ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ရှိသူများသာမက နိုင်ငံသူ၊ နိုင်ငံသားအားလုံး ပူးပေါင်းပါဝင်၍ အင်တိုက် အားတိုက်ဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်ကြရန်လို


နေပြည်တော်၊ ဇူလိုင်- ၁၈

ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ဆောင်ရွက်ရာ တွင် အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်မည်ဖြစ်ပြီး ကုသရေးလုပ်ငန်း သည် အများနှင့်ဆိုင်သည့် ကိစ္စရပ်ဖြစ်သဖြင့် ကျန်းမာရေးဝန်ထမ်းများသာမက ပြင်ပမှ ကျွမ်းကျင်သူများ အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကျန်းမာ ရေးဝန်ထမ်းများသည် အနီးကပ်ဆုံး၊ လက်တွေ့အကျဆုံးတာဝန်ယူ ဆောင် ရွက်နေကြရသူများဖြစ်သဖြင့် လိုအပ်သည့်ကူညီထောက်ပံ့မှုများ၊ အားပေးမှုများနှင့် စောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြရန် လိုအပ်မည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကိုဗစ် – ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်း ဒေသကြီးနှင့် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများက Video Conferencing ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုသည် ပထမလှိုင်းနှင့် ဒုတိယလှိုင်းဖြစ်ပေါ်ခဲ့စဉ် မသိသာခဲ့ သော်လည်း လက်ရှိတတိယလှိုင်းတွင် ဖြစ်ပွားမှုနှုန်းများပြား မြန်ဆန်လာသည်ကို တွေ့ရှိရကြောင်း၊ လက်ရှိအချိန်အထိ ကမ္ဘာ့နိုင်ငံများတွင် ရောဂါဖြစ်ပွားမှုအနေဖြင့် လူဦးရေသန်း ၁၉၀ ကျော်ရှိပြီဖြစ်ပြီး မိမိတို့နိုင်ငံတွင် ဇူလိုင် ၁၇ ရက်နေ့အထိ ၂၂၄၂၃၆ ဦးရှိပြီဖြစ်ကြောင်း၊ ကိုဗစ် – ၁၉ တတိယလှိုင်းသည် မိမိတို့နိုင်ငံ၌ ဇွန်လမှ စတင် ဖြစ်ပွားလာခဲ့ပြီး ဇူလိုင်လ ၁ ရက်မှစ၍ ကူးစက်ဖြစ်ပွားမှုနှုန်း မြင့်တက် လာ သည်ကို တွေ့ရှိရကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်းနှင့် တတိယလှိုင်းတို့၏ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းများကို သုတေသနပြု နှိုင်းယှဉ်ရာတွင် များစွာ ကွာခြားမှု ရှိပြီး တတိယလှိုင်းတွင် ကူးစက်ဖြစ်ပွားမှုနှုန်းများသည်ကို ဆတိုးဖြင့် ကူးစက်ပြန့်ပွား လျက်ရှိသည်ကို တွေ့ရှိရကြောင်း။

ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် ၁ ဒသမ ၆ သန်းကျော်ကို ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ပြီး ဒုတိယအကြိမ်ထိုးနှံမှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ လူထု အားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးများကို လှူဒါန်း ရရှိမှုများ၊ မှာယူမှုများဖြင့် အဆက်မပြတ် တင်သွင်းလျက်ရှိပြီး ဇူလိုင် ၂၂ ရက်နေ့တွင် တရုတ်နိုင်ငံမှ ကာကွယ်ဆေး ၇ သိန်းခွဲ ထပ်မံ ရောက်ရှိမည်ဖြစ်ကြောင်းနှင့် ၂၃ ရက်နှင့် ၂၄ ရက်တို့တွင်လည်း ဆက်တိုက် ရောက်ရှိလာမည်ဖြစ်ကြောင်း၊ ဩဂုတ်လ ပထမအပတ်အတွင်း၌လည်း ကာကွယ်ဆေးများ ဆက်လက် ရောက်ရှိလာမည် ဖြစ်သ ဖြင့် ယခုနှစ်အတွင်း လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ ပုဂ္ဂလိက ကုမ္ပဏီများကိုလည်း ဆေးဝါး တင်သွင်းမှုနှင့် ပတ်သက်၍ ကန့်သတ်ချက်မထားရှိပဲ ခွင့်ပြုပေးထားကြောင်း။

အောက်ဆီဂျင်နှင့် ပတ်သက်၍ လူအများစိတ်ဝင်စားလျက်ရှိပြီး အောက်ဆီဂျင် ပေး၍ ကုသသည်ဆိုသော်လည်း လိုအပ်သည့်သူများကိုသာ အောက်ဆီဂျင်ပေးကုသ ရသည်ဖြစ်ကြောင်း၊ သို့သော်လည်း ပြည်သူလူထုအနေဖြင့် ကောလာဟလ သတင်း များကြောင့် စိုးရိမ်ပူပန်ပြီး အောက်ဆီဂျင်များကို ဝယ်ယူသိုလှောင်ခြင်း၊ တစ်ဆင့်ခံ ရောင်းချခြင်းများ လုပ်ဆောင်နေကြသည်ကို တွေ့ရှိရကြောင်း၊ အောက်ဆီဂျင်ကို ဆေးရုံများနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၏ အကြံပြုချက်များဖြင့် အသုံးပြုခြင်းသာ အကောင်းဆုံးဖြစ်မည်ဖြစ်ကြောင်း၊ ပြည်သူ့ဆေးရုံများ၊ တပ်မတော် ဆေးရုံများ၊ စက်ရုံ၊ အလုပ်ရုံများရှိ Oxygen Plant များမှ အောက်ဆီဂျင်များ ထုတ်လုပ် ပေးလျက်ရှိသည့်အပြင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှလည်း liquid အောက်ဆီဂျင်နှင့် အောက်ဆီဂျင်အိုးများကို နယ်စပ်ကုန်သွယ်ရေးစခန်းများမှတဆင့် တင်သွင်းပေး လျက် ရှိကြောင်း၊ တတိယလှိုင်းတွင် မိမိတို့သာမက အိမ်နီးချင်းနိုင်ငံများ၌လည်း အလားတူ အခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီး မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးလျက်ရှိကာ ကူးစက်မှုလျော့ကျနိုင်ရေးကို အဓိကထား ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း။

လက်ရှိအချိန်တွင် ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ သုတေသနပြု ထားသည်များကို လေ့လာမှုများနှင့် Mobility Pattern အရ လူစုလူဝေးပြုလုပ်မှု၊ လူအများစုရုံးနေမှုများ လျော့နည်းလာသည်ကို လက်တွေ့တွေ့မြင်ရပြီး ပြည်သူလူထု ပူးပေါင်းပါဝင်မှုမှာ မြင့်တက်လာသည်ကို တွေ့ရှိရကာ သတ်မှတ်ထားသည့် စည်းကမ်း များကို အလေးထား လိုက်နာလျက် ရှိသည့်အတွက် ပြည်သူလူထုကို ကျေးဇူးတင်ရှိပါ ကြောင်း၊ ထုတ်ပြန်ထားရှိသည့် သွားလာနေထိုင်မှု အခြေခံစည်းကမ်းများကို တစ်ဦး ချင်း တာဝန်သိစွာဖြင့် လိုက်နာ ဆောင်ရွက်ပြီး အားလုံး ပူးပေါင်းဆောင်ရွက် မည်ဆိုပါက ဖြစ်ပွားမှုနှုန်းကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း၊ ထိန်းသိမ်းကြပ်မတ်ရန် တာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျဖြင့် ကြပ်မတ်ဆောင်ရွက်ကြရန်လိုအပ် မည်ဖြစ်ကြောင်း၊ ရောဂါဖြစ်ပွားမှု နှုန်းမြင့်တက်လျက်ရှိသော်လည်း ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်စေရေးနှင့် ကုန်ထုတ်လုပ်ငန်း များ အခက်အခဲ မရှိစေရေးအတွက် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ လေကြောင်း၊ ရထားလမ်း၊ ကားလမ်းများကို ဖွင့်လှစ် ပေးထား လျက်ရှိပြီး ပို့ဆောင်ဆက်သွယ်ရေး တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း များ၏ ကျန်းမာရေး၊ လုံခြုံရေးဆိုင်ရာ တို့နှင့် ပတ်သက်၍လည်း စောင့်ရှောက်ပေးရန် လိုအပ် မည်ဖြစ်ကြောင်း၊ မကြာမီရက်ပိုင်းအတွင်း ရောက်ရှိလာမည့် ရောဂါ ကာကွယ်ဆေးများကို အများနှင့် ထိတွေ့ဆက်ဆံနေရသော ပို့ဆောင်ဆက်သွယ်ရေး တာဝန် ထမ်းဆောင်နေသည့်ဝန်ထမ်းများအား ဦးစားပေး ထိုးနှံပေးသွားနိုင်ရေး စီစဉ်ရန် လို ကြောင်း။

