နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မော်လမြိုင်မြို့ရှိ မြစေတီစာသင်တိုက် ဆရာတော်ကြီးနှင့် ကျိုက်သလ္လံစေတီတော်မြတ်ကြီး အား သွားရောက်ဖူးမြော်ကြည်ညို၊ မွန်ပြည်နယ် အားကစားဥယျာဉ်တည်ဆောက်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဝင်များဖြစ်ကြ သည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊  မန်းငြိမ်းမောင်၊ ဒေါက်တာ ဗညားအောင်မိုး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ မောင်ငံရပ်ရှိ မြစေတီ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဓမ္မာစရိယ ဝိနယ ပါဠိပါရဂူ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ ဖူးမြော်ကြည်ညိုကာ သာသနာရေး ဆိုင်ရာများနှင့် ကျန်းမာရေးဆိုင်ရာများကို မေးမြန်းလျှောက်ထားပြီး ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူကြသည်။

ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်နှင့်ဇနီး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ)အရာရှိကြီး များက စုပေါင်းလှူဒါန်းသည့် ဆန် ၂၀၀ အိတ်၊ ဆီ ၃၀၀ ပိဿာ၊ ပဲ ၃၀၀ ပိဿာ နှင့် နဝကမ္မအလှူတော်ငွေများ၊ လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းရာ ဆရာတော်ကြီးက ဓမ္မလက်ဆောင်များပြန်လည်ပေးအပ်ပြီး သာသနာရေးဆိုင်ရာဩဝါဒစကားများ မိန့်ကြားတော်မူသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် မေ ၃၁ ရက်ညပိုင်းတွင်လည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီးသို့ သွားရောက် ဖူးမြော် ကြည်ညိုသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ဂေါပကအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်၍ စေတီတော်ရင်ပြင်ပေါ် တွင် နေပူခံကျောက်ပြားခင်းကျင်းထားသည့် အခြေအနေများ၊ ရှေးဟောင်းသမိုင်းဝင် သာသနာ့လက်ရာများကို ထိန်းသိမ်းထားရှိသည့် အခြေအနေများကို လိုက်လံကြည့်ရှု ကြရာ ဂေါပက ဥက္ကဋ္ဌ ဦးမြင့်ဦး နှင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ထို့နောက် စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီး များ ကပ်လှူပူဇော်ပြီး ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့က လက်ခံရယူခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင်လည်း မော်လမြိုင်မြို့၊ မင်းရွာကျေးရွာအနီး တည်ဆောက်လျက်ရှိသည့် မွန်ပြည်နယ်၊ အားကစားဥယျာဉ် တည်ဆောက်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးရာ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အားကစားဥယျာဉ်သို့လာရောက်သူများ သွားလာမှု အဆင် ပြေစေရန်အတွက် လမ်းတိုးချဲ့ခြင်းလုပ်ငန်းများဆောင်ရွက်ရန်၊ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေး ပြည့်မီစွာဖြင့် တည်ဆောက်သွားရန်၊ ရေကူးကန်အား အများပြည်သူလွယ်ကူစွာ လာရောက်နိုင်သည့်နေရာတွင် တည်ဆောက်နိုင်ရေးအတွက် မြို့တွင်း၌ မြေနေရာ ရှာဖွေဆောင်ရွက်သွားရန်၊   အားကစားပြိုင်ပွဲလာရောက်သူများအဆင်ပြေစေရေး အတွက် ယဉ်ရပ်နားသည့်နေရာများ ထည့်သွင်းတည်ဆောက်ရန်နှင့် အခြားလိုအပ်သည်များကို ပြန်လည်ဆွေးနွေးမှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေနတ်တောင်တပ်နယ်ဘောလုံးအားကစားကွင်း အဆင့်မြှင့်တင် တည်ဆောက်ရန် ဆောင်ရွက်နေမှုအခြေအနေများ သွားရောက်ကြည့်ရှု ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် အဆင့်မြှင့်တင်မှုလုပ်ငန်းများ ဆောင် ရွက်ရာတွင် အရည်အသွေးပြည့်မီပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရေး အလေးထားလုပ်ဆောင်သွားရန်နှင့် အနာဂတ်တွင် ကျင်းပပြုလုပ်လာနိုင်သည့် အားက စားပွဲ၊ ချစ်ကြည်ရေးပွဲများကို ရည်မှန်း၍ မြေနေရာအသုံးချမှုများအား စနစ်တကျ တွက်ချက်ကာ အကျိုးရှိရှိအသုံးပြုသွားရန် လိုအပ်သည့် အခြေအနေများအား ပြန်လည် ဆွေးနွေးမှာကြားခဲ့သည်။

