ကျင်းပပြုလုပ်ခဲ့သည့် ဇွန်လ ၂၄ ရက်ကို ဂုဏ်ပြုသောအားဖြင့် ယနေ့တွင် ယခုကဲ့သို့ပြန်လည်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ Victory Day of Great Patriotic War အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ စစ်မှုထမ်းများ၊ နိုင်ငံသားများ မျိုးချစ်စိတ်ဓာတ်ရှင်သန် တက်ကြွစေရန် ရုရှားနိုင်ငံရှိ မြို့အသီးသီးတွင်လည်း ခမ်းနားကြီးကျယ်စွာ ကျင်းပ ပြုလုပ်လေ့ရှိသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႐ုရွားဖက္ဒေရးရွင္း ႏိုင္ငံ Victory Day of Great Patriotic War (၇၅)ႏွစ္ေျမာက္ အထိမ္းအမွတ္ စစ္ေရးျပ အခမ္းအနားသို႔ တက္ေရာက္

ေနျပည္ေတာ္၊ ဇြန္ – ၂၄

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ ေသာ ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕သည္ ယေန႔နံနက္ပိုင္းတြင္ ႐ုရွားဖက္ဒေရး ရွင္းႏိုင္ငံ၊ ေမာ္စကိုၿမိဳ႕ရွိ ကရင္မလင္နန္းေတာ္ ရင္ျပင္နီ၌ က်င္းပျပဳလုပ္သည့္ Victory Day of Great Patriotic War (၇၅)ႏွစ္ေျမာက္ အထိမ္းအမွတ္ စစ္ေရးျပ အခမ္းအနားသို႔ ပါဝင္တက္ေရာက္သည္။

အဆိုပါ စစ္ေရးျပအခမ္းအနားသည္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံအပါအဝင္ လြတ္လပ္ေသာဓနသဟာယအဖြဲ႕ဝင္ႏိုင္ငံမ်ား၏ အထြတ္အျမတ္ထားရာ အခမ္းအနား တစ္ခုျဖစ္ၿပီး ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသမၼတ Vladimir Putin၊ ကာကြယ္ေရးဝန္ႀကီး Army General Sergei Kuzhugetovich Shoigu ၊ စစ္ဘက္ အရပ္ဘက္မွ အႀကီးအကဲမ်ား၊ စစ္မႈထမ္းေဟာင္းအဖြဲ႕ဝင္မ်ား၊ ႏိုင္ငံေပါင္း ၁၂ ႏိုင္ငံမွ သမၼတမ်ား၊ ႏိုင္ငံေပါင္း ၁၇ ႏိုင္ငံမွ တပ္မေတာ္အႀကီးအကဲမ်ား၊ ကာကြယ္ေရးဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ား၊ ဖိတ္ၾကား ထားသည့္ ဧည့္သည္ေတာ္ႀကီးမ်ားတက္ေရာက္ၾကၿပီး ပြဲၾကည့္စင္ႏွင့္ ေနရာထိုင္ခင္းမ်ားအား Social Distancing Rulesမ်ားအတိုင္း ေနရာယူၾကသည္။

ဦးစြာ စစ္ေရးျပအခမ္းအနား၌ ပါဝင္ခ်ီတက္ၾကမည့္ လူဦးေရ ၁၄၀၀၀ ခန္႔ပါဝင္သည့္ စစ္ေရးျပ စစ္ေၾကာင္း၊ တပ္ခြဲမ်ားက စစ္ေရးျပက်င္းပမည့္ေနရာသို႔ ေရာက္ရွိ ေနရာယူၾကၿပီးေနာက္ ကာကြယ္ေရးဝန္ႀကီး Army General Sergei Kuzhugetovich Shoigu က တပ္ခြဲစစ္ေၾကာင္းမ်ားအား လိုက္လံၾကည့္ရႈစစ္ေဆးသည္။ ထို႔ေနာက္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသမၼတ Vladimir Putin ထံသို႔ အေလးျပဳ တန္းအပ္ရာ သမၼတက မိန႔္ခြန္းေျပာၾကားသည္။

