(၆၅)နှစ်မြောက် ကရင်ပြည်နယ်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေးပို့သည့် သဝဏ်လွှာ

(၆၅)နှစ်မြောက် ကရင်ပြည်နယ်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေးပို့သည့် သဝဏ်လွှာ

ချစ်ခင်လေးစားရပါသော ကရင်ပြည်နယ်ရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများခင်ဗျား-

ယနေ့ကျရောက်သည့် (၆၅)နှစ်မြောက် ကရင်ပြည်နယ်နေ့တွင် ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြ ပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ရှေးနှစ်ပေါင်းများစွာကတည်းကပင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ဘာသာစကားများပိုင်ဆိုင်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံတော်တစ်ခု ဖြစ်ပါသည်။ နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားညီနောင်များ အားလုံးတို့သည် နိုင်ငံ၏နေရာဒေသအသီးသီးတွင်ယှဉ်တွဲ၍စုပေါင်းနေထိုင်လာခဲ့ကြသည်ကို ခိုင်မာသော သမိုင်းအထောက်အထားများမှ သက်သေပြလျက်ရှိပါသည်။ ကရင်ပြည်နယ်တွင်လည်း ကရင်လူမျိုးတို့သည် ရှေးယခင်ကတည်းကပင် အခြားတိုင်းရင်းသားများနှင့်အတူ ချစ်ခင်ရင်းနှီးစွာ အတူတကွယှဉ်တွဲနေထိုင်ခဲ့ကြပါသည်။ ၁၈၈၅ ခုနှစ်တွင် ကျွန်တော်တို့နိုင်ငံသည် လွတ်လပ်ရေးဆုံးရှုံးခဲ့ရပြီး ကိုလိုနီနယ်ချဲ့လက်အောက်သို့ ကျရောက် ခဲ့ပါသည်။

ထိုသို့လွတ်လပ်ရေး ဆုံးရှုံးပြီးနောက် ပြည်ထောင်စုကြီး၏ ဒေသအသီးသီးတွင် နေထိုင်ကြသည့် တိုင်းရင်းသား လူမျိုးများသည် သူ့ကျွန်မခံလိုသည့် စိတ်ဓာတ်ဖြင့် ကိုလိုနီနယ်ချဲ့ကို တွန်းလှန် တိုက်ထုတ်ခဲ့ကြပြီး လွတ်လပ်ရေးကို အတူတကွ ရယူခဲ့ကြပါသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းနှင့်ပြည်နယ်များ ဖွဲ့စည်းတည်ထောင်ခဲ့ရာတွင် ကရင်တိုင်းရင်းသား အများစုနေထိုင်သည့် ဒေသများကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် စတင်ဆောင်ရွက် ခဲ့ကြပါသည်။

၁၉၅၁ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်တွင် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်သည့် ၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ချက် (အက်ဥပဒေအမှတ် ၆၂)အရ သံလွင်ခရိုင်၊ ဖာပွန်ဒေသကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ခဲ့ပါသည်။

ယင်းနောက် ၁၉၅၂ ခုနှစ်၊ ကရင်ပြည်နယ်တိုးချဲ့သတ်မှတ်ရေး အက်ဥပဒေ အမှတ်(၁၄)အရ သံလွင်ခရိုင်နှင့် ဆက်စပ်ဒေသများ ဖြစ်သည့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ဘားအံမြို့နယ်နှင့် သံတောင်ကြီးမြို့နယ် တို့ကို ကရင်ပြည်နယ်အဖြစ် ဒုတိယအဆင့်တိုးချဲ့ သတ်မှတ်ခဲ့ပြီး ၆ မြို့နယ်ဖြင့်လည်းကောင်း၊ ၁၉၆၀ ပြည့်နှစ်၊ မတ်လ ၁ ရက်တွင် မြဝတီမြို့အား မြို့နယ်တစ်ခုအဖြစ်သတ်မှတ်ခဲ့ပြီး စုစုပေါင်း ၇ မြို့နယ်ဖြင့်လည်းကောင်း အဆင့်ဆင့် ပြောင်းလဲပြင်ဆင်ဖွဲ့စည်း ခဲ့ပါသည်။ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီး သတ်မှတ်လိုက်သည့် မူလပထမသုတိမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံသောနေ့၊ ကရင်ပြည်နယ်ကို မွေးဖွားသန့်စင်သောနေ့၊ ရာသီအချိန်အခါအရ ဆောင်းဦးကာလ သာယာသောအချိန်အခါ သမယဖြစ်သည့် နိုဝင်ဘာလ ၇ ရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ကာ ၁၉၅၅ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပ လာခဲ့ခြင်းဖြစ်ပြီး ယနေ့ဆိုလျှင် (၆၅) နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။

