COVID-19 ရောဂါနှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်း စည်းကမ်းများအား တိတိကျကျ သိရှိ၊ နားလည်၊ လိုက်နာကြရန်၊ ကောလာဟလ သတင်းမှားများ မဖြစ်ပေါ်စေရေး ဂရုပြုဆောင် ရွက်ရန်လို

နေပြည်တော်၊ ဧပြီ – ၂၀

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့်အခြား လိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး စတုတ္ထအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အစည်းအဝေး ခန်းမ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီး၍ ကျင်းပပြုလုပ်သည်။

အဆိုပါ အစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့် အမှာစကားပြောကြားရာတွင် ကမ္ဘာတွင် COVID-19 ရောဂါဖြစ်ပွားမှုမှာ အချိန်ကာလအားဖြင့် ၃ လကျော်ရှိပြီး မြန်မာနိုင်ငံ၌ မတ်လ ၂၃ ရက်နေ့တွင် COVID-19 ရောဂါပိုးစတင်တွေ့ရှိခဲ့သဖြင့် အချိန်ကာလအားဖြင့် တစ်လခန့်ရှိပြီဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် လုပ်ဆောင်ရန်ရှိသည်များအား လုပ်ဆောင်လျက်ရှိကြောင်း၊ ကိုယ်ခံအားနည်းသည့် ဆေးရုံတက်လူနာများအား ပိုမိုဂရုစိုက်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် သွားလာမှုကန့်သတ်ခြင်း၊ စစ်ဆေးခြင်း စသည့် လုပ်သင့်လုပ်ထိုက်တာမှန်သမျှကို အလေးအနက် ထားလုပ်ဆောင်ရမည်ဖြစ် ကြောင်း၊ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများအား လူတိုင်း တိတိကျကျ သိရှိ၊ နားလည်၊ လိုက်နာကြရန် အရေးအကြီးဆုံးဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများသည် နိုင်ငံအနှံ့ ပျံ့နှံ့ ရောက်ရှိ နေပြီဖြစ်၍ တပ်ဌာနချုပ်များ၊ စစ်မှု ထမ်းများ၊ စစ်မှုထမ်းဟောင်းများ၊ တပ်ပြင် နေကြသူများ အနေဖြင့် ရောဂါဖြစ်ပွားမှုဆိုင်ရာ အခြေအနေများကို နယ်မြေ အလိုက်အချိန်မီ သတင်းပေးပို့ကြရန်လိုအပ်ကြောင်း၊ ယခင်အစည်းအဝေးများတွင် ဆွေးနွေး ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား ဆွေးနွေးတင်ပြကြ ရန် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက ရှင်းလင်းတင်ပြကြရာတွင် ကမ္ဘာပေါ်၌ နိုင်ငံပေါင်း ၂၁၂ နိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူပေါင်း ၂ ဒသမ ၄ သန်းကျော်၊ သေဆုံးသူပေါင်း တစ်သိန်းခြောက်သောင်းကျော်၊ သေဆုံးမှုနှုန်း ၆ ဒသမ ၈၅ ရာခိုင်နှုန်းဖြစ်ပြီး လက်ရှိတွင် ကူးစက်ခံရမှု အဆိုးရွားဆုံး ၅ နိုင်ငံမှာ အမေရိကန်၊ စပိန်၊ အီတလီ၊ ပြင်သစ်နှင့် ဂျာမဏီနိုင်ငံတို့ဖြစ်ကြောင်း၊ ရောဂါကူးစက်ခံရမှုအား အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့သည့် နိုင်ငံ ၅ နိုင်ငံမှာ တရုတ်၊ သြစတြေးလျ၊ နယူးဇီလန်၊ ဗီယက်နမ်နှင့် ဘရူနိုင်းနိုင်ငံတို့ ဖြစ်ကြောင်း၊ ယင်းနိုင်ငံများတွင် ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များအား တိကျမှန်ကန်စွာထုတ်ပြန်၍ ပြည်သူလူထုမှ လိုက်ပါ ဆောင်ရွက်အောင် ကြပ်မတ်နိုင်ခြင်းကြောင့် ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ တွင် မတ်လ ၂၃ ရက်နေ့မှ ယနေ့ဧပြီလ ၂၀ ရက်နေ့ နံနက်အထိ ရက်သတ္တပတ် ၄ ပတ် ကာလအတွင်း ရောဂါကူးစက်ခံရသူ ၁၁၁ ဦး၊ သေဆုံးသူ ၅ ဦး၊ ပြန်လည်သက်သာလာသူ ၇ ဦး၊ သေဆုံးမှုနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း၊ အလားတူကာလတွင် အမေရိကန် နိုင်ငံ၌ ကူးစက်ခံရသူ ၁၅ ဦးသာရှိပြီး သေဆုံးမှုမရှိကြောင်း၊ သို့သော် ၁၄ ပတ် အကြာ တွင် ကူးစက်ခံရသူ ၇ သိန်းကျော်၊ သေဆုံးသူ ၄ သောင်းကျော်ရှိလာသည်ကို တွေ့ရှိရ ကြောင်း၊ အာဆီယံ နိုင်ငံများအနက် စင်ကာပူနိုင်ငံတွင် ၄ ပတ်တာကာလတွင် ကူးစက် ခံရသူ ၈၅ ဦးသာရှိပြီး သေဆုံးသူမရှိကြောင်း၊ ၁၃ ပတ်အကြာတွင် ကူးစက်ခံရသူ ၆၀၀၀ ကျော်၊ သေဆုံးသူ ၁၁ ဦး ရှိသည်ကို တွေ့ရှိရကြောင်း။

