တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Arguments and Facts သတင်းဌာန နှင့် ZVEZDA သတင်းဌာန တို့အား လက်ခံတွေ့ဆုံ၍ မေးမြန်းမှုများအား ဖြေကြား(အပိုင်း-၂)

ZVEZDA သတင်းဌာနနှင့်တွေ့ဆုံ

သတင်းဌာနမှမေး ။ ကျွန်တော့်အနေနဲ့ ဒီလိုမျိုး အဆွေတော် ဗိုလ်ချုပ်မှူးကြီးကို ရုရှားမြေ မှာ တွေ့မြင်ရတဲ့ အတွက် အရမ်းကိုဝမ်းသာ ပါတယ်။ အခုလိုမျိုး ကိုယ်တိုင်တွေ့ဆုံပြီး မေးမြန်းခွင့်ရတဲ့အတွက်လည်း အရမ်းကို ဂုဏ်ယူပါတယ်။ အဆွေတော် ဗိုလ်ချုပ်မှူးကြီး အနေနဲ့ ဒီရုရှားနိုင်ငံကို ဒါပထမဆုံးခရီးစဉ် မဟုတ်ဘူးဆိုတာ သိရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီ Red Square မှာ ပြုလုပ်မယ့် စစ်ရေးပြအခမ်းအနားကိုတော့ တက်ရောက် တာ ပထမဆုံးအကြိမ်ဆိုတာတွေ့ရပါတယ်။

အခုလိုမျိုး ပထမဆုံးအကြိမ်တက်ရောက် ခွင့်ရတာနဲ့ပတ်သက်ပြီးတော့ ဘယ်လိုစိတ် ခံစားချက်တွေရှိလဲဆိုတာ သိလိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ဒီရုရှား တပ်မတော်ရဲ့ စစ်ရေးပြအခမ်းအနား အင်မတန်ခမ်းနားတဲ့ ကြီးကျယ်ခမ်းနားတဲ့ ဟာတွေ ကျွန်တော် တို့ Online မှာ တင်ထားတဲ့သတင်းတွေ ကျွန်တော်တို့ကြည့်ရတာပေါ့။ စိတ်ဝင်စားဖို့ ကောင်းတယ်။ အခုကတော့ မျက်ဝါးထင်ထင် မြင်ရတာတော့ ကျွန်တော့်အတွက်တော့ အင်မတန်ကို ထူးခြားတဲ့ ဟာဖြစ်ပါတယ်။

ဒီမှာ ကိုယ်တိုင်တက်ရောက်ခွင့်ရတဲ့အတွက် လည်း ကျွန်တော့်အတွက်လည်း အင်မတန် ဂုဏ်ယူဖွယ်ရာဖြစ်တယ်။

သတင်းဌာနမှမေး။ ကျွန်တော်တို့ဒီစစ်ရေးပြ အခမ်းအနားမှာဆိုလို့ရှိရင် ရုရှားနိုင်ငံက တပ်မတော်က စစ်ရေးပြ ပြုလုပ် ဆောင်ရွက် ကြမှာဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးတို့ တပ်မတော်အနေနဲ့ ဒီလိုမျိုးစစ်ရေးပြအခမ်း အနားနဲ့ပတ်သက်ပြီးတော့ ယခုလက်ရှိမှာ ရော တပ်မတော်အနေနဲ့ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ သိချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ မြန်မာနိုင်ငံမှာလည်း မြန်မာ့တပ်မတော်ရဲ့ တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားတွေ ရှိပါ တယ်။ ပြီးခဲ့တဲ့မတ်လ ၂၇ ရက်က စိန်ရတု(၇၅)နှစ်မြောက်နေ့ကို ဒီ COVID-19 ဖြစ်တဲ့အတွက်ကြောင့် ခဏရွှေ့ဆိုင်း ထားရတာရှိပါတယ်။ ဒါပေမဲ့ ရာသီဥတု အခြေအနေပေးတာနဲ့ COVID-19 နဲ့ပတ်သက်ပြီး ထိန်းချုပ်နိုင်တဲ့ အခြေအနေရသွားရင် ကျွန်တော်တို့ စစ်ရေးပြ အခမ်းအနားကို ပြန်လုပ်ပါမယ်။ အဲဒီကျရင် ခမ်းခမ်းနားနား လုပ်ပါမယ်။ စစ်ရေးပြအခမ်း အနားကတော့ နိုင်ငံတစ်ခုရဲ့ကာကွယ်ရေး စွမ်းအား ဘယ်လောက်ရှိ သလဲ၊ တိုင်းပြည် ချစ်စိတ်တွေဘယ်လောက်ရှိသလဲ ဖော်ပြတာပေါ့၊ အခုခင်ဗျားတို့မှာ လုပ်နေတဲ့ စစ်ရေးပြ အခမ်း အနားလည်း ရုရှားနိုင်ငံရဲ့ အခြားတပ်မတော်ထက် ခေတ်မီမှုနောက်တစ်ခါ ရုရှားနိုင်ငံသူ/ နိုင်ငံသား များရဲ့ နိုင်ငံ ချစ်စိတ်ဘယ်လောက်ပြင်းထန်မှုကိုဖော်ပြ တာပေါ့၊ဒါကြောင့် တပ်မတော်နေ့အခမ်း အနား လုပ်တဲ့ဟာ အင်မတန် ကောင်းမွန်တာ လို့ ကျွန်တော်ခံယူ ထားပါတယ်။