မကြာမီရက်သတ္တပတ်အတွင်း ကျရောက်မည့် အာဇာနည်နေ့၊ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့နှင့် အီဒုလ်အဿွဟာ(ကုရ်ဘာနီအီးဒ်) နေ့ အခမ်းအနား များသည် မဖြစ်မနေကျင်းပပြုလုပ်ရန်လိုအပ်သည့် အခမ်းအနားများဖြစ်သော်လည်း ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတစ်စုံတစ်ရာ မရှိစေရေးအတွက် သတ်မှတ် စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်သွားရန်လိုအပ်မည်ဖြစ်ကြောင်းဖြင့် ပြောကြား သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က ကိုဗစ်-၁၉ ရောဂါကာကွယ်ရာတွင် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေများနှင့်ပတ်သက်၍ ပြောကြားရာတွင် “ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်ပတ်သက်လို့ ထိခိုက်မှုမရှိအောင် ဆောင်ရွက်ရန် လိုပါတယ်။ အဓိက ဘာလဲဆိုတော့ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှုက ပိုပြီး အရေးကြီးပါတယ်။ ဒီရောဂါက ဘယ်လိုမှ တားဆီးလို့ရတာလဲ မဟုတ်ပါဘူး။ မြင်လည်း မမြင်ရဘူး၊ ကြားလည်းမကြားရဘူး၊ အနံ့လည်းမရဘူး၊ ဒီလိုအခြေအနေမျိုး မှာ ကျွန်တော်တို့အနေနဲ့ အားလုံးက ပူးပေါင်းဆောင်ရွက်မှု ပိုအရေးကြီးတယ် ဆိုတာ ကျွန်တော်ပြောလိုပါတယ်။ အဓိက က ကုသရေးပိုင်းဆိုင်ရာမှာ တာဝန်ထမ်းဆောင် နေတဲ့ ဝန်ထမ်းတွေရဲ့ ကိစ္စ၊ ဝန်ထမ်းတွေမှာလည်း နိုင်ငံ့ဝန်ထမ်းတွေ ရှိသလိုဘဲ၊ နောက်တစ်ခါ အပြင်မှာရှိနေတဲ့ ကျွမ်းကျင်တဲ့ လူတွေရှိပါတယ်။ ဆေးဘက်ပညာရှင် တွေရှိပါတယ်။ အများနဲ့ပတ်သက်တဲ့ကိစ္စ ဖြစ်လို့ အားလုံးပူးပေါင်းဆောင်ရွက်ပေး ရန်လိုပါတယ်လို့ ပြောလိုပါတယ်။ သူတို့၏ ကျန်းမာရေးဆိုင်ရာ အကာအကွယ်ကို လည်း ကာကွယ်ပေးဖို့လိုတယ်။ သူတို့ ဖျားနာနေလို့မရဘူး။ သူတို့ကိုလည်း ပိုပြီးတော့ ဂရုစိုက်ဖို့လိုတယ်။ သူတို့ရဲ့ ကုသပေးမှုက လူအများကို ဆောင်ရွက်ပေးတာ။ လူတစ် ယောက်က လူအများကို ဆောင်ရွက်ပေးတာ ဖြစ်တယ်။

လူအများက သူ့ကို ဆောင်ရွက်ပေးတာမဟုတ်ဘူး။ လူတစ်ယောက်က လူအများကို ဆောင်ရွက်ပေးတာ ဖြစ်တယ်။ ဒါကြောင့် သူတို့က ပိုပြီးအရေးကြီးပါတယ်။ ဦးစားပေးပါ။ သူတို့ကို ပြန်ပြီး တော့ ဦးစားပေးဖို့ လိုပါတယ်။ ဒါတွေကလည်း အုပ်ချုပ်မှုပိုင်းဆိုင်ရာ တာဝန် ရှိတဲ့ပုဂ္ဂိုလ်အဆင့်ဆင့်ကလည်း အထူးအလေးထားပြီးတော့ ဆောင်ရွက်ပေးဖို့ ပြောလိုပါတယ်။ တစ်ဖက်ကလည်း စောစောကကျွန်တော်ပြောတဲ့ နိုင်ငံဝန်ထမ်းများနဲ့ ကျွမ်းကျင်သူများကလည်း အပြင်မှာရှိတဲ့ကျွမ်းကျင်သူ အားလုံးကလည်း ဒီဟာက နိုင်ငံရဲ့ နိုင်ငံ့အရေးဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ပူးပေါင်း ဆောင်ရွက်ပေးဖို့ လိုတယ်လို့ ကျွန်တော်ပြောလိုပါတယ်။ စေတနာဝန်ထမ်းများ ခေါ်နေတာ ရှိပါတယ်။ တစ်ချို့လည်း လာရောက်သတင်းပို့ကြတာရှိပါတယ်။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ဟိုကလည်း ခြိမ်းခြောက်၊ ဒီကလည်း ခြိမ်းခြောက်ဆိုတော့ မလာရဲ၊ မပြုရဲနဲ့ လုပ်ကြတာရှိတယ်။ တစ်ချို့လည်း အပြင်ရောက်နေတဲ့ သူတွေ လာချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေတာကို တွေ့ရတယ်။ ဒါတွေကို ကြိုဆိုတယ်လို့ ကျွန်တော် ပြောထားပြီးသားဖြစ်ပါတယ်။ ကြိုဆိုတယ်လို့ ပြောထားပြီးသားဖြစ်တာကြောင့် ပူးပေါင်းဆောင်ရွက်ပေးမှု လိုအပ်တာဆိုတာ ပြောလိုပါတယ်။ နောက်တစ်ခါ လိုအပ်သည့် ပစ္စ ည်းနှင့်ပတ်သက်ပြီး လှူနေတာတွေရှိပါတယ်။ မနေ့က တင်ပြတဲ့ ကိန်းဂဏန်းအရဆိုလျှင် ပြည်နယ်နှင့် တိုင်း အသီးသီးမှာ တော်တော်ကိုများကြပါ တယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေက လူမှုရေးစိတ်ဓာတ်တွေရှိကြတယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ အခက်အခဲအကြပ်အတည်းတွေရှိတဲ့ကြားထဲက သိန်းပေါင်း များစွာ ပြည်နယ်နှင့်တိုင်းအသီးသီးမှာ လာရောက်လှူဒါန်းတဲ့ ပုဂ္ဂိုလ်များကိုလည်း အလှူရှင်အသီးသီးကိုလည်း ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် လှူတယ်ဆိုကတည်းက ဝမ်းသာ စရာ ကိစ္စဖြစ်ပါတယ်။ အလှူရှင်အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ကျွန်တော် ပြောလိုပါတယ်။ ဆက်လက်ပြီးတော့လည်း တတ်နိုင်သည့် အဖွဲ့အစည်းတွေ၊ အသင်း အဖွဲ့တွေကလည်း ပူးပေါင်းဆောင်ရွက်ပေးကြပါလို့ ပြောလိုပါတယ်။”

