နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rossiya Segodnya သတင်းအေဂျင်စီ၊ RIA သတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုများအား လက်ခံဖြေကြား

နေပြည်တော် စက်တင်ဘာ – ၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ဒေသ စံတော်ချိန်နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rossiya Segodnya သတင်း အေဂျင်စီ၊ RIA သတင်းဌာနမှ အထူးသတင်းထောက် Ms. Kukushkina Tatiana အား ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University(FEFU)၌ တွေ့ဆုံ၍ သိရှိလိုသည့် မေးမြန်းမှုများကို လက်ခံဖြေကြားသည်။

ထို့သို့ တွေ့ဆုံမေးမြန်းရာတွင် အာရှ-ပစိဖိတ်ဒေသ၏လုံခြုံရေးဆိုင်ရာ သဘောထား အမြင်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ တည်ငြိမ် အေးချမ်းရေးနှင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာ နိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများကို အစဉ် တစိုက် လေးစားလိုက်နာဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံစစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးကဏ္ဍကို တိုးမြှင့်ဆောင်ရွက် နိုင်မည့်အခြေအနေများနှင့် အခြားသိရှိလိုသည်များအား မေးမြန်းရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည့်ပြည့်စုံစုံ ရှင်းလင်း ပြောကြားခဲ့ကြောင်း နှင့် မေးမြန်းဖြေကြားမှု အပြည့်အစုံအား ဆက်လက်ဖော်ပြသွား မည်ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။