 

Zawgyi Version

 

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ေမာ္လၿမိဳင္ၿမိဳ႕ရွိ ျမေစတီစာသင္တိုက္ ဆရာေတာ္ႀကီးႏွင့္ က်ိဳက္သလႅံေစတီေတာ္ျမတ္ႀကီး အား သြားေရာက္ဖူးေျမာ္ၾကည္ညိဳ၊ မြန္ျပည္နယ္ အားကစားဥယ်ာဥ္တည္ေဆာက္ေရးစီမံကိန္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနမႈ အေျခအေနမ်ားအား သြားေရာက္ၾကည့္ရႈစစ္ေဆး

ေနျပည္ေတာ္ ဇြန္ ၂

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ဇနီး ေဒၚၾကဴၾကဴလွ၊ ေကာင္စီဝင္မ်ားျဖစ္ၾက သည့္ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ မန္းၿငိမ္းေမာင္၊ ေဒါက္တာ ဗညားေအာင္မိုး၊ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ျပည္ေထာင္စုဝန္ႀကီး မ်ားျဖစ္ၾကသည့္ ေဒါက္တာ ၫြန႔္ေဖ၊ ေဒါက္တာ သက္ခိုင္ဝင္း၊ ဦးေ႐ႊေလး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ား၊ မြန္ျပည္နယ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ ဦးေဇာ္လင္းထြန္း၊ အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ကိုကိုေမာင္ႏွင့္ အဖြဲ႕ဝင္မ်ား လိုက္ပါ၍ ယေန႔နံနက္ပိုင္းတြင္ ေမာ္လၿမိဳင္ၿမိဳ႕၊ ေမာင္ငံရပ္ရွိ ျမေစတီ ပရိယတၱိစာသင္တိုက္ ဦးစီးပဓာန နာယကဆရာေတာ္ ဓမၼာစရိယ ဝိနယ ပါဠိပါရဂူ အဂၢမဟာပ႑ိတ ဘဒၵႏၲ ဝိမလဗုဒၶိ ဖူးေျမာ္ၾကည္ညိဳကာ သာသနာေရး ဆိုင္ရာမ်ားႏွင့္ က်န္းမာေရးဆိုင္ရာမ်ားကို ေမးျမန္းေလွ်ာက္ထားၿပီး ဆရာေတာ္ႀကီးထံမွ ငါးပါးသီလ ခံယူၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ ေရး ဦးစီးခ်ဳပ္ႏွင့္ဇနီး၊ ေကာင္စီဝင္မ်ား၊ ျပည္ေထာင္စုဝန္ႀကီးမ်ားႏွင့္ တပ္မေတာ္ (ၾကည္း၊ ေရ၊ ေလ)အရာရွိႀကီး မ်ားက စုေပါင္းလႉဒါန္းသည့္ ဆန္ ၂၀၀ အိတ္၊ ဆီ ၃၀၀ ပိႆာ၊ ပဲ ၃၀၀ ပိႆာ ႏွင့္ နဝကမၼအလႉေတာ္ေငြမ်ား၊ လႉဖြယ္ပစၥည္းမ်ားကို ဆက္ကပ္လႉဒါန္းရာ ဆရာေတာ္ႀကီးက ဓမၼလက္ေဆာင္မ်ားျပန္လည္ေပးအပ္ၿပီး သာသနာေရးဆိုင္ရာဩဝါဒစကားမ်ား မိန႔္ၾကားေတာ္မူသည္။

