တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဘက်စုံစံပြ စိုက်ပျိုးမွေးမြူရေးစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို

နေပြည်တော်၊ ဒီဇင်ဘာ – ၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှတပ်မတော် အရာရှိကြီးများနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တေဇကျော် တို့လိုက်ပါပြီးယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဘက်စုံစံပြစိုက်ပျိုး မွေးမြူရေးစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား တိုင်းမှူးက ဘက်စုံစံပြ စိုက်ပျိုးမွေးမြူရေးစခန်း၊ ရှင်းလင်းဆောင်၌ ဥစားကြက်နှင့်အသားစားကြက်များ၊ DYL ဝက်၊ နို့စားနွား၊ အသားစားနွား၊ ဆိတ်နှင့် ငါးများမွေးမြူထားရှိမှု၊ အစာစပ်လုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ Green Houseဖြင့် ရာသီသီးနှံများ စိုက်ပျိုးထားရှိမှု၊ နှစ်ရှည်သီနှံပင်များ၊ ရတနာတန်းဝင်ပင်နှင့် စက်မှုကုန်ကြမ်းသီးနှံများ စိုက်ပျိုးထားရှိမှုအခြေအနေများနှင့် ထွက်ရှိလာသည့် အသား၊ ငါး၊ နွားနို့၊ ကြက်ဥ နှင့် ဟင်းသီးဟင်းရွက်များအား တပ်မတော်သားမိသားစုဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြ သည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တပ်မတော်အစိုးရလက်ထက် ကတည်းကပင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖိဖိစီးစီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းကဲ့သို့ ဆောင်ရွက်ရာတွင် တပ်မတော်တပ်ရင်း၊ တပ်ဖွဲ့များအား စံနမူနာပြအနေဖြင့် စွန့်ဦးတီထွင်လမ်းပြဆောင်ရွက်စေခဲ့ကြောင်း၊ ဥပမာအားဖြင့် အညာဒေသစိမ်းလန်းစိုပြေရေးအတွက် ထန်း၊ မန်ကျည်း၊ တမာ စိုက်ပျိုးရေးကို တပ်မတော်တပ်ရင်း၊ တပ်ဖွဲ့များ၌ ဦးစွာ ဆောင်ရွက်စေခဲ့ကြောင်း၊ ထိုစဉ်က မြန်မာနိုင်ငံ၏ လူဦးရေသည် သန်း ၄၀ ခန့်သာရှိပြီး လူဦးရေ သန်း ၁၀၀ အထိစားသုံးနိုင်သည်အထိ စိုက်ပျိုးမွေးမြူနိုင်အောင် ရည်မှန်းချက်ထား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် တပ်မတော်ပိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အကျိုးရှိအောင် အောင်မြင်အောင် ဆောင်ရွက်ရန်နှင့် မြေကိုအကျိုးရှိရှိ အသုံးချရန်လိုအပ်ကြောင်း၊ တပ်ပိုင်အဆောက်အဦများ ဧရိယာနှင့် လုံခြုံရေးဧရိယာများမှအပ ပိုလျှံသည့် မြေနေရာများတွင် တစ်ပိုင်တစ်နိုင်နှင့် အရိပ်ရလေကာပင်များကို စိုက်ပျိုးရမည်ဖြစ်ကြောင်း၊ တစ်ပိုင်တစ်နိုင်နှင့် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ခွဲခြားသိမြင်ရန်လိုပြီး တစ်ပိုင်တစ်နိုင်စိုက်ပျိုးရန်အတွက် အကန့်အသတ်ရှိသည့် သီးနှံများကိုသာ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် စိုက်ပျိုးရမည်ဖြစ်ကြောင်း၊ လူအများစားနိုင်ပြီး ကြာရှည်ခံသည့် သီးနှံများကို စိုက်ပျိုးရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၌ “မျိုး၊ မြေ၊ ရေ၊ နည်း” သည်အဓိက ကျသဖြင့် မျိုးကောင်းမျိုးသန့်များစိုက်ပျိုးခြင်း၊ မြေအား စနစ်တကျပြုပြင်ခြင်း၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရေးနှင့် စိုက်နည်းစနစ် မှန်ကန်စွာဆောင်ရွက်ခြင်းတို့ကို စနစ်တကျပြုလုပ်ရန်လိုအပ်ကြောင်း။

