ကုလသမဂ္ဂ၏ ရပ်တည်ချက်များအပေါ် မြန်မာနိုင်ငံအပါအဝင် နိုင်ငံငယ်များက ယုံကြည်မှုရှိရန် လိုအပ်နေ၊အပြုသဘောဆောင်သည့် ကူညီဆောင်ရွက်မှုများဖြစ်စေလို

ေနျပည္ေတာ္၊ ဇြန္ – ၁၄

ျမန္မာႏုိင္ငံသည္ ကုလသမဂၢ၏ အဖြဲ႕၀င္ႏိုင္ငံ တစ္ႏုိင္ငံျဖစ္ၿပီး ႏုိင္ငံျခားေရး မူ၀ါဒ သည္လည္း ႏုိင္ငံအားလုံးႏွင့္ မိတ္၀တ္မပ်က္ဆက္ဆံေရးပင္ျဖစ္ေၾကာင္း၊ ႏုိင္ငံတကာတြင္ ျဖစ္ပ်က္လ်က္ရွိေသာ အေျခအေနအရပ္ရပ္တြင္ မွန္ကန္သည့္ဘက္မွ ရပ္တည္လ်က္ရွိ ေၾကာင္း၊ ကုလသမဂၢႏွင့္ ပူးေပါင္းေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ကုလသမဂၢ၏ ရပ္တည္ခ်က္မ်ားအေပၚ ျမန္မာႏုိင္ငံအပါအ၀င္ ႏုိင္ငံငယ္မ်ားက ယုံၾကည္မႈရွိရန္ လုိအပ္ေနေၾကာင္း၊ အျပဳသေဘာေဆာင္သည့္ ကူညီေဆာင္ရြက္မႈမ်ားျဖစ္ေစလုိ ေၾကာင္း ျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ယေန႔ နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ ကုလသမဂၢအေထြေထြ အတြင္းေရးမွဴးခ်ဳပ္၏ ျမန္မာႏိုင္ငံဆုိင္ရာ အထူးကုိယ္စားလွယ္ Ms. Christine Schraner Burgener အား လက္ခံေတြ႕ဆံုစဥ္ ထည့္သြင္းေျပာၾကားသည္။

အဆုိပါေတြ႕ဆံုပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ၫႇိႏႈိင္းကြပ္ကဲ ေရးမွဴး(ၾကည္း၊ ေရ၊ ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ကုလသမဂၢအေထြေထြ အတြင္းေရး မွဴးခ်ဳပ္၏ ျမန္မာႏိုင္ငံဆုိင္ရာ အထူးကုိယ္စားလွယ္ႏွင့္အတူ ေတာင္အာရွႏွင့္ အေရွ႕ ေတာင္ အာရွဆုိင္ရာအဖြဲ႕ အႀကီးအကဲ Mr. Shin Umezu ႏွင့္ တာ၀န္ရွိသူတို႔ တက္ေရာက္ ၾကသည္။