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တက်ရောက်လာကြသူများ က ကိုဗစ် – ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက်နေမှု၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် တိုင်းစစ်ဌာနချုပ်အလိုက် Oxygen plant များ၊ အောက်ဆီဂျင်အိုးများ မှာယူရောက်ရှိနေမှု၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ လက်ကားဆေးဆိုင်ကြီးများ၏ ဖြန့်ဝေရောင်းချနေမှုနှင့် သုံးသပ်ချက်များ၊ ကုန်စည် စီးဆင်းမှုနှင့် ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန် မပြတ် စေရေးအတွက် ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများကို သတ်မှတ်စည်းကမ်း များနှင့် အညီ ဆက်လက်ဆောင်ရွက်ပေးနေမှု၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေး နှိုးဆော် ခြင်းနှင့် ရောဂါဖြစ်ပွားမှုဆိုင်ရာ၊ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ဆောင်ရွက် နေမှုများကို သတင်းထုတ်ပြန်ပေး၊ ပညာပေး၊ လှုံ့ဆော်နေမှု၊ ယနေ့အချိန်အထိ မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်များတွင် ရောဂါပိုးအတည်ပြုလူနာ ၃၁၅ ဦးရှိသည့်အနက် ဆေးရုံ ဆင်းလာသူ ၁၂၀ ဦး၊ ကုသဆဲ ၁၉၀ ဦးဖြစ်ပြီးသေဆုံးသူ ၅ ဦးရှိကာ ၎င်း ၅ ဦး သည်လည်း မူလရောဂါအခံရှိမှုကြောင့်သေဆုံးခဲ့ရသည့် အခြေအနေများနှင့် အကျဉ်းစခန်းများရှိ ရောဂါပိုး အတည်ပြုသူများကို သက်ဆိုင်ရာ အကျဉ်းစခန်း၊ အချုပ်စခန်းများတွင် ဆေးခန်း၊ ဆေးကုသမှုနေရာများဖြင့် စနစ်တကျ ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိမှုကြောင့် အခြေအနေထိန်းချုပ်ထားနိုင်မှု၊ မဖြစ် မနေ ကျင်းပပြုလုပ်ရန် လိုအပ်သည့် အခမ်းအနားများအား အနည်းဆုံးသော အင်အားဖြင့် သတ်မှတ် စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်နိုင်ရေး စီမံ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အောက်ဆီဂျင်များလိုအပ်ချက်များ မရှိစေရေး အတွက် တပ်မတော် စက်ရုံအလုပ်ရုံများ၊ ပုဂ္ဂလိက စက်ရုံများမှ နေ့စဉ်ထုတ်လုပ်၍ ဆေးရုံများသို့ နေ့စဉ်ဖြန့်ဝေပေးနေမှု၊ ပြည်ပမှမှာယူတင်သွင်းပေးနေမှုနှင့် အောက်ဆီ ဂျင် များလုံလောက်စွာရရှိရေး စီမံဆောင်ရွက်နေမှု၊ ကျန်းမာရေးဝန်ထမ်း များအား လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်နေမှု၊ တပ်မတော် စက်ရုံ အလုပ်ရုံများ၊ ပုဂ္ဂလိက စက်ရုံများမှ အောက်ဆီဂျင်များ နေ့စဉ် ထုတ်လုပ်ဆောင်ရွက်ပေးနေမှု၊ ရောဂါကူးစက်ပြန့်ပွားမှု လျော့ပါးစေရေးအတွက် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်သွားလာမှုရှိစေရေး ကြပ်မတ်ဆောင်ရွက်ကြ ရန်လိုအပ်မှု အခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အကျယ်တဝင့် ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းများသည် ကျန်းမာရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ တို့အတွက် မရှိမဖြစ် အရေးပါပြီး ရပ်တန့် သွား၍ မရသည့်အတွက် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို တိတိကျကျ လိုက်နာကျရန်လိုအပ်မည်ဖြစ်ကြောင်း၊ ဒေသအလိုက် မဖြစ်မနေခရီးသွားရသည်များ ရှိသည်ဖြစ်၍ RBE ရထားများ ပြေးဆွဲပေးရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အား မရရှိပါက ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည် မဟုတ်သောကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေးအတွက်လည်း အလေးထား ဆောင်ရွက်ကြရန်နှင့် လျှပ်စစ်ဝန်ထမ်းများကို လုံခြုံရေးအရ အကာ အကွယ် ပေးရန်လိုအပ်မည်ဖြစ်ကြောင်း၊ ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် ပုံနှိပ်လုပ်ငန်း များမှတဆင့် ပြည်သူများသို့ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများကို ဆောင်ရွက်ရာတွင် ထိမိစွာဖြင့် သတိပေးနှိုးဆော်ကြရမည်ဖြစ်ပြီး တိုင်းရင်းသား ဘာသာစကားများဖြင့်လည်း ထုတ်လွှင့်ရန်လိုကြောင်း၊ ပညာပေးအစီအစဉ်များ၊ ဆောင်းပါးများ၊ သတင်းများကို လူတိုင်းနားလည်အောင်၊ ထိမိအောင် ရေးသား၊ ထုတ်လွှင့်ရန်လိုကြောင်း၊ နှိုးဆော်ချက်၊ လှုံ့ဆော်ချက်များကို လူထုနားထဲ အရောက် အသံချဲ့စက်များသုံး၍ ပညာပေးရန်၊ လှုံ့ဆော်ရန် လုပ်ဆောင်နိုင်ကြောင်း၊ ကာကွယ် ဆေးထိုးနှံမှုနှင့် ပတ်သက်၍ ထိုးနှံရမည့်သူအားလုံးကို မပျက်မကွက်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုကို စိတ်ရောကိုယ်ပါ အားပေးကြရမည်ဖြစ်ပြီးလိုအပ်သည့် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ လိုအပ်သည့် ထောက်ပံ့ကြေးများကိုလည်း ခွင့်ပြု ထားသည့်အပြင် ကျန်းမာရေးဝန်ထမ်းများ၏ စိတ်ဓာတ်မြှင့်တင်ရေးကို တာဝန်ရှိသူအားလုံးက လိုအပ်သည်များ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဝေးလံ ခေါင်ဖျားသည့် ဒေသများ၏ အောက်ဆီဂျင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး၊ အရေးပေါ်လိုအပ်ပါက တပ်မတော်ရဟတ်ယာဉ်၊ လေယာဉ်များ အသုံးပြုနိုင်ရေးစီမံ ခန့်ခွဲထားပြီး အချိန်နှင့်တပြေးညီ လုပ်ဆောင်ပေးရန်လိုကြောင်းဖြင့် ဖြည့်စွက် ဆွေးနွေး ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဆွေးနွေးမှုများ၏ အဓိကရည်ရွယ် ချက် သည် ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရေးပင်ဖြစ်ပြီး ရောဂါပိုးကူးစက်မှု ကြောင့် ပြည်သူများ စိုးရိမ်ပူပန်နေရမှုများကို ဖြေလျော့ပေးနိုင်ရေး ကြိုးပမ်းလုပ် ဆောင်ကြရမည်ဖြစ်ကြောင်း၊ သတိပေးနှိုးဆော်မှုများကို ဆက်တိုက်ဆောင်ရွက်ခဲ့ သဖြင့် လှုပ်ရှားသွားလာမှုများလျော့ကျလာသည်ကို တွေ့ရှိရပြီး ရုံးပိတ်ရက်ရှည် ကာလအတွင်း၌လည်း သွားလာမှုများကို စနစ်တကျရှိစေရေး နှိုးဆော်ကြပ်မတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝါတွင်းကာလ ဝါဆိုကြမည့် ရဟန်း၊ သံဃာ၊ သီလရှင်များ၏ ကျန်းမာရေး၊ ဆွမ်းကွမ်းကိစ္စမလစ်ဟင်းစေရေး ဆောင်ရွက်ပေး ရန်လိုကြောင်း၊ ထို့ပြင် ကိုးကွယ်ရာဘာသာများအလိုက် ဘုရားသွားကျောင်းတက်ခြင်း၊ ဝတ်ပြုခြင်းများကို ဆောင်ရွက်ကြမည်ဖြစ်ရာ စည်းကမ်းနှင့်အညီဖြစ်စေရေး ကြပ်မတ် ကြရမည်ဖြစ်ကြောင်း။

ကုန်ထုတ်လုပ်ငန်းများ လည်ပတ်နေစေရေးနှင့် ကိုဗစ်ကာလ သွားလာမှု ကန့်သတ် ချက်အချို့ကြောင့် စိုက်ပျိုးကုန်များ၊ မွေးမြူရေးထုတ်ကုန်များ ပို့ဆောင် ဖြန့်ချိမှု ခက်ခဲလာလျင် ကူညီဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊ တောင်သူ လယ်သမား များ စိုက်ပျိုးစရိတ်နှင့် သင့်လျော်သော အမြတ်ငွေရရှိရန် ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း၊ အခြေခံစားကုန်သဖွယ်ဖြစ်နေသော ကြက်ဥဈေးနှုန်းနှင့် ပတ်သက် ပြီး ကောလာဟလ ဖြစ်အောင် ဈေးနှုန်းမြင့်တက်အောင် လုပ်ဆောင်နေမှုများ ကို တွေ့ရှိရပြီး ဥစားကြက် မွေးမြူရေးကို မိမိတို့အနေဖြင့် လွန်ခဲ့သည့် ၆ နှစ် ၇ နှစ်ကတည်းကပင် အားသွန်ခွန်စိုက် လုပ်ခဲ့ကြောင်း၊ ယခင်ကပင် တပ်မတော်က ပြည်သူလူထုကို ရောင်းချပေးနေ သည်ကိုတွေ့နိုင်မည်ဖြစ်ကြောင်း၊ စိုးရိမ်စရာ မရှိ ကြောင်း၊ ကိုဗစ် – ၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ပြည်သူလူထုတစ်ရပ်လုံး၏ စိုးရိမ်ကြောင့်ကြမှုများကို လျော့ပါးအောင် ဆောင်ရွက်ပေးနိုင်ရမည်ဖြစ်ကြောင်း ဖြင့်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ရောဂါကာကွယ်ကုသထိန်းချုပ်ရေး စီမံဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ပြောကြားရာတွင် “ Quarantine Center နဲ့ ပတ်သက်၍ ပြင်ထားတာ ရှိပါ တယ်။ တပ်မတော်နဲ့အရပ်ဘက်ဆေးရုံတွေ၊ နေရာ၊ ဌာန တွေကို အားလုံးပေါင်း ၆၉၈၀၀ ဦးရေခန့်အတွက် Center ၁၉၃၄ နေရာမှာ ပြင်ဆင်ထားပါတယ်။ လက်ရှိ ၂၅ ရာခိုင်နှုန်းဘဲ Quarantine Center များတွင် ရှိပါတယ်။ အလားတူ Positive လူနာ များနဲ့ပတ်သက်ပြီး နေရာပေါင်း ၁၁၁၄ နေရာမှာ ၄၅၉၀၀ ၊ ၄၆၀၀၀ ခန့် ဝင်ဆံ့တဲ့ အင်အားရှိပါတယ်။ လောလောဆယ် ၆၂ ရာခိုင်နှုန်းဘဲ Postive လူနာထားတဲ့နေရာမှာ ရှိပါတယ်။ ကုသရေး Center ပေါင်း ၅၆၀ လုပ်ထားတဲ့နေရာမှာ ဝင်ဆံ့တာက ၂၅၅၀၀ ခန့်ရှိပါတယ်။ ၉၂ ဒသမ ၂ ရာခိုင်နှုန်းရှိပါတယ်။ သူကတော့ ပိုများပါတယ်။ ကုသရေး Center မှာရှိတဲ့ လူနာများနဲ့ပတ်သက်၍ တစ်ချို့ကလည်း Postive လူနာထားတဲ့ နေရာဘက်သို့ ရွှေ့သင့်ရင် ပြန်ရွှေ့ရမှာဘဲ။ ဒါကတော့ လက်ရှိ အခြေအနေမှာ မဖြစ်သေးပါဘူး။ သို့သော်လည်း ကြိုတင်ပြီးစဉ်းစားထားဖို့လိုတယ်။ ဘယ်လိုဖြစ်လာ လို့ရှိရင် ဘယ်နေရာမှာ Shift လုပ်မလဲဆိုတာ အဲ့မှာ စီမံခန့်ခွဲရေး လုပ်ဖို့ အရေး ကြီးပါတယ်။ သူတို့ရဲ့ စားရေး၊ သောက်ရေး အရေးကြီးပါတယ်။ သူတို့ စားရေး၊ သောက်ရေး၊ ကျွေးမွေးရေးပေါ့။ တပ်မတော်ကတော့ တပ်မတော်မှာ တက်နေတဲ့ ဆေးရုံတွေမှာ နေရာ ၃ နေရာမှာ အကုန်လုံး ကျွေးမွေးထားပါတယ်။ ထို့အတူဘဲ ဆေးရုံတွေမှာလည်း တတ်နိုင်သလောက် ကျွေးမွေးနေတယ်။ အလှူရှင်တွေနဲ့ လုပ်ပေးထားတာ ရှိတယ်။ ဒါတွေလည်း မျက်ခြေမပြတ်ကြည့်နေဖို့ လိုပါတယ်။ လူနာတွေကလည်း အာဟာရရှိဖို့ လိုပါတယ်။ ကိုဗစ် နဲ့ပတ်သက်ပြီး ခံနိုင်ရည်ရှိအောင် အာဟာရရှိအောင် ဆောင်ရွက်ပေးဖို့လိုတယ်။ စားနိုင်တဲ့ လူနာတွေရှိသလို မစားနိုင်တဲ့ လူနာတွေရှိမယ်။ မျက်ခြေမပြတ်ကြည့်ဖို့ လိုပါတယ်။ ဆင်းရဲချမ်းသာ မဟုတ်ပါဘူး။ ဆင်းရဲလို့ မလုပ်နိုင်ဘူး၊ မကျွေးနိုင်ဘူး၊ မစားနိုင်ဘူး ဆိုတာ မဖြစ်ပါစေနဲ့။ အားလုံးကို ကျွန်တော်တို့က လူသားတစ်ယောက်အနေနဲ့ ရသင့်ရထိုက်တဲ့ဟာတွေကို ပေးလို့ရ အောင်ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ ပြောလိုပါတယ်။”