သတင်းဌာနမှမေး။ ကျွန်တော်တို့ လက်ရှိကမ္ဘာ ပေါ်မှာဆိုလို့ရှိရင် အကြမ်းဖက်သမားတွေ ရဲ့ရန်ကနေ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ခံစား နေရပါတယ်။ အရှေ့တောင်အာရှမှာဆိုလို့ ရှိရင်လည်း ဒီလိုမျိုး အကြမ်းဖက်သမားတွေ ဆူပူ သောင်းကျန်း နေတဲ့ဖြစ်စဉ်တွေလည်း ရှိပါတယ်။ အဆွေတော်တို့ရဲ့ နိုင်ငံအနေနဲ့ အကြမ်းဖက်သမားတွေနဲ့ ပတ်သက်ပြီးတော့ လက်ရှိတွေ့ကြုံနေရတဲ့ အခြေအနေတွေရယ်၊ ဒီအကြမ်းဖက်နဲ့ ပတ်သက်ပြီး ဆောင်ရွက်မယ့် အစီ အမံတွေကို သိလိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ အကြမ်းဖက်ဆိုတဲ့နေရာမှာ အကြမ်းဖက်သမားလို့ သတ်မှတ်ထားတဲ့ အကြမ်းဖက်အဖွဲ့ အစည်းတွေ ရှိတယ်။ အကြမ်းဖက်သမားလို့ မသတ်မှတ်ထားသော်လည်း တိုင်းပြည်တစ်ပြည်လုံး ထိခိုက်အောင် ဆောင် ရွက်နေတဲ့ အဖွဲ့အစည်းတွေရှိတယ်။ နှစ်ပိုင်းခွဲ ပြီးပြောပါမယ်။ အကြမ်းဖက်သမားတွေကို နိုင်ငံတော်မှာ ဘယ်သူမှလက်မခံပါဘူး။ ကျွန်တော်တို့နိုင်ငံမှာလည်း အကြမ်းဖက်သမား တွေကို လုပ်ကိုင်နေရတာ တွေ၊ ချေမှုန်းနေရ တာတွေရှိပါတယ်။ ဒီအဖွဲ့အစည်းတွေ ရပ်တည်နိုင်စေတဲ့ဟာကလည်း သူတို့ကို အားပေး ထောက်ခံနေတဲ့ အကြောင်းအရာ၊ အချင်းအရာတွေရှိလို့ဖြစ်ပါတယ်။ အကြမ်းဖက်အဖွဲ့အစည်း တစ်ခုရှိဖို့အတွက် လွယ်တဲ့ ကိစ္စတော့မဟုတ်ဘူး။ အဲဒီတော့ ကျွန်တော်တို့ တပ်မတော်ဆိုရင်တောင်မှ တပ်မတော်တစ်ခု ဖြစ်တည်ဖို့ အတွက် နိုင်ငံတော်မှပိုက်ဆံ အများကြီးအကုန်ကျခံပြီးလုပ်ရပါတယ်။