ထိုသို႔ ေတြ႕ဆံုရာတြင္ ကုလသမဂၢအေထြေထြ အတြင္းေရးမွဴးခ်ဳပ္၏ ျမန္မာႏိုင္ငံ ဆုိင္ရာ အထူးကုိယ္စားလွယ္က ျမန္မာႏုိင္ငံ၏ အေျခအေနမွန္မ်ားကို သိရွိရန္ႏွင့္ ကုလသမဂၢသို႔ ျပန္လည္တင္ျပႏုိင္ရန္ လာေရာက္ျခင္းျဖစ္၍ ရခုိင္ျပည္နယ္ အေရး ကိစၥႏွင့္ ပတ္သက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ သေဘာထားအျမင္မ်ားအား ေမးျမန္းေဆြးေႏြးသည္။ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္သည္ ႏုိင္ငံေတာ္ႏွင့္ တုိင္းရင္းသားျပည္သူလူထုတုိ႕၏ အသက္အိုးအိမ္စည္းစိမ္ကို ကာကြယ္ရန္အျပည့္အ၀တာ၀န္ ရွိေၾကာင္း၊ တပ္မေတာ္သည္ လြတ္လပ္ေရးရရွိခ်ိန္မွစ၍ ဥပေဒႏွင့္အညီဖြဲ႕စည္းခဲ့သည့္ ႏုိင္ငံေတာ္၏ အစိတ္အပိုင္း အဖြဲ႕အစည္းတစ္ခုပင္ျဖစ္ၿပီး စည္းကမ္း၊ ဥပေဒ၊ အမိန္႔ႏွင့္ ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ တာ၀န္ထမ္းေဆာင္လ်က္ရွိ ေၾကာင္း၊ ျမန္မာ့ႏုိင္ငံေရးသမုိင္းတစ္ေလွ်ာက္တြင္လည္း အေရးႀကီးသည့္ အခန္းက႑မွ ပါ၀င္ေဆာင္ရြက္ခဲ့ၿပီး လက္ရွိပါတီစုံဒီမုိကေရစီလမ္းေၾကာင္းကုိ ေလွ်ာက္လွမ္းႏုိင္ေအာင္ ဦးေဆာင္ေပးခဲ့ေၾကာင္း၊ ရခိုင္ျပည္နယ္အေရးကိစၥတြင္ နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရး ႏွင့္ တုိင္းရင္းသားျပည္သူလူထု၏ အသက္အုိးအိမ္စည္းစိမ္ကို ကာကြယ္ေစာင့္ေရွာက္ခဲ့ျခင္း သာျဖစ္ၿပီး တစ္ဖက္ႏုိင္ငံ၊ တစ္ဖက္အဖြဲ႕အစည္းမ်ားႏွင့္ လူ႔အသိုက္အ၀န္းကုိ ထိခိုက္ေအာင္ ေဆာင္ရြက္ခဲ့ျခင္းမရွိေၾကာင္း ဦးစြာေျပာၾကားသည္။

ဆက္လက္၍ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာႏုိင္ငံသည္ ကုလသမဂၢ အဖြဲ႕၀င္ႏုိင္ငံျဖစ္သည္ႏွင့္အညီ ကုလသမဂၢဦးေဆာင္မႈတြင္ တက္ၾကြစြာ ပူးေပါင္းပါ၀င္ ေဆာင္ရြက္ လ်က္ရွိေၾကာင္း၊ တပ္မေတာ္၏ သေဘာထားႏွင့္ ရပ္တည္ေဆာင္ရြက္မႈမ်ားမွာ တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႕အစည္းအားလုံးႏွင့္ တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ (Nationwide Ceasefire Agreement- NCA) မွတစ္ဆင့္ ထာ၀ရၿငိမ္းခ်မ္းေရးရရွိေအာင္ ႏုိင္ငံေတာ္အစိုးရႏွင့္အတူ ေဆာင္ရြက္ရန္၊ ပါတီစုံဒီမုိကေရစီ စနစ္ကို ခိုင္ခိုင္မာမာေလွ်ာက္လွမ္းႏုိင္ၿပီး ႏုိင္ငံသားအားလုံး ဒီမုိကေရစီအခြင့္အေရးကို အျပည့္အ၀ခံစားႏုိင္ရန္၊ ႏုိင္ငံတကာႏွင့္ ပူးေပါင္းေဆာင္ရြက္မႈမ်ားျပဳလုပ္ႏုိင္ရန္၊ အိမ္နီးနားခ်င္းႏိုင္ငံမ်ားႏွင့္ ဆက္ဆံေရးေကာင္းမြန္ၿပီး တည္ၿငိမ္ေအးခ်မ္းမႈရွိရန္တုိ႔ျဖစ္ ေၾကာင္း၊ ၎အဆင့္မ်ားကို ေဆာင္ရြက္ေနဆဲျဖစ္ၿပီး ပန္းတုိင္မေရာက္ရွိေသးမီ တပ္မေတာ္က ထိန္းသိမ္းပါ၀င္ေစာင့္ေရွာက္ေနမႈမ်ားအေပၚ အထင္အျမင္လြဲမွားမႈမ်ားရွိေန ေၾကာင္း၊ ျမန္မာႏိုင္ငံ၏ အေျခအေနအရပ္ရပ္တြင္ ကုလသမဂၢ၏ ပူးေပါင္းေဆာင္ရြက္မႈ ျဖင့္ ေဆာင္ရြက္ပါက တုိးတက္လာမည္ျဖစ္ေၾကာင္း၊ ရခိုင္ျပည္နယ္တြင္ ကုလသမဂၢႏွင့္ ကုလသမဂၢဦးေဆာင္ေသာ အဖြဲ႕အစည္းမ်ား၏ ေဆာင္ရြက္ေပးေနမႈမ်ားကုိ ေဒသခံတုိင္းရင္းသားမ်ားအေနျဖင့္ နားလည္လက္ခံႏုိင္ရန္ ခက္ခဲလ်က္ရွိေၾကာင္း၊ သုိ႔ေသာ္အျခားေဒသမ်ားတြင္ ကုလသမဂၢအဖြဲ႕အစည္းမ်ား၏ ေဆာင္ရြက္မႈမ်ားကို ႀကိဳဆုိလက္ခံၾကသျဖင့္ စဥ္းစားသုံးသပ္ႏုိင္ရန္လုိေၾကာင္း၊ ျပႆနာ ျဖစ္ပြားမႈမ်ားတြင္ တစ္ဦးတစ္ေယာက္ခ်င္း၏ ျပဳမူေဆာင္ရြက္ခ်က္ႏွင့္ တပ္မေတာ္၏ ျပဳမူေဆာင္ရြက္ခ်က္ ဟူ၍ ခြဲျခားသိျမင္ရန္လုိအပ္ေၾကာင္း၊ မိမိတုိ႔ႏုိင္ငံအေနျဖင့္ ဒီမုိကေရစီ အေတြ႕အႀကံဳ၊ အသိပညာ၊ ပညာေရး၊ က်န္းမာေရးစသည့္က႑မ်ားတြင္ လုိအပ္ခ်က္မ်ား ရွိေနေၾကာင္း၊ တပ္မေတာ္အေနျဖင့္ Standard Army အျဖစ္ တည္ေဆာက္ ရာတြင္ ႏုိင္ငံတကာႏွင့္ ယွဥ္တြဲလုပ္ကုိင္ႏုိင္ရန္ ေဆာင္ရြက္လ်က္ရွိေသာ္လည္း ကုလသမဂၢအပါအ၀င္ ႏုိင္ငံ အခ်ိဳ႕က မိမိတို႔ အေပၚခြဲျခားဆက္ဆံမႈမ်ားႏွင့္ ကန္႔သတ္မႈမ်ားရွိေနသျဖင့္ အျပဳသေဘာ မေဆာင္သည့္ လုပ္ေဆာင္ခ်က္မ်ားဟုဆုိႏုိင္ေၾကာင္း ေျပာၾကားသည္။

