မြန်မာ-ရုရှားနှစ်နိုင်ငံချစ်ကြည်ရေးမြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့နှင့်ရုရှားရေတပ်သံစုံတီးဝိုင်းအဖွဲ့ဖျော်ဖြေပွဲအခမ်းအနားကျင်းပနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ နိုဝင်ဘာ – ၄

ရုရှားတပ်မတော်နှင့် မြန်မာ့တပ်မတော်အကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မြဲ စေရန်ရည်ရွယ်၍ မြန်မာ-ရုရှား နှစ်နိုင်ငံချစ်ကြည်ရေး မြန်မာ့တပ်မတော်ယဉ်ကျေးမှု အဖွဲ့နှင့် ရုရှားရေတပ်သံစုံတီးဝိုင်းအဖွဲ့ဖျော်ဖြေပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၊ သဘင်ဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့တက်ရောက်ကြည့်ရှုအားပေးသည်။

အဆိုပါဖျော်ဖြေပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) နှင့် ဇနီး၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး ကောင်စီဝင်များ နှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ နှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင် များ၊ မြန်မာနိုင်ငံ ဆိုင်ရာရုရှားသံအမတ်ကြီး H.E.Mr. Iskandar Azizov ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြည်ရှုအားပေးကြသည်။

ဖျော်ဖြေပွဲအခမ်းအနားတွင် မြန်မာ-ရုရှားနှစ်နိုင်ငံချစ်ကြည်ရေး မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့နှင့် ရုရှားရေတပ်သံစုံတီးဝိုင်းအဖွဲ့တို့မှ အနုပညာရှင်များကဖျော်ဖြေ ကြရာ ရုရှားရေတပ်သံစုံတီးဝိုင်းအဖွဲ့က ရုရှားသီချင်းများ၊ အကအလှများ အပါအဝင် မြန်မာတေးသီချင်းကိုလည်းကောင်း၊ မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့ မြဝတီ တေးဂီတအဖွဲ့က “ဆန်းသစ်လှပ ပုဂံယိမ်းအက” အပါအဝင် ရုရှားတေးသီချင်းဖြစ်သည့် “Katyusha” သီချင်းနှင့် “Kalinka” တေးသီချင်း တို့အား မြန်မာ့ရိုးရာတူရိယာ ပစ္စည်း များဖြစ်သည့် မြန်မာ့ဆိုင်းဝိုင်းကြီးနှင့် မြိုင်ဆိုင်စွာတီးခတ်ပြီး ရုရှားအကများဖြင့် လည်းကောင်း၊ ရုရှားတေးသီးချင်းဖြစ်သည့် “Ar Thi Na Si Me Yar” ကို သီဆို၍ လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ တက်ရောက်လာကြသူများက ကြည့်ရှု အားပေးကြသည်။

ဖျော်ဖြေမှုများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ရုရှားရေတပ်သံစုံတီးဝိုင်းအဖွဲ့အား ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ်က မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့အား ဂုဏ်ပြုပန်းခြင်းပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ်နှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များသည် နှစ်နိုင်ငံ ယဉ်ကျေးမှုအဖွဲ့များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

Zawgyi Version

ျမန္မာ-႐ုရွားႏွစ္ႏိုင္ငံခ်စ္ၾကည္ေရးျမန္မာ့တပ္မေတာ္ယဥ္ေက်းမႈအဖြဲ႕ႏွင့္႐ုရွားေရတပ္သံစုံတီးဝိုင္းအဖြဲ႕ေဖ်ာ္ေျဖပြဲအခမ္းအနားက်င္းပႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီး ေဒၚၾကဴၾကဴလွ တို႔တက္ေရာက္ၾကည့္ရႈအားေပး

ေနျပည္ေတာ္၊ ႏိုဝင္ဘာ – ၄

႐ုရွားတပ္မေတာ္ႏွင့္ ျမန္မာ့တပ္မေတာ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈမ်ား ပိုမိုခိုင္ၿမဲ ေစရန္ရည္႐ြယ္၍ ျမန္မာ-႐ုရွား ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရး ျမန္မာ့တပ္မေတာ္ယဥ္ေက်းမႈ အဖြဲ႕ႏွင့္ ႐ုရွားေရတပ္သံစုံတီးဝိုင္းအဖြဲ႕ေဖ်ာ္ေျဖပြဲအခမ္းအနားကို ယေန႔ညေနပိုင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္၊ သဘင္ေဆာင္၌ က်င္းပျပဳလုပ္ရာ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီး ေဒၚၾကဴၾကဴလွ တို႔တက္ေရာက္ၾကည့္ရႈအားေပးသည္။