မြန်မာနိုင်ငံတွင် ရောဂါကူးစက်ပြန့်ပွားမှုအခြေအနေမှာ ပြည်ပမှ ရောက်ရှိလာသူ များမှတစ်ဆင့် ကူးစက်ခံရသူ ၃၇ ဦး၊ ဘာသာရေးအခမ်းအနားတစ်ခုမှတစ်ဆင့် ကူးစက်ခံရသူ ၅၇ ဦး၊ ပြည်တွင်းကူးစက်မှု ၁၇ ဦး၊ စုစုပေါင်း ၁၁၁ ဦးဖြစ်သည်ကိုတွေ့ရှိရကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကူးစက်ဖြစ်ပွားမှုအခြေအနေမှာ ရန်ကုန်တိုင်း ဒေသကြီး ၉၁ ဦး၊ ပဲခူးတိုင်းဒေသကြီး ၅ ဦး၊ ချင်းပြည်နယ် ၄ ဦး၊ မန္တလေးတိုင်းဒေသကြီး ၂ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ၂ ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၂ ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် (တောင်ပိုင်း) တစ်ဦးစီ၊ နေပြည်တော်ကောင်စီနယ်မြေ၊ မကွေးတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် တစ်ဦးစီဖြစ်ကြောင်း၊ ရောဂါပိုးကူးစက်ခံရသူတွေ့ရှိမှု အနေဖြင့် တစ်နိုင်ငံလုံးတွင် ၃၅ မြို့နယ်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီးတစ်ခုတည်းတွင် ၂၂ မြို့နယ်ရှိကြောင်း စသည့်အခြေအနေများ။

တပ်မတော်အတွင်း Quarantine ဆောင်ရွက်ထားရှိမှု၊ ရောဂါရှာဖွေစမ်းသပ်မှု ယနေ့အထိ တပ်မတော်တွင် ရောဂါပိုးကူးစက်ခံရမှု မရှိ(မရှိ) သည့် အခြေအနေများ၊ ရောဂါကာကွယ်ရေးဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊ ဆေးဖြန်းဝတ်စုံနှင့် ဆေးဖြန်းရာ တွင်အသုံးပြုသည့် ဆေးနှင့် ကုန်ကြမ်းပစ္စည်းများ ထုတ်လုပ်၊ ဝယ်ယူ၊ လှူဒါန်းရရှိမှုနှင့် နယ်မြေဒေသအသီးသီးသို့ ထုတ်ပေးဖြန့်ဝေထားရှိမှု အခြေအနေများ၊ ပြည်သူများအား Quarantineလက်ခံဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ စစ်မှုထမ်းဟောင်းများနှင့် တိုင်းပြည် အတွက် အသက်စွန့်ခဲ့သည့် အရာရှိ၊ စစ်သည်များ၏ မိသားစုများ အတွက် ရိက္ခာထောက်ပံ့ပေးမှု အခြေအနေများ၊ မော်တော်ယာဉ်များဖြင့် ဆေးဖြန်း နိုင် ရေး ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ တပ်မတော် စက်ရုံ၊ အလုပ်ရုံများတွင် သတ်မှတ်စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်စေလျက်ရှိသည့် အခြေအနေများ။

တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် ဆေးရုံများရှိ လူနာများအတွက် နွားနို့်၊ ကြက်ဥ အစရှိသော အာဟာရဖြည့်စွက်စာများ ကူညီကျွေးမွေးလျက်ရှိသည့် အခြေအနေ များ၊ ဧပြီလ ၁၆ ရက်မှ ၁၉ ရက်အထိ ကာလအတွင်း ဝေးလံခေါင်ပါးသည့်ဒေသများရှိ တိုင်းရင်းသားပြည်သူများအား တပ်ဌာနချုပ်၊ ရှေ့တန်းစခန်း၊ စစ်ကြောင်းများက ကျန်းမာရေး အသိပညာပေးမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိ ရာ အိမ်ထောင်စုပေါင်း ၅ သောင်းကျော်၊ လူဦးရေပေါင်း ၂ သိန်း ၄ သောင်းကျော် ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ဆက်လက်ဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ နိုင်ငံ အနှံ့ သို့ တပ်မတော်လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ဆေးအကာအကွယ်ပစ္စည်းများ ပို့ဆောင်ပေးနေမှုအခြေအနေများ၊ ဆေးရုံရေယာဉ်များ အသင့်ပြင်ဆင်ဆောင်ရွက်ထားရှိ မှုအခြေအနေများ၊ ရောဂါပိုးကူးစက်ခံရသူများအား ကုသရေးအတွက် အသုံးပြုနိုင်မည့် ဆေးဝါးများဆိုင်ရာ အခြေအနေများ၊ တီးတိန်မြို့နှင့် တာချီလိတ်မြို့တို့တွင် လူနာထားရှိ ရန်နှင့် ဆရာဝန်သူနာပြုလိုအပ်ချက်များဖြစ်ပေါ်နေမှုနှင့် ကူညီဆောင်ရွက်ပေးထားမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က လိုအပ်သည်များ ဖြည့်ဆည်းစီစဉ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် လက်ရှိအခြေအနေ၌ ရောဂါပိုး အတည်ပြုဓာတ်ခွဲစမ်းသပ်မှုအား ရန်ကုန်မြို့တွင်သာ စစ်ဆေးနိုင်သည့်အတွက် လိုအပ်သည့်နေရာများသို့ ကနဦး ရောဂါပိုးစစ်ဆေးနိုင်သည့် စက်များ ပို့ဆောင်ထားရှိပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တီးတိန်နှင့် တာချီလိတ်မြို့များအတွက် လိုအပ်သည့် ဆရာဝန်၊ သူနာပြုနှင့် ဆေးအကာအကွယ် ပစ္စည်းများအား ပြည့်စုံအောင် အဖွဲ့စနစ်ဖြင့် ဖွဲ့စည်းစီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆေးအကာ အကွယ်ပစ္စည်းများ ပေးပို့ရာတွင် လေယာဉ်ကွင်းမရှိသော နယ်ဆေးရုံများ အတွက် ရဟတ်ယာဉ်များဖြင့် ရောက်အောင် ပို့ဆောင်ပေးရန်လိုအပ်ကြောင်း၊ မော်တော် ယာဉ်ဖြင့် ဆေးဖြန်းရာတွင် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရန်နှင့် နေရောင်ခြည်တွင်ပါရှိသော ခရမ်းလွန်ရောင်ခြည်နှင့် အပူ ရှိန်တို့ကြောင့် ရောဂါပိုးများ ပျက်စီးနိုင်သည့်အတွက် လမ်းများပေါ်၌ နေရောင်ခြည် ကောင်းစွာ ကျရောက်နိုင်ရေး၊ တတ်နိုင်သမျှ မော်တော်ယာဉ်များရှင်းလင်းထားရှိရေး ဆောင်ရွက်ရန်လိုကြောင်း၊ တပ်မတော်စစ်ဆေးရုံ များတည်ရှိရာ နယ်မြေအလိုက် တာဝန် အသီးသီးဖြန့်ခွဲ ထားပြီး ဖြစ်၍ တာဝန်ယူရသည့် မြို့နယ်များတွင် ရောဂါကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်းများ နိုင်နိုင်နင်းနင်း ဖိဖိစီးစီး ဆောင်ရွက်ပေးရန်လိုကြောင်း၊ စစ်မြေပြင် ဆေးတပ်ရင်း များအနေဖြင့် အင်အားကိုထုတ်နုတ်၍ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်း ဟောင်းများနှင့် တပ်မိသားစုဝင်များအတွက် စားရေးလိုအပ်ချက်များကိုလည်း ရေရှည် အတွက် စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တစ်ပိုင်တစ်နိုင်နှင့် တပ်ပိုင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများအား စနစ်တကျ ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

တပ်မတော် စက်ရုံများမှ မဖြစ်မနေထုတ်လုပ်ရမည့် ပစ္စည်းများ၊ စားကုန်များအား ရပ်တန့်ထား၍ မရဘဲ တိုင်းပြည်နှင့် တပ်မတော်အတွက် အရန်အသင့်ရှိရန် လည်ပတ် ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း၊ ဆေးအကာ အကွယ်ပစ္စည်းများနှင့် ပတ်သက်၍ လိုအပ် သည့် ပစ္စည်းအချို့မှလွဲ၍ ကျန်ပစ္စည်းများအားလုံးကို လက်ကျန် မထားဘဲ ရောက်။ ဖြန့် စနစ်ဖြင့် နယ်မြေဒေသအသီးသီးသို့ ပို့ဆောင်ပေးရန်လိုကြောင်း၊ အားကစားလှုပ်ရှား မှုများအား မိမိတို့ တပ်ဝန်းများအတွင်းတွင် လုပ်ဆောင်နိုင်သည်ဖြစ်၍ လေ့ကျင့်ရေး မူဝါဒ၊ အမိန့်၊ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရေး အတွက် COVID-19 ရာဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများအား နယ်ဘက် ဆိုင်ရာများနှင့် လူ၊ ပစ္စည်း၊ အစားအသောက် လိုအပ်ချက်မှန်သမျှကို အပြည့်အ၀ ပူးပေါင်းကူညီ ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ပြည်သူများအတွက် ကျန်းမာရေး သည် အဓိကလိုအပ်ချက်ဖြစ်ပြီး နိုင်ငံတကာအလယ်တွင် မျက်နှာမပျက်အောင် ကြိုးစားဆောင် ရွက်ကြရမည်ဖြစ် ကြောင်းနှင့် ရောဂါကူးစက်ပြန့်ပွားမှုနှင့် ပတ်သက်၍ ကောလာဟလ သတင်းမှားများ မဖြစ်ပေါ်စေရေး ဂရုစိုက်ရမည်ဖြစ်ပြီး ရောဂါဖြစ်ပွားမှု အခြေအနေမှန်ကို ပြည်သူများ အချိန်နှင့်တပြေးညီသိရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သို့မှသာ ပြည်သူလူထုအနေဖြင့် လိုအပ်သည့် ကာကွယ်မှုများ အချိန်မီ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းနှင့် မိမိတို့သိရှိရသော သတင်းများအား အချိန်နှင့် တပြေးညီပေးပို့ တင်ပြကြရ မည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ယနေ့အထိ တပ်မတော်အတွင်း COVID-19 ရောဂါကူးစက်ခံရသူ၊ ရောဂါပိုးတွေ့ ရှိသူမရှိ (မရှိ)သေးဘဲ Hospital Quarantine စောင့်ကြည့်သူ တပ်မတော်သား(၁၈)ဦး၊ မှီခို(၉) ဦး၊ Home Quarantine စောင့်ကြည့် သူ၊ တပ်မတော်သား(၁၉၆)ဦး၊ မှီခို(၁၀၆)ဦး၊ Facilities Quarantine စောင့်ကြည့်သူ တပ်မတော် သား(၃၄၅)ဦး၊ မှီခို(၁၇၀)ဦးဖြစ်ပြီး Facilities Quarantine စောင့်ကြည့်ရန်အတွက် ရန်ကုန် စစ်ကြောရေးနှင့် တည်းခိုရေး စခန်းတွင် ပြည်သူ (၁၇၅)ဦး၊ နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ပြည်သူ (၄၈၆)ဦး၊ ကျိုင်းတုံမြို့ရှိ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းတွင် ပြည်သူ(၁)ဦး စုစုပေါင်း ပြည်သူ(၆၆၂)ဦးတို့ ဖြစ်ကြောင်းနှင့် ၎င်းတို့အားလုံး၏ ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိသည်။