ထုိ႔ေနာက္ အႀကီးအကဲတစ္ဦး၊ ေခါင္းေဆာင္တစ္ဦးသည္ ခုိင္မာမႈမရွိသည့္ သတင္းအခ်က္အလက္မ်ား၊ ျဖစ္စဥ္မ်ား၊ မဟုတ္မမွန္ေသာ ျဖစ္စဥ္ျဖစ္ရပ္မ်ားအား ထုတ္ေဖာ္ေျပာၾကားျခင္းမ်ားသည္ အျပဳသေဘာမေဆာင္ေသာ လုပ္ေဆာင္ခ်က္မ်ား ျဖစ္ၿပီး မုန္းတီးမႈမ်ား၊ အထင္အျမင္လြဲမွားမႈမ်ားျဖစ္ေပၚေစကာ ပူးေပါင္းေဆာင္ရြက္မႈမ်ား တြင္ အခက္အခဲမ်ား ျဖစ္ေပၚေစေၾကာင္း၊ “ခ်စ္စကုိရွည္ေစ၊ မုန္းစကို တုိေစ”၊ “ႀကီးတဲ့အမႈ ငယ္ေအာင္၊ ငယ္တဲ့အမႈပေပ်ာက္ေအာင္” ဆုိသည့္ ျမန္မာဆုိ႐ုိးစကားပုံႏွင့္ ဆန္႔က်င္လ်က္ မုန္းစကို ရွည္ေစေသာ၊ ငယ္ေသာအမႈကို ႀကီးေစေသာ ေဆာင္ရြက္ခ်က္ မ်ားကို ေတြ႕ျမင္ေနရေၾကာင္း၊ မိမိအေနျဖင့္ ၿပီးခဲ့သည့္ ဧၿပီ ၃၀ ရက္က ကုလသမဂၢ လုံၿခဳံေရးေကာင္စီ အၿမဲတမ္းအဖြဲ႕၀င္ႏုိင္ငံကိုယ္စားလွယ္မ်ားႏွင့္ ေတြ႕ဆုံခဲ့ရာတြင္ အျပဳသေဘာေဆာင္သည့္ ဆက္ဆံမႈရွိေသာ ႏုိင္ငံမ်ားရွိသကဲ့သို႔ နားလည္မႈလြဲမွားစြာ ဆက္ဆံမႈရွိေသာ ႏုိင္ငံမ်ားကိုလည္း ေတြ႕ျမင္ရေၾကာင္း၊ ကုလသမဂၢ၏ အက်ိဳးရွိၿပီး အျပဳသေဘာေဆာင္ေသာ ဆက္ဆံေရးျဖစ္ေအာင္ ေဆာင္ၾကဥ္းေပးရန္ ေလးေလး နက္နက္တုိက္တြန္းလုိေၾကာင္း ေဆြးေႏြးေျပာၾကားသည္။