အဆိုပါေဖ်ာ္ေျဖပြဲအခမ္းအနားသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး(ၾကည္း၊ေရ၊ေလ) ႏွင့္ ဇနီး၊ ေကာင္စီအတြင္းေရးမႉးႏွင့္ဇနီး၊ တြဲဖက္အတြင္းေရးမႉးႏွင့္ဇနီး ေကာင္စီဝင္မ်ား ႏွင့္ဇနီးမ်ား၊ ျပည္ေထာင္စုဝန္ႀကီးမ်ား ႏွင့္ဇနီးမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ေရတပ္ဦးစီးခ်ဳပ္ Admiral Nikolai A.EVMENOV ဦးေဆာင္ေသာ ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖြဲ႕ဝင္ မ်ား၊ ျမန္မာႏိုင္ငံ ဆိုင္ရာ႐ုရွားသံအမတ္ႀကီး H.E.Mr. Iskandar Azizov ၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား တက္ေရာက္ၾကည္ရႈအားေပးၾက သည္။

ေဖ်ာ္ေျဖပြဲအခမ္းအနားတြင္ ျမန္မာ-႐ုရွားႏွစ္ႏိုင္ငံခ်စ္ၾကည္ေရး ျမန္မာ့တပ္မေတာ္ ယဥ္ေက်းမႈအဖြဲ႕ႏွင့္ ႐ုရွားေရတပ္သံစုံတီးဝိုင္းအဖြဲ႕တို႔မွ အႏုပညာရွင္မ်ားကေဖ်ာ္ေျဖ ၾကရာ ႐ုရွားေရတပ္သံစုံတီးဝိုင္းအဖြဲ႕က ႐ုရွားသီခ်င္းမ်ား၊ အကအလွမ်ား အပါအဝင္ ျမန္မာေတးသီခ်င္းကိုလည္းေကာင္း၊ ျမန္မာ့တပ္မေတာ္ယဥ္ေက်းမႈအဖြဲ႕ ျမဝတီ ေတးဂီတအဖြဲ႕က “ဆန္းသစ္လွပ ပုဂံယိမ္းအက” အပါအဝင္ ႐ုရွားေတးသီခ်င္းျဖစ္သည့္ “Katyusha” သီခ်င္းႏွင့္ “Kalinka” ေတးသီခ်င္း တို႔အား ျမန္မာ့႐ိုးရာတူရိယာ ပစၥည္း မ်ားျဖစ္သည့္ ျမန္မာ့ဆိုင္းဝိုင္းႀကီးႏွင့္ ၿမိဳင္ဆိုင္စြာတီးခတ္ၿပီး ႐ုရွားအကမ်ားျဖင့္ လည္းေကာင္း၊ ႐ုရွားေတးသီးခ်င္းျဖစ္သည့္ “Ar Thi Na Si Me Yar” ကို သီဆို၍ လည္းေကာင္း အသီးသီးေဖ်ာ္ေျဖတင္ဆက္ၾကရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ တက္ေရာက္လာၾကသူမ်ားက ၾကည့္ရႈ အားေပးၾကသည္။

ေဖ်ာ္ေျဖမႈမ်ားအၿပီးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတို႔က ႐ုရွားေရတပ္သံစုံတီးဝိုင္းအဖြဲ႕အား ဂုဏ္ျပဳပန္းျခင္း ေပးအပ္ခ်ီးျမႇင့္သည္။

ထို႔ေနာက္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ေရတပ္ဦးစီးခ်ဳပ္က ျမန္မာ့တပ္မေတာ္ ယဥ္ေက်းမႈအဖြဲ႕ ျပည္သူ႔ဆက္ဆံေရးႏွင့္စိတ္ဓာတ္စစ္ဆင္ေရး ၫႊန္ၾကားေရးမႉး႐ုံး ကြပ္ကဲမႈေအာက္ ျမဝတီေတးဂီတအဖြဲ႕အား ဂုဏ္ျပဳပန္းျခင္းေပးအပ္ခ်ီးျမႇင့္သည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ တပ္မေတာ္အရာရွိႀကီးမ်ား၊ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ေရတပ္ဦးစီးခ်ဳပ္ႏွင့္ ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖြဲ႕ဝင္မ်ားသည္ ႏွစ္ႏိုင္ငံ ယဥ္ေက်းမႈအဖြဲ႕မ်ားႏွင့္အတူ စုေပါင္းမွတ္တမ္းတင္ဓာတ္ပုံ႐ိုက္ခဲ့ၾကေၾကာင္း သတင္း ရရွိသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။