ဆက်လက်ပြောကြားရာတွင် ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပတ်သက် ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အခက်အခဲများရှိပါက သက်ဆိုင်ရာ ဝန်ကြီး ဌာနများနှင့် တိုင်းစစ်ဌာနချုပ်များသို့ ဆက်သွယ်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်းနှင့် ကုသရေးနှင့် ပတ်သက်၍ အလေးထား ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးတွင် ပါဝင် ဆောင်ရွက်လျက်ရှိသည့် စီမံခန့်ခွဲသူများ၊ ပူးပေါင်းပါဝင်သူများ၏ လုံခြုံရေး ထိခိုက် မည့်ကိစ္စရပ်များအပေါ် ပြည်သူလူထုက ဝိုင်းဝန်းပူးပေါင်းဆန့်ကျင်ဆောင်ရွက်ရန်လိုပြီး ပါဝင်သည့် ပြည်သူလူထုကိုလည်း အသိအမှတ်ပြုရန်လိုအပ်မည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

 

Zawgyi Version

 

ကိုဗစ္-၁၉ ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး လုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ တာဝန္ရွိသူမ်ားသာမက ႏိုင္ငံသူ၊ ႏိုင္ငံသားအားလုံး ပူးေပါင္းပါဝင္၍ အင္တိုက္ အားတိုက္ျဖင့္ တက္ညီလက္ညီ ဝိုင္းဝန္းေဆာင္႐ြက္ၾကရန္လို

ေနျပည္ေတာ္၊ ဇူလိုင္- ၁၈

ကိုဗစ္ – ၁၉ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ကုသေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ရာ တြင္ အားလုံး ပူးေပါင္းပါဝင္ေဆာင္႐ြက္ၾကရန္လိုအပ္မည္ျဖစ္ၿပီး ကုသေရးလုပ္ငန္း သည္ အမ်ားႏွင့္ဆိုင္သည့္ ကိစၥရပ္ျဖစ္သျဖင့္ က်န္းမာေရးဝန္ထမ္းမ်ားသာမက ျပင္ပမွ ကြၽမ္းက်င္သူမ်ား အေနျဖင့္လည္း ပူးေပါင္းေဆာင္႐ြက္ၾကရန္ လိုအပ္မည္ျဖစ္ေၾကာင္း၊ က်န္းမာ ေရးဝန္ထမ္းမ်ားသည္ အနီးကပ္ဆုံး၊ လက္ေတြ႕အက်ဆုံးတာဝန္ယူ ေဆာင္ ႐ြက္ေနၾကရသူမ်ားျဖစ္သျဖင့္ လိုအပ္သည့္ကူညီေထာက္ပံ့မႈမ်ား၊ အားေပးမႈမ်ားႏွင့္ ေစာင့္ေရွာက္မႈမ်ား ေဆာင္႐ြက္ေပးၾကရန္ လိုအပ္မည္ျဖစ္ေၾကာင္းျဖင့္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ယေန႔ မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)၊ အစည္း အေဝးခန္းမ၌ က်င္းပျပဳလုပ္သည့္ ကိုဗစ္ – ၁၉ ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာ တတိယအႀကိမ္ ညႇိႏႈိင္းအစည္းအေဝးသို႔ တက္ေရာက္ အမွာစကား ေျပာၾကားစဥ္ ထည့္သြင္းေျပာၾကားသည္။
အစည္းအေဝးသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ေကာင္စီအဖြဲ႕ဝင္ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္ခိုင္ဝင္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီးႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကၿပီး တိုင္း ေဒသႀကီးႏွင့္ ျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒မ်ားက Video Conferencing ျဖင့္ တက္ေရာက္ၾကသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အဖြင့္အမွာစကားေျပာၾကားရာတြင္ ကိုဗစ္-၁၉ ေရာဂါကူးစက္ျဖစ္ပြားမႈသည္ ပထမလႈိင္းႏွင့္ ဒုတိယလႈိင္းျဖစ္ေပၚခဲ့စဥ္ မသိသာခဲ့ ေသာ္လည္း လက္ရွိတတိယလႈိင္းတြင္ ျဖစ္ပြားမႈႏႈန္းမ်ားျပား ျမန္ဆန္လာသည္ကို ေတြ႕ရွိရေၾကာင္း၊ လက္ရွိအခ်ိန္အထိ ကမာၻ႔ႏိုင္ငံမ်ားတြင္ ေရာဂါျဖစ္ပြားမႈအေနျဖင့္ လူဦးေရသန္း ၁၉၀ ေက်ာ္ရွိၿပီျဖစ္ၿပီး မိမိတို႔ႏိုင္ငံတြင္ ဇူလိုင္ ၁၇ ရက္ေန႔အထိ ၂၂၄၂၃၆ ဦးရွိၿပီျဖစ္ေၾကာင္း၊ ကိုဗစ္ – ၁၉ တတိယလႈိင္းသည္ မိမိတို႔ႏိုင္ငံ၌ ဇြန္လမွ စတင္ ျဖစ္ပြားလာခဲ့ၿပီး ဇူလိုင္လ ၁ ရက္မွစ၍ ကူးစက္ျဖစ္ပြားမႈႏႈန္း ျမင့္တက္ လာ သည္ကို ေတြ႕ရွိရေၾကာင္း၊ ကိုဗစ္-၁၉ ေရာဂါ ပထမလႈိင္း၊ ဒုတိယလႈိင္းႏွင့္ တတိယလႈိင္းတို႔၏ ေရာဂါကူးစက္ျဖစ္ပြားမႈႏႈန္းမ်ားကို သုေတသနျပဳ ႏႈိင္းယွဥ္ရာတြင္ မ်ားစြာ ကြာျခားမႈ ရွိၿပီး တတိယလႈိင္းတြင္ ကူးစက္ျဖစ္ပြားမႈႏႈန္းမ်ားသည္ကို ဆတိုးျဖင့္ ကူးစက္ျပန႔္ပြား လ်က္ရွိသည္ကို ေတြ႕ရွိရေၾကာင္း။

ကာကြယ္ေဆးထိုးႏွံၿပီးစီးမႈအေနျဖင့္ ၁ ဒသမ ၆ သန္းေက်ာ္ကို ကာကြယ္ေဆး ထိုးႏွံၿပီးျဖစ္ၿပီး ဒုတိယအႀကိမ္ထိုးႏွံမႈမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ျပည္သူ လူထု အားလုံးကို ရာႏႈန္းျပည့္ထိုးႏွံႏိုင္ေရးအတြက္ ကာကြယ္ေဆးမ်ားကို လႉဒါန္း ရရွိမႈမ်ား၊ မွာယူမႈမ်ားျဖင့္ အဆက္မျပတ္ တင္သြင္းလ်က္ရွိၿပီး ဇူလိုင္ ၂၂ ရက္ေန႔တြင္ တ႐ုတ္ႏိုင္ငံမွ ကာကြယ္ေဆး ၇ သိန္းခြဲ ထပ္မံ ေရာက္ရွိမည္ျဖစ္ေၾကာင္းႏွင့္ ၂၃ ရက္ႏွင့္ ၂၄ ရက္တို႔တြင္လည္း ဆက္တိုက္ ေရာက္ရွိလာမည္ျဖစ္ေၾကာင္း၊ ဩဂုတ္လ ပထမအပတ္အတြင္း၌လည္း ကာကြယ္ေဆးမ်ား ဆက္လက္ ေရာက္ရွိလာမည္ ျဖစ္သ ျဖင့္ ယခုႏွစ္အတြင္း လူဦးေရ၏ ၅၀ ရာခိုင္ႏႈန္းကို ကာကြယ္ေဆးထိုးႏွံေပးႏိုင္ရန္ ေမွ်ာ္မွန္းေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ပုဂၢလိက ကုမၸဏီမ်ားကိုလည္း ေဆးဝါး တင္သြင္းမႈႏွင့္ ပတ္သက္၍ ကန႔္သတ္ခ်က္မထားရွိပဲ ခြင့္ျပဳေပးထားေၾကာင္း။

ေအာက္ဆီဂ်င္ႏွင့္ ပတ္သက္၍ လူအမ်ားစိတ္ဝင္စားလ်က္ရွိၿပီး ေအာက္ဆီဂ်င္ ေပး၍ ကုသသည္ဆိုေသာ္လည္း လိုအပ္သည့္သူမ်ားကိုသာ ေအာက္ဆီဂ်င္ေပးကုသ ရသည္ျဖစ္ေၾကာင္း၊ သို႔ေသာ္လည္း ျပည္သူလူထုအေနျဖင့္ ေကာလာဟလ သတင္း မ်ားေၾကာင့္ စိုးရိမ္ပူပန္ၿပီး ေအာက္ဆီဂ်င္မ်ားကို ဝယ္ယူသိုေလွာင္ျခင္း၊ တစ္ဆင့္ခံ ေရာင္းခ်ျခင္းမ်ား လုပ္ေဆာင္ေနၾကသည္ကို ေတြ႕ရွိရေၾကာင္း၊ ေအာက္ဆီဂ်င္ကို ေဆး႐ုံမ်ားႏွင့္ က်န္းမာေရးဆိုင္ရာ တာဝန္ရွိသူမ်ား၏ အႀကံျပဳခ်က္မ်ားျဖင့္ အသုံးျပဳျခင္းသာ အေကာင္းဆုံးျဖစ္မည္ျဖစ္ေၾကာင္း၊ ျပည္သူ႔ေဆး႐ုံမ်ား၊ တပ္မေတာ္ ေဆး႐ုံမ်ား၊ စက္႐ုံ၊ အလုပ္႐ုံမ်ားရွိ Oxygen Plant မ်ားမွ ေအာက္ဆီဂ်င္မ်ား ထုတ္လုပ္ ေပးလ်က္ရွိသည့္အျပင္ ထိုင္းႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံတို႔မွလည္း liquid ေအာက္ဆီဂ်င္ႏွင့္ ေအာက္ဆီဂ်င္အိုးမ်ားကို နယ္စပ္ကုန္သြယ္ေရးစခန္းမ်ားမွတဆင့္ တင္သြင္းေပး လ်က္ ရွိေၾကာင္း၊ တတိယလႈိင္းတြင္ မိမိတို႔သာမက အိမ္နီးခ်င္းႏိုင္ငံမ်ား၌လည္း အလားတူ အခက္အခဲမ်ား ျဖစ္ေပၚခဲ့ၿပီး မိမိတို႔အေနျဖင့္ အတတ္ႏိုင္ဆုံး အေကာင္းဆုံးျဖစ္ေအာင္ ေဆာင္႐ြက္ေပးလ်က္ရွိကာ ကူးစက္မႈေလ်ာ့က်ႏိုင္ေရးကို အဓိကထား ေဆာင္႐ြက္ၾက ရမည္ျဖစ္ေၾကာင္း။

လက္ရွိအခ်ိန္တြင္ ကိုဗစ္ – ၁၉ ေရာဂါျဖစ္ပြားမႈႏွင့္ ပတ္သက္၍ သုေတသနျပဳ ထားသည္မ်ားကို ေလ့လာမႈမ်ားႏွင့္ Mobility Pattern အရ လူစုလူေဝးျပဳလုပ္မႈ၊ လူအမ်ားစု႐ုံးေနမႈမ်ား ေလ်ာ့နည္းလာသည္ကို လက္ေတြ႕ေတြ႕ျမင္ရၿပီး ျပည္သူလူထု ပူးေပါင္းပါဝင္မႈမွာ ျမင့္တက္လာသည္ကို ေတြ႕ရွိရကာ သတ္မွတ္ထားသည့္ စည္းကမ္း မ်ားကို အေလးထား လိုက္နာလ်က္ ရွိသည့္အတြက္ ျပည္သူလူထုကို ေက်းဇူးတင္ရွိပါ ေၾကာင္း၊ ထုတ္ျပန္ထားရွိသည့္ သြားလာေနထိုင္မႈ အေျခခံစည္းကမ္းမ်ားကို တစ္ဦး ခ်င္း တာဝန္သိစြာျဖင့္ လိုက္နာ ေဆာင္႐ြက္ၿပီး အားလုံး ပူးေပါင္းေဆာင္႐ြက္ မည္ဆိုပါက ျဖစ္ပြားမႈႏႈန္းကို ထိန္းခ်ဳပ္ႏိုင္မည္ျဖစ္ေၾကာင္း၊ ထိန္းသိမ္းၾကပ္မတ္ရန္ တာဝန္ရွိသူမ်ားအေနျဖင့္လည္း စနစ္တက်ျဖင့္ ၾကပ္မတ္ေဆာင္႐ြက္ၾကရန္လိုအပ္ မည္ျဖစ္ေၾကာင္း၊ ေရာဂါျဖစ္ပြားမႈ ႏႈန္းျမင့္တက္လ်က္ရွိေသာ္လည္း ကုန္စည္စီးဆင္းမႈ လြယ္ကူလ်င္ျမန္ေစေရးႏွင့္ ကုန္ထုတ္လုပ္ငန္း မ်ား အခက္အခဲ မရွိေစေရးအတြက္ ပို႔ေဆာင္ဆက္သြယ္ေရးဆိုင္ရာ ေလေၾကာင္း၊ ရထားလမ္း၊ ကားလမ္းမ်ားကို ဖြင့္လွစ္ ေပးထား လ်က္ရွိၿပီး ပို႔ေဆာင္ဆက္သြယ္ေရး တာဝန္ထမ္းေဆာင္ေနသည့္ ဝန္ထမ္း မ်ား၏ က်န္းမာေရး၊ လုံၿခဳံေရးဆိုင္ရာ တို႔ႏွင့္ ပတ္သက္၍လည္း ေစာင့္ေရွာက္ေပးရန္ လိုအပ္ မည္ျဖစ္ေၾကာင္း၊ မၾကာမီရက္ပိုင္းအတြင္း ေရာက္ရွိလာမည့္ ေရာဂါ ကာကြယ္ေဆးမ်ားကို အမ်ားႏွင့္ ထိေတြ႕ဆက္ဆံေနရေသာ ပို႔ေဆာင္ဆက္သြယ္ေရး တာဝန္ ထမ္းေဆာင္ေနသည့္ဝန္ထမ္းမ်ားအား ဦးစားေပး ထိုးႏွံေပးသြားႏိုင္ေရး စီစဥ္ရန္ လို ေၾကာင္း။