ဆက္လက္ၿပီး ဘဂၤါလီမ်ားႏွင့္ ပတ္သက္ၿပီး မိမိတုိ႔အေနျဖင့္ ရခုိင္ျပည္နယ္ တြင္ လာေရာက္ေနထုိင္ၾကသူမ်ားကို ဘဂၤါလီဟုသာ လက္ခံထားေၾကာင္း၊ ႐ုိဟင္ဂ်ာ ဆုိသည့္ အသုံးအႏႈန္းမွာ ၎တုိ႔ လုပ္ႀကံဖန္တီးထားသည့္ အေခၚအေ၀ၚတစ္ခုသာ ျဖစ္ေၾကာင္း၊ ျမန္မာႏုိင္ငံသားမ်ားက ၎႐ုိဟင္ဂ်ာဆိုသည့္ အသုံးအႏႈန္းကို လုံး၀ လက္သင့္ မခံေၾကာင္း၊ ထုိ႔ေၾကာင့္ ျမန္မာႏုိင္ငံသားမ်ားအတြက္ ျပႆနာျဖစ္ေစႏုိင္ေသာ အသုံးအႏႈန္းကို မသုံးစဲြဘဲ ေရွာင္ၾကဥ္ေပးေစလုိေၾကာင္း၊ ဘဂၤါလီဆုိသည္မွာ ဘဂၤလားမွ လာေသာ သူမ်ားဟု ဆုိလုိျခင္းျဖစ္ေၾကာင္း၊ ၎င္းတုိ႔သည္ ကိုလုိနီေခတ္တြင္ ဘဂၤလားေဒသမွ ေခၚေဆာင္လာေသာ သူမ်ားျဖစ္၍ ဘဂၤါလီဟုသာ ေခၚေ၀ၚသုံးစြဲျခင္းျဖစ္ေၾကာင္း၊ မိမိတို႔ႏုိင္ငံတြင္ ၁၈၇၂ ခုႏွစ္၊ သန္းေခါင္စာရင္းအေထာက္အထားမ်ားအရ ရွီးု႐ိုက္၊ ပထန္ႏွင့္ မြတ္စလင္ဟုသာ သုံးႏႈန္းထားၿပီး ႐ုိဟင္ဂ်ာဟု မပါရွိေၾကာင္း၊ ဘဂၤါလီမ်ားအား လက္ခံရာတြင္ ထုိက္သင့္သူမ်ားကို လက္ခံမည္ဟုေျပာခဲ့ၿပီးျဖစ္ေၾကာင္း၊ ၁၉၈၂ ခုႏွစ္၊ ႏုိင္ငံသားဥပေဒႏွင့္အညီ စိစစ္၍ လက္ခံသြားမည္ျဖစ္ေၾကာင္း၊ ၎ကိစၥႏွင့္ပတ္သက္ၿပီး ႏုိင္ငံတကာက ၀ုိင္း၀န္းဖိအားေပးေနမည့္အစား ၀ုိင္း၀န္းကူညီေျဖရွင္းသည့္ နည္းလမ္း ကုိသာ ေဆာင္ရြက္ေစလုိေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ယင္းေနာက္ ကုလသမဂၢ၏ ငယ္ရြယ္သူကေလးစစ္သားမ်ားအသုံးျပဳသည့္ ႏုိင္ငံ စာရင္းမွ ပယ္ဖ်က္ေရးဆုိင္ရာ ကိစၥရပ္မ်ားႏွင့္ ရခုိင္ျပည္နယ္အေရးႏွင့္ပတ္သက္၍ အခ်က္အလက္ရွာေဖြေရး အဖြဲ႕ႏွင့္ စားပြဲ၀ုိင္းေဆြးေႏြးေရးဆုိင္ရာ ကိစၥရပ္မ်ား၊ အနာဂတ္ ကာလတြင္ ကုလသမဂၢႏွင့္ ပူးေပါင္းေဆာင္ရြက္မႈ ျမႇင့္တင္မႈဆုိင္ရာကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာ အျပန္အလွန္ေဆြးေႏြးၾကၿပီး ကုလသမဂၢအေထြေထြ အတြင္းေရး မွဴးခ်ဳပ္၏ ျမန္မာႏိုင္ငံဆုိင္ရာ အထူးကုိယ္စားလွယ္က ယခုရွင္းျပသည့္ အခ်က္အလက္ မ်ားကို ကုလသမဂၢသုိ႔ ျပန္လည္သယ္ေဆာင္ေျပာၾကားေပးမည္ျဖစ္ေၾကာင္း ေျပာၾကား သည္။