အင်အားကြီးမားလာတာနဲ့အမျှ သုံးဆောင် လာတဲ့ အသုံးအဆောင် ပစ္စည်းတွေကြီးမား လာတာနဲ့အမျှ သူတို့ရဲ့ ကုန်ကျစရိတ်တွေ ဘယ်လောက်ရှိသလဲဆိုတာ ကျွန်တော်တို့ မှန်းလု့ိ မရပါဘူး။ သူတို့ဒီလို ကုန်ကျစရိတ်တွေ နောက်မှာ ဘယ်လိုရနေသလဲ ဆိုတာ အကြောင်းအရာတွေ ရှိနေပါလိမ့်မယ်။ ဒါတွေ အပေါ်မှာ ကျွန်တော်တို့က ကျော်လွှားအောင် ကြိုးစားရမှာဖြစ်ပါတယ်။ အခက်အခဲတော့ရှိ ပါလိမ့်မယ်။ သို့သော်လည်း အကြမ်းဖက် သမားရဲ့အယူအဆကတော့ ဘယ်လိုမှခိုင်မာမှု မရှိပါဘူး။ ကျွန်တော်တို့ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ ဒီမှာ ကျွန်တော်ဖြည့်ပြီး ပြောလိုပါတယ်။ အဲ့ဒါဘာလဲဆိုတော့ အကြမ်းဖက် သမားအဖွဲ့ အစည်းကို ချေမှုန်းတဲ့ အခါမှာ သက်ဆိုင်ရာကာယကံရှင်နိုင်ငံကနေ ပြီးတော့ ချေမှုန်းနိုင်တာတွေ ရှိနိုင်ပေမယ့် ဒီအကြမ်းဖက် အဖွဲ့အစည်းတွေရဲ့နောက်မှာ ရပ်တည်နေတဲ့အင်အားစုကြီးကြောင့် တစ်နိုင်ငံ တည်းမလုပ်နိုင်တဲ့ ဟာတွေလည်း ရှိပါတယ်။

အဲ့တော့ နိုင်ငံတွေ၊ မိတ်ဆွေနိုင်ငံတွေနဲ့ ဒီအကြမ်းဖက်အဖွဲ့အစည်းတွေကို မလိုလားတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အများ ကြီးလိုအပ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုမရ လျှင်လည်း အကြမ်းဖက် အဖွဲ့အစည်းတွေကို လက်တွဲချေမှုန်းနိုင်ဖို့အတွက် အခက်အခဲတွေ ရှိပါလိမ့်မယ်။

သတင်းဌာနမှမေး။ အကြမ်းဖက်နှိမ်နင်းရေးမှာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဟာ အရမ်း ကိုအရေးပါပါတယ်။ ခုနက ဗိုလ်ချုပ်မှူးကြီး ပြောသွားသလိုပါပဲ။ မြန်မာနိုင်ငံအနေနဲ့မေး ချင်တဲ့မေးခွန်းလေးကတော့ အကြမ်းဖက် သမားလု့ိ ကမ္ဘာက သတ်မှတ်ထားတဲ့ ARSA အဖွဲ့တွေရဲ့ လက်ရှိအခြေအနေနဲ့ ဒီအဖွဲ့တွေကို နှိမ်နင်းဖို့ အတွက် ဆိုရင်တော့ ဘာတွေ လိုအပ်မယ်၊ ဘယ်အချိန်လောက်မှာ အပြီးသတ် နှိမ်နင်းနိုင်မယ်လို့ အဆွေတော် ဗိုလ်ချုပ်မှူးကြီး အနေနဲ့ ထင်ပါသလဲ။

