တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှော်ဘီတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ နိုဝင်ဘာ ၁၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ မှော်ဘီတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံလေတပ်စခန်းဌာနချုပ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် မှော်ဘီတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ တပ်မတော်များ၏ အဓိကလုပ်ငန်းတာဝန်သည် နိုင်ငံတော်၏အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ပြီး ထိုသို့ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် တပ်မတော်၏ကာကွယ်ရေးစွမ်းအင်၊ စွမ်းအားများကိုမြှင့်တင်ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့တပ်မတော်၌လည်း ကာကွယ်ရေးစွမ်းရည် ထက်မြက်စေရေးအတွက် ခေတ်အဆက်ဆက် တပ်မတော်အကြီးအကဲများက အခက်အခဲများကြားမှ တည်ဆောက်ခဲ့ကြပြီး လူသားအရင်းအမြစ်နှင့် အသုံးအဆောင်ပစ္စည်း အရင်းအမြစ်များကို မြှင့်တင်ဆောင်ရွက်ခဲ့ကြရကြောင်း၊ လက်ရှိအချိန်တွင် ယခင်ကထက်သာလွန်သည့် ကာကွယ်ရေးစွမ်းရည်ကို တည်ဆောက်ပေးနိုင်ခဲ့ပြီး ဆက်လက်တိုးမြှင့်တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း။

ခေတ်မီပြီးစွမ်းရည်ထက်မြက်သော တပ်မတော်ဖြစ်စေရေးတည်ဆောက်ရာတွင် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်စသည့် လုပ်ငန်းကြီးသုံးရပ်ကို စနစ်တကျဖြင့်လည်ပတ်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တပ်ရင်းတပ်ဖွဲ့များအနေဖြင့်လည်း တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိသည့် တပ်ရင်းတပ်ဖွဲ့များဖြစ်စေရေး လေ့ကျင့်ရေးလုပ်ငန်းများကို မှန်မှန်ကန်ကန်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တပ်မတော်သားများ၏ တိုက်စွမ်းရည်၊ တိုက်စွမ်းအား မြှင့်တင်နိုင်ရေးဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ သက်သာချောင်ချိရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဆင့်လိုက်အုပ်ချုပ်ကွပ်ကဲရသူများကလည်း ညီညွတ်မျှတသည့် အုပ်ချုပ်မှုနှင့် သက်သာချောင်ချိရေးကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စည်းကမ်းသည်တပ်မတော်၏ကျောရိုးဖြစ်သည့်အတွက် အသေးအဖွဲကအစ စည်းကမ်းလိုက်နာရမည်ဖြစ်ကာ မိမိတို့တစ်ဦးချင်းနှင့် တပ်များစွမ်းရည်မြင့်ရေးအတွက် ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် မှန်မှန်ကန်ကန်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ဝတ်စားဆင်ယင်မှုတွင်လည်း စနစ်ကျနရမည်ဖြစ်ပြီး စစ်ဝတ်များကို မိမိတို့လက်ထက်မှစ၍ အရောင်အသွေး၊ အမျိုးအစား တစ်ပုံစံတည်းဖြစ်အောင်ဆောင်ရွက်ပေးထားကြောင်း၊ အရပ်ဝတ်များကိုလည်း တပ်မတော်စက်ရုံများမှ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း။

စစ်ရေးဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ တပ်မတော်သားများ၏ အဆင့်တိုးမြှင့်ရေးမှအစပြု၍ အငြိမ်းစားယူသည်အထိ အဆင့်နှင့်လျော်ညီအောင်၊ အဆင်ပြေချောမွေ့အောင် လုပ်ထုံးလုပ်နည်း စည်းမျဉ်း၊ စည်းကမ်းများ ထုတ်ပြန်၍ ဆောင်ရွက်ပေးခဲ့ကြောင်း၊ စစ်ထောက်ပိုင်းဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ တပ်မိသားစုများ လုံခြုံမှုနှင့် အဆင့်တန်းမီစွာနေထိုင်နိုင်ရေး လူနေအဆောက်အဦများ၊ တပ်တွင်းလမ်းများမှစ၍ တပ်ခြံစည်းရိုးများအထိ တည်ဆောက်ပေးခဲ့ကြောင်း၊ အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေး ခေတ်နှင့် လျော်ညီသည့်ရိက္ခာစိုငွေနှင့်ရိက္ခာများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကိုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် စားရေး၊ ဝတ်ရေးနှင့်နေရေး အဆင်ပြေစေရန် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးထားပြီးဖြစ်၍ တပ်မတော်သားတစ်ယောက်ပီသစွာဖြင့် နေထိုင်ကျင့်ကြံသွားကြရမည်ဖြစ်ကြောင်း။

