နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားမြှင့်တင်ရေးအတွက် တပ်မတော်(ရေ)မှ ရေငုပ်သင်္ဘောစစ်ရေယာဉ်အပါအဝင် စစ်ရေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် စစ်နည်းဗျူဟာအဆင့် ဝေဟင်၊ ရေပြင်၊ ရေအောက် စစ်ဆင်မှုနှင့် ပစ်ခတ်မှု လေ့ကျင့်ခန်း (Three-Dimensional Naval Exercise-Sea Shield 2020) လေ့ကျင့်ဆောင်ရွက်

နေပြည်တော်၊ ဧပြီ – ၁၀

တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေကို လုံခြုံစွာ ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် ကာကွယ်ရေးစွမ်းရည် ထက်မြက်မြင့်မား စေရန် တပ်မတော်(ကြည်း၊ ရေ၊‌ လေ) လေ့ကျင့်ခန်းများကို အမြဲမပြတ် လေ့ကျင့် ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင်လည်း ဧပြီလ ၂ နေ့မှစ၍ မြန်မာ့ရေပြင်ပိုင်နက် ဘင်္ဂလားပင်လယ်အော်အတွင်း တပ်မတော်(‌ရေ)မှ ရေငုပ်သင်္ဘော စစ်ရေယာဉ် (မင်းရဲသိင်္ခသူ) အပါအဝင် စစ်ရေယာဉ်များဖြင့် စစ်နည်းဗျူဟာအဆင့် ဝေဟင်၊ ရေပြင်၊ ရေအောက်စစ်ဆင်မှုနှင့် ပစ်ခတ်မှုလေ့ကျင့်ခန်း (Three-Dimensional Naval Exercise-Sea Shield 2020) အား လေ့ကျင့်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ လေ့ကျင့်ဆောင်ရွက်နေမှုများအား ယနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် နှင့် တာဝန်ရှိသူများလိုက်ပါ၍ သွားရောက်ကြည့်ရှု့ စစ်ဆေး သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် အဖွဲ့ဝင်များသည် လေ့ကျင့်ခန်းဆောင်ရွက်နေသည့် စစ်ရေယာဉ်များအား ကြည့်ရှုစစ်ဆေးရန် စစ်ရေယာဉ်(မုတ္တမ)ပေါ်သို့ ရဟတ်ယာဉ်ဖြင့် ဆင်းသက်ရောက်ရှိ ခဲ့ရာ (Three-Dimensional Naval Exercise-Sea Shield 2020)အား လေ့ကျင့် လျက်ရှိသည့် လေ့ကျင့်ခန်းကြီးကြပ်ရေးမှူး(Officer Scheduling Exercise-OSE) ဗိုလ်ချုပ် ထိန်ဝင်း၊ တာဝန်ရေတပ်မမှူး ဗိုလ်မှူးကြီး တက်လွင်ထွန်းနှင့် လေ့ကျင့်ခန်း တွင်ပါဝင်သည့် အရာရှိကြီးများက ကြိုဆိုခဲ့ကြသည်။ ထို့နောက် ကာကွယ်ရေးဦးစီး ချုပ်(ရေ)က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှာကြားချက်အတိုင်း စစ်နည်းဗျူဟာအဆင့် ဝေဟင်၊ ရေပြင်၊ ရေအောက် စစ်ဆင်မှုနှင့် ပစ်ခတ်မှု လေ့ကျင့် ခန်း (Sea Shield -2020)ကို လေ့ကျင့်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့် ရေပြင် သွားစစ်ရေယာဉ်များ၊ ရေငုပ်သင်္ဘောနှင့် ရဟတ်ယာဉ်တို့အပါအဝင် စစ်မျက်နှာ သုံးဘက်မှစစ်ဆင်ခြင်း Three-Dimensional Operation လေ့ကျင့်ခဲ့မှုအခြေအနေ အား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တာဝန်ရေတပ်မမှူးက လေ့ကျင့်ခန်း လက်တွေ့ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများ အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ယခုပြုလုပ်သည့် လေ့ကျင့်ခန်းသည် ပစ်ခတ်မှုလေ့ကျင့်ခန်းဖြစ်သဖြင့် ပစ်မှတ် များကို တိကျစွာထိမှန်အောင် အလေးထားလေ့ကျင့်ဆောင်ရွက်ပြီး သင်ခန်းစာ ဖော်ထုတ်ရန် လိုအပ်သည့်အခြေအနေများနှင့် လေ့ကျင့်ရေးဆိုင်ရာများလုပ်ဆောင် ရာတွင် သတင်းအချက်အလက် စုံလင်စွာရယူခြင်း၊ ပိတ်ဆို့ခြင်း၊ တားဆီးခြင်း၊ ချေမှုန်းခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားလုပ်ဆောင်ရန် အရေးကြီးသည့် အခြေအနေများနှင့် ပတ်သက်ပြီး ပြန်လည်ဆွေးနွေး ပြောကြားသည်။