ကရင်ပြည်နယ်အတွင်းတွင် ကရင်တိုင်းရင်းသား များနှင့်အတူ ရှမ်း၊ ပအိုဝ်း၊ ဗမာနှင့်မွန် အစရှိသည့် တိုင်းရင်းသားများသည် အတူတကွချစ်ကြည် အေးချမ်းစွာ နေထိုင်လျက်ရှိပါသည်။ ကရင်ပြည်နယ်သည် ရာသီဥတုမျှတ ကောင်းမွန်ပြီး သဘာဝအရင်းအမြစ်များဖြစ်သည့် ချောင်းများ၊ စိမ့်စမ်းများနှင့် ရေတံခွန်များ၊ မြင့်မားစိမ်းစိုသည့် တောင်တန်းများ၊ စိမ်းလန်းစိုပြည်သော သစ်တောများရှိသည့်အပြင် ဇွဲကပင်တောင်သည်လည်း ကရင်ပြည်နယ်၏ အမှတ်သင်္ကေတတစ်ခုသဖွယ်တည်ရှိနေပါသည်။ ထို့အပြင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် စေတီပုထိုးများနှင့် သဘာဝလိုဏ်ဂူများ၊ တန်ဖိုးမဖြတ်နိုင်သော ရိုးရာဓလေ့များကို ပိုင်ဆိုင်ထားသည်မှာ ဂုဏ်ယူဖွယ်ရာပင်ဖြစ်ပါသည်။

လွတ်လပ်ရေးရပြီးနောက် ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခံခဲ့ရမှုကြောင့် တိုင်းရင်းသား ညီနောင်များ အချင်းချင်း အထင်လွဲမှားကာ ကရင်ပြည်နယ်အတွင်းတွင်လည်း လက်နက်ကိုင် ပဋိပက္ခများဖြင့် မတည်ငြိမ်၊ မအေးချမ်းသော ကာလများ ရှိခဲ့ပါသည်။ ယနေ့အချိန်တွင် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် ပါဝင်လက်မှတ် ရေးထိုးကာ သတ္တိရှိရှိ၊ ယုံယုံကြည်ကြည်ဖြင့် လက်တွဲ၍ ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ ထို့ကြောင့် ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၏ အသီးအပွင့်များ ဖြစ်သည့် တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုများကို လက်တွေ့ကျကျ ခံစားနေကြရပြီ ဖြစ်ပါသည်။ ကရင်ပြည်နယ်ကြီး ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား၂ စင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများကို တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံနှင့် ရင်းနှီးစွာကုန်စည် ကူးသန်းရောင်းဝယ်ခြင်း၊ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေး စခန်းအား ဖွင့်လှစ်ပြီး နိုင်ငံတော်၏ ကုန်သွယ်ရေးကဏ္ဍကို မြှင့်တင်ပေးနိုင်ခြင်းတို့မှာ လည်း များစွာဂုဏ်ယူ ဝမ်းမြောက်ဖွယ်ပင် ဖြစ်ပါသည်။

ယခုထက်ပို၍ ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် ကရင်ပြည်နယ်ကြီး ဖြစ်ပေါ်လာရေးအတွက် ပြည်နယ်အတွင်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြရမည် ဖြစ်ပါသည်။

အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တည်ဆောက်ရာတွင် တွေ့ကြုံလာရမည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို ကြံ့ကြံ့ခံကျော်လွှားပြီး တိုင်းရင်းသားညီနောင်များအားလုံး၏ စုပေါင်းအင်အားဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။ ထို့ကြောင့် ကရင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ယနေ့ကျရောက်သည့် (၆၅)နှစ်မြောက် ကရင်ပြည်နယ်နေ့မှသည် နောင်နှစ်ပေါင်း များစွာတိုင်အောင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော ဂုဏ်ယူဖွယ်ရာပြည်နယ်ကြီး တစ်ခုအဖြစ် တည်ရှိနေစေရေး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ကြိုးပမ်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရင်း သဝဏ်လွှာပါးအပ်ပါသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

(Zawgyi Version)

(၆၅)ႏွစ္ေျမာက္ ကရင္ျပည္နယ္ေန႔တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ေပးပို႔သည့္ သဝဏ္လႊာ

ခ်စ္ခင္ေလးစားရပါေသာ     ကရင္ျပည္နယ္ရွိ တိုင္းရင္းသား ညီအစ္ကို ေမာင္ႏွမမ်ားခင္ဗ်ား-