တပ်မတော်အနေဖြင့် စစ်သည်များ၊ ရဲမေများနှင့် မှီခိုသူသားသမီးများ၏ ပညာရေးကို စဉ်ဆက်မပြတ် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပညာရေးနည်းပါးခဲ့သည့် စစ်သည်၊ ရဲမေများအား အခြေခံပညာ ဆက်လက်သင်ကြားနိုင်ရေး ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစ၍ စီမံချက်ချဆောင်ရွက်ခဲ့ကြောင်း၊ စစ်သည်များ၊ စစ်မှုထမ်းဟောင်းများ၏ သားသမီးများ၏ ပညာရေးကိုလည်း မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ထူးချွန်သူများကို ၂၀၁၃ ခုနှစ်မှစ၍ ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထူးချွန်သူများအနက်မှ ထပ်မံရွေးချယ်၍ နိုင်ငံတကာအတွေ့အကြုံများရရှိရေး ပြည်ပလေ့လာရေးခရီးစဉ်များကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ နှစ်စဉ် ပညာရည်ထူးချွန်ဆုနှင့် ပညာသင်ဆုများကို ချီးမြှင့်ခဲ့ရာတွင် ရွှေတံဆိပ်များနှင့် ငွေသား ၆ ဒသမ ၈ ဘီလီယံကျော်ရှိပြီဖြစ်ပြီး ပညာရေးမြှင့်တင်ရေးလုပ်ငန်းများကို ဆက်လက်အလေးထား ဆောင်ရွက်လျက်ရှိကြောင်း။

အကြီးအကဲများအပိုင်းမှ သက်သာချောင်ချိရေးလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိသကဲ့သို့ အရာရှိ၊ စစ်သည်များနှင့် မိသားစုများကလည်း တပ်တွင်းစည်းလုံးညီညွတ်ရေးကို အလေးထားတည်ဆောက်ကြရမည်ဖြစ်ပြီး စွမ်းရည်သုံးရပ်ထက်မြက်အောင် လေ့ကျင့်နေကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ေမွာ္ဘီတပ္နယ္မွ အရာရွိ၊ စစ္သည္ မိသားစုမ်ားအား ရင္းရင္းႏွီးႏွီး ေတြ႕ဆုံအမွာစကားေျပာၾကား

ေနျပည္ေတာ္၊ ႏိုဝင္ဘာ ၁၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔ မြန္းလြဲပိုင္းတြင္ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္၊ ေမွာ္ဘီတပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား နယ္ေျမခံေလတပ္စခန္းဌာနခ်ဳပ္ခန္းမ၌ ေတြ႕ဆုံအမွာစကားေျပာၾကားသည္။

အဆိုပါ ေတြ႕ဆုံပြဲသို႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ၫြန႔္ဝင္းေဆြႏွင့္ ေမွာ္ဘီတပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆုံရာ၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ ကမာၻ႔ႏိုင္ငံအသီးသီးရွိ တပ္မေတာ္မ်ား၏ အဓိကလုပ္ငန္းတာဝန္သည္ ႏိုင္ငံေတာ္၏အခ်ဳပ္အျခာအာဏာကို ကာကြယ္ေစာင့္ေရွာက္ရန္ျဖစ္ၿပီး ထိုသို႔ကာကြယ္ေစာင့္ေရွာက္ႏိုင္ရန္အတြက္ တပ္မေတာ္၏ကာကြယ္ေရးစြမ္းအင္၊ စြမ္းအားမ်ားကိုျမႇင့္တင္ေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ မိမိတို႔တပ္မေတာ္၌လည္း ကာကြယ္ေရးစြမ္းရည္ ထက္ျမက္ေစေရးအတြက္ ေခတ္အဆက္ဆက္ တပ္မေတာ္အႀကီးအကဲမ်ားက အခက္အခဲမ်ားၾကားမွ တည္ေဆာက္ခဲ့ၾကၿပီး လူသားအရင္းအျမစ္ႏွင့္ အသုံးအေဆာင္ပစၥည္း အရင္းအျမစ္မ်ားကို ျမႇင့္တင္ေဆာင္႐ြက္ခဲ့ၾကရေၾကာင္း၊ လက္ရွိအခ်ိန္တြင္ ယခင္ကထက္သာလြန္သည့္ ကာကြယ္ေရးစြမ္းရည္ကို တည္ေဆာက္ေပးႏိုင္ခဲ့ၿပီး ဆက္လက္တိုးျမႇင့္တည္ေဆာက္သြားၾကရမည္ျဖစ္ေၾကာင္း။