ထို႔ျပင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္၊ ဇနီးႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေမ ၃၁ ရက္ညပိုင္းတြင္လည္း မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕ က်က္သေရေဆာင္ က်ိဳက္သလႅံေစတီေတာ္ျမတ္ႀကီးသို႔ သြားေရာက္ ဖူးေျမာ္ ၾကည္ညိဳသည္။
ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားအား ေဂါပကအဖြဲ႕ဝင္မ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ထို႔ေနာက္ ေစတီေတာ္ျမတ္ႀကီးအား လက္ယာရစ္လွည့္လည္၍ ေစတီေတာ္ရင္ျပင္ေပၚ တြင္ ေနပူခံေက်ာက္ျပားခင္းက်င္းထားသည့္ အေျခအေနမ်ား၊ ေရွးေဟာင္းသမိုင္းဝင္ သာသနာ့လက္ရာမ်ားကို ထိန္းသိမ္းထားရွိသည့္ အေျခအေနမ်ားကို လိုက္လံၾကည့္ရႈ ၾကရာ ေဂါပက ဥကၠ႒ ဦးျမင့္ဦး ႏွင့္တာဝန္ရွိသူမ်ားက ရွင္းလင္းတင္ျပၾကသည္။
ထို႔ေနာက္ ေစတီေတာ္ျမတ္ႀကီးအား ဖူးေျမာ္ၾကည္ညိဳ၍ ပန္း၊ ေရခ်မ္း၊ ဆီမီး မ်ား ကပ္လႉပူေဇာ္ၿပီး ဘက္စုံအလႉေငြမ်ား ေပးအပ္လႉဒါန္းရာ ေဂါပကအဖြဲ႕က လက္ခံရယူခဲ့ၾကသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ယေန႔နံနက္ပိုင္းတြင္လည္း ေမာ္လၿမိဳင္ၿမိဳ႕၊ မင္း႐ြာေက်း႐ြာအနီး တည္ေဆာက္လ်က္ရွိသည့္ မြန္ျပည္နယ္၊ အားကစားဥယ်ာဥ္ တည္ေဆာက္ေရးစီမံကိန္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနမႈ အေျခအေနမ်ားကို သြားေရာက္ၾကည့္ရႈ စစ္ေဆးရာ မြန္ျပည္နယ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ ဦးေဇာ္လင္းထြန္း၊ က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီးဦးမ်ိဳးလႈိင္ႏွင့္ တာဝန္ရွိသူမ်ားက ရွင္းလင္း တင္ျပၾကသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က အားကစားဥယ်ာဥ္သို႔လာေရာက္သူမ်ား သြားလာမႈ အဆင္ ေျပေစရန္အတြက္ လမ္းတိုးခ်ဲ႕ျခင္းလုပ္ငန္းမ်ားေဆာင္႐ြက္ရန္၊ တည္ေဆာက္ေရး လုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ သတ္မွတ္စံခ်ိန္စံၫႊန္းမ်ားအတိုင္း အရည္အေသြး ျပည့္မီစြာျဖင့္ တည္ေဆာက္သြားရန္၊ ေရကူးကန္အား အမ်ားျပည္သူလြယ္ကူစြာ လာေရာက္ႏိုင္သည့္ေနရာတြင္ တည္ေဆာက္ႏိုင္ေရးအတြက္ ၿမိဳ႕တြင္း၌ ေျမေနရာ ရွာေဖြေဆာင္႐ြက္သြားရန္၊ အားကစားၿပိဳင္ပြဲလာေရာက္သူမ်ားအဆင္ေျပေစေရး အတြက္ ယဥ္ရပ္နားသည့္ေနရာမ်ား ထည့္သြင္းတည္ေဆာက္ရန္ႏွင့္ အျခားလိုအပ္သည္မ်ားကို ျပန္လည္ေဆြးေႏြးမွာၾကားသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေ႐ႊနတ္ေတာင္တပ္နယ္ေဘာလုံးအားကစားကြင္း အဆင့္ျမႇင့္တင္ တည္ေဆာက္ရန္ ေဆာင္႐ြက္ေနမႈအေျခအေနမ်ား သြားေရာက္ၾကည့္ရႈ ၿပီး တာဝန္ရွိသူမ်ား၏ တင္ျပခ်က္မ်ားအေပၚ အဆင့္ျမႇင့္တင္မႈလုပ္ငန္းမ်ား ေဆာင္ ႐ြက္ရာတြင္ အရည္အေသြးျပည့္မီၿပီး သတ္မွတ္စံခ်ိန္စံၫႊန္းမ်ားႏွင့္ ကိုက္ညီေစေရး အေလးထားလုပ္ေဆာင္သြားရန္ႏွင့္ အနာဂတ္တြင္ က်င္းပျပဳလုပ္လာႏိုင္သည့္ အားက စားပြဲ၊ ခ်စ္ၾကည္ေရးပြဲမ်ားကို ရည္မွန္း၍ ေျမေနရာအသုံးခ်မႈမ်ားအား စနစ္တက် တြက္ခ်က္ကာ အက်ိဳးရွိရွိအသုံးျပဳသြားရန္ လိုအပ္သည့္ အေျခအေနမ်ားအား ျပန္လည္ ေဆြးေႏြးမွာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။