ဗိုလ်ချုပ်မှူးကြီး။ ဘယ်အချိန်လောက်မှာ အပြီးသတ်နိုင်မလဲ ဆိုတာတော့ အကြောင်းအရာများစွာရှိတယ်။ အဓိက ကတော့ သူတို့ အကြမ်းဖက်အဖွဲ့အစည်းအင်အား ရှင်သန်နေ မယ့်အကြောင်းအရာတွေကို ကျွန်တော်တို့က ဖြတ်တောက်ပစ်ရမှာဖြစ်တယ်။ လူဆိုရင် လူအင်အားကိုလုပ်ရမယ်။ လက်နက်ဆိုရင် လက်နက်မရအောင် လုပ်ရမယ်။ ခဲယမ်းဆိုရင် ခဲယမ်းမရအောင်လုပ်ရမယ်။ ငွေကြေးဆိုရင် ငွေကြေးမရအောင်လုပ်ရမယ်။ သူတို့ကို အားပေး ထောက်ခံမှုဆိုရင်လည်း သူတို့ရဲ့ အခြေအနေမှန်ကိုသိရှိအောင်လုပ်ပြီး အားပေး ထောက်ခံမှုမရှိအောင် လုပ်ရမယ်။ ဒါတွေက အများကြီးကျယ်ပြန့်ပါတယ်။ ဒါတွေက နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်မှုသည် အရေးကြီး တယ်။ နိုင်ငံတကာနဲ့ပိုပြီးအရေးကြီးတာ ကတော့ ဒီအကြမ်းဖက်အဖွဲ့အစည်းအပေါ်မှာ တကယ်ကို တိုက်ရိုက် သက်ရောက်နေတဲ့လူ တွေနဲ့ပိုပြီးတော့မှ ဖြေရှင်းဆောင်ရွက်တာ ပိုပြီးထိရောက်တယ်လို့ ကျွန်တော် ပြောလိုပါတယ်။ ။

(Zawgyi Version)

တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ Arguments and Facts သတင္းဌာန ႏွင့္ ZVEZDA သတင္းဌာန တို႔အား လက္ခံေတြ႕ဆုံ၍ ေမးျမန္းမႈမ်ားအား ေျဖၾကား(အပိုင္း-၂)

ZVEZDA သတင္းဌာနႏွင့္ေတြ႕ဆုံ

သတင္းဌာနမွေမး ။ ကြၽန္ေတာ့္အေနနဲ႔ ဒီလိုမ်ိဳး အေဆြေတာ္ ဗိုလ္ခ်ဳပ္မႉးႀကီးကို ႐ုရွားေျမ မွာ ေတြ႕ျမင္ရတဲ့ အတြက္ အရမ္းကိုဝမ္းသာ ပါတယ္။ အခုလိုမ်ိဳး ကိုယ္တိုင္ေတြ႕ဆုံၿပီး ေမးျမန္းခြင့္ရတဲ့အတြက္လည္း အရမ္းကို ဂုဏ္ယူပါတယ္။ အေဆြေတာ္ ဗိုလ္ခ်ဳပ္မႉးႀကီး အေနနဲ႔ ဒီ႐ုရွားႏိုင္ငံကို ဒါပထမဆုံးခရီးစဥ္ မဟုတ္ဘူးဆိုတာ သိရပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ ဒီ Red Square မွာ ျပဳလုပ္မယ့္ စစ္ေရးျပအခမ္းအနားကိုေတာ့ တက္ေရာက္ တာ ပထမဆုံးအႀကိမ္ဆိုတာေတြ႕ရပါတယ္။

အခုလိုမ်ိဳး ပထမဆုံးအႀကိမ္တက္ေရာက္ ခြင့္ရတာနဲ႔ပတ္သက္ၿပီးေတာ့ ဘယ္လိုစိတ္ ခံစားခ်က္ေတြရွိလဲဆိုတာ သိလိုပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး။ဒီ႐ုရွား တပ္မေတာ္ရဲ႕ စစ္ေရးျပအခမ္းအနား အင္မတန္ခမ္းနားတဲ့ ႀကီးက်ယ္ခမ္းနားတဲ့ ဟာေတြ ကြၽန္ေတာ္ တို႔ Online မွာ တင္ထားတဲ့သတင္းေတြ ကြၽန္ေတာ္တို႔ၾကည့္ရတာေပါ့။ စိတ္ဝင္စားဖို႔ ေကာင္းတယ္။ အခုကေတာ့ မ်က္ဝါးထင္ထင္ ျမင္ရတာေတာ့ ကြၽန္ေတာ့္အတြက္ေတာ့ အင္မတန္ကို ထူးျခားတဲ့ ဟာျဖစ္ပါတယ္။

ဒီမွာ ကိုယ္တိုင္တက္ေရာက္ခြင့္ရတဲ့အတြက္ လည္း ကြၽန္ေတာ့္အတြက္လည္း အင္မတန္ ဂုဏ္ယူဖြယ္ရာျဖစ္တယ္။