မွေးမြူရေးနှင့်ပတ်သက်၍ မွေးနည်းစနစ်၊ အစာ၊ ရေ ကို စနစ်ကျနမှုရှိစေရန် နှင့် အကျိုးရှိသည့် မွေးမြူရေးဖြစ်စေရန် သေချာလေ့လာပြီး မွေးမြူရန်လိုကြောင်း၊ လွှတ်ကျောင်းသည့်စနစ်၊ လှန်ကျောင်းသည့်စနစ်၊ လှောင်မွေးသည့်စနစ်ဟူ၍ ရှိပြီး လှောင်မွေးသည့်စနစ်တွင် လိုအပ်သည့် အစာအာဟာရနှင့်ရေကို ရရှိအောင်ကျွေးမွေးကြရမည် ဖြစ်ကြောင်း၊ အစာလုံလောက်ပြီး သန့်ရှင်းသပ်ရပ်မှုရှိမှသာလျင် ထိုက်သင့်သည့် အောင်မြင်မှုကိုရရှိမည်ဖြစ်ကြောင်း၊ သန့်ရှင်းရေး၊ အကောင်ကြီးထွားနှုန်း ဆန်းစစ်ရေးနှင့် ကျန်းမာရေးအခြေအနေတို့ကို စနစ်တကျဖြင့် Check Listပြုစု၍ အချိန်ဇယားဖြင့် အပတ်စဉ်၊ လစဉ် စနစ်တကျဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး ကို အဓိကထားမွေးမြူကြပြီး ငါးမွေးမြူရေး သည် အထူးဂရုစိုက် ဆောင်ရွက်ရသော မွေးမြူရေးဖြစ်ကြောင်း။

စိုက်ပျိုးမွေးမြူရေးတွင် ရေရရှိမှုသည် အဓိကအရေးကြီးသည့် အချက်ဖြစ်ကြောင်း၊ ထိရောက်ပြီးအကျိုးရှိသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြစ်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ နွားနို့နှင့်ကြက်ဥများ ကိုလည်း တပ်မတော်သားမိသားစုများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားရေးကို အထောက်အကူ ဖြစ်စေရန်အတွက် အမြတ်ကိုအဓိကမထားဘဲ ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းဖြင့်ရောင်းချ ပေးရမည်ဖြစ်ကြောင်းနှင့် မိမိတို့မှ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပြီး ဒေသခံပြည်သူများက လိုက်ပါဆောင်ရွက်လိုသည့်စိတ်ဖြစ်အောင် စံနမူနာပြ ဖြစ်စေရေးဆောင်ရွက်ကြရမည် ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဘက်စုံစိုက်ပျိုး မွေးမြူရေးစခန်းမှ ထွက်ရှိသည့် ဟင်းသီးဟင်းရွက်များနှင့် နွားနို့၊ ကြက်ဥများအား ကြည့်ရှုပြီး မြေအသုံးချ Organic Green Houseဖြင့်သီးနှံများစိုက်ပျိုးထားရှိမှု၊ နို့စားနွား၊ အသားစားနွားနှင့် DYL ဝက်များမွေးမြူထားရှိမှု တို့အား လိုက်လံကြည့်ရှုစစ်ဆေးရာ တိုင်းမှူးနှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြသည်။

ယနေ့နံနက်ပိုင်းတွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့၊ မိုင်းနားကျေးရွာ၊ ရွှေမိုးတောင်တော်တွင် တည်ထားကိုးကွယ်ထားသည့် ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား သွားရောက် ဖူးမြော်ကြည်ညိုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအားစေတီတော် ဂေါပကအဖွဲ့ဥက္ကဌ ဦးမျိုးဆွေနှင့် အဖွဲ့ဝင်များက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီးအား မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်း၊ ရေချမ်းနှင့် ဆီမီးများကပ်လှူပူဇော်သည်။ ထို့နောက် စေတီတော်ကြီးအားလက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညိုပြီး စေတီတော် ရင်ပြင်ရှိ ငြိမ်းချမ်းသာယာဖွံ့ဖြိုးရေးခေါင်းလောင်းတော်(ငြိမ်းချမ်းဖြိုး)ကို ခေါင်းလောင်း ထိုးပူဇော်သည်။ ယင်းနောက်စေတီတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်း ရန် လိုအပ်သည့်အခြေအနေများကို ဆွေးနွေးပြောကြားပြီး ဂေါပကအဖွဲ့ထံသို့ ဘက်စုံ အလှူငွေများပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဌက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော် ကြီး တည်ထားကိုးကွယ်ရန်ဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများအားလိုက်လံ ကြည့် ရှုပြီး စေတီတော်ကြီး ပြုပြင်ထိန်းသိမ်းရေး၊ စေတီတော်ကြီး၏ သမိုင်းမှတ်တမ်းများကို စနစ်တကျပြုစုထိန်းသိမ်းရန်လိုအပ်သည့် အခြေအနေများကို ဆွေးနွေးမှာကြားခဲ့သည်။