ထို့နောက် လေ့ကျင့်ခန်းမစတင်မီ စစ်ရေယာဉ်များ ပစ်မှတ်ရှိရာသို့ ခုတ်မောင်း နေစဉ် လေ့ကျင့်ခန်းဧရိယာအတွင်း နိုင်ငံခြားကုန်သွယ်ရေးရေယာဉ်တစ်စီးအား တွေ့ရှိသဖြင့် စစ်ရေယာဉ်(မုတ္တမ) မှ ROE အရ ရေယာဉ်ဆိုင်ရာ အချက်အလက်များ မေးမြန်းခြင်းနှင့် လေ့ကျင့်ခန်းဧရိယာမှ ရှောင်ရှားထွက်ခွာနိုင်ရန် ဆက်သွယ် ဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး လေ့ကျင့်ခန်းအစီအစဉ်အတိုင်းစစ်ရေယာဉ် ၁၀ စီးမှ ရေပြင် ပစ်မှတ်၊ ဝေဟင်ပစ်မှတ်များအား အမြောက်ကြီးများ၊ စက်အမြောက်များဖြင့်လည်း ကောင်း၊ ရေအောက်ပစ်မှတ်များအား Torpedo များဖြင့်လည်းကောင်း လက်တွေ့ ပစ်ခတ်လေ့ကျင့်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စစ်ရေယာဉ်(မုတ္တမ)ပေါ်မှ ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် လေ့ကျင့်ခန်းတွင်ပါဝင်သည့် ရေငုပ်သင်္ဘောစစ်ရေယာဉ် (မင်းရဲ သိင်္ခသူ)၊ စစ်ရေယာဉ်များနှင့် တပ်မတော် (‌လေ)မှ ရဟတ်ယာဉ်များက Single Line Formation ဖြင့် ပုံပြုချီတက်ကာ မြန်မာ့ပင်လယ် ဒို့ကာကွယ်ဆိုသည့် ဆောင်ပုဒ်ကို အားမာန်အပြည့်ဖြင့် ဟစ်ကြွေးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ချီတက် ခုတ်မောင်း အလေးပြုကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လေ့ကျင့်ခန်းတွင်ပါဝင်သည့် တာဝန် ရေတပ်မမှူးနှင့် အရာရှိ၊ စစ်သည်များကို စစ်ရေယာဉ်(မုတ္တမ)ပေါ်၌ အမှာ စကားပြောကြားရာတွင် Sea Shield လေ့ကျင့်ခန်းကို ၂၀၁၄ ခုနှစ်တွင် စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၇ ကြိမ်ရှိပြီဖြစ်ကြောင်း၊ ယခင်လုပ်ဆောင်ခဲ့သည့် အတွေ့ အကြုံများကိုယူ၍ ယခုလေ့ကျင့်ခန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သာမာန်အား ဖြင့်ကြည့်မည်ဆိုပါက ပုံမှန်လေ့ကျင့်ခန်းတစ်ခုဖြစ်သော်လည်း နိုင်ငံတော်ကာကွယ် ရေးအတွက် အလွန်အရေးပါသည့် လေ့ကျင့်မှုတစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ရေပိုင်နက်သည် အလွန်ကျယ်ပြန့်ပြီး ကမ်းရိုးတန်းအရှည် ရေမိုင် ၁၃၀၀ ခန့် ရှည်လျားကာ ရေပြင်ဧရိယာစတုရန်းရေမိုင် ၁၄၄၀၀၀ ကျော်ကျယ်ဝန်းသဖြင့် ရေပိုင် နက် ဧရိယာကို လုံခြုံအောင် ကာကွယ်နိုင်ရေးတွင် တပ်မတော်(ရေ)၏ အခန်းကဏ္ဍ သည် အလွန်အရေးကြီးကြောင်း၊ ရေတပ်တွင် လေ့ကျင့်ရေးနှင့် ပတ်သက်ပါက ပစ်မှတ်ထိမှန်ရန် အဓိကအရေးကြီးပြီး ရေကြောင်းစစ်ဆင်ရေးတိုက်ပွဲများတွင် စစ်ရေယာဉ် တစ်စီး ထိမှန် ပျက်စီးပါက ဆုံးရှုံးမှုအလွန်ကြီးမားပြီး တိုက်စွမ်းရည်ကို များစွာထိခိုက် စေနိုင်သည်ကို သတိပြုရမည်ဖြစ်ကြောင်း၊ “ပစ်လျှင်ထိရမည်၊ ထိအောင်လည်း လေ့ကျင့်ရမည်” ဆိုသည့် လေ့ကျင့်ရေးမူဝါဒအတိုင်း ပစ်မှတ် ထိမှန်အောင် စနစ်တကျလေ့ကျင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုလေ့ကျင့်ခန်း တွင် Area Target ကို ပစ်ခတ်ခြင်းဖြစ်သဖြင့် သတ်မှတ်ထားသည့် ဧရိယာအတွင်း၊ ဘောင် အတွင်းသို့ ကျရောက်အောင် လေ့ကျင့်ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ် ကြောင်း။