သတင္းဌာနမွေမး။ ကြၽန္ေတာ္တို႔ဒီစစ္ေရးျပ အခမ္းအနားမွာဆိုလို႔ရွိရင္ ႐ုရွားႏိုင္ငံက တပ္မေတာ္က စစ္ေရးျပ ျပဳလုပ္ ေဆာင္႐ြက္ ၾကမွာျဖစ္ပါတယ္။ ဗိုလ္ခ်ဳပ္မႉးႀကီးတို႔ တပ္မေတာ္အေနနဲ႔ ဒီလိုမ်ိဳးစစ္ေရးျပအခမ္း အနားနဲ႔ပတ္သက္ၿပီးေတာ့ ယခုလက္ရွိမွာ ေရာ တပ္မေတာ္အေနနဲ႔ေဆာင္႐ြက္ေနတဲ့ လုပ္ငန္းေတြနဲ႔ ပတ္သက္ၿပီးေတာ့ သိခ်င္ပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး။ ျမန္မာႏိုင္ငံမွာလည္း ျမန္မာ့တပ္မေတာ္ရဲ႕ တပ္မေတာ္ေန႔စစ္ေရးျပ အခမ္းအနားေတြ ရွိပါ တယ္။ ၿပီးခဲ့တဲ့မတ္လ ၂၇ ရက္က စိန္ရတု(၇၅)ႏွစ္ေျမာက္ေန႔ကို ဒီ COVID-19 ျဖစ္တဲ့အတြက္ေၾကာင့္ ခဏေ႐ႊ႕ဆိုင္း ထားရတာရွိပါတယ္။ ဒါေပမဲ့ ရာသီဥတု အေျခအေနေပးတာနဲ႔ COVID-19 နဲ႔ပတ္သက္ၿပီး ထိန္းခ်ဳပ္ႏိုင္တဲ့ အေျခအေနရသြားရင္ ကြၽန္ေတာ္တို႔ စစ္ေရးျပ အခမ္းအနားကို ျပန္လုပ္ပါမယ္။ အဲဒီက်ရင္ ခမ္းခမ္းနားနား လုပ္ပါမယ္။ စစ္ေရးျပအခမ္း အနားကေတာ့ ႏိုင္ငံတစ္ခုရဲ႕ကာကြယ္ေရး စြမ္းအား ဘယ္ေလာက္ရွိ သလဲ၊ တိုင္းျပည္ ခ်စ္စိတ္ေတြဘယ္ေလာက္ရွိသလဲ ေဖာ္ျပတာေပါ့၊ အခုခင္ဗ်ားတို႔မွာ လုပ္ေနတဲ့ စစ္ေရးျပ အခမ္း အနားလည္း ႐ုရွားႏိုင္ငံရဲ႕ အျခားတပ္မေတာ္ထက္ ေခတ္မီမႈေနာက္တစ္ခါ ႐ုရွားႏိုင္ငံသူ/ ႏိုင္ငံသား မ်ားရဲ႕ ႏိုင္ငံ ခ်စ္စိတ္ဘယ္ေလာက္ျပင္းထန္မႈကိုေဖာ္ျပ တာေပါ့၊ဒါေၾကာင့္ တပ္မေတာ္ေန႔အခမ္း အနား လုပ္တဲ့ဟာ အင္မတန္ ေကာင္းမြန္တာ လို႔ ကြၽန္ေတာ္ခံယူ ထားပါတယ္။

