တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စင်ကာပူလေကြောင်းပြပွဲ (Singapore Airshow 2018) တက်ရောက်ရန်အတွက် ထွက်ခွာ

ေနျပည္ေတာ္၊ ေဖေဖၚ၀ါရီ – ၆

စင္ကာပူတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Lt. Gen. Perry Lim ၏ ဖိတ္ၾကားခ်က္အရ စင္ကာပူေလ ေၾကာင္းျပပြဲ (Singapore Airshow 2018) တက္ေရာက္ရန္အတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ကုိယ္စားလွယ္အဖြဲ႕သည္ ယေန႔ ညပုိင္းတြင္ ရန္ကုန္အျပည္ျပည္ဆုိင္ရာ ေလဆိပ္မွထြက္ခြာၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ကုိယ္စားလွယ္အဖြဲ႕အား ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္သက္ပုံႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ျမန္မာႏိုင္ငံဆိုင္ရာ စင္ကာပူႏိုင္ငံသံ႐ံုးမွ ပထမအတြင္း၀န္ Ms. Sylvia Bay တုိ႔က ေလဆိပ္တြင္ပုိ႔ေဆာင္ ႏႈတ္ဆက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္္မာ့တပ္မေတာ္ ကုိယ္စားလွယ္အဖြဲ႕တြင္ အဖြဲ႕၀င္မ်ားအျဖစ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္္မေတာ္အရာရွိႀကီးမ်ားအဖြဲ႕၀င္အျဖစ္လုိက္ပါသြားၾကၿပီး ခရီးစဥ္အတြင္း စင္ကာပူေလေၾကာင္းျပပြဲ (Singapore Airshow 2018) အား တက္ေရာက္ၾကည့္႐ႈေလ့လာျခင္း၊ စင္ကာပူတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ေတြ႕ဆုံေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္သြားမည္ျဖစ္သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စင်ကာပူလေကြောင်းပြပွဲ (Singapore Airshow 2018) တက်ရောက်ရန်အတွက် ထွက်ခွာ

နေပြည်တော်၊ ဖေဖေါ်ဝါရီ – ၆

စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Lt. Gen. Perry Lim ၏ ဖိတ်ကြားချက်အရ စင်ကာပူလေ ကြောင်းပြပွဲ (Singapore Airshow 2018) တက်ရောက်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့အား ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံသံရုံးမှ ပထမအတွင်းဝန် Ms. Sylvia Bay တို့က လေဆိပ်တွင်ပို့ဆောင် နှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများအဖွဲ့ဝင်အဖြစ်လိုက်ပါသွားကြပြီး ခရီးစဉ် အတွင်း စင်ကာပူလေကြောင်းပြပွဲ (Singapore Airshow 2018) အား တက်ရောက်ကြည့်ရှုလေ့လာခြင်း၊ စင်ကာပူတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။