တပ်မတော်(ရေ)ကို ယခင်က ဖရီးဂိတ်စစ်ရေယာဉ် မေယုဖြင့် စတင်ခဲ့ပြီး ၁၉၉၀ ခုနှစ်မှစ၍အဆင့်ဆင့် တိုးတက်ပြောင်းလဲလာခဲ့ကာ အမြန်သွားတိုက်ရေယာဉ်၊ အမြောက်တင်ရေယာဉ် စသည်တို့မှ တစ်ဆင့် ကိုယ်ပိုင်စစ်ရေယာဉ်များ ထုတ်လုပ်နိုင် သည်အထိ တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ စစ်ရေယာဉ်များကို ကိုယ်တိုင် ထုတ်လုပ်ခြင်းအားဖြင့် အရေအတွက်တိုးပွားလာမည်ဖြစ်ပြီး Calibre လည်း များစွာ တိုးတက်မြင့်မားလာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ကိုယ်တိုင်ထုတ်လုပ်နိုင်ရုံ နှင့် မရဘဲ လက်နက်စနစ်၊ လက်နက်ကျွမ်းကျင်မှု၊ ကြံ့ခိုင်မှုရှိအောင်လည်း လေ့ကျင့် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ယခင်က မိမိတို့ နိုင်ငံ ရေပိုင်နက်အတွင်း ပြည်တွင်း၊ ပြည်ပမှ တရားမဝင် ရေပေါ်၊ ရေအောက် သယံဇာတ ခိုးထုတ်ယူမှုများ ရှိခဲ့ ကြောင်း၊ ထို့ကြောင့် ရေသယံဇာတများကို တိုင်းပြည်က အကျိုးရှိစွာ အသုံးချနိုင်ရေး၊ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးနှင့် ရေပြင်ပိုင်နက်နယ်နိမိတ်ကို ကာကွယ်နိုင်ရန် တပ်မတော်(ရေ)ကို အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

ကာကွယ်ရေး ဆောင်ရွက်ရုံသာမက HADR လုပ်ငန်းများ၊ သဘာဝဘေးဒဏ် ကြောင့် ပင်လယ်ပြင်အတွင်း အရပ်ဘက်ရေယာဉ်များ ရေဝင်နစ်မြုပ်ခြင်း၊ မီးလောင် ခြင်း၊ ဘေးဒုက္ခ အမျိုးမျိုး ကြုံတွေ့ရခြင်း စသည်တို့အတွက် လူသားခြင်းစာနာ အကူအညီပေးရေး ဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ Humanitarian Assistance Disaster Response(HADR)ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး အတွက် အမြဲအသင့်ဖြစ်အောင် ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလနှင့် မတ်လအတွင်း မလေးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံသို့ စစ်ရေယာဉ်များ စေလွှတ်ပြီး ဒုက္ခကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၁၅၆ ဦးကို အောင်မြင်စွာ သွားရောက် ခေါ်ဆောင်နိုင်ခဲ့ကြောင်း၊ အဆိုပါဆောင်ရွက်မှုသည် ပြည်ပတွင် အကြောင်းအမျိုးမျိုး ကြောင့် အတိဒုက္ခခံစားနေကြရသည့် မိမိနိုင်ငံသားများကို ကယ်ထုတ်လာနိုင်ခြင်း လည်းဖြစ်သကဲ့သို့ HADR လုပ်ငန်းများကို လုပ်ဆောင်နိုင်စွမ်း ရှိသည်ကို ပြသ နိုင်ခဲ့ခြင်းပင်ဖြစ်ကြောင်း။

ယခု လေ့ကျင့်ဆောင်ရွက်ခဲ့သည့် လေ့ကျင့်ခန်းသည် ကောင်းမွန်သည့် လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ဝေဟင်၊ ရေပြင်နှင့် ရေအောက် မှ ခြိမ်းခြောက် တိုက်ခိုက် လာသည့် ရန်သူကို တန်ပြန်တိုက်ခိုက်ချေမှုန်းနိုင်ရေးလေ့ကျင့်ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ လေ့ကျင့်ခန်းပြုလုပ်သည့် အဆင့်မှသည် တိုက်ပွဲဝင်အသင့်စစ်ဆင်နိုင်စွမ်းရှိ သည့် အဆင့်(Drill to Action) သို့ ရောက်ရှိရေး ဦးတည်လေ့ကျင့်ရမည်ဖြစ်ပြီး လေ့ကျင့်ခန်းနှင့် ပတ်သက်၍ အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ် သုံးသပ် ရမည်ဖြစ်ကြောင်း၊ သတင်းအချက်အလက် စုဆောင်းမှုနှင့် ပတ်သက်၍ မိမိတို့ရရှိ ထားသည့် အချက်အလက်များသည် မှန်ကန်ရန်လိုအပ်မည်ဖြစ်ပြီး မှန်ကန်သည့် အချက်အလက်များရရှိအောင်လည်း ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။