သတင္းဌာနမွေမး။ ကြၽန္ေတာ္တို႔ လက္ရွိကမာၻ ေပၚမွာဆိုလို႔ရွိရင္ အၾကမ္းဖက္သမားေတြ ရဲ႕ရန္ကေန ကမာၻ႔ႏိုင္ငံ အသီးသီးမွာ ခံစား ေနရပါတယ္။ အေရွ႕ေတာင္အာရွမွာဆိုလို႔ ရွိရင္လည္း ဒီလိုမ်ိဳး အၾကမ္းဖက္သမားေတြ ဆူပူ ေသာင္းက်န္း ေနတဲ့ျဖစ္စဥ္ေတြလည္း ရွိပါတယ္။ အေဆြေတာ္တို႔ရဲ႕ ႏိုင္ငံအေနနဲ႔ အၾကမ္းဖက္သမားေတြနဲ႔ ပတ္သက္ၿပီးေတာ့ လက္ရွိေတြ႕ႀကဳံေနရတဲ့ အေျခအေနေတြရယ္၊ ဒီအၾကမ္းဖက္နဲ႔ ပတ္သက္ၿပီး ေဆာင္႐ြက္မယ့္ အစီ အမံေတြကို သိလိုပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး။ အၾကမ္းဖက္ဆိုတဲ့ေနရာမွာ အၾကမ္းဖက္သမားလို႔ သတ္မွတ္ထားတဲ့ အၾကမ္းဖက္အဖြဲ႕ အစည္းေတြ ရွိတယ္။ အၾကမ္းဖက္သမားလို႔ မသတ္မွတ္ထားေသာ္လည္း တိုင္းျပည္တစ္ျပည္လုံး ထိခိုက္ေအာင္ ေဆာင္ ႐ြက္ေနတဲ့ အဖြဲ႕အစည္းေတြရွိတယ္။ ႏွစ္ပိုင္းခြဲ ၿပီးေျပာပါမယ္။ အၾကမ္းဖက္သမားေတြကို ႏိုင္ငံေတာ္မွာ ဘယ္သူမွလက္မခံပါဘူး။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာလည္း အၾကမ္းဖက္သမား ေတြကို လုပ္ကိုင္ေနရတာ ေတြ၊ ေခ်မႈန္းေနရ တာေတြရွိပါတယ္။ ဒီအဖြဲ႕အစည္းေတြ ရပ္တည္ႏိုင္ေစတဲ့ဟာကလည္း သူတို႔ကို အားေပး ေထာက္ခံေနတဲ့ အေၾကာင္းအရာ၊ အခ်င္းအရာေတြရွိလို႔ျဖစ္ပါတယ္။ အၾကမ္းဖက္အဖြဲ႕အစည္း တစ္ခုရွိဖို႔အတြက္ လြယ္တဲ့ ကိစၥေတာ့မဟုတ္ဘူး။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ တပ္မေတာ္ဆိုရင္ေတာင္မွ တပ္မေတာ္တစ္ခု ျဖစ္တည္ဖို႔ အတြက္ ႏိုင္ငံေတာ္မွပိုက္ဆံ အမ်ားႀကီးအကုန္က်ခံၿပီးလုပ္ရပါတယ္။

အင္အားႀကီးမားလာတာနဲ႔အမွ် သုံးေဆာင္ လာတဲ့ အသုံးအေဆာင္ ပစၥည္းေတြႀကီးမား လာတာနဲ႔အမွ် သူတို႔ရဲ႕ ကုန္က်စရိတ္ေတြ ဘယ္ေလာက္ရွိသလဲဆိုတာ ကြၽန္ေတာ္တို႔ မွန္းလု႔ိ မရပါဘူး။ သူတို႔ဒီလို ကုန္က်စရိတ္ေတြ ေနာက္မွာ ဘယ္လိုရေနသလဲ ဆိုတာ အေၾကာင္းအရာေတြ ရွိေနပါလိမ့္မယ္။ ဒါေတြ အေပၚမွာ ကြၽန္ေတာ္တို႔က ေက်ာ္လႊားေအာင္ ႀကိဳးစားရမွာျဖစ္ပါတယ္။ အခက္အခဲေတာ့ရွိ ပါလိမ့္မယ္။ သို႔ေသာ္လည္း အၾကမ္းဖက္ သမားရဲ႕အယူအဆကေတာ့ ဘယ္လိုမွခိုင္မာမႈ မရွိပါဘူး။ ကြၽန္ေတာ္တို႔ ေက်ာ္လႊားႏိုင္မယ္လို႔ ယုံၾကည္ပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး။ ဒီမွာ ကြၽန္ေတာ္ျဖည့္ၿပီး ေျပာလိုပါတယ္။ အဲ့ဒါဘာလဲဆိုေတာ့ အၾကမ္းဖက္ သမားအဖြဲ႕ အစည္းကို ေခ်မႈန္းတဲ့ အခါမွာ သက္ဆိုင္ရာကာယကံရွင္ႏိုင္ငံကေန ၿပီးေတာ့ ေခ်မႈန္းႏိုင္တာေတြ ရွိႏိုင္ေပမယ့္ ဒီအၾကမ္းဖက္ အဖြဲ႕အစည္းေတြရဲ႕ေနာက္မွာ ရပ္တည္ေနတဲ့အင္အားစုႀကီးေၾကာင့္ တစ္ႏိုင္ငံ တည္းမလုပ္ႏိုင္တဲ့ ဟာေတြလည္း ရွိပါတယ္။