ေတြ႕ဆံုပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ကုလသမဂၢအေထြေထြ အတြင္းေရးမွဴးခ်ဳပ္၏ ျမန္မာႏိုင္ငံဆုိင္ရာ အထူးကုိယ္စားလွယ္တုိ႔သည္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ားအျပန္အလွန္ေပးအပ္ၾကၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္အတူ စုေပါင္းဓာတ္ပုံ႐ိုက္ခဲ့ၾကသည္။

 

(Unicode Version)

ကုလသမဂ္ဂ၏ ရပ်တည်ချက်များအပေါ် မြန်မာနိုင်ငံအပါအဝင် နိုင်ငံငယ်များက ယုံကြည်မှုရှိရန် လိုအပ်နေ၊အပြုသဘောဆောင်သည့် ကူညီဆောင်ရွက်မှုများဖြစ်စေလို

နေပြည်တော်၊ ဇွန် – ၁၄

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး နိုင်ငံခြားရေး မူဝါဒ သည်လည်း နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေးပင်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် ဖြစ်ပျက်လျက်ရှိသော အခြေအနေအရပ်ရပ်တွင် မှန်ကန်သည့်ဘက်မှ ရပ်တည်လျက်ရှိ ကြောင်း၊ ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကုလသမဂ္ဂ၏ ရပ်တည်ချက်များအပေါ် မြန်မာနိုင်ငံအပါအဝင် နိုင်ငံငယ်များက ယုံကြည်မှုရှိရန် လိုအပ်နေကြောင်း၊ အပြုသဘောဆောင်သည့် ကူညီဆောင်ရွက်မှုများဖြစ်စေလို ကြောင်း ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener အား လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ကုလသမဂ္ဂအထွေထွေ အတွင်းရေး မှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်အတူ တောင်အာရှနှင့် အရှေ့ တောင် အာရှဆိုင်ရာအဖွဲ့ အကြီးအကဲ Mr. Shin Umezu နှင့် တာဝန်ရှိသူတို့ တက်ရောက် ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံ၏ အခြေအနေမှန်များကို သိရှိရန်နှင့် ကုလသမဂ္ဂသို့ ပြန်လည်တင်ပြနိုင်ရန် လာရောက်ခြင်းဖြစ်၍ ရခိုင်ပြည်နယ် အရေး ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သဘောထားအမြင်များအား မေးမြန်းဆွေးနွေးသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထုတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်အပြည့်အဝတာဝန် ရှိကြောင်း၊ တပ်မတော်သည် လွတ်လပ်ရေးရရှိချိန်မှစ၍ ဥပဒေနှင့်အညီဖွဲ့စည်းခဲ့သည့် နိုင်ငံတော်၏ အစိတ်အပိုင်း အဖွဲ့အစည်းတစ်ခုပင်ဖြစ်ပြီး စည်းကမ်း၊ ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များနှင့်အညီ တာဝန်ထမ်းဆောင်လျက်ရှိ ကြောင်း၊ မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက်တွင်လည်း အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ပြီး လက်ရှိပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနိုင်အောင် ဦးဆောင်ပေးခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စတွင် နယ်မြေတည်ငြိမ်အေးချမ်းရေး နှင့် တိုင်းရင်းသားပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ခဲ့ခြင်း သာဖြစ်ပြီး တစ်ဖက်နိုင်ငံ၊ တစ်ဖက်အဖွဲ့အစည်းများနှင့် လူ့အသိုက်အဝန်းကို ထိခိုက်အောင် ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း ဦးစွာပြောကြားသည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကုလသမဂ္ဂဦးဆောင်မှုတွင် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက် လျက်ရှိကြောင်း၊ တပ်မတော်၏ သဘောထားနှင့် ရပ်တည်ဆောင်ရွက်မှုများမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA) မှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးရရှိအောင် နိုင်ငံတော်အစိုးရနှင့်အတူ ဆောင်ရွက်ရန်၊ ပါတီစုံဒီမိုကရေစီ စနစ်ကို ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ပြီး နိုင်ငံသားအားလုံး ဒီမိုကရေစီအခွင့်အရေးကို အပြည့်အဝခံစားနိုင်ရန်၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်နိုင်ရန်၊ အိမ်နီးနားချင်းနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်ပြီး တည်ငြိမ်အေးချမ်းမှုရှိရန်တို့ဖြစ် ကြောင်း၊ ၎င်းအဆင့်များကို ဆောင်ရွက်နေဆဲဖြစ်ပြီး ပန်းတိုင်မရောက်ရှိသေးမီ တပ်မတော်က ထိန်းသိမ်းပါဝင်စောင့်ရှောက်နေမှုများအပေါ် အထင်အမြင်လွဲမှားမှုများရှိနေ ကြောင်း၊ မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်တွင် ကုလသမဂ္ဂ၏ ပူးပေါင်းဆောင်ရွက်မှု ဖြင့် ဆောင်ရွက်ပါက တိုးတက်လာမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ကုလသမဂ္ဂနှင့် ကုလသမဂ္ဂဦးဆောင်သော အဖွဲ့အစည်းများ၏ ဆောင်ရွက်ပေးနေမှုများကို ဒေသခံတိုင်းရင်းသားများအနေဖြင့် နားလည်လက်ခံနိုင်ရန် ခက်ခဲလျက်ရှိကြောင်း၊ သို့သော်အခြားဒေသများတွင် ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ဆောင်ရွက်မှုများကို ကြိုဆိုလက်ခံကြသဖြင့် စဉ်းစားသုံးသပ်နိုင်ရန်လိုကြောင်း၊ ပြဿနာ ဖြစ်ပွားမှုများတွင် တစ်ဦးတစ်ယောက်ချင်း၏ ပြုမူဆောင်ရွက်ချက်နှင့် တပ်မတော်၏ ပြုမူဆောင်ရွက်ချက် ဟူ၍ ခွဲခြားသိမြင်ရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ဒီမိုကရေစီ အတွေ့အကြုံ၊ အသိပညာ၊ ပညာရေး၊ ကျန်းမာရေးစသည့်ကဏ္ဍများတွင် လိုအပ်ချက်များ ရှိနေကြောင်း၊ တပ်မတော်အနေဖြင့် Standard Army အဖြစ် တည်ဆောက် ရာတွင် နိုင်ငံတကာနှင့် ယှဉ်တွဲလုပ်ကိုင်နိုင်ရန် ဆောင်ရွက်လျက်ရှိသော်လည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံ အချို့က မိမိတို့ အပေါ်ခွဲခြားဆက်ဆံမှုများနှင့် ကန့်သတ်မှုများရှိနေသဖြင့် အပြုသဘော မဆောင်သည့် လုပ်ဆောင်ချက်များဟုဆိုနိုင်ကြောင်း ပြောကြားသည်။