လေ့ကျင့်ခန်းကို အောင်မြင်အောင်နှင့် အကျိုးသက်ရောက်မှုရှိအောင် လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည့်အတွက် လေ့ကျင့်ခန်းတွင် ပါဝင်သည့် အရာရှိ၊ စစ်သည် များ အားလုံး၏ လုပ်ဆောင်မှုများကို အားရကျေနပ်မှုရှိပါကြောင်း၊ ယခုကဲ့သို့ လေ့ကျင့်ခန်းများကို တိုင်းပြည်၏ ကာကွယ်ရေးစွမ်းပကားမြင့်မားစေရန် ရည်ရွယ် လုပ်ဆောင်နေခြင်းဖြစ်ပြီး တိုင်းပြည်အတွက်အကျိုးရှိအောင် လုပ်ဆောင်ကြရန်နှင့် မိမိတာဝန်ကို မှန်မှန်ကန်ကန်နှင့်‌ကျေပွန်အောင် လုပ်ဆောင်သွားကြရမည်ဖြစ် ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် လေ့ကျင့်ခန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ သည့် အရာရှိ၊ စစ်သည်များအား အမှတ်တရလက်ဆောင်များပေးအပ်ရာ တာဝန် ရေတပ်မမှူးက လက်ခံရယူသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်ရေယာဉ် (မုတ္တမ) ပေါ်မှ ရဟတ်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။

ယနေ့ ပြုလုပ်ခဲ့သည့် လေ့ကျင့်ခန်းသည် ရဟတ်ယာဉ်၊ ရေငုပ်သင်္ဘောနှင့် ရေပြင်သွား စစ်ရေယာဉ်များ ပါဝင်၍ သုံးဘက်မြင်စစ်ဆင်နိုင်စွမ်းရှိသောရေတပ်ဖွဲ့ (Three-Dimensional Navy)ဖြင့် တိုက်စစ်၏ အခြေခံသဘောတရားဖြစ်သည့် ပစ်ခတ်မှုနှင့် စစ်ကစားမှု (Fire and Maneuver) ကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့ကျင့် ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် ရေငုပ်သင်္ဘောစစ်ရေယာဉ် (မင်းရဲသိင်္ခသူ)သည် မြန်မာ နိုင်ငံသို့ ရောက်ရှိချိန်မှစပြီး မြန်မာ့ရေပြင်ပိုင်နက်နယ်နိမိတ် စစ်ဆေးရေးရေပြင် ဌာနချုပ်ဧရိယာအတွင်း၌ ရေငုပ်စစ်ဆင်လေ့ကျင့်မှုအကြိမ်ပေါင်း ၁၃၁ ကြိမ်၊ နာရီ ပေါင်း ၁၇၀၈ နာရီ ၅၆ မိနစ်အထိ လေ့ကျင့်ဆောင်ရွက်နိုင်ခဲ့သည်။

(Zawgyi Version)

ႏိုင္ငံေတာ္ကာကြယ္ေရးစြမ္းပကားျမႇင့္တင္ေရးအတြက္ တပ္မေတာ္(ေရ)မွ ေရငုပ္သေဘၤာစစ္ေရယာဥ္အပါအဝင္ စစ္ေရယာဥ္မ်ား၊ ရဟတ္ယာဥ္မ်ားျဖင့္ စစ္နည္းဗ်ဴဟာအဆင့္ ေဝဟင္၊ ေရျပင္၊ ေရေအာက္ စစ္ဆင္မႈႏွင့္ ပစ္ခတ္မႈ ေလ့က်င့္ခန္း (Three-Dimensional Naval Exercise-Sea Shield 2020) ေလ့က်င့္ေဆာင္႐ြက္

ေနျပည္ေတာ္၊ ဧၿပီ – ၁၀

တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာႏွင့္ ပိုင္နက္နယ္ေျမကို လုံၿခဳံစြာ ကာကြယ္ေစာင့္ေရွာက္ႏိုင္ရန္ႏွင့္ ကာကြယ္ေရးစြမ္းရည္ ထက္ျမက္ျမင့္မား ေစရန္ တပ္မေတာ္(ၾကည္း၊ ေရ၊‌ ေလ) ေလ့က်င့္ခန္းမ်ားကို အၿမဲမျပတ္ ေလ့က်င့္ ေဆာင္႐ြက္လ်က္ရွိရာ ယခုႏွစ္တြင္လည္း ဧၿပီလ ၂ ေန႔မွစ၍ ျမန္မာ့ေရျပင္ပိုင္နက္ ဘဂၤလားပင္လယ္ေအာ္အတြင္း တပ္မေတာ္(‌ေရ)မွ ေရငုပ္သေဘၤာ စစ္ေရယာဥ္ (မင္းရဲသိခၤသူ) အပါအဝင္ စစ္ေရယာဥ္မ်ားျဖင့္ စစ္နည္းဗ်ဴဟာအဆင့္ ေဝဟင္၊ ေရျပင္၊ ေရေအာက္စစ္ဆင္မႈႏွင့္ ပစ္ခတ္မႈေလ့က်င့္ခန္း (Three-Dimensional Naval Exercise-Sea Shield 2020) အား ေလ့က်င့္ေဆာင္႐ြက္လ်က္ရွိသည္။