အဲ့ေတာ့ ႏိုင္ငံေတြ၊ မိတ္ေဆြႏိုင္ငံေတြနဲ႔ ဒီအၾကမ္းဖက္အဖြဲ႕အစည္းေတြကို မလိုလားတဲ့ ႏိုင္ငံေတြနဲ႔ ပူးေပါင္း ေဆာင္႐ြက္မႈေတြ အမ်ား ႀကီးလိုအပ္ပါတယ္။ ပူးေပါင္းေဆာင္႐ြက္မႈမရ လွ်င္လည္း အၾကမ္းဖက္ အဖြဲ႕အစည္းေတြကို လက္တြဲေခ်မႈန္းႏိုင္ဖို႔အတြက္ အခက္အခဲေတြ ရွိပါလိမ့္မယ္။

သတင္းဌာနမွေမး။ အၾကမ္းဖက္ႏွိမ္နင္းေရးမွာ ႏိုင္ငံတကာပူးေပါင္းေဆာင္႐ြက္မႈဟာ အရမ္း ကိုအေရးပါပါတယ္။ ခုနက ဗိုလ္ခ်ဳပ္မႉးႀကီး ေျပာသြားသလိုပါပဲ။ ျမန္မာႏိုင္ငံအေနနဲ႔ေမး ခ်င္တဲ့ေမးခြန္းေလးကေတာ့ အၾကမ္းဖက္ သမားလု႔ိ ကမာၻက သတ္မွတ္ထားတဲ့ ARSA အဖြဲ႕ေတြရဲ႕ လက္ရွိအေျခအေနနဲ႔ ဒီအဖြဲ႕ေတြကို ႏွိမ္နင္းဖို႔ အတြက္ ဆိုရင္ေတာ့ ဘာေတြ လိုအပ္မယ္၊ ဘယ္အခ်ိန္ေလာက္မွာ အၿပီးသတ္ ႏွိမ္နင္းႏိုင္မယ္လို႔ အေဆြေတာ္ ဗိုလ္ခ်ဳပ္မႉးႀကီး အေနနဲ႔ ထင္ပါသလဲ။

ဗိုလ္ခ်ဳပ္မႉးႀကီး။ ဘယ္အခ်ိန္ေလာက္မွာ အၿပီးသတ္ႏိုင္မလဲ ဆိုတာေတာ့ အေၾကာင္းအရာမ်ားစြာရွိတယ္။ အဓိက ကေတာ့ သူတို႔ အၾကမ္းဖက္အဖြဲ႕အစည္းအင္အား ရွင္သန္ေန မယ့္အေၾကာင္းအရာေတြကို ကြၽန္ေတာ္တို႔က ျဖတ္ေတာက္ပစ္ရမွာျဖစ္တယ္။ လူဆိုရင္ လူအင္အားကိုလုပ္ရမယ္။ လက္နက္ဆိုရင္ လက္နက္မရေအာင္ လုပ္ရမယ္။ ခဲယမ္းဆိုရင္ ခဲယမ္းမရေအာင္လုပ္ရမယ္။ ေငြေၾကးဆိုရင္ ေငြေၾကးမရေအာင္လုပ္ရမယ္။ သူတို႔ကို အားေပး ေထာက္ခံမႈဆိုရင္လည္း သူတို႔ရဲ႕ အေျခအေနမွန္ကိုသိရွိေအာင္လုပ္ၿပီး အားေပး ေထာက္ခံမႈမရွိေအာင္ လုပ္ရမယ္။ ဒါေတြက အမ်ားႀကီးက်ယ္ျပန႔္ပါတယ္။ ဒါေတြက ႏိုင္ငံတကာနဲ႔ ပူးေပါင္း ေဆာင္႐ြက္မႈသည္ အေရးႀကီး တယ္။ ႏိုင္ငံတကာနဲ႔ပိုၿပီးအေရးႀကီးတာ ကေတာ့ ဒီအၾကမ္းဖက္အဖြဲ႕အစည္းအေပၚမွာ တကယ္ကို တိုက္႐ိုက္ သက္ေရာက္ေနတဲ့လူ ေတြနဲ႔ပိုၿပီးေတာ့မွ ေျဖရွင္းေဆာင္႐ြက္တာ ပိုၿပီးထိေရာက္တယ္လို႔ ကြၽန္ေတာ္ ေျပာလိုပါတယ္။ ။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။