မၾကာမီရက္သတၱပတ္အတြင္း က်ေရာက္မည့္ အာဇာနည္ေန႔၊ ဝါဆိုလျပည့္ ဓမၼစၾကာအခါေတာ္ေန႔ႏွင့္ အီဒုလ္အႆြဟာ(ကုရ္ဘာနီအီးဒ္) ေန႔ အခမ္းအနား မ်ားသည္ မျဖစ္မေနက်င္းပျပဳလုပ္ရန္လိုအပ္သည့္ အခမ္းအနားမ်ားျဖစ္ေသာ္လည္း က်န္းမာေရးဆိုင္ရာ ထိခိုက္မႈတစ္စုံတစ္ရာ မရွိေစေရးအတြက္ သတ္မွတ္ စည္းမ်ဥ္း စည္းကမ္းမ်ားႏွင့္အညီ က်င္းပျပဳလုပ္သြားရန္လိုအပ္မည္ျဖစ္ေၾကာင္းျဖင့္ ေျပာၾကား သည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ က ကိုဗစ္-၁၉ ေရာဂါကာကြယ္ရာတြင္ ျပည္သူလူထုတစ္ရပ္လုံး ပူးေပါင္း ပါဝင္ေဆာင္႐ြက္ရန္ လိုအပ္သည့္အေျခအေနမ်ားႏွင့္ပတ္သက္၍ ေျပာၾကားရာတြင္ “ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေရးႏွင့္ပတ္သက္လို႔ ထိခိုက္မႈမရွိေအာင္ ေဆာင္႐ြက္ရန္ လိုပါတယ္။ အဓိက ဘာလဲဆိုေတာ့ ျပည္သူလူထု ပူးေပါင္းေဆာင္႐ြက္မႈက ပိုၿပီး အေရးႀကီးပါတယ္။ ဒီေရာဂါက ဘယ္လိုမွ တားဆီးလို႔ရတာလဲ မဟုတ္ပါဘူး။ ျမင္လည္း မျမင္ရဘူး၊ ၾကားလည္းမၾကားရဘူး၊ အနံ႔လည္းမရဘူး၊ ဒီလိုအေျခအေနမ်ိဳး မွာ ကြၽန္ေတာ္တို႔အေနနဲ႔ အားလုံးက ပူးေပါင္းေဆာင္႐ြက္မႈ ပိုအေရးႀကီးတယ္ ဆိုတာ ကြၽန္ေတာ္ေျပာလိုပါတယ္။ အဓိက က ကုသေရးပိုင္းဆိုင္ရာမွာ တာဝန္ထမ္းေဆာင္ ေနတဲ့ ဝန္ထမ္းေတြရဲ႕ ကိစၥ၊ ဝန္ထမ္းေတြမွာလည္း ႏိုင္ငံ့ဝန္ထမ္းေတြ ရွိသလိုဘဲ၊ ေနာက္တစ္ခါ အျပင္မွာရွိေနတဲ့ ကြၽမ္းက်င္တဲ့ လူေတြရွိပါတယ္။ ေဆးဘက္ပညာရွင္ ေတြရွိပါတယ္။ အမ်ားနဲ႔ပတ္သက္တဲ့ကိစၥ ျဖစ္လို႔ အားလုံးပူးေပါင္းေဆာင္႐ြက္ေပး ရန္လိုပါတယ္လို႔ ေျပာလိုပါတယ္။ သူတို႔၏ က်န္းမာေရးဆိုင္ရာ အကာအကြယ္ကို လည္း ကာကြယ္ေပးဖို႔လိုတယ္။ သူတို႔ ဖ်ားနာေနလို႔မရဘူး။ သူတို႔ကိုလည္း ပိုၿပီးေတာ့ ဂ႐ုစိုက္ဖို႔လိုတယ္။ သူတို႔ရဲ႕ ကုသေပးမႈက လူအမ်ားကို ေဆာင္႐ြက္ေပးတာ။ လူတစ္ ေယာက္က လူအမ်ားကို ေဆာင္႐ြက္ေပးတာ ျဖစ္တယ္။

လူအမ်ားက သူ႔ကို ေဆာင္႐ြက္ေပးတာမဟုတ္ဘူး။ လူတစ္ေယာက္က လူအမ်ားကို ေဆာင္႐ြက္ေပးတာ ျဖစ္တယ္။ ဒါေၾကာင့္ သူတို႔က ပိုၿပီးအေရးႀကီးပါတယ္။ ဦးစားေပးပါ။ သူတို႔ကို ျပန္ၿပီး ေတာ့ ဦးစားေပးဖို႔ လိုပါတယ္။ ဒါေတြကလည္း အုပ္ခ်ဳပ္မႈပိုင္းဆိုင္ရာ တာဝန္ ရွိတဲ့ပုဂၢိဳလ္အဆင့္ဆင့္ကလည္း အထူးအေလးထားၿပီးေတာ့ ေဆာင္႐ြက္ေပးဖို႔ ေျပာလိုပါတယ္။ တစ္ဖက္ကလည္း ေစာေစာကကြၽန္ေတာ္ေျပာတဲ့ ႏိုင္ငံဝန္ထမ္းမ်ားနဲ႔ ကြၽမ္းက်င္သူမ်ားကလည္း အျပင္မွာရွိတဲ့ကြၽမ္းက်င္သူ အားလုံးကလည္း ဒီဟာက ႏိုင္ငံရဲ႕ ႏိုင္ငံ့အေရးျဖစ္တဲ့အတြက္ေၾကာင့္ ဘယ္လိုနည္းနဲ႔ျဖစ္ျဖစ္ ပူးေပါင္း ေဆာင္႐ြက္ေပးဖို႔ လိုတယ္လို႔ ကြၽန္ေတာ္ေျပာလိုပါတယ္။ ေစတနာဝန္ထမ္းမ်ား ေခၚေနတာ ရွိပါတယ္။ တစ္ခ်ိဳ႕လည္း လာေရာက္သတင္းပို႔ၾကတာရွိပါတယ္။ ဒါေပမယ့္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဟိုကလည္း ၿခိမ္းေျခာက္၊ ဒီကလည္း ၿခိမ္းေျခာက္ဆိုေတာ့ မလာရဲ၊ မျပဳရဲနဲ႔ လုပ္ၾကတာရွိတယ္။ တစ္ခ်ိဳ႕လည္း အျပင္ေရာက္ေနတဲ့ သူေတြ လာခ်င္ေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အခက္အခဲျဖစ္ေနတာကို ေတြ႕ရတယ္။ ဒါေတြကို ႀကိဳဆိုတယ္လို႔ ကြၽန္ေတာ္ ေျပာထားၿပီးသားျဖစ္ပါတယ္။ ႀကိဳဆိုတယ္လို႔ ေျပာထားၿပီးသားျဖစ္တာေၾကာင့္ ပူးေပါင္းေဆာင္႐ြက္ေပးမႈ လိုအပ္တာဆိုတာ ေျပာလိုပါတယ္။ ေနာက္တစ္ခါ လိုအပ္သည့္ ပစၥ ည္းႏွင့္ပတ္သက္ၿပီး လႉေနတာေတြရွိပါတယ္။ မေန႔က တင္ျပတဲ့ ကိန္းဂဏန္းအရဆိုလွ်င္ ျပည္နယ္ႏွင့္ တိုင္း အသီးသီးမွာ ေတာ္ေတာ္ကိုမ်ားၾကပါ တယ္။ ကြၽန္ေတာ္တို႔ ျမန္မာလူမ်ိဳးေတြက လူမႈေရးစိတ္ဓာတ္ေတြရွိၾကတယ္လို႔ ကြၽန္ေတာ္ေျပာခဲ့ပါတယ္။ အခက္အခဲအၾကပ္အတည္းေတြရွိတဲ့ၾကားထဲက သိန္းေပါင္း မ်ားစြာ ျပည္နယ္ႏွင့္တိုင္းအသီးသီးမွာ လာေရာက္လႉဒါန္းတဲ့ ပုဂၢိဳလ္မ်ားကိုလည္း အလႉရွင္အသီးသီးကိုလည္း ဘယ္လိုနည္းနဲ႔ျဖစ္ျဖစ္ လႉတယ္ဆိုကတည္းက ဝမ္းသာ စရာ ကိစၥျဖစ္ပါတယ္။ အလႉရွင္အားလုံးကိုလည္း ေက်းဇူးတင္ေၾကာင္း ကြၽန္ေတာ္ ေျပာလိုပါတယ္။ ဆက္လက္ၿပီးေတာ့လည္း တတ္ႏိုင္သည့္ အဖြဲ႕အစည္းေတြ၊ အသင္း အဖြဲ႕ေတြကလည္း ပူးေပါင္းေဆာင္႐ြက္ေပးၾကပါလို႔ ေျပာလိုပါတယ္။”