ထိုသို႔ ေလ့က်င့္ေဆာင္႐ြက္ေနမႈမ်ားအား ယေန႔တြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ သည္ ေကာင္စီအဖြဲ႕ဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္၊ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းရွိန္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ ေရ၊ ေလ)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေနာက္ေတာင္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ေအာင္ေအာင္ ႏွင့္ တာဝန္ရွိသူမ်ားလိုက္ပါ၍ သြားေရာက္ၾကည့္ရႈ႕ စစ္ေဆး သည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေလ့က်င့္ခန္းေဆာင္႐ြက္ေနသည့္ စစ္ေရယာဥ္မ်ားအား ၾကည့္ရႈစစ္ေဆးရန္ စစ္ေရယာဥ္(မုတၱမ)ေပၚသို႔ ရဟတ္ယာဥ္ျဖင့္ ဆင္းသက္ေရာက္ရွိ ခဲ့ရာ (Three-Dimensional Naval Exercise-Sea Shield 2020)အား ေလ့က်င့္ လ်က္ရွိသည့္ ေလ့က်င့္ခန္းႀကီးၾကပ္ေရးမႉး(Officer Scheduling Exercise-OSE) ဗိုလ္ခ်ဳပ္ ထိန္ဝင္း၊ တာဝန္ေရတပ္မမႉး ဗိုလ္မႉးႀကီး တက္လြင္ထြန္းႏွင့္ ေလ့က်င့္ခန္း တြင္ပါဝင္သည့္ အရာရွိႀကီးမ်ားက ႀကိဳဆိုခဲ့ၾကသည္။ ထို႔ေနာက္ ကာကြယ္ေရးဦးစီး ခ်ဳပ္(ေရ)က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ လမ္းၫႊန္မွာၾကားခ်က္အတိုင္း စစ္နည္းဗ်ဴဟာအဆင့္ ေဝဟင္၊ ေရျပင္၊ ေရေအာက္ စစ္ဆင္မႈႏွင့္ ပစ္ခတ္မႈ ေလ့က်င့္ ခန္း (Sea Shield -2020)ကို ေလ့က်င့္ေဆာင္႐ြက္ရသည့္ ရည္႐ြယ္ခ်က္ႏွင့္ ေရျပင္ သြားစစ္ေရယာဥ္မ်ား၊ ေရငုပ္သေဘၤာႏွင့္ ရဟတ္ယာဥ္တို႔အပါအဝင္ စစ္မ်က္ႏွာ သုံးဘက္မွစစ္ဆင္ျခင္း Three-Dimensional Operation ေလ့က်င့္ခဲ့မႈအေျခအေန အား ရွင္းလင္းတင္ျပသည္။ ဆက္လက္၍ တာဝန္ေရတပ္မမႉးက ေလ့က်င့္ခန္း လက္ေတြ႕ေဆာင္႐ြက္ေနမႈမ်ားအား ရွင္းလင္းတင္ျပသည္။ ရွင္းလင္းတင္ျပမႈမ်ား အေပၚ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က ယခုျပဳလုပ္သည့္ ေလ့က်င့္ခန္းသည္ ပစ္ခတ္မႈေလ့က်င့္ခန္းျဖစ္သျဖင့္ ပစ္မွတ္ မ်ားကို တိက်စြာထိမွန္ေအာင္ အေလးထားေလ့က်င့္ေဆာင္႐ြက္ၿပီး သင္ခန္းစာ ေဖာ္ထုတ္ရန္ လိုအပ္သည့္အေျခအေနမ်ားႏွင့္ ေလ့က်င့္ေရးဆိုင္ရာမ်ားလုပ္ေဆာင္ ရာတြင္ သတင္းအခ်က္အလက္ စုံလင္စြာရယူျခင္း၊ ပိတ္ဆို႔ျခင္း၊ တားဆီးျခင္း၊ ေခ်မႈန္းျခင္းတို႔ကို က်ယ္က်ယ္ျပန႔္ျပန႔္စဥ္းစားလုပ္ေဆာင္ရန္ အေရးႀကီးသည့္ အေျခအေနမ်ားႏွင့္ ပတ္သက္ၿပီး ျပန္လည္ေဆြးေႏြး ေျပာၾကားသည္။

ထို႔ေနာက္ ေလ့က်င့္ခန္းမစတင္မီ စစ္ေရယာဥ္မ်ား ပစ္မွတ္ရွိရာသို႔ ခုတ္ေမာင္း ေနစဥ္ ေလ့က်င့္ခန္းဧရိယာအတြင္း ႏိုင္ငံျခားကုန္သြယ္ေရးေရယာဥ္တစ္စီးအား ေတြ႕ရွိသျဖင့္ စစ္ေရယာဥ္(မုတၱမ) မွ ROE အရ ေရယာဥ္ဆိုင္ရာ အခ်က္အလက္မ်ား ေမးျမန္းျခင္းႏွင့္ ေလ့က်င့္ခန္းဧရိယာမွ ေရွာင္ရွားထြက္ခြာႏိုင္ရန္ ဆက္သြယ္ ေဆာင္႐ြက္ခဲ့သည္။