ေခတ္မီၿပီးစြမ္းရည္ထက္ျမက္ေသာ တပ္မေတာ္ျဖစ္ေစေရးတည္ေဆာက္ရာတြင္ စစ္ဦးစီး၊ စစ္ေရး၊ စစ္ေထာက္စသည့္ လုပ္ငန္းႀကီးသုံးရပ္ကို စနစ္တက်ျဖင့္လည္ပတ္ႏိုင္ေရး ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ တပ္ရင္းတပ္ဖြဲ႕မ်ားအေနျဖင့္လည္း တိုက္စြမ္းရည္၊ တိုက္စြမ္းအားရွိသည့္ တပ္ရင္းတပ္ဖြဲ႕မ်ားျဖစ္ေစေရး ေလ့က်င့္ေရးလုပ္ငန္းမ်ားကို မွန္မွန္ကန္ကန္ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ တပ္မေတာ္သားမ်ား၏ တိုက္စြမ္းရည္၊ တိုက္စြမ္းအား ျမႇင့္တင္ႏိုင္ေရးေဆာင္႐ြက္ေပးလ်က္ရွိသကဲ့သို႔ တပ္မေတာ္သားမ်ားႏွင့္ မိသားစုဝင္မ်ား၏ သက္သာေခ်ာင္ခ်ိေရး၊ က်န္းမာေရးႏွင့္ အျခားလိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ အဆင့္လိုက္အုပ္ခ်ဳပ္ကြပ္ကဲရသူမ်ားကလည္း ညီၫြတ္မွ်တသည့္ အုပ္ခ်ဳပ္မႈႏွင့္ သက္သာေခ်ာင္ခ်ိေရးကို အေလးထားေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ စည္းကမ္းသည္တပ္မေတာ္၏ေက်ာ႐ိုးျဖစ္သည့္အတြက္ အေသးအဖြဲကအစ စည္းကမ္းလိုက္နာရမည္ျဖစ္ကာ မိမိတို႔တစ္ဦးခ်င္းႏွင့္ တပ္မ်ားစြမ္းရည္ျမင့္ေရးအတြက္ ထုတ္ျပန္ထားသည့္ စည္းမ်ဥ္း၊ စည္းကမ္းမ်ားကို လိုက္နာေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္းႏွင့္ မွန္မွန္ကန္ကန္လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း၊ ဝတ္စားဆင္ယင္မႈတြင္လည္း စနစ္က်နရမည္ျဖစ္ၿပီး စစ္ဝတ္မ်ားကို မိမိတို႔လက္ထက္မွစ၍ အေရာင္အေသြး၊ အမ်ိဳးအစား တစ္ပုံစံတည္းျဖစ္ေအာင္ေဆာင္႐ြက္ေပးထားေၾကာင္း၊ အရပ္ဝတ္မ်ားကိုလည္း တပ္မေတာ္စက္႐ုံမ်ားမွ ေဈးႏႈန္းသက္သာစြာျဖင့္ ေရာင္းခ်ေပးလ်က္ရွိေၾကာင္း။