 (Zawgyi Version)

COVID-19 ေရာဂါႏွင့္ပတ္သက္၍ ထုတ္ျပန္ထားသည့္ အမိန္႕၊ ၫႊန္ၾကားခ်က္၊ စည္းမ်ဥ္း စည္းကမ္းမ်ားအား တိတိက်က် သိရွိ၊ နားလည္၊ လုိက္နာၾကရန္၊ ေကာလာဟလ သတင္းမွားမ်ား မျဖစ္ေပၚေစေရး ဂ႐ုျပဳေဆာင္ ရြက္ရန္လုိ

ေနျပည္ေတာ္၊ ဧၿပီ – ၂၀

ကမၻာ့ကပ္ေရာဂါ COVID-19 ကာကြယ္ေရး၊ ထိန္းခ်ဳပ္ေရး၊ ကုသေရးႏွင့္အျခား လုိအပ္ခ်က္မ်ား ေဆာင္ရြက္ေပးႏုိင္ေရး စတုတၳအႀကိမ္ၫႇိႏႈိင္းအစည္းအေ၀းကုိ ယေန႕ေန႕လယ္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) အစည္းအေ၀း ခန္းမ၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးစီး၍ က်င္းပျပဳလုပ္သည္။

အဆုိပါ အစည္းအေ၀းသုိ႕ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၊ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း၊ ကာကြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး စိန္၀င္း၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ ေရ၊ ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က အဖြင့္ အမွာစကားေျပာၾကားရာတြင္ ကမၻာတြင္ COVID-19 ေရာဂါျဖစ္ပြားမႈမွာ အခ်ိန္ကာလအားျဖင့္ ၃ လေက်ာ္ရွိၿပီး ျမန္မာႏုိင္ငံ၌ မတ္လ ၂၃ ရက္ေန႕တြင္ COVID-19 ေရာဂါပုိးစတင္ေတြ႕ရွိခဲ့သျဖင့္ အခ်ိန္ကာလအားျဖင့္ တစ္လခန္႕ရွိၿပီျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ လုပ္ေဆာင္ရန္ရွိသည္မ်ားအား လုပ္ေဆာင္လ်က္ရွိေၾကာင္း၊ ကုိ္ယ္ခံအားနည္းသည့္ ေဆး႐ုံတက္လူနာမ်ားအား ပုိမုိဂ႐ုစုိက္ရန္လုိအပ္မည္ျဖစ္ေၾကာင္း၊ ေရာဂါႀကိဳတင္ကာကြယ္ထိန္းခ်ဳပ္ႏုိင္ ေရးအတြက္ သြားလာမႈကန္႕သတ္ျခင္း၊ စစ္ေဆးျခင္း စသည့္ လုပ္သင့္လုပ္ထုိက္တာမွန္သမွ်ကုိ အေလးအနက္ ထားလုပ္ေဆာင္ရမည္ျဖစ္ ေၾကာင္း၊ ထုတ္ျပန္ထားသည့္ အမိန္႕၊ ၫႊန္ၾကားခ်က္၊ စည္းမ်ဥ္းစည္းကမ္းမ်ားအား လူတုိင္း တိတိက်က် သိရွိ၊ နားလည္၊ လုိက္နာၾကရန္ အေရးအႀကီးဆုံးျဖစ္ေၾကာင္း၊ ျမန္မာႏုိင္ငံအတြင္း ျပည္ပမွ ျပန္လည္ေရာက္ရွိလာသူမ်ားသည္ ႏုိ္င္ငံအႏွံ႕ ပ်ံ႕ႏွ႕ံ ေရာက္ရွိ ေနၿပီျဖစ္၍ တပ္ဌာနခ်ဳပ္မ်ား၊ စစ္မႈ ထမ္းမ်ား၊ စစ္မႈထမ္းေဟာင္းမ်ား၊ တပ္ျပင္ ေနၾကသူမ်ား အေနျဖင့္ ေရာဂါျဖစ္ပြားမႈဆုိင္ရာ အေျခအေနမ်ားကုိ နယ္ေျမ အလုိက္အခ်ိန္မီ သတင္းေပးပုိ႕ၾကရန္လုိအပ္ေၾကာင္း၊ ယခင္အစည္းအေ၀းမ်ားတြင္ ေဆြးေႏြး ေဆာင္ရြက္ခဲ့သည့္ အေျခအေနမ်ား၊ ဆက္လက္ေဆာင္ရြက္သြားမည့္ အေျခအေနမ်ားအား ေဆြးေႏြးတင္ျပၾက ရန္ ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားသည္။