ဆက္လက္ၿပီး ေလ့က်င့္ခန္းအစီအစဥ္အတိုင္းစစ္ေရယာဥ္ ၁၀ စီးမွ ေရျပင္ ပစ္မွတ္၊ ေဝဟင္ပစ္မွတ္မ်ားအား အေျမာက္ႀကီးမ်ား၊ စက္အေျမာက္မ်ားျဖင့္လည္း ေကာင္း၊ ေရေအာက္ပစ္မွတ္မ်ားအား Torpedo မ်ားျဖင့္လည္းေကာင္း လက္ေတြ႕ ပစ္ခတ္ေလ့က်င့္ခဲ့ရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က စစ္ေရယာဥ္(မုတၱမ)ေပၚမွ ၾကည့္ရႈစစ္ေဆးသည္။

ယင္းေနာက္ ေလ့က်င့္ခန္းတြင္ပါဝင္သည့္ ေရငုပ္သေဘၤာစစ္ေရယာဥ္ (မင္းရဲ သိခၤသူ)၊ စစ္ေရယာဥ္မ်ားႏွင့္ တပ္မေတာ္ (‌ေလ)မွ ရဟတ္ယာဥ္မ်ားက Single Line Formation ျဖင့္ ပုံျပဳခ်ီတက္ကာ ျမန္မာ့ပင္လယ္ ဒို႔ကာကြယ္ဆိုသည့္ ေဆာင္ပုဒ္ကို အားမာန္အျပည့္ျဖင့္ ဟစ္ေႂကြးၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ခ်ီတက္ ခုတ္ေမာင္း အေလးျပဳၾကသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေလ့က်င့္ခန္းတြင္ပါဝင္သည့္ တာဝန္ ေရတပ္မမႉးႏွင့္ အရာရွိ၊ စစ္သည္မ်ားကို စစ္ေရယာဥ္(မုတၱမ)ေပၚ၌ အမွာ စကားေျပာၾကားရာတြင္ Sea Shield ေလ့က်င့္ခန္းကို ၂၀၁၄ ခုႏွစ္တြင္ စတင္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး ၇ ႀကိမ္ရွိၿပီျဖစ္ေၾကာင္း၊ ယခင္လုပ္ေဆာင္ခဲ့သည့္ အေတြ႕ အႀကဳံမ်ားကိုယူ၍ ယခုေလ့က်င့္ခန္းကို ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ သာမာန္အား ျဖင့္ၾကည့္မည္ဆိုပါက ပုံမွန္ေလ့က်င့္ခန္းတစ္ခုျဖစ္ေသာ္လည္း ႏိုင္ငံေတာ္ကာကြယ္ ေရးအတြက္ အလြန္အေရးပါသည့္ ေလ့က်င့္မႈတစ္ခုပင္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ ေရပိုင္နက္သည္ အလြန္က်ယ္ျပန႔္ၿပီး ကမ္း႐ိုးတန္းအရွည္ ေရမိုင္ ၁၃၀၀ ခန႔္ ရွည္လ်ားကာ ေရျပင္ဧရိယာစတုရန္းေရမိုင္ ၁၄၄၀၀၀ ေက်ာ္က်ယ္ဝန္းသျဖင့္ ေရပိုင္ နက္ ဧရိယာကို လုံၿခဳံေအာင္ ကာကြယ္ႏိုင္ေရးတြင္ တပ္မေတာ္(ေရ)၏ အခန္းက႑ သည္ အလြန္အေရးႀကီးေၾကာင္း၊ ေရတပ္တြင္ ေလ့က်င့္ေရးႏွင့္ ပတ္သက္ပါက ပစ္မွတ္ထိမွန္ရန္ အဓိကအေရးႀကီးၿပီး ေရေၾကာင္းစစ္ဆင္ေရးတိုက္ပြဲမ်ားတြင္ စစ္ေရယာဥ္ တစ္စီး ထိမွန္ ပ်က္စီးပါက ဆုံးရႈံးမႈအလြန္ႀကီးမားၿပီး တိုက္စြမ္းရည္ကို မ်ားစြာထိခိုက္ ေစႏိုင္သည္ကို သတိျပဳရမည္ျဖစ္ေၾကာင္း၊ “ပစ္လွ်င္ထိရမည္၊ ထိေအာင္လည္း ေလ့က်င့္ရမည္” ဆိုသည့္ ေလ့က်င့္ေရးမူဝါဒအတိုင္း ပစ္မွတ္ ထိမွန္ေအာင္ စနစ္တက်ေလ့က်င့္ ေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ ယခုေလ့က်င့္ခန္း တြင္ Area Target ကို ပစ္ခတ္ျခင္းျဖစ္သျဖင့္ သတ္မွတ္ထားသည့္ ဧရိယာအတြင္း၊ ေဘာင္ အတြင္းသို႔ က်ေရာက္ေအာင္ ေလ့က်င့္ေဆာင္႐ြက္ၾကရန္ လိုအပ္မည္ျဖစ္ ေၾကာင္း။