ထို့နောက် အကြီးအကဲတစ်ဦး၊ ခေါင်းဆောင်တစ်ဦးသည် ခိုင်မာမှုမရှိသည့် သတင်းအချက်အလက်များ၊ ဖြစ်စဉ်များ၊ မဟုတ်မမှန်သော ဖြစ်စဉ်ဖြစ်ရပ်များအား ထုတ်ဖော်ပြောကြားခြင်းများသည် အပြုသဘောမဆောင်သော လုပ်ဆောင်ချက်များ ဖြစ်ပြီး မုန်းတီးမှုများ၊ အထင်အမြင်လွဲမှားမှုများဖြစ်ပေါ်စေကာ ပူးပေါင်းဆောင်ရွက်မှုများ တွင် အခက်အခဲများ ဖြစ်ပေါ်စေကြောင်း၊ “ချစ်စကိုရှည်စေ၊ မုန်းစကို တိုစေ”၊ “ကြီးတဲ့အမှု ငယ်အောင်၊ ငယ်တဲ့အမှုပပျောက်အောင်” ဆိုသည့် မြန်မာဆိုရိုးစကားပုံနှင့် ဆန့်ကျင်လျက် မုန်းစကို ရှည်စေသော၊ ငယ်သောအမှုကို ကြီးစေသော ဆောင်ရွက်ချက် များကို တွေ့မြင်နေရကြောင်း၊ မိမိအနေဖြင့် ပြီးခဲ့သည့် ဧပြီ ၃၀ ရက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ရာတွင် အပြုသဘောဆောင်သည့် ဆက်ဆံမှုရှိသော နိုင်ငံများရှိသကဲ့သို့ နားလည်မှုလွဲမှားစွာ ဆက်ဆံမှုရှိသော နိုင်ငံများကိုလည်း တွေ့မြင်ရကြောင်း၊ ကုလသမဂ္ဂ၏ အကျိုးရှိပြီး အပြုသဘောဆောင်သော ဆက်ဆံရေးဖြစ်အောင် ဆောင်ကြဉ်းပေးရန် လေးလေး နက်နက်တိုက်တွန်းလိုကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်ပြီး ဘင်္ဂါလီများနှင့် ပတ်သက်ပြီး မိမိတို့အနေဖြင့် ရခိုင်ပြည်နယ် တွင် လာရောက်နေထိုင်ကြသူများကို ဘင်္ဂါလီဟုသာ လက်ခံထားကြောင်း၊ ရိုဟင်ဂျာ ဆိုသည့် အသုံးအနှုန်းမှာ ၎င်းတို့ လုပ်ကြံဖန်တီးထားသည့် အခေါ်အဝေါ်တစ်ခုသာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများက ၎င်းရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကို လုံး၀ လက်သင့် မခံကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသားများအတွက် ပြဿနာဖြစ်စေနိုင်သော အသုံးအနှုန်းကို မသုံးစွဲဘဲ ရှောင်ကြဉ်ပေးစေလိုကြောင်း၊ ဘင်္ဂါလီဆိုသည်မှာ ဘင်္ဂလားမှ လာသော သူများဟု ဆိုလိုခြင်းဖြစ်ကြောင်း၊ ၎င်းင်းတို့သည် ကိုလိုနီခေတ်တွင် ဘင်္ဂလားဒေသမှ ခေါ်ဆောင်လာသော သူများဖြစ်၍ ဘင်္ဂါလီဟုသာ ခေါ်ဝေါ်သုံးစွဲခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ၁၈၇၂ ခုနှစ်၊ သန်းခေါင်စာရင်းအထောက်အထားများအရ ရှီးုရိုက်၊ ပထန်နှင့် မွတ်စလင်ဟုသာ သုံးနှုန်းထားပြီး ရိုဟင်ဂျာဟု မပါရှိကြောင်း၊ ဘင်္ဂါလီများအား လက်ခံရာတွင် ထိုက်သင့်သူများကို လက်ခံမည်ဟုပြောခဲ့ပြီးဖြစ်ကြောင်း၊ ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေနှင့်အညီ စိစစ်၍ လက်ခံသွားမည်ဖြစ်ကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတကာက ဝိုင်းဝန်းဖိအားပေးနေမည့်အစား ဝိုင်းဝန်းကူညီဖြေရှင်းသည့် နည်းလမ်း ကိုသာ ဆောင်ရွက်စေလိုကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် ကုလသမဂ္ဂ၏ ငယ်ရွယ်သူကလေးစစ်သားများအသုံးပြုသည့် နိုင်ငံ စာရင်းမှ ပယ်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ အချက်အလက်ရှာဖွေရေး အဖွဲ့နှင့် စားပွဲဝိုင်းဆွေးနွေးရေးဆိုင်ရာ ကိစ္စရပ်များ၊ အနာဂတ် ကာလတွင် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မှုဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးကြပြီး ကုလသမဂ္ဂအထွေထွေ အတွင်းရေး မှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ယခုရှင်းပြသည့် အချက်အလက် များကို ကုလသမဂ္ဂသို့ ပြန်လည်သယ်ဆောင်ပြောကြားပေးမည်ဖြစ်ကြောင်း ပြောကြား သည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။