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)၊ ေကာင္စီအဖြဲ႕ဝင္မ်ား၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ တက္ေရာက္လာၾကသူမ်ား က ကိုဗစ္ – ၁၉ ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးအတြက္ ေဆာင္႐ြက္ေနမႈ၊ တိုင္းေဒသႀကီး၊ ျပည္နယ္ႏွင့္ တိုင္းစစ္ဌာနခ်ဳပ္အလိုက္ Oxygen plant မ်ား၊ ေအာက္ဆီဂ်င္အိုးမ်ား မွာယူေရာက္ရွိေနမႈ၊ ေဆးဝါးႏွင့္ က်န္းမာေရးဆိုင္ရာ လက္ကားေဆးဆိုင္ႀကီးမ်ား၏ ျဖန႔္ေဝေရာင္းခ်ေနမႈႏွင့္ သုံးသပ္ခ်က္မ်ား၊ ကုန္စည္ စီးဆင္းမႈႏွင့္ ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရးလုပ္ငန္းမ်ား အရွိန္အဟုန္ မျပတ္ ေစေရးအတြက္ ပို႔ေဆာင္ဆက္သြယ္ေရးလုပ္ငန္းမ်ားကို သတ္မွတ္စည္းကမ္း မ်ားႏွင့္ အညီ ဆက္လက္ေဆာင္႐ြက္ေပးေနမႈ၊ က်န္းမာေရးဆိုင္ရာ အသိပညာေပး ႏႈိးေဆာ္ ျခင္းႏွင့္ ေရာဂါျဖစ္ပြားမႈဆိုင္ရာ၊ ကာကြယ္ထိန္းခ်ဳပ္ကုသေရးလုပ္ငန္း ေဆာင္႐ြက္ ေနမႈမ်ားကို သတင္းထုတ္ျပန္ေပး၊ ပညာေပး၊ လႈံ႕ေဆာ္ေနမႈ၊ ယေန႔အခ်ိန္အထိ ျမန္မာႏိုင္ငံအတြင္းရွိ အက်ဥ္းေထာင္မ်ားတြင္ ေရာဂါပိုးအတည္ျပဳလူနာ ၃၁၅ ဦးရွိသည့္အနက္ ေဆး႐ုံ ဆင္းလာသူ ၁၂၀ ဦး၊ ကုသဆဲ ၁၉၀ ဦးျဖစ္ၿပီးေသဆုံးသူ ၅ ဦးရွိကာ ၎ ၅ ဦး သည္လည္း မူလေရာဂါအခံရွိမႈေၾကာင့္ေသဆုံးခဲ့ရသည့္ အေျခအေနမ်ားႏွင့္ အက်ဥ္းစခန္းမ်ားရွိ ေရာဂါပိုး အတည္ျပဳသူမ်ားကို သက္ဆိုင္ရာ အက်ဥ္းစခန္း၊ အခ်ဳပ္စခန္းမ်ားတြင္ ေဆးခန္း၊ ေဆးကုသမႈေနရာမ်ားျဖင့္ စနစ္တက် ကုသမႈမ်ား ေဆာင္႐ြက္ေပးလ်က္ရွိမႈေၾကာင့္ အေျခအေနထိန္းခ်ဳပ္ထားႏိုင္မႈ၊ မျဖစ္ မေန က်င္းပျပဳလုပ္ရန္ လိုအပ္သည့္ အခမ္းအနားမ်ားအား အနည္းဆုံးေသာ အင္အားျဖင့္ သတ္မွတ္ စည္းမ်ဥ္း စည္းကမ္းမ်ားႏွင့္အညီ က်င္းပျပဳလုပ္ႏိုင္ေရး စီမံ ေဆာင္႐ြက္ထားရွိမႈ အေျခအေနမ်ား၊ ေအာက္ဆီဂ်င္မ်ားလိုအပ္ခ်က္မ်ား မရွိေစေရး အတြက္ တပ္မေတာ္ စက္႐ုံအလုပ္႐ုံမ်ား၊ ပုဂၢလိက စက္႐ုံမ်ားမွ ေန႔စဥ္ထုတ္လုပ္၍ ေဆး႐ုံမ်ားသို႔ ေန႔စဥ္ျဖန႔္ေဝေပးေနမႈ၊ ျပည္ပမွမွာယူတင္သြင္းေပးေနမႈႏွင့္ ေအာက္ဆီ ဂ်င္ မ်ားလုံေလာက္စြာရရွိေရး စီမံေဆာင္႐ြက္ေနမႈ၊ က်န္းမာေရးဝန္ထမ္း မ်ားအား လိုအပ္သည့္ ကူညီေစာင့္ေရွာက္မႈမ်ား ေဆာင္႐ြက္ေပးႏိုင္ေရး စီမံေဆာင္႐ြက္ေနမႈ၊ တပ္မေတာ္ စက္႐ုံ အလုပ္႐ုံမ်ား၊ ပုဂၢလိက စက္႐ုံမ်ားမွ ေအာက္ဆီဂ်င္မ်ား ေန႔စဥ္ ထုတ္လုပ္ေဆာင္႐ြက္ေပးေနမႈ၊ ေရာဂါကူးစက္ျပန႔္ပြားမႈ ေလ်ာ့ပါးေစေရးအတြက္ သတ္မွတ္ထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ေနထိုင္သြားလာမႈရွိေစေရး ၾကပ္မတ္ေဆာင္႐ြက္ၾက ရန္လိုအပ္မႈ အေျခအေနမ်ားႏွင့္ ပတ္သက္၍ သက္ဆိုင္ရာ က႑အလိုက္ အက်ယ္တဝင့္ ရွင္းလင္းတင္ျပၾကသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ပို႔ေဆာင္ဆက္သြယ္ေရး လုပ္ငန္းမ်ားသည္ က်န္းမာေရးက႑၊ စီးပြားေရးက႑ တို႔အတြက္ မရွိမျဖစ္ အေရးပါၿပီး ရပ္တန႔္ သြား၍ မရသည့္အတြက္ သတ္မွတ္ထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ားကို တိတိက်က် လိုက္နာက်ရန္လိုအပ္မည္ျဖစ္ေၾကာင္း၊ ေဒသအလိုက္ မျဖစ္မေနခရီးသြားရသည္မ်ား ရွိသည္ျဖစ္၍ RBE ရထားမ်ား ေျပးဆြဲေပးရန္လိုေၾကာင္း၊ လွ်ပ္စစ္ဓာတ္အား မရရွိပါက ကာကြယ္ ထိန္းခ်ဳပ္ကုသေရးလုပ္ငန္းမ်ားကို ထိေရာက္စြာ ေဆာင္႐ြက္ႏိုင္မည္ မဟုတ္ေသာေၾကာင့္ လွ်ပ္စစ္ဓာတ္အား ျပတ္ေတာက္မႈ မရွိေစေရးအတြက္လည္း အေလးထား ေဆာင္႐ြက္ၾကရန္ႏွင့္ လွ်ပ္စစ္ဝန္ထမ္းမ်ားကို လုံၿခဳံေရးအရ အကာ အကြယ္ ေပးရန္လိုအပ္မည္ျဖစ္ေၾကာင္း၊ ႐ုပ္ျမင္သံၾကား၊ ေရဒီယိုႏွင့္ ပုံႏွိပ္လုပ္ငန္း မ်ားမွတဆင့္ ျပည္သူမ်ားသို႔ က်န္းမာေရးဆိုင္ရာ အသိပညာေပးျခင္းမ်ားကို ေဆာင္႐ြက္ရာတြင္ ထိမိစြာျဖင့္ သတိေပးႏႈိးေဆာ္ၾကရမည္ျဖစ္ၿပီး တိုင္းရင္းသား ဘာသာစကားမ်ားျဖင့္လည္း ထုတ္လႊင့္ရန္လိုေၾကာင္း၊ ပညာေပးအစီအစဥ္မ်ား၊ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို လူတိုင္းနားလည္ေအာင္၊ ထိမိေအာင္ ေရးသား၊ ထုတ္လႊင့္ရန္လိုေၾကာင္း၊ ႏႈိးေဆာ္ခ်က္၊ လႈံ႕ေဆာ္ခ်က္မ်ားကို လူထုနားထဲ အေရာက္ အသံခ်ဲ႕စက္မ်ားသုံး၍ ပညာေပးရန္၊ လႈံ႕ေဆာ္ရန္ လုပ္ေဆာင္ႏိုင္ေၾကာင္း၊ ကာကြယ္ ေဆးထိုးႏွံမႈႏွင့္ ပတ္သက္၍ ထိုးႏွံရမည့္သူအားလုံးကို မပ်က္မကြက္ထိုးႏွံေပးႏိုင္ေရး ေဆာင္႐ြက္ရမည္ ျဖစ္ေၾကာင္း၊ က်န္းမာေရးဝန္ထမ္းမ်ား၏ တာဝန္ထမ္းေဆာင္မႈကို စိတ္ေရာကိုယ္ပါ အားေပးၾကရမည္ျဖစ္ၿပီးလိုအပ္သည့္ ကူညီေထာက္ပံ့မႈမ်ားကို ေဆာင္႐ြက္ေပးသြား မည္ျဖစ္ေၾကာင္း၊ လိုအပ္သည့္ ေထာက္ပံ့ေၾကးမ်ားကိုလည္း ခြင့္ျပဳ ထားသည့္အျပင္ က်န္းမာေရးဝန္ထမ္းမ်ား၏ စိတ္ဓာတ္ျမႇင့္တင္ေရးကို တာဝန္ရွိသူအားလုံးက လိုအပ္သည္မ်ား ေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း၊ ေဝးလံ ေခါင္ဖ်ားသည့္ ေဒသမ်ား၏ ေအာက္ဆီဂ်င္လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးႏိုင္ေရး၊ အေရးေပၚလိုအပ္ပါက တပ္မေတာ္ရဟတ္ယာဥ္၊ ေလယာဥ္မ်ား အသုံးျပဳႏိုင္ေရးစီမံ ခန႔္ခြဲထားၿပီး အခ်ိန္ႏွင့္တေျပးညီ လုပ္ေဆာင္ေပးရန္လိုေၾကာင္းျဖင့္ ျဖည့္စြက္ ေဆြးေႏြး ေျပာၾကားသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က နိဂုံးခ်ဳပ္အမွာစကားေျပာၾကားရာတြင္ ေဆြးေႏြးမႈမ်ား၏ အဓိကရည္႐ြယ္ ခ်က္ သည္ ေရာဂါ ကူးစက္ျပန႔္ပြားမႈ ေလ်ာ့က်ေစေရးပင္ျဖစ္ၿပီး ေရာဂါပိုးကူးစက္မႈ ေၾကာင့္ ျပည္သူမ်ား စိုးရိမ္ပူပန္ေနရမႈမ်ားကို ေျဖေလ်ာ့ေပးႏိုင္ေရး ႀကိဳးပမ္းလုပ္ ေဆာင္ၾကရမည္ျဖစ္ေၾကာင္း၊ သတိေပးႏႈိးေဆာ္မႈမ်ားကို ဆက္တိုက္ေဆာင္႐ြက္ခဲ့ သျဖင့္ လႈပ္ရွားသြားလာမႈမ်ားေလ်ာ့က်လာသည္ကို ေတြ႕ရွိရၿပီး ႐ုံးပိတ္ရက္ရွည္ ကာလအတြင္း၌လည္း သြားလာမႈမ်ားကို စနစ္တက်ရွိေစေရး ႏႈိးေဆာ္ၾကပ္မတ္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ဝါတြင္းကာလ ဝါဆိုၾကမည့္ ရဟန္း၊ သံဃာ၊ သီလရွင္မ်ား၏ က်န္းမာေရး၊ ဆြမ္းကြမ္းကိစၥမလစ္ဟင္းေစေရး ေဆာင္႐ြက္ေပး ရန္လိုေၾကာင္း၊ ထို႔ျပင္ ကိုးကြယ္ရာဘာသာမ်ားအလိုက္ ဘုရားသြားေက်ာင္းတက္ျခင္း၊ ဝတ္ျပဳျခင္းမ်ားကို ေဆာင္႐ြက္ၾကမည္ျဖစ္ရာ စည္းကမ္းႏွင့္အညီျဖစ္ေစေရး ၾကပ္မတ္ ၾကရမည္ျဖစ္ေၾကာင္း။