ယေန႔က်ေရာက္သည့္  (၆၅)ႏွစ္ေျမာက္ ကရင္ျပည္နယ္ေန႔တြင္  ကရင္ျပည္နယ္အတြင္း  မွီတင္းေနထိုင္ၾကသည့္ တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ား အားလုံး စိတ္၏ခ်မ္းသာျခင္း၊ ကိုယ္၏က်န္းမာျခင္းတို႔ႏွင့္ ျပည့္စုံႏိုင္ၾက ပါေစေၾကာင္း  ဆုေတာင္းေမတၱာပို႔သရင္း ႏႈတ္ခြန္းဆက္သအပ္ပါသည္။

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္သည္ ေရွးႏွစ္ေပါင္းမ်ားစြာကတည္းကပင္  ကိုယ္ပိုင္ယဥ္ေက်းမႈ၊ ကိုယ္ပိုင္စာေပ၊ ကိုယ္ပိုင္ဘာသာစကားမ်ားပိုင္ဆိုင္သည့္ အခ်ဳပ္အျခာအာဏာပိုင္ ႏိုင္ငံေတာ္တစ္ခု ျဖစ္ပါသည္။ ႏိုင္ငံေတာ္အတြင္းရွိ တိုင္းရင္းသားညီေနာင္မ်ား အားလုံးတို႔သည္ ႏိုင္ငံ၏ေနရာေဒသအသီးသီးတြင္ယွဥ္တြဲ၍စုေပါင္းေနထိုင္လာခဲ့ၾကသည္ကို ခိုင္မာေသာ သမိုင္းအေထာက္အထားမ်ားမွ သက္ေသျပလ်က္ရွိပါသည္။ ကရင္ျပည္နယ္တြင္လည္း  ကရင္လူမ်ိဳးတို႔သည္   ေရွးယခင္ကတည္းကပင္   အျခားတိုင္းရင္းသားမ်ားႏွင့္အတူ ခ်စ္ခင္ရင္းႏွီးစြာ အတူတကြယွဥ္တြဲေနထိုင္ခဲ့ၾကပါသည္။  ၁၈၈၅   ခုႏွစ္တြင္ ကြၽန္ေတာ္တို႔ႏိုင္ငံသည္   လြတ္လပ္ေရးဆုံးရႈံးခဲ့ရၿပီး ကိုလိုနီနယ္ခ်ဲ႕လက္ေအာက္သို႔ က်ေရာက္ ခဲ့ပါသည္။

ထိုသို႔လြတ္လပ္ေရး ဆုံးရႈံးၿပီးေနာက္ ျပည္ေထာင္စုႀကီး၏ ေဒသအသီးသီးတြင္ ေနထိုင္ၾကသည့္ တိုင္းရင္းသား လူမ်ိဳးမ်ားသည္  သူ႔ကြၽန္မခံလိုသည့္ စိတ္ဓာတ္ျဖင့္ ကိုလိုနီနယ္ခ်ဲ႕ကို တြန္းလွန္ တိုက္ထုတ္ခဲ့ၾကၿပီး လြတ္လပ္ေရးကို အတူတကြ ရယူခဲ့ၾကပါသည္။ လြတ္လပ္ေရးရၿပီးေနာက္ပိုင္း တိုင္းႏွင့္ျပည္နယ္မ်ား ဖြဲ႕စည္းတည္ေထာင္ခဲ့ရာတြင္   ကရင္တိုင္းရင္းသား အမ်ားစုေနထိုင္သည့္ ေဒသမ်ားကို ကရင္ျပည္နယ္အျဖစ္ သတ္မွတ္ေပးရန္ စတင္ေဆာင္႐ြက္ ခဲ့ၾကပါသည္။

၁၉၅၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၇ ရက္တြင္ ႏိုင္ငံေတာ္သမၼတက   လက္မွတ္ေရးထိုး ထုတ္ျပန္သည့္  ၁၉၅၁ ခုႏွစ္၊   ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒျပင္ဆင္ခ်က္ (အက္ဥပေဒအမွတ္ ၆၂)အရ  သံလြင္ခ႐ိုင္၊  ဖာပြန္ေဒသကို ကရင္ျပည္နယ္အျဖစ္ သတ္မွတ္ခဲ့ပါသည္။