ယင္းေနာက္ စစ္ေရးျပအစီအစဥ္အတိုင္း စစ္ေရးျပမႉး ႐ုရွားတပ္မေတာ္ ၾကည္းတပ္ဦးစီးခ်ဳပ္ Colonel General Oleg Solyukov ဦးေဆာင္၍ စစ္ေၾကာင္း တပ္ခြဲမ်ား၊ ယာဥ္ယႏၲရားတပ္ခြဲမ်ား၊ စစ္တီးဝိုင္းတပ္ခြဲမ်ားက စစ္ေၾကာင္းပုံျဖင့္ခ်ီတက္ အေလးျပဳၾကၿပီး ႐ုရွားတပ္မေတာ္ေလမွ ေလယာဥ္၊ ရဟတ္ယာဥ္မ်ားကလည္း ေလယာဥ္ ကြၽမ္းက်င္မႈအလွျပမ်ားျဖင့္ ပ်ံသန္းအေလးျပဳၾကသည္။ အဆိုပါ စစ္ေရးျပစစ္ေၾကာင္း၊ တပ္ခြဲမ်ား၌ ျပည္ပ ႏိုင္ငံ ၁၃ ႏိုင္ငံမွ တပ္ဖြဲ႕ဝင္ ၁၄၀၀ ဦးခန႔္သည္လည္း စစ္ေရးျပ တြင္ပါဝင္ဆင္ႏြဲခဲ့ၾကသည္။

ထို႔ေနာက္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသမၼတသည္ စစ္ေရးျပအခမ္းအနားမွ ျပန္လည္ထြက္ခြာသြားခဲ့ၿပီး Victory Day of Great Patriotic War (၇၅)ႏွစ္ ေျမာက္ အထိမ္းအမွတ္ စစ္ေရးျပအခမ္းအနားကို ေအာင္ျမင္စြာ ႐ုပ္သိမ္းခဲ့သည္။

၁၉၃၉ ခုႏွစ္မွ စတင္ခဲ့ေသာ ဒုတိယကမာၻစစ္ႀကီးျဖစ္ပြားၿပီးေနာက္ ၁၉၄၅ ခုႏွစ္၊ ေမလ ၈ ရက္တြင္ နာဇီတို႔သည္ ဂ်ာမနီႏိုင္ငံ၊ ဘာလင္ၿမိဳ႕၌ မဟာမိတ္တပ္ မ်ားႏွင့္ ဆိုဗီယက္ျပည္ေထာင္စုထံ စစ္ရႈံးေၾကာင္း အညံ့ခံ လက္မွတ္ေရးထိုးခဲ့ေၾကာင္း၊ အခ်ိန္ကြာျခားခ်က္အရ လက္မွတ္ေရးထိုးသည့္ေန႔သည္ ေမာ္စကိုတြင္ ေမလ ၉ ရက္သို႔ေရာက္ရွိေနၿပီျဖစ္ေသာေၾကာင့္ ထိုေန႔ကို အစြဲျပဳ၍ ဆိုဗီယက္ျပည္ေထာင္စု တြင္ Victory Day အျဖစ္သတ္မွတ္ခဲ့ေၾကာင္း၊ ယခုႏွစ္ ေမလ ၉ ရက္တြင္ ျပည့္ေျမာက္ သည့္ ၇၄ ႏွစ္ေျမာက္ Victory Day ကိုကမာၻ႔ကပ္ေရာဂါ COVID-19 ျဖစ္ပြားမႈေၾကာင့္ ေ႐ႊ႕ဆိုင္းခဲ့ၿပီး ယခုအခါတြင္ အတိုင္းအတာတစ္ခုအထိ ထိန္းခ်ဳပ္ႏိုင္ၿပီျဖစ္၍ ၁၉၄၅ ခုႏွစ္တြင္ပထမဦးဆုံး Victory Day က်င္းပျပဳလုပ္ခဲ့သည့္ ဇြန္လ ၂၄ ရက္ကို ဂုဏ္ျပဳေသာအားျဖင့္ ယေန႔တြင္ ယခုကဲ့သို႔ျပန္လည္က်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ Victory Day of Great Patriotic War အထိမ္းအမွတ္ စစ္ေရးျပ အခမ္းအနားမ်ားကို ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံမွ စစ္မႈထမ္းမ်ား၊ ႏိုင္ငံသားမ်ား မ်ိဳးခ်စ္စိတ္ဓာတ္ရွင္သန္ တက္ႂကြေစရန္ ႐ုရွားႏိုင္ငံရွိ ၿမိဳ႕အသီးသီးတြင္လည္း ခမ္းနားႀကီးက်ယ္စြာ က်င္းပ ျပဳလုပ္ေလ့ရွိသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။