တပ္မေတာ္(ေရ)ကို ယခင္က ဖရီးဂိတ္စစ္ေရယာဥ္ ေမယုျဖင့္ စတင္ခဲ့ၿပီး ၁၉၉၀ ခုႏွစ္မွစ၍အဆင့္ဆင့္ တိုးတက္ေျပာင္းလဲလာခဲ့ကာ အျမန္သြားတိုက္ေရယာဥ္၊ အေျမာက္တင္ေရယာဥ္ စသည္တို႔မွ တစ္ဆင့္ ကိုယ္ပိုင္စစ္ေရယာဥ္မ်ား ထုတ္လုပ္ႏိုင္ သည္အထိ တိုးတက္ေအာင္ လုပ္ေဆာင္ႏိုင္ခဲ့ေၾကာင္း၊ စစ္ေရယာဥ္မ်ားကို ကိုယ္တိုင္ ထုတ္လုပ္ျခင္းအားျဖင့္ အေရအတြက္တိုးပြားလာမည္ျဖစ္ၿပီး Calibre လည္း မ်ားစြာ တိုးတက္ျမင့္မားလာသည္ကို ေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ ကိုယ္တိုင္ထုတ္လုပ္ႏိုင္႐ုံ ႏွင့္ မရဘဲ လက္နက္စနစ္၊ လက္နက္ကြၽမ္းက်င္မႈ၊ ႀကံ့ခိုင္မႈရွိေအာင္လည္း ေလ့က်င့္ လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း၊ ယခင္က မိမိတို႔ ႏိုင္ငံ ေရပိုင္နက္အတြင္း ျပည္တြင္း၊ ျပည္ပမွ တရားမဝင္ ေရေပၚ၊ ေရေအာက္ သယံဇာတ ခိုးထုတ္ယူမႈမ်ား ရွိခဲ့ ေၾကာင္း၊ ထို႔ေၾကာင့္ ေရသယံဇာတမ်ားကို တိုင္းျပည္က အက်ိဳးရွိစြာ အသုံးခ်ႏိုင္ေရး၊ ထိန္းသိမ္းေစာင့္ေရွာက္ႏိုင္ေရးႏွင့္ ေရျပင္ပိုင္နက္နယ္နိမိတ္ကို ကာကြယ္ႏိုင္ရန္ တပ္မေတာ္(ေရ)ကို အဆင့္ျမႇင့္တင္ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း။

ကာကြယ္ေရး ေဆာင္႐ြက္႐ုံသာမက HADR လုပ္ငန္းမ်ား၊ သဘာဝေဘးဒဏ္ ေၾကာင့္ ပင္လယ္ျပင္အတြင္း အရပ္ဘက္ေရယာဥ္မ်ား ေရဝင္နစ္ျမဳပ္ျခင္း၊ မီးေလာင္ ျခင္း၊ ေဘးဒုကၡ အမ်ိဳးမ်ိဳး ႀကဳံေတြ႕ရျခင္း စသည္တို႔အတြက္ လူသားျခင္းစာနာ အကူအညီေပးေရး ဆိုင္ရာ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ား Humanitarian Assistance Disaster Response(HADR)ကို အခ်ိန္ႏွင့္တစ္ေျပးညီ ေဆာင္႐ြက္ႏိုင္ေရး အတြက္ အၿမဲအသင့္ျဖစ္ေအာင္ ျပင္ဆင္ထားရမည္ျဖစ္ေၾကာင္း၊ ေဖေဖာ္ဝါရီလႏွင့္ မတ္လအတြင္း မေလးရွားႏိုင္ငံႏွင့္ အိႏၵိယႏိုင္ငံသို႔ စစ္ေရယာဥ္မ်ား ေစလႊတ္ၿပီး ဒုကၡႀကဳံေတြ႕ေနရသည့္ ျမန္မာႏိုင္ငံသား ၁၁၅၆ ဦးကို ေအာင္ျမင္စြာ သြားေရာက္ ေခၚေဆာင္ႏိုင္ခဲ့ေၾကာင္း၊ အဆိုပါေဆာင္႐ြက္မႈသည္ ျပည္ပတြင္ အေၾကာင္းအမ်ိဳးမ်ိဳး ေၾကာင့္ အတိဒုကၡခံစားေနၾကရသည့္ မိမိႏိုင္ငံသားမ်ားကို ကယ္ထုတ္လာႏိုင္ျခင္း လည္းျဖစ္သကဲ့သို႔ HADR လုပ္ငန္းမ်ားကို လုပ္ေဆာင္ႏိုင္စြမ္း ရွိသည္ကို ျပသ ႏိုင္ခဲ့ျခင္းပင္ျဖစ္ေၾကာင္း။