ယင္းေနာက္ ၁၉၅၂ ခုႏွစ္၊ ကရင္ျပည္နယ္တိုးခ်ဲ႕သတ္မွတ္ေရး အက္ဥပေဒ အမွတ္(၁၄)အရ သံလြင္ခ႐ိုင္ႏွင့္ ဆက္စပ္ေဒသမ်ား ျဖစ္သည့္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ ေကာ့ကရိတ္ၿမိဳ႕နယ္၊ လႈိင္းဘြဲ႕ၿမိဳ႕နယ္၊ ဘားအံၿမိဳ႕နယ္ႏွင့္ သံေတာင္ႀကီးၿမိဳ႕နယ္ တို႔ကို ကရင္ျပည္နယ္အျဖစ္ ဒုတိယအဆင့္တိုးခ်ဲ႕ သတ္မွတ္ခဲ့ၿပီး ၆ ၿမိဳ႕နယ္ျဖင့္လည္းေကာင္း၊ ၁၉၆၀ ျပည့္ႏွစ္၊ မတ္လ ၁ ရက္တြင္ ျမဝတီၿမိဳ႕အား ၿမိဳ႕နယ္တစ္ခုအျဖစ္သတ္မွတ္ခဲ့ၿပီး စုစုေပါင္း ၇ ၿမိဳ႕နယ္ျဖင့္လည္းေကာင္း အဆင့္ဆင့္ ေျပာင္းလဲျပင္ဆင္ဖြဲ႕စည္း ခဲ့ပါသည္။ ႏိုင္ငံေတာ္သမၼတက လက္မွတ္ေရးထိုးၿပီး သတ္မွတ္လိုက္သည့္ မူလပထမသုတိမဂၤလာအျဖာျဖာႏွင့္ျပည့္စုံေသာေန႔၊ ကရင္ျပည္နယ္ကို ေမြးဖြားသန႔္စင္ေသာေန႔၊  ရာသီအခ်ိန္အခါအရ  ေဆာင္းဦးကာလ   သာယာေသာအခ်ိန္အခါ သမယျဖစ္သည့္ ႏိုဝင္ဘာလ ၇ ရက္ေန႔ကို ကရင္ျပည္နယ္ေန႔အျဖစ္ သတ္မွတ္ကာ ၁၉၅၅ ခုႏွစ္မွစတင္၍ ႏွစ္စဥ္က်င္းပ လာခဲ့ျခင္းျဖစ္ၿပီး ယေန႔ဆိုလွ်င္ (၆၅) ႏွစ္တိုင္ခဲ့ၿပီျဖစ္ပါသည္။

ကရင္ျပည္နယ္အတြင္းတြင္ ကရင္တိုင္းရင္းသား မ်ားႏွင့္အတူ ရွမ္း၊ ပအိုဝ္း၊ ဗမာႏွင့္မြန္ အစရွိသည့္ တိုင္းရင္းသားမ်ားသည္ အတူတကြခ်စ္ၾကည္ ေအးခ်မ္းစြာ ေနထိုင္လ်က္ရွိပါသည္။  ကရင္ျပည္နယ္သည္ ရာသီဥတုမွ်တ ေကာင္းမြန္ၿပီး သဘာဝအရင္းအျမစ္မ်ားျဖစ္သည့္ ေခ်ာင္းမ်ား၊ စိမ့္စမ္းမ်ားႏွင့္ ေရတံခြန္မ်ား၊ ျမင့္မားစိမ္းစိုသည့္ ေတာင္တန္းမ်ား၊ စိမ္းလန္းစိုျပည္ေသာ  သစ္ေတာမ်ားရွိသည့္အျပင္  ဇြဲကပင္ေတာင္သည္လည္း ကရင္ျပည္နယ္၏ အမွတ္သေကၤတတစ္ခုသဖြယ္တည္ရွိေနပါသည္။   ထို႔အျပင္ ေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္မ်ားျဖစ္သည့္ ေစတီပုထိုးမ်ားႏွင့္ သဘာဝလိုဏ္ဂူမ်ား၊ တန္ဖိုးမျဖတ္ႏိုင္ေသာ ႐ိုးရာဓေလ့မ်ားကို ပိုင္ဆိုင္ထားသည္မွာ ဂုဏ္ယူဖြယ္ရာပင္ျဖစ္ပါသည္။