 

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ ဘက္စုံစံျပ စိုက္ပ်ိဳးေမြးျမဴေရးစခန္းသို႔ သြားေရာက္ၾကည့္ရႈစစ္ေဆး၊ ရဟႏၲာတစ္ေထာင္ရွင္ပင္ျမတ္စြာ ဆုေတာင္းျပည့္ေစတီေတာ္ျမတ္ႀကီးအား သြားေရာက္ဖူးေျမာ္ၾကည္ညိဳ

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွတပ္မေတာ္ အရာရွိႀကီးမ်ားႏွင့္ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ ေတဇေက်ာ္ တို႔လိုက္ပါၿပီး

ယေန႔နံနက္ပိုင္းတြင္ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ ဘက္စုံစံျပစိုက္ပ်ိဳး ေမြးျမဴေရးစခန္းသို႔ သြားေရာက္ၾကည့္ရႈစစ္ေဆးသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားအား တိုင္းမႉးက ဘက္စုံစံျပ စိုက္ပ်ိဳးေမြးျမဴေရးစခန္း၊ ရွင္းလင္းေဆာင္၌ ဥစားၾကက္ႏွင့္အသားစားၾကက္မ်ား၊ DYL ဝက္၊ ႏို႔စားႏြား၊ အသားစားႏြား၊ ဆိတ္ႏွင့္ ငါးမ်ားေမြးျမဴထားရွိမႈ၊ အစာစပ္လုပ္ငန္း ေဆာင္႐ြက္ထားရွိမႈ၊ Green Houseျဖင့္ ရာသီသီးႏွံမ်ား စိုက္ပ်ိဳးထားရွိမႈ၊ ႏွစ္ရွည္သီႏွံပင္မ်ား၊ ရတနာတန္းဝင္ပင္ႏွင့္ စက္မႈကုန္ၾကမ္းသီးႏွံမ်ား စိုက္ပ်ိဳးထားရွိမႈအေျခအေနမ်ားႏွင့္ ထြက္ရွိလာသည့္ အသား၊ ငါး၊ ႏြားႏို႔၊ ၾကက္ဥ ႏွင့္ ဟင္းသီးဟင္း႐ြက္မ်ားအား တပ္မေတာ္သားမိသားစုဝင္မ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားအား သက္သာေသာေဈးႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးႏိုင္မႈအေျခအေနမ်ားကို ရွင္းလင္းတင္ျပ သည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဘက္စုံစိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကို တပ္မေတာ္အစိုးရလက္ထက္ ကတည္းကပင္ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဖိဖိစီးစီး ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ၎ကဲ့သို႔ ေဆာင္႐ြက္ရာတြင္ တပ္မေတာ္တပ္ရင္း၊ တပ္ဖြဲ႕မ်ားအား စံနမူနာျပအေနျဖင့္ စြန႔္ဦးတီထြင္လမ္းျပေဆာင္႐ြက္ေစခဲ့ေၾကာင္း၊ ဥပမာအားျဖင့္ အညာေဒသစိမ္းလန္းစိုေျပေရးအတြက္ ထန္း၊ မန္က်ည္း၊ တမာ စိုက္ပ်ိဳးေရးကို တပ္မေတာ္တပ္ရင္း၊ တပ္ဖြဲ႕မ်ား၌ ဦးစြာ ေဆာင္႐ြက္ေစခဲ့ေၾကာင္း၊ ထိုစဥ္က ျမန္မာႏိုင္ငံ၏ လူဦးေရသည္ သန္း ၄၀ ခန႔္သာရွိၿပီး လူဦးေရ သန္း ၁၀၀ အထိစားသုံးႏိုင္သည္အထိ စိုက္ပ်ိဳးေမြးျမဴႏိုင္ေအာင္ ရည္မွန္းခ်က္ထား ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ လက္ရွိအေျခအေနတြင္ တပ္မေတာ္ပိုင္စိုက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ားကို အက်ိဳးရွိေအာင္ ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ရန္ႏွင့္ ေျမကိုအက်ိဳးရွိရွိ အသုံးခ်ရန္လိုအပ္ေၾကာင္း၊ တပ္ပိုင္အေဆာက္အဦမ်ား ဧရိယာႏွင့္ လုံၿခဳံေရးဧရိယာမ်ားမွအပ ပိုလွ်ံသည့္ ေျမေနရာမ်ားတြင္ တစ္ပိုင္တစ္ႏိုင္ႏွင့္ အရိပ္ရေလကာပင္မ်ားကို စိုက္ပ်ိဳးရမည္ျဖစ္ေၾကာင္း၊ တစ္ပိုင္တစ္ႏိုင္ႏွင့္ တပ္ပိုင္စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကို ခြဲျခားသိျမင္ရန္လိုၿပီး တစ္ပိုင္တစ္ႏိုင္စိုက္ပ်ိဳးရန္အတြက္ အကန႔္အသတ္ရွိသည့္ သီးႏွံမ်ားကိုသာ တပ္ပိုင္စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားတြင္ စိုက္ပ်ိဳးရမည္ျဖစ္ေၾကာင္း၊ လူအမ်ားစားႏိုင္ၿပီး ၾကာရွည္ခံသည့္ သီးႏွံမ်ားကို စိုက္ပ်ိဳးရမည္ျဖစ္ေၾကာင္း၊ စိုက္ပ်ိဳးေရး၌ “မ်ိဳး၊ ေျမ၊ ေရ၊ နည္း” သည္အဓိက က်သျဖင့္ မ်ိဳးေကာင္းမ်ိဳးသန႔္မ်ားစိုက္ပ်ိဳးျခင္း၊ ေျမအား စနစ္တက်ျပဳျပင္ျခင္း၊ စိုက္ပ်ိဳးေရ လုံေလာက္စြာရရွိေရးႏွင့္ စိုက္နည္းစနစ္ မွန္ကန္စြာေဆာင္႐ြက္ျခင္းတို႔ကို စနစ္တက်ျပဳလုပ္ရန္လိုအပ္ေၾကာင္း။