ကုန္ထုတ္လုပ္ငန္းမ်ား လည္ပတ္ေနေစေရးႏွင့္ ကိုဗစ္ကာလ သြားလာမႈ ကန႔္သတ္ ခ်က္အခ်ိဳ႕ေၾကာင့္ စိုက္ပ်ိဳးကုန္မ်ား၊ ေမြးျမဴေရးထုတ္ကုန္မ်ား ပို႔ေဆာင္ ျဖန႔္ခ်ိမႈ ခက္ခဲလာလ်င္ ကူညီေျဖရွင္းေပးရမည္ျဖစ္ေၾကာင္း၊ ေတာင္သူ လယ္သမား မ်ား စိုက္ပ်ိဳးစရိတ္ႏွင့္ သင့္ေလ်ာ္ေသာ အျမတ္ေငြရရွိရန္ ေဆာင္႐ြက္ေပးရ မည္ျဖစ္ေၾကာင္း၊ အေျခခံစားကုန္သဖြယ္ျဖစ္ေနေသာ ၾကက္ဥေဈးႏႈန္းႏွင့္ ပတ္သက္ ၿပီး ေကာလာဟလ ျဖစ္ေအာင္ ေဈးႏႈန္းျမင့္တက္ေအာင္ လုပ္ေဆာင္ေနမႈမ်ား ကို ေတြ႕ရွိရၿပီး ဥစားၾကက္ ေမြးျမဴေရးကို မိမိတို႔အေနျဖင့္ လြန္ခဲ့သည့္ ၆ ႏွစ္ ၇ ႏွစ္ကတည္းကပင္ အားသြန္ခြန္စိုက္ လုပ္ခဲ့ေၾကာင္း၊ ယခင္ကပင္ တပ္မေတာ္က ျပည္သူလူထုကို ေရာင္းခ်ေပးေန သည္ကိုေတြ႕ႏိုင္မည္ျဖစ္ေၾကာင္း၊ စိုးရိမ္စရာ မရွိ ေၾကာင္း၊ ကိုဗစ္ – ၁၉ ေရာဂါ ျဖစ္ပြားမႈႏွင့္ ပတ္သက္၍ ျပည္သူလူထုတစ္ရပ္လုံး၏ စိုးရိမ္ေၾကာင့္ၾကမႈမ်ားကို ေလ်ာ့ပါးေအာင္ ေဆာင္႐ြက္ေပးႏိုင္ရမည္ျဖစ္ေၾကာင္း ျဖင့္ေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ ေရာဂါကာကြယ္ကုသထိန္းခ်ဳပ္ေရး စီမံေဆာင္႐ြက္ထားရွိမႈႏွင့္ ပတ္သက္၍ ေျပာၾကားရာတြင္ “ Quarantine Center နဲ႔ ပတ္သက္၍ ျပင္ထားတာ ရွိပါ တယ္။ တပ္မေတာ္နဲ႔အရပ္ဘက္ေဆး႐ုံေတြ၊ ေနရာ၊ ဌာန ေတြကို အားလုံးေပါင္း ၆၉၈၀၀ ဦးေရခန႔္အတြက္ Center ၁၉၃၄ ေနရာမွာ ျပင္ဆင္ထားပါတယ္။ လက္ရွိ ၂၅ ရာခိုင္ႏႈန္းဘဲ Quarantine Center မ်ားတြင္ ရွိပါတယ္။ အလားတူ Positive လူနာ မ်ားနဲ႔ပတ္သက္ၿပီး ေနရာေပါင္း ၁၁၁၄ ေနရာမွာ ၄၅၉၀၀ ၊ ၄၆၀၀၀ ခန႔္ ဝင္ဆံ့တဲ့ အင္အားရွိပါတယ္။ ေလာေလာဆယ္ ၆၂ ရာခိုင္ႏႈန္းဘဲ Postive လူနာထားတဲ့ေနရာမွာ ရွိပါတယ္။ ကုသေရး Center ေပါင္း ၅၆၀ လုပ္ထားတဲ့ေနရာမွာ ဝင္ဆံ့တာက ၂၅၅၀၀ ခန႔္ရွိပါတယ္။ ၉၂ ဒသမ ၂ ရာခိုင္ႏႈန္းရွိပါတယ္။ သူကေတာ့ ပိုမ်ားပါတယ္။ ကုသေရး Center မွာရွိတဲ့ လူနာမ်ားနဲ႔ပတ္သက္၍ တစ္ခ်ိဳ႕ကလည္း Postive လူနာထားတဲ့ ေနရာဘက္သို႔ ေ႐ႊ႕သင့္ရင္ ျပန္ေ႐ႊ႕ရမွာဘဲ။ ဒါကေတာ့ လက္ရွိ အေျခအေနမွာ မျဖစ္ေသးပါဘူး။ သို႔ေသာ္လည္း ႀကိဳတင္ၿပီးစဥ္းစားထားဖို႔လိုတယ္။ ဘယ္လိုျဖစ္လာ လို႔ရွိရင္ ဘယ္ေနရာမွာ Shift လုပ္မလဲဆိုတာ အဲ့မွာ စီမံခန႔္ခြဲေရး လုပ္ဖို႔ အေရး ႀကီးပါတယ္။ သူတို႔ရဲ႕ စားေရး၊ ေသာက္ေရး အေရးႀကီးပါတယ္။ သူတို႔ စားေရး၊ ေသာက္ေရး၊ ေကြၽးေမြးေရးေပါ့။ တပ္မေတာ္ကေတာ့ တပ္မေတာ္မွာ တက္ေနတဲ့ ေဆး႐ုံေတြမွာ ေနရာ ၃ ေနရာမွာ အကုန္လုံး ေကြၽးေမြးထားပါတယ္။ ထို႔အတူဘဲ ေဆး႐ုံေတြမွာလည္း တတ္ႏိုင္သေလာက္ ေကြၽးေမြးေနတယ္။ အလႉရွင္ေတြနဲ႔ လုပ္ေပးထားတာ ရွိတယ္။ ဒါေတြလည္း မ်က္ေျခမျပတ္ၾကည့္ေနဖို႔ လိုပါတယ္။ လူနာေတြကလည္း အာဟာရရွိဖို႔ လိုပါတယ္။ ကိုဗစ္ နဲ႔ပတ္သက္ၿပီး ခံႏိုင္ရည္ရွိေအာင္ အာဟာရရွိေအာင္ ေဆာင္႐ြက္ေပးဖို႔လိုတယ္။ စားႏိုင္တဲ့ လူနာေတြရွိသလို မစားႏိုင္တဲ့ လူနာေတြရွိမယ္။ မ်က္ေျခမျပတ္ၾကည့္ဖို႔ လိုပါတယ္။ ဆင္းရဲခ်မ္းသာ မဟုတ္ပါဘူး။ ဆင္းရဲလို႔ မလုပ္ႏိုင္ဘူး၊ မေကြၽးႏိုင္ဘူး၊ မစားႏိုင္ဘူး ဆိုတာ မျဖစ္ပါေစနဲ႔။ အားလုံးကို ကြၽန္ေတာ္တို႔က လူသားတစ္ေယာက္အေနနဲ႔ ရသင့္ရထိုက္တဲ့ဟာေတြကို ေပးလို႔ရ ေအာင္ေဆာင္႐ြက္ေပးဖို႔ ကြၽန္ေတာ္တို႔ ေျပာလိုပါတယ္။”

ဆက္လက္ေျပာၾကားရာတြင္ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ကုသေရးႏွင့္ ပတ္သက္ ၍ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလိုက္ အခက္အခဲမ်ားရွိပါက သက္ဆိုင္ရာ ဝန္ႀကီး ဌာနမ်ားႏွင့္ တိုင္းစစ္ဌာနခ်ဳပ္မ်ားသို႔ ဆက္သြယ္၍ ေပါင္းစပ္ညႇိႏႈိင္း ေဆာင္႐ြက္ေပးၾကရမည္ျဖစ္ေၾကာင္းႏွင့္ ကုသေရးႏွင့္ ပတ္သက္၍ အေလးထား ေဆာင္႐ြက္ေပးၾကရမည္ျဖစ္ေၾကာင္း၊ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ကုသေရးတြင္ ပါဝင္ ေဆာင္႐ြက္လ်က္ရွိသည့္ စီမံခန႔္ခြဲသူမ်ား၊ ပူးေပါင္းပါဝင္သူမ်ား၏ လုံၿခဳံေရး ထိခိုက္ မည့္ကိစၥရပ္မ်ားအေပၚ ျပည္သူလူထုက ဝိုင္းဝန္းပူးေပါင္းဆန႔္က်င္ေဆာင္႐ြက္ရန္လိုၿပီး ပါဝင္သည့္ ျပည္သူလူထုကိုလည္း အသိအမွတ္ျပဳရန္လိုအပ္မည္ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။