လြတ္လပ္ေရးရၿပီးေနာက္   ကိုလိုနီနယ္ခ်ဲ႕တို႔၏ ေသြးခြဲအုပ္ခ်ဳပ္ခံခဲ့ရမႈေၾကာင့္ တိုင္းရင္းသား ညီေနာင္မ်ား အခ်င္းခ်င္း  အထင္လြဲမွားကာ   ကရင္ျပည္နယ္အတြင္းတြင္လည္း    လက္နက္ကိုင္ ပဋိပကၡမ်ားျဖင့္ မတည္ၿငိမ္၊ မေအးခ်မ္းေသာ ကာလမ်ား ရွိခဲ့ပါသည္။ ယေန႔အခ်ိန္တြင္ ကရင္ျပည္နယ္အတြင္းရွိ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ား အေနျဖင့္ ၿငိမ္းခ်မ္းေရးအတြက္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္(NCA)တြင္ ပါဝင္လက္မွတ္ ေရးထိုးကာ   သတၱိရွိရွိ၊   ယုံယုံၾကည္ၾကည္ျဖင့္   လက္တြဲ၍ ပူးေပါင္းေဆာင္႐ြက္လ်က္ ရွိပါသည္။ ထို႔ေၾကာင့္ ကရင္ျပည္နယ္အတြင္း ၿငိမ္းခ်မ္းေရး၏ အသီးအပြင့္မ်ား ျဖစ္သည့္ တည္ၿငိမ္ေအးခ်မ္းမႈ၊ ဖြံ႕ၿဖိဳးတိုးတက္မႈမ်ားကို လက္ေတြ႕က်က် ခံစားေနၾကရၿပီ ျဖစ္ပါသည္။   ကရင္ျပည္နယ္ႀကီး ၿငိမ္းခ်မ္းသာယာၿပီး ဖြံ႕ၿဖိဳးတိုးတက္လာသည္ႏွင့္အမွ် ျမန္မာ-ထိုင္းခ်စ္ၾကည္ေရးတံတား၂ စင္းႏွင့္ နယ္စပ္ကုန္သြယ္ေရး စခန္းမ်ားကို တိုးခ်ဲ႕ဖြင့္လွစ္ႏိုင္ခဲ့ၿပီး အိမ္နီးခ်င္းႏိုင္ငံႏွင့္ ရင္းႏွီးစြာကုန္စည္ ကူးသန္းေရာင္းဝယ္ျခင္း၊  ျမန္မာႏိုင္ငံ၏   ဒုတိယအႀကီးဆုံး နယ္စပ္ကုန္သြယ္ေရး စခန္းအား ဖြင့္လွစ္ၿပီး ႏိုင္ငံေတာ္၏ ကုန္သြယ္ေရးက႑ကို  ျမႇင့္တင္ေပးႏိုင္ျခင္းတို႔မွာ လည္း မ်ားစြာဂုဏ္ယူ ဝမ္းေျမာက္ဖြယ္ပင္ ျဖစ္ပါသည္။

ယခုထက္ပို၍ ၿငိမ္းခ်မ္းသာယာၿပီး ဖြံ႕ၿဖိဳးတိုးတက္သည့္ ကရင္ျပည္နယ္ႀကီး ျဖစ္ေပၚလာေရးအတြက္ ျပည္နယ္အတြင္းေနထိုင္ၾကေသာ    တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ား အားလုံးက ဝိုင္းဝန္းႀကိဳးပမ္း ေဆာင္႐ြက္ သြားၾကရမည္ ျဖစ္ပါသည္။

ေအးခ်မ္းသာယာၿပီး ေခတ္မီဖြံ႕ၿဖိဳးတိုးတက္သည့္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံေသာ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္တည္ေဆာက္ရာတြင္ ေတြ႕ႀကဳံလာရမည့္ အခက္အခဲမ်ားႏွင့္ စိန္ေခၚမႈမ်ားကို ႀကံ့ႀကံ့ခံေက်ာ္လႊားၿပီး တိုင္းရင္းသားညီေနာင္မ်ားအားလုံး၏ စုေပါင္းအင္အားျဖင့္ ႀကိဳးပမ္းေဆာင္႐ြက္ၾကရန္ လိုအပ္ပါသည္။ ထို႔ေၾကာင့္ ကရင္ျပည္နယ္ အတြင္းရွိ တိုင္းရင္းသားညီအစ္ကို ေမာင္ႏွမမ်ားအားလုံး ယေန႔က်ေရာက္သည့္ (၆၅)ႏွစ္ေျမာက္ ကရင္ျပည္နယ္ေန႔မွသည္ ေနာင္ႏွစ္ေပါင္း မ်ားစြာတိုင္ေအာင္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၏ ၿငိမ္းခ်မ္းသာယာၿပီး ဖြံ႕ၿဖိဳးတိုးတက္ေသာ  ဂုဏ္ယူဖြယ္ရာျပည္နယ္ႀကီး တစ္ခုအျဖစ္ တည္ရွိေနေစေရး စည္းစည္းလုံးလုံး ညီညီၫြတ္ၫြတ္ ႀကိဳးပမ္းေဆာင္႐ြက္ၾကပါစို႔ဟု  တိုက္တြန္းႏႈိးေဆာ္ရင္း သဝဏ္လႊာပါးအပ္ပါသည္။  ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္

 တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။