ေမြးျမဴေရးႏွင့္ပတ္သက္၍ ေမြးနည္းစနစ္၊ အစာ၊ ေရ ကို စနစ္က်နမႈရွိေစရန္ ႏွင့္ အက်ိဳးရွိသည့္ ေမြးျမဴေရးျဖစ္ေစရန္ ေသခ်ာေလ့လာၿပီး ေမြးျမဴရန္လိုေၾကာင္း၊ လႊတ္ေက်ာင္းသည့္စနစ္၊ လွန္ေက်ာင္းသည့္စနစ္၊ ေလွာင္ေမြးသည့္စနစ္ဟူ၍ ရွိၿပီး ေလွာင္ေမြးသည့္စနစ္တြင္ လိုအပ္သည့္ အစာအာဟာရႏွင့္ေရကို ရရွိေအာင္ေကြၽးေမြးၾကရမည္ ျဖစ္ေၾကာင္း၊ အစာလုံေလာက္ၿပီး သန႔္ရွင္းသပ္ရပ္မႈရွိမွသာလ်င္ ထိုက္သင့္သည့္ ေအာင္ျမင္မႈကိုရရွိမည္ျဖစ္ေၾကာင္း၊ သန႔္ရွင္းေရး၊ အေကာင္ႀကီးထြားႏႈန္း ဆန္းစစ္ေရးႏွင့္ က်န္းမာေရးအေျခအေနတို႔ကို စနစ္တက်ျဖင့္ Check Listျပဳစု၍ အခ်ိန္ဇယားျဖင့္ အပတ္စဥ္၊ လစဥ္ စနစ္တက်ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ ၾကက္၊ ဝက္၊ ဆိတ္၊ ႏြား၊ ငါး ကို အဓိကထားေမြးျမဴၾကၿပီး ငါးေမြးျမဴေရး သည္ အထူးဂ႐ုစိုက္ ေဆာင္႐ြက္ရေသာ ေမြးျမဴေရးျဖစ္ေၾကာင္း။