ထုိ႕ေနာက္ အစည္းအေ၀းတက္ေရာက္လာၾကသူမ်ားက ရွင္းလင္းတင္ျပၾကရာတြင္ ကမၻာေပၚ၌ ႏုိင္ငံေပါင္း ၂၁၂ ႏုိင္ငံတြင္ COVID-19 ေရာဂါကူးစက္ခံရသူေပါင္း ၂ ဒသမ ၄ သန္းေက်ာ္၊ ေသဆုံးသူေပါင္း တစ္သိန္းေျခာက္ေသာင္းေက်ာ္၊ ေသဆုံးမႈႏႈန္း ၆ ဒသမ ၈၅ ရာခုိင္ႏႈန္းျဖစ္ၿပီး လက္ရွိတြင္ ကူးစက္ခံရမႈ အဆုိးရြားဆုံး ၅ ႏုိင္ငံမွာ အေမရိကန္၊ စပိန္၊ အီတလီ၊ ျပင္သစ္ႏွင့္ ဂ်ာမဏီႏုိင္ငံတုိ႕ျဖစ္ေၾကာင္း၊ ေရာဂါကူးစက္ခံရမႈအား အေကာင္းဆုံးထိန္းခ်ဳပ္ႏိုင္ခဲ့သည့္ ႏုိင္္ငံ ၅ ႏုိင္ငံမွာ တ႐ုတ္၊ ၾသစေၾတးလ်၊ နယူးဇီလန္၊ ဗီယက္နမ္ႏွင့္ ဘ႐ူႏုိင္းႏုိင္ငံတို႕ ျဖစ္ေၾကာင္း၊ ယင္းႏုိင္ငံမ်ားတြင္ ထုတ္ျပန္ထားသည့္ အမိန္႕ႏွင့္ ၫႊန္ၾကားခ်က္မ်ားအား တိက်မွန္ကန္စြာထုတ္ျပန္၍ ျပည္သူလူထုမွ လုိက္ပါ ေဆာင္ရြက္ေအာင္ ၾကပ္မတ္ႏို္င္ျခင္းေၾကာင့္ ျဖစ္သည္ကုိ ေတြ႕ရွိရေၾကာင္း၊ ျမန္မာႏုိင္ငံ တြင္ မတ္လ ၂၃ ရက္ေန႕မွ ယေန႕ဧၿပီလ ၂၀ ရက္ေန႕ နံနက္အထိ ရက္သတၲပတ္ ၄ ပတ္ ကာလအတြင္း ေရာဂါကူးစက္ခံရသူ ၁၁၁ ဦး၊ ေသဆုံးသူ ၅ ဦး၊ ျပန္လည္သက္သာလာသူ ၇ ဦး၊ ေသဆုံးမႈႏႈန္း ၄ ဒသမ ၅ ရာခုိင္ႏႈန္းရွိေၾကာင္း၊ အလားတူကာလတြင္ အေမရိကန္ ႏုိင္ငံ၌ ကူးစက္ခံရသူ ၁၅ ဦးသာရွိၿပီး ေသဆုံးမႈမရွိေၾကာင္း၊ သုိ႕ေသာ္ ၁၄ ပတ္ အၾကာ တြင္ ကူးစက္ခံရသူ ၇ သိန္းေက်ာ္၊ ေသဆုံးသူ ၄ ေသာင္းေက်ာ္ရွိလာသည္ကုိ ေတြ႕ရွိရ ေၾကာင္း၊ အာဆီယံ ႏုိင္ငံမ်ားအနက္ စင္ကာပူႏုိင္္ငံတြင္ ၄ ပတ္တာကာလတြင္ ကူးစက္ ခံရသူ ၈၅ ဦးသာရွိၿပီး ေသဆုံးသူမရွိေၾကာင္း၊ ၁၃ ပတ္အၾကာတြင္ ကူးစက္ခံရသူ ၆၀၀၀ ေက်ာ္၊ ေသဆုံးသူ ၁၁ ဦး ရွိသည္ကုိ ေတြ႕ရွိရေၾကာင္း။