စစ္ေရးဆိုင္ရာလုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ တပ္မေတာ္သားမ်ား၏ အဆင့္တိုးျမႇင့္ေရးမွအစျပဳ၍ အၿငိမ္းစားယူသည္အထိ အဆင့္ႏွင့္ေလ်ာ္ညီေအာင္၊ အဆင္ေျပေခ်ာေမြ႕ေအာင္ လုပ္ထုံးလုပ္နည္း စည္းမ်ဥ္း၊ စည္းကမ္းမ်ား ထုတ္ျပန္၍ ေဆာင္႐ြက္ေပးခဲ့ေၾကာင္း၊ စစ္ေထာက္ပိုင္းဆိုင္ရာလုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ တပ္မိသားစုမ်ား လုံၿခဳံမႈႏွင့္ အဆင့္တန္းမီစြာေနထိုင္ႏိုင္ေရး လူေနအေဆာက္အဦမ်ား၊ တပ္တြင္းလမ္းမ်ားမွစ၍ တပ္ၿခံစည္း႐ိုးမ်ားအထိ တည္ေဆာက္ေပးခဲ့ေၾကာင္း၊ အာဟာရျပည့္ဝစြာ စားသုံးႏိုင္ေရး ေခတ္ႏွင့္ ေလ်ာ္ညီသည့္ရိကၡာစိုေငြႏွင့္ရိကၡာမ်ား၊ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား ကိုေဆာင္႐ြက္ေပးႏိုင္ခဲ့ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ စားေရး၊ ဝတ္ေရးႏွင့္ေနေရး အဆင္ေျပေစရန္ အတတ္ႏိုင္ဆုံး ျဖည့္ဆည္းေဆာင္႐ြက္ေပးထားၿပီးျဖစ္၍ တပ္မေတာ္သားတစ္ေယာက္ပီသစြာျဖင့္ ေနထိုင္က်င့္ႀကံသြားၾကရမည္ျဖစ္ေၾကာင္း။

တပ္မေတာ္အေနျဖင့္ စစ္သည္မ်ား၊ ရဲေမမ်ားႏွင့္ မွီခိုသူသားသမီးမ်ား၏ ပညာေရးကို စဥ္ဆက္မျပတ္ အားေပးျမႇင့္တင္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပညာေရးနည္းပါးခဲ့သည့္ စစ္သည္၊ ရဲေမမ်ားအား အေျခခံပညာ ဆက္လက္သင္ၾကားႏိုင္ေရး ၂၀၁၂-၂၀၁၃ ပညာသင္ႏွစ္မွစ၍ စီမံခ်က္ခ်ေဆာင္႐ြက္ခဲ့ေၾကာင္း၊ စစ္သည္မ်ား၊ စစ္မႈထမ္းေဟာင္းမ်ား၏ သားသမီးမ်ား၏ ပညာေရးကိုလည္း ျမႇင့္တင္ေဆာင္႐ြက္လ်က္ရွိၿပီး ထူးခြၽန္သူမ်ားကို ၂၀၁၃ ခုႏွစ္မွစ၍ ဂုဏ္ျပဳဆုခ်ီးျမႇင့္သည့္ အခမ္းအနားမ်ားကို ေဆာင္႐ြက္ေပးခဲ့ေၾကာင္း၊ ထူးခြၽန္သူမ်ားအနက္မွ ထပ္မံေ႐ြးခ်ယ္၍ ႏိုင္ငံတကာအေတြ႕အႀကဳံမ်ားရရွိေရး ျပည္ပေလ့လာေရးခရီးစဥ္မ်ားကိုလည္း စီစဥ္ေဆာင္႐ြက္ေပးခဲ့ေၾကာင္း၊ ၂၀၁၂ ခုႏွစ္မွ ၂၀၁၉ ခုႏွစ္အထိ ႏွစ္စဥ္ ပညာရည္ထူးခြၽန္ဆုႏွင့္ ပညာသင္ဆုမ်ားကို ခ်ီးျမႇင့္ခဲ့ရာတြင္ ေ႐ႊတံဆိပ္မ်ားႏွင့္ ေငြသား ၆ ဒသမ ၈ ဘီလီယံေက်ာ္ရွိၿပီျဖစ္ၿပီး ပညာေရးျမႇင့္တင္ေရးလုပ္ငန္းမ်ားကို ဆက္လက္အေလးထား ေဆာင္႐ြက္လ်က္ရွိေၾကာင္း။

အႀကီးအကဲမ်ားအပိုင္းမွ သက္သာေခ်ာင္ခ်ိေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပး လ်က္ရွိသကဲ့သို႔ အရာရွိ၊ စစ္သည္မ်ားႏွင့္ မိသားစုမ်ားကလည္း တပ္တြင္းစည္းလုံးညီၫြတ္ေရးကို အေလးထားတည္ေဆာက္ၾကရမည္ျဖစ္ၿပီး စြမ္းရည္သုံးရပ္ထက္ျမက္ေအာင္ ေလ့က်င့္ေနၾကရမည္ျဖစ္ေၾကာင္းျဖင့္ မွာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။