ယခု ေလ့က်င့္ေဆာင္႐ြက္ခဲ့သည့္ ေလ့က်င့္ခန္းသည္ ေကာင္းမြန္သည့္ ေလ့က်င့္ခန္းတစ္ခုျဖစ္ၿပီး ေဝဟင္၊ ေရျပင္ႏွင့္ ေရေအာက္ မွ ၿခိမ္းေျခာက္ တိုက္ခိုက္ လာသည့္ ရန္သူကို တန္ျပန္တိုက္ခိုက္ေခ်မႈန္းႏိုင္ေရးေလ့က်င့္ေဆာင္႐ြက္ႏိုင္ခဲ့ ေၾကာင္း၊ ေလ့က်င့္ခန္းျပဳလုပ္သည့္ အဆင့္မွသည္ တိုက္ပြဲဝင္အသင့္စစ္ဆင္ႏိုင္စြမ္းရွိ သည့္ အဆင့္(Drill to Action) သို႔ ေရာက္ရွိေရး ဦးတည္ေလ့က်င့္ရမည္ျဖစ္ၿပီး ေလ့က်င့္ခန္းႏွင့္ ပတ္သက္၍ အားနည္းခ်က္၊ အားသာခ်က္မ်ားကို ေဖာ္ထုတ္ သုံးသပ္ ရမည္ျဖစ္ေၾကာင္း၊ သတင္းအခ်က္အလက္ စုေဆာင္းမႈႏွင့္ ပတ္သက္၍ မိမိတို႔ရရွိ ထားသည့္ အခ်က္အလက္မ်ားသည္ မွန္ကန္ရန္လိုအပ္မည္ျဖစ္ၿပီး မွန္ကန္သည့္ အခ်က္အလက္မ်ားရရွိေအာင္လည္း ႀကိဳးပမ္းေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း။

ေလ့က်င့္ခန္းကို ေအာင္ျမင္ေအာင္ႏွင့္ အက်ိဳးသက္ေရာက္မႈရွိေအာင္ ေလ့က်င့္ ေဆာင္႐ြက္ခဲ့ၾကသည့္အတြက္ ေလ့က်င့္ခန္းတြင္ ပါဝင္သည့္ အရာရွိ၊ စစ္သည္ မ်ား အားလုံး၏ လုပ္ေဆာင္မႈမ်ားကို အားရေက်နပ္မႈရွိပါေၾကာင္း၊ ယခုကဲ့သို႔ ေလ့က်င့္ခန္းမ်ားကို တိုင္းျပည္၏ ကာကြယ္ေရးစြမ္းပကားျမင့္မားေစရန္ ရည္႐ြယ္ လုပ္ေဆာင္ေနျခင္းျဖစ္ၿပီး တိုင္းျပည္အတြက္အက်ိဳးရွိေအာင္ လုပ္ေဆာင္ၾကရန္ႏွင့္ မိမိတာဝန္ကို မွန္မွန္ကန္ကန္ႏွင့္‌ေက်ပြန္ေအာင္ လုပ္ေဆာင္သြားၾကရမည္ျဖစ္ ေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ သည္ ေလ့က်င့္ခန္းတြင္ ပါဝင္ေဆာင္႐ြက္ခဲ့ သည့္ အရာရွိ၊ စစ္သည္မ်ားအား အမွတ္တရလက္ေဆာင္မ်ားေပးအပ္ရာ တာဝန္ ေရတပ္မမႉးက လက္ခံရယူသည္။ ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ ဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ စစ္ေရယာဥ္ (မုတၱမ) ေပၚမွ ရဟတ္ယာဥ္မ်ားျဖင့္ ျပန္လည္ထြက္ခြာသြားခဲ့သည္။

ယေန႔ ျပဳလုပ္ခဲ့သည့္ ေလ့က်င့္ခန္းသည္ ရဟတ္ယာဥ္၊ ေရငုပ္သေဘၤာႏွင့္ ေရျပင္သြား စစ္ေရယာဥ္မ်ား ပါဝင္၍ သုံးဘက္ျမင္စစ္ဆင္ႏိုင္စြမ္းရွိေသာေရတပ္ဖြဲ႕ (Three-Dimensional Navy)ျဖင့္ တိုက္စစ္၏ အေျခခံသေဘာတရားျဖစ္သည့္ ပစ္ခတ္မႈႏွင့္ စစ္ကစားမႈ (Fire and Maneuver) ကို ကြၽမ္းက်င္ပိုင္ႏိုင္စြာ ေလ့က်င့္ ေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္းႏွင့္ ေရငုပ္သေဘၤာစစ္ေရယာဥ္ (မင္းရဲသိခၤသူ)သည္ ျမန္မာ ႏိုင္ငံသို႔ ေရာက္ရွိခ်ိန္မွစၿပီး ျမန္မာ့ေရျပင္ပိုင္နက္နယ္နိမိတ္ စစ္ေဆးေရးေရျပင္ ဌာနခ်ဳပ္ဧရိယာအတြင္း၌ ေရငုပ္စစ္ဆင္ေလ့က်င့္မႈအႀကိမ္ေပါင္း ၁၃၁ ႀကိမ္၊ နာရီ ေပါင္း ၁၇၀၈ နာရီ ၅၆ မိနစ္အထိ ေလ့က်င့္ေဆာင္႐ြက္ႏိုင္ခဲ့သည္။

 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။