စိုက္ပ်ိဳးေမြးျမဴေရးတြင္ ေရရရွိမႈသည္ အဓိကအေရးႀကီးသည့္ အခ်က္ျဖစ္ေၾကာင္း၊ ထိေရာက္ၿပီးအက်ိဳးရွိသည့္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားျဖစ္ေအာင္ ေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ ထြက္ရွိလာသည့္ အသား၊ ငါး၊ ဟင္းသီးဟင္း႐ြက္၊ ႏြားႏို႔ႏွင့္ၾကက္ဥမ်ား ကိုလည္း တပ္မေတာ္သားမိသားစုမ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ား၏ စားေရးကို အေထာက္အကူ ျဖစ္ေစရန္အတြက္ အျမတ္ကိုအဓိကမထားဘဲ ျပင္ပေပါက္ေဈးထက္ သက္သာေသာ ေဈးႏႈန္းျဖင့္ေရာင္းခ် ေပးရမည္ျဖစ္ေၾကာင္းႏွင့္ မိမိတို႔မွ စိုက္ပ်ိဳး ေမြးျမဴေရးလုပ္ငန္းမ်ားကို ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ၿပီး ေဒသခံျပည္သူမ်ားက လိုက္ပါေဆာင္႐ြက္လိုသည့္စိတ္ျဖစ္ေအာင္ စံနမူနာျပ ျဖစ္ေစေရးေဆာင္႐ြက္ၾကရမည္ ျဖစ္ေၾကာင္းျဖင့္ မွာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ ဘက္စုံစိုက္ပ်ိဳး ေမြးျမဴေရးစခန္းမွ ထြက္ရွိသည့္ ဟင္းသီးဟင္း႐ြက္မ်ားႏွင့္ ႏြားႏို႔၊ ၾကက္ဥမ်ားအား ၾကည့္ရႈၿပီး ေျမအသုံးခ် Organic Green Houseျဖင့္သီးႏွံမ်ားစိုက္ပ်ိဳးထားရွိမႈ၊ ႏို႔စားႏြား၊ အသားစားႏြားႏွင့္ DYL ဝက္မ်ားေမြးျမဴထားရွိမႈ တို႔အား လိုက္လံၾကည့္ရႈစစ္ေဆးရာ တိုင္းမႉးႏွင့္တာဝန္ရွိသူမ်ားက လိုက္လံရွင္းလင္းတင္ျပခဲ့ၾကသည္။

ယေန႔နံနက္ပိုင္းတြင္လည္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ဝိုင္းေမာ္ၿမိဳ႕၊ မိုင္းနားေက်း႐ြာ၊ ေ႐ႊမိုးေတာင္ေတာ္တြင္ တည္ထားကိုးကြယ္ထားသည့္ ရဟႏၲာတစ္ေထာင္ရွင္ပင္ျမတ္စြာ ဆုေတာင္းျပည့္ေစတီေတာ္ျမတ္ႀကီးအား သြားေရာက္ ဖူးေျမာ္ၾကည္ညိဳသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားအားေစတီေတာ္ ေဂါပကအဖြဲ႕ဥကၠဌ ဦးမ်ိဳးေဆြႏွင့္ အဖြဲ႕ဝင္မ်ားက ရင္းရင္းႏွီးႏွီးႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေစတီေတာ္ျမတ္ႀကီးအား ျမသပိတ္ဆြမ္းေတာ္၊ သစ္သီး၊ ပန္း၊ ေရခ်မ္းႏွင့္ ဆီမီးမ်ားကပ္လႉပူေဇာ္သည္။ ထို႔ေနာက္ ေစတီေတာ္ႀကီးအားလက္ယာရစ္လွည့္လည္ဖူးေျမာ္ၾကည္ညိဳၿပီး ေစတီေတာ္ ရင္ျပင္ရွိ ၿငိမ္းခ်မ္းသာယာဖြံ႕ၿဖိဳးေရးေခါင္းေလာင္းေတာ္(ၿငိမ္းခ်မ္းၿဖိဳး)ကို ေခါင္းေလာင္း ထိုးပူေဇာ္သည္။ ယင္းေနာက္ေစတီေတာ္ႀကီး ေရရွည္တည္တံ့ခိုင္ၿမဲေရးအတြက္ ထိန္းသိမ္း ရန္ လိုအပ္သည့္အေျခအေနမ်ားကို ေဆြးေႏြးေျပာၾကားၿပီး ေဂါပကအဖြဲ႕ထံသို႔ ဘက္စုံ အလႉေငြမ်ားေပးအပ္လႉဒါန္းရာ ေဂါပကအဖြဲ႕ဥကၠဌက လက္ခံရယူၿပီး ဂုဏ္ျပဳမွတ္တမ္း လႊာ ျပန္လည္ေပးအပ္သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေစတီေတာ္ ႀကီး တည္ထားကိုးကြယ္ရန္ေဆာင္႐ြက္ခဲ့သည့္ မွတ္တမ္းဓာတ္ပုံမ်ားအားလိုက္လံ ၾကည့္ ရႈၿပီး ေစတီေတာ္ႀကီး ျပဳျပင္ထိန္းသိမ္းေရး၊ ေစတီေတာ္ႀကီး၏ သမိုင္းမွတ္တမ္းမ်ားကို စနစ္တက်ျပဳစုထိန္းသိမ္းရန္လိုအပ္သည့္ အေျခအေနမ်ားကို ေဆြးေႏြးမွာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။