ျမန္မာႏုိင္ငံတြင္ ေရာဂါကူးစက္ျပန္႕ပြားမႈအေျခအေနမွာ ျပည္ပမွ ေရာက္ရွိလာသူ မ်ားမွတစ္ဆင့္ ကူးစက္ခံရသူ ၃၇ ဦး၊ ဘာသာေရးအခမ္းအနားတစ္ခုမွတစ္ဆင့္ ကူးစက္ခံရသူ ၅၇ ဦး၊ ျပည္တြင္းကူးစက္မႈ ၁၇ ဦး၊ စုစုေပါင္း ၁၁၁ ဦးျဖစ္သည္ကုိေတြ႕ရွိရေၾကာင္း၊ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလိုက္ ကူးစက္ျဖစ္ပြားမႈအေျခအေနမွာ ရန္ကုန္တုိင္း ေဒသႀကီး ၉၁ ဦး၊ ပဲခူးတုိင္းေဒသႀကီး ၅ ဦး၊ ခ်င္းျပည္နယ္ ၄ ဦး၊ မႏၲေလးတုိင္းေဒသႀကီး ၂ ဦး၊ စစ္ကုိင္းတုိ္င္းေဒသႀကီး ၂ ဦး၊ ရွမ္းျပည္နယ္(အေရွ႕ပုိင္း) ၂ ဦး၊ ရွမ္းျပည္နယ္ (ေျမာက္ပုိင္း)ႏွင့္ (ေတာင္ပုိ္င္း) တစ္ဦးစီ၊ ေနျပည္ေတာ္္ေကာင္စီနယ္ေျမ၊ မေကြးတုိင္း ေဒသႀကီးႏွင့္ မြန္ျပည္နယ္တုိ႕တြင္ တစ္ဦးစီျဖစ္ေၾကာင္း၊ ေရာဂါပုိးကူးစက္ခံရသူေတြ႕ရွိမႈ အေနျဖင့္ တစ္ႏုိင္ငံလုံးတြင္ ၃၅ ၿမိဳ႕နယ္ရွိၿပီး ရန္ကုန္တုိ္င္း ေဒသႀကီးတစ္ခုတည္းတြင္ ၂၂ ၿမိဳ႕နယ္ရွိေၾကာင္း စသည့္အေျခအေနမ်ား။

တပ္မေတာ္အတြင္း Quarantine ေဆာင္ရြက္ထားရွိမႈ၊ ေရာဂါရွာေဖြစမ္းသပ္မႈ ယေန႕အထိ တပ္မေတာ္တြင္ ေရာဂါပုိးကူးစက္ခံရမႈ မရွိ(မရွိ) သည့္ အေျခအေနမ်ား၊ ေရာဂါကာကြယ္ေရးဆုိင္ရာ အသုံးအေဆာင္ပစၥည္းမ်ား၊ ေဆးျဖန္း၀တ္စုံႏွင့္ ေဆးျဖန္းရာ တြင္အသုံးျပဳသည့္ ေဆးႏွင့္ ကုန္ၾကမ္းပစၥည္းမ်ား ထုတ္လုပ္၊ ၀ယ္ယူ၊ လွဴဒါန္းရရွိမႈႏွင့္ နယ္ေျမေဒသအသီးသီးသုိ႕ ထုတ္ေပးျဖန္႕ေ၀ထားရွိမႈ အေျခအေနမ်ား၊ ျပည္သူမ်ားအား Quarantineလက္ခံေဆာင္ရြက္ေပးလ်က္ရွိသည့္ အေျခအေနမ်ား၊ စစ္မႈထမ္းေဟာင္းမ်ားႏွင့္ တုိင္းျပည္ အတြက္ အသက္စြန္႕ခဲ့သည့္ အရာရွိ၊ စစ္သည္မ်ား၏ မိသားစုမ်ား အတြက္ ရိကၡာေထာက္ပံ့ေပးမႈ အေျခအေနမ်ား၊ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ေဆးျဖန္း ႏုိင္ ေရး ေဆာင္ရြက္ေပးေနမႈအေျခအေနမ်ား၊ တပ္မေတာ္ စက္႐ုံ၊ အလုပ္႐ုံမ်ားတြင္ သတ္မွတ္စည္းကမ္းခ်က္မ်ားအတုိင္း လုိက္နာေဆာင္ရြက္ေစလ်က္ရွိသည့္ အေျခ အေနမ်ား။

တုိင္းစစ္ဌာနခ်ဳပ္နယ္ေျမမ်ားအလိုက္ ေဆး႐ုံမ်ားရွိ လူနာမ်ားအတြက္ ႏြားႏုိ္႕၊ ၾကက္ဥ အစရွိေသာ အာဟာရျဖည့္စြက္စာမ်ား ကူညီေကြၽးေမြးလ်က္ရွိသည့္ အေျခအေန မ်ား၊ ဧၿပီလ ၁၆ ရက္မွ ၁၉ ရက္အထိ ကာလအတြင္း ေ၀းလံေခါင္ပါးသည့္ေဒသမ်ားရွိ တုိင္းရင္းသားျပည္သူမ်ားအား တပ္ဌာနခ်ဳပ္၊ ေရွ႕တန္းစခန္း၊ စစ္ေၾကာင္းမ်ားက က်န္းမာေရး အသိပညာေပးမႈႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပး လ်က္ရွိ ရာ အိမ္ေထာင္စုေပါင္း ၅ ေသာင္းေက်ာ္၊ လူဦးေရေပါင္း ၂ သိန္း ၄ ေသာင္းေက်ာ္ ေဆာင္ရြက္ ေပးႏုိင္ခဲ့ၿပီး ဆက္လက္ေဆာင္ရြက္ေပးသြားမည့္ အေျခအေနမ်ား၊ ႏုိင္ငံ အႏွံ႕ သုိ႕ တပ္မေတာ္ေလယာဥ္၊ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ေဆးအကာအကြယ္ပစၥည္းမ်ား ပုိ႕ေဆာင္ေပးေနမႈအေျခအေနမ်ား၊ ေဆး႐ုံေရယာဥ္မ်ား အသင့္ျပင္ဆင္ေဆာင္ရြက္ထားရွိ မႈအေျခအေနမ်ား၊ ေရာဂါပုိးကူးစက္ခံရသူမ်ားအား ကုသေရးအတြက္ အသုံးျပဳႏုိင္မည့္ ေဆး၀ါးမ်ားဆုိင္ရာ အေျခအေနမ်ား၊ တီးတိန္ၿမိဳ႕ႏွင့္ တာခ်ီလိတ္ၿမိဳ႕တုိ႕တြင္ လူနာထားရွိ ရန္ႏွင့္ ဆရာ၀န္သူနာျပဳလုိအပ္ခ်က္မ်ားျဖစ္ေပၚေနမႈႏွင့္ ကူညီေဆာင္ရြက္ေပးထားမႈ အေျခအေနမ်ားအား ရွင္းလင္းေဆြးေႏြးတင္ျပၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က လုိအပ္သည္မ်ား ျဖည့္ဆည္းစီစဥ္ ၫႇိႏႈိင္းေဆာင္ရြက္ေပးသည္။

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ လက္ရွိအေျခအေန၌ ေရာဂါပုိး အတည္ျပဳဓာတ္ခြဲစမ္းသပ္မႈအား ရန္ကုန္ၿမိဳ႕တြင္သာ စစ္ေဆးႏုိင္သည့္အတြက္ လုိအပ္သည့္ေနရာမ်ားသုိ႕ ကနဦး ေရာဂါပုိးစစ္ေဆးႏုိင္သည့္ စက္မ်ား ပုိ႕ေဆာင္ထားရွိေပးႏုိင္ေရး စီစဥ္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ တီးတိန္ႏွင့္ တာခ်ီလိတ္ၿမိဳ႕မ်ားအတြက္ လုိအပ္သည့္ ဆရာ၀န္၊ သူနာျပဳႏွင့္ ေဆးအကာအကြယ္ ပစၥည္းမ်ားအား ျပည္႕စုံေအာင္ အဖြဲ႕စနစ္ျဖင့္ ဖြဲ႕စည္းစီစဥ္ေဆာင္ရြက္ေပးရမည္ျဖစ္ေၾကာင္း၊ ေဆးအကာ အကြယ္ပစၥည္းမ်ား ေပးပုိ႕ရာတြင္ ေလယာဥ္ကြင္းမရွိေသာ နယ္ေဆး႐ုံမ်ား အတြက္ ရဟတ္ယာဥ္မ်ားျဖင့္ ေရာက္ေအာင္ ပုိ႕ေဆာင္ေပးရန္လုိအပ္ေၾကာင္း၊ ေမာ္္ေတာ္ ယာဥ္ျဖင့္ ေဆးျဖန္းရာတြင္ ထိထိေရာက္ေရာက္ ေဆာင္ရြက္ေပးႏုိင္ရန္ႏွင့္ ေနေရာင္ျခည္တြင္ပါရွိေသာ ခရမ္းလြန္ေရာင္ျခည္ႏွင့္ အပူ ရွိန္တုိ႕ေၾကာင့္ ေရာဂါပုိးမ်ား ပ်က္စီးႏုိင္သည့္အတြက္ လမ္းမ်ားေပၚ၌ ေနေရာင္ျခည္ ေကာင္းစြာ က်ေရာက္ႏုိင္ေရး၊ တတ္ႏုိင္သမွ် ေမာ္ေတာ္ယာဥ္မ်ားရွင္းလင္းထားရွိေရး ေဆာင္ရြက္ရန္လုိေၾကာင္း၊ တပ္မေတာ္စစ္ေဆး႐ုံ မ်ားတည္ရွိရာ နယ္ေျမအလုိ္က္ တာ၀န္ အသီးသီးျဖန္႕ခြဲ ထားၿပီး ျဖစ္၍ တာ၀န္ယူရသည့္ ၿမိဳ႕နယ္မ်ားတြင္ ေရာဂါကာကြယ္ထိန္း ခ်ဳပ္ေရးလုပ္ငန္းမ်ား ႏုိင္ႏုိင္နင္းနင္း ဖိဖိစီးစီး ေဆာင္ရြက္ေပးရန္လုိေၾကာင္း၊ စစ္ေျမျပင္ ေဆးတပ္ရင္း မ်ားအေနျဖင့္ အင္အားကုိထုတ္ႏုတ္၍ ေဆာင္ရြက္ေပးရမည္ျဖစ္ေၾကာင္း၊ စစ္မႈထမ္း ေဟာင္းမ်ားႏွင့္ တပ္မိသားစု၀င္မ်ားအတြက္ စားေရးလုိအပ္ခ်က္မ်ားကုိလည္း ေရရွည္ အတြက္ စဥ္းစား ေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း၊ တစ္ပုိင္တစ္ႏုိင္ႏွင့္ တပ္ပုိင္ စုိက္ပ်ဳိး ေမြးျမဴေရးလုပ္ငန္းမ်ားအား စနစ္တက် ဆက္လက္ေဆာင္ရြက္သြားၾကရမည္ျဖစ္ ေၾကာင္း။

တပ္မေတာ္ စက္႐ုံမ်ားမွ မျဖစ္မေနထုတ္လုပ္ရမည့္ ပစၥည္္းမ်ား၊ စားကုန္မ်ားအား ရပ္တန္႕ထား၍ မရဘဲ တုိင္းျပည္ႏွင့္ တပ္မေတာ္အတြက္ အရန္အသင့္ရွိရန္ လည္ပတ္ ထုတ္လုပ္ႏုိင္ရမည္ျဖစ္ေၾကာင္း၊ ေဆးအကာ အကြယ္ပစၥည္းမ်ားႏွင့္ ပတ္သက္၍ လုိအပ္ သည့္ ပစၥည္းအခ်ဳိ႕မွလြဲ၍ က်န္ပစၥည္းမ်ားအားလုံးကုိ လက္က်န္ မထားဘဲ ေရာက္။ ျဖန္႕ စနစ္ျဖင့္ နယ္ေျမေဒသအသီးသီးသုိ႕ ပုိ႕ေဆာင္ေပးရန္လုိေၾကာင္း၊ အားကစားလႈပ္ရွား မႈမ်ားအား မိမိတုိ႕ တပ္၀န္းမ်ားအတြင္းတြင္ လုပ္ေဆာင္ႏုိင္သည္ျဖစ္၍ ေလ့က်င့္ေရး မူ၀ါဒ၊ အမိန္႕၊ ၫႊန္ၾကားခ်က္မ်ားအတုိင္း လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္ အေနျဖင့္ ျပည္သူလူထု၏ အသက္အုိးအိမ္စည္းစိမ္ကုိ ကာကြယ္ေစာင့္ေရွာက္ေရး အတြက္ COVID-19 ရာဂါ ကာကြယ္ထိန္းခ်ဳပ္ ကုသေရးလုပ္ငန္းမ်ားအား နယ္ဘက္ ဆုိင္ရာမ်ားႏွင့္ လူ၊ ပစၥည္း၊ အစားအေသာက္ လုိအပ္ခ်က္မွန္္သမွ်ကုိ အျပည့္အ၀ ပူးေပါင္းကူညီ ေဆာင္ရြက္ေပးသြားရမည္ျဖစ္ေၾကာင္း၊ ျပည္သူမ်ားအတြက္ က်န္းမာေရး သည္ အဓိကလုိအပ္ခ်က္ျဖစ္ၿပီး ႏုိင္ငံတကာအလယ္တြင္ မ်က္ႏွာမပ်က္ေအာင္ ႀကိဳးစားေဆာင္ ရြက္ၾကရမည္ျဖစ္ ေၾကာင္းႏွင့္ ေရာဂါကူးစက္ျပန္႕ပြားမႈႏွင့္ ပတ္သက္၍ ေကာလာဟလ သတင္းမွားမ်ား မျဖစ္ေပၚေစေရး ဂ႐ုစုိက္ရမည္ျဖစ္ၿပီး ေရာဂါျဖစ္ပြားမႈ အေျခအေနမွန္ကုိ ျပည္သူမ်ား အခ်ိန္ႏွင့္တေျပးညီသိရွိေအာင္ ေဆာင္ရြက္ရမည္ ျဖစ္ေၾကာင္း၊ သို႕မွသာ ျပည္သူလူထုအေနျဖင့္ လုိအပ္သည့္ ကာကြယ္မႈမ်ား အခ်ိန္မီ လုပ္ေဆာင္ႏုိင္မည္ျဖစ္ေၾကာင္းႏွင့္ မိမိတုိ႕သိရွိရေသာ သတင္းမ်ားအား အခ်ိန္ႏွင့္ တေျပးညီေပးပုိ႕ တင္ျပၾကရ မည္ျဖစ္ေၾကာင္းျဖင့္ မွာၾကားသည္။

ယေန႕အထိ တပ္မေတာ္အတြင္း COVID-19 ေရာဂါကူးစက္ခံရသူ၊ ေရာဂါပုိးေတြ႕ ရွိသူမရွိ (မရွိ)ေသးဘဲ Hospital Quarantine ေစာင့္ၾကည့္သူ တပ္မေတာ္သား(၁၈)ဦး၊ မွီခုိ(၉) ဦး၊ Home  Quarantine ေစာင့္ၾကည့္ သူ၊ တပ္မေတာ္သား(၁၉၆)ဦး၊ မွီခုိ(၁၀၆)ဦး၊ Facilities Quarantine ေစာင့္ၾကည့္သူ တပ္မေတာ္ သား(၃၄၅)ဦး၊ မွီခုိ(၁၇၀)ဦးျဖစ္ၿပီး Facilities Quarantine ေစာင့္ၾကည့္ရန္အတြက္ ရန္ကုန္ စစ္ေၾကာေရးႏွင့္ တည္းခုိေရး စခန္းတြင္ ျပည္သူ (၁၇၅)ဦး၊ ေနျပည္ေတာ္ စစ္ေၾကာေရးႏွင့္ တည္းခုိေရးစခန္းတြင္ ျပည္သူ (၄၈၆)ဦး၊ က်ိဳင္းတုံၿမိဳ႕ရွိ တပ္မေတာ္တန္းျမင့္ ေလ့က်င့္ေရးသင္တန္းေက်ာင္းတြင္ ျပည္သူ(၁)ဦး စုစုေပါင္း ျပည္သူ(၆၆၂)ဦးတုိ႕ ျဖစ္ေၾကာင္းႏွင့္ ၎တုိ႕အားလုံး၏ က်န္းမာေရးအေျခအေနေကာင္းမြန္